← Chapters

ဘာလို့ငါ့ကိုအဝင်မခံတာလဲ

Vol. 56 Ch. 1116

ဘာလို့ငါ့ကိုအဝင်မခံတာလဲ

Vol. 56 Ch. 1116

ပေထင်းဟွမ်သည် နယ်ပယ်ထဲသို့ မဝင်သည်မှာ ရက်အနည်းငယ်သာ ရှိ သေးသော်လည်း အထဲတွင် မြေကြီးကိုလှုပ်ခါစေနိုင်လောက်သည့် ပြောင်းလဲမှု မျိုးဖြစ်သွားလိမ့်မည်ဟု ထင်ထားမည်မဟုတ်ပေ။

ထိုအချိန်တွင် သူမသည် ကျိုးပဲ့နေသောတံတိုင်းပေါ်တွင်ထိုင်ပြီး ရှီမန်ပိုင် စကားပြောနေသမျှကို နားထောင်နေသည် “… ရုန်အာရဲ့အမေက တန့်ကျီဂူက ဆိုတာကို နောက်မှသိရတာ၊ ဒီမျိုးဆက်ရဲ့ တရားဝင်သမီးပဲ၊ တန့်ကျီဂူ တောင်ကြားရဲ့ပိုင်ရှင်က သမီးတစ်ယောက်တည်းရှိတာ သူ့ကို ၃၃ ကောင်းကင် ဘုံက ဆေးတောင်ကြားကိုပို့ကြမှာ၊ ငါတို့တွေ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတဲ့ ၃ လအတွင်းမှာ သူမက ငါ့ကိုဘာမှမပြောခဲ့ဘူး၊ ငါ သူမကို ရှီမန်မိသားစုကို ပြန် ခေါ်သွားမယ့်အချိန်မှာ သူမ ရုတ်တရက်ပျောက်သွားခဲ့တယ်”

“ခင်ဗျားခြေထောက်တွေကို ဆေးတောင်ကြားကလူတွေက ဒီလိုဖြစ် အောင်လုပ်သွားတာမလား” ပေထင်းဟွမ်သည် မြေကြီးပေါ်တွင် အားအင်မရှိ တွဲလောင်းကျနေသည့်ခြေထောက်များကိုကြည့်ပြီး မျက်လုံးထဲတွင် အေးစက် သောအလင်းလက်သွားလေသည်။

ရှီမန်ပိုင်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရင်ဘတ်သည် လှိုက်ဖိုနေပြီး မစဉ်းစားချင်သည့်အတိတ်အကြောင်းကို ပြန်တွေးနေမိသည် “ဟုတ်တယ် ဆေးတောင်ကြားရဲ့ အကြီးအကဲကြီးပဲ၊ ရုန်အာကို သူပဲခေါ်လာပြီး ငါ့အိမ်ရှေ့မှာ လာပစ်ထားတာ၊ အဲတုန်းက ငါက အကျင့်မကောင်းတာပါ၊ သူမ ငါ့ကိုမလိုချင်တော့ဘူးလို့ထင်ခဲ့တာ၊ ငါ ကလေးကိုမြင်တော့ သူမက ငါ့အတွက် ကလေးမွေးပေးချင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ငါ ကလေးကိုချီပြီး ဆေး တောင်ကြားကိုသွားတဲ့လမ်းမှာ အကြီးအကဲကြီးက လမ်းမှာစောင့်နေခဲ့တယ်၊ မင်းလက်ကို ဖယ်ပစ်ခဲ့တာ သူပဲ”

ပေထင်းဟွမ်သည် မျက်လုံးမှိတ်ပြီး သက်ပြင်းချမိလေသည်။ သူမ မတ်တတ်ရပ်ပြီး ရှီမန်ပိုင်အား အိပ်ရာပေါ်သို့ ခေါ်သွားပေးလေသည် “သူ သေသွားပြီ ပြောချင်တာက အကြီးအကဲကြီးက မနေ့ကသေသွားပြီ ပြီးတော့ ဆေးတောင်ကြားက ကျူထုံကိုရော ကျွန်တော် ရှင်းလိုက်ပြီ၊ ခင်ဗျားနဲ့ ရုန်အာ တို့ကို ကျွန်တော်နေတဲ့ တည်းခိုဆောင်ကို လျှပ်စီးကိုအရင်လိုက်ပို့ခိုင်းလိုက် မယ်၊ ပြီးတော့ ခင်ဗျားခြေထောက်တွေပြန်ကောင်းဖို့ ဆေးသန့်စင်ဖို့ အချိန်ယူရ မယ်”

“ပြန်ကောင်းမယ်၊ တကယ်ပဲ ပြန်ကောင်းဖို့ဖြစ်နိုင်လို့လား” ရှီမန်ပိုင် သည် သူ့နားပင်သူမယုံနိုင်ဖြစ်နေလေသည်။ သူကိုယ်တိုင်သည်လည်း အဂ္ဂိရတ် ပညာရှင်ဖြစ်ကာ ထိုစဉ်က အကြီးအကဲကြီးသုံးခဲ့သည့် နည်းလမ်းကို သူ့ထက် မည်သူမှ ပိုမသိနိုင်ပေ။ သူ၏ ကျင့်ကြံရေးအခြေခံမကောင်းလျှင် သူ၏ အကြောကို ဆုံးရှုံးလိုက်ရနိုင်သည်။ ထို့အပြင် အကြောထဲသို့ အဆိပ်စိမ့်ဝင်ပြီး နောက်တွင် အသက်ရှင်နိုင်သေးသော်လည်း တစ်ကိုယ်လုံးမှ ကျင့်ကြံမှု ပျက်စီး သွားနိုင်သည်။

“အစ်ကိုရှီမန်ပိုင်နဲ့ ဆေးတောင်ကြားတို့ကြားမှာ အဲလိုမျိုးရန်ငြိုးရှိလိမ့် မယ်လို့ထင်မထားဘူး၊ ကျွန်တော်သိထားရင် အကြီးအကဲကြီးရဲ့ အသက်ကို ခင်ဗျားအတွက် ချန်ထားပေးမှာပဲ” ပေထင်းဟွမ်သည် ခန္ဓာကိုယ်ကို လှည့် လိုက်သည် “မကောင်းဆိုးဝါးနှင်ရမှာပဲ၊ အကြောတွေက ပြဿနာဆိုပေမဲ့ မဖြစ်နိုင်တာမဟုတ်ပါဘူး ကျွန်တော့်မှာ တခြားကိစ္စတွေရှိသေးလို့ အရင်သွား နှင့်ပါမယ်၊ ပြီးတော့ ညနေကျရင် ကျွန်တော်ဆေးသန့်စင်ပေးမယ်”

လျှပ်စီးဆီသို့ သူတို့နှစ်ယောက်အား အပ်ပြီးနောက် ပေထင်းဟွမ်သည် အဂ္ဂိရတ်အစည်းအရုံးသို့ ဆက်လျှောက်သွားလေသည်။ လမ်းမတစ်ဝက်နီးပါး ကိုသိမ်းပိုက်ထားသော အဂ္ဂိရတ်အစည်းအရုံးသည် တန့်ကာမြို့တွင် အား အကောင်းဆုံးနှင့် အခမ်းအနားဆုံး အဆောက်အဦးဖြစ်သည်။ အပြင်မှနေ၍ ဆေးဒယ်စောက်ကဲ့သို့ တည့်တည့်မတ်နေပြီး တစ်ဖက်ရှိ မြို့စား၏အိမ်တော် ဝင်းကို လွှမ်းမိုးထားလေသည်။

အချိန်အနည်းငယ်ပေးရသည်။ ပေထင်းဟွမ် ရောက်လာချိန်တွင် တံခါး၌ တာဝန်ကျသူမရှိပေ။ အဂ္ဂိရတ်အစည်းအရုံးမှ အစောင့်အကြပ်နှစ်ယောက်သာ တံခါးတွင်ထိုင်ပြီး ဖရုံသီးအစေ့စားနေကြသည်။

ပေထင်းဟွမ် ဝင်လာသည်ကိုမြင်ပြီး သူတို့နှစ်ယောက်သည် ပေထင်းဟွမ် အား ဘယ်ညာနှစ်ဖက်လုံးမှ တားလေသည် “ဟေး ဘာလုပ်တာလဲ၊ ဘာလုပ် တာလဲ၊ ဒါက မင်းဝင်ချင်သလိုဝင်လို့ရမယ့်နေရာလား ကိုယ့်နေရာကိုယ်သွား နေ”

ပေထင်းဟွမ်၏ ငွေရောင်မျက်နှာဖုံးနှင့် တင့်တယ်သော ပင့်ကူနှင်းပန်း ကိုးလွှာဝတ်ရုံကို ချွတ်ထားခဲ့ပြီး သာမန်အနက်ရောင်ဝတ်ရုံကိုသာ ဝတ်လာ ခြင်းဖြစ်သည်။ ထိုအစောင့်နှစ်ယောက်၏ မျက်လုံးထဲတွင် ပေထင်းဟွမ်သည် မိသားစုတွင်းမှ ပိုက်ဆံနည်းနည်းရှိသည့်သားဖြစ်ပြီး ခန္ဓာကိုယ်တွင်လည်း မည်သည့်ခွန်အား၊ သရုပ်မှန်မရှိ၍ မကျော်ကြားခြင်းဟု မြင်ကြသည်။

“အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲအတွက် စာရင်းပေးဖို့လာတာ ဘာလို့ ဝင်ခွင့်မပေးတာလဲ” ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်ပြီး ထိုလူနှစ်ယောက် ကြည့်ရာသို့လိုက်ကြည့်လေသည်။ အလွန်သန့်ရှင်းနေပြီး တစ်စုံတစ်ရာလွဲမှား နေခြင်းမရှိပေ။

All Chapters