← Chapters

မင်းက ဆေးဆရာတောင်မဟုတ်ဘူး

Vol. 56 Ch. 1117

မင်းက ဆေးဆရာတောင်မဟုတ်ဘူး

Vol. 56 Ch. 1117

“အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲလား၊ လာနောက်နေတာလား၊ ကမ္ဘာ ပေါ်မှာ ဘယ်အဂ္ဂိရတ်ပညာရှင်က အားကောင်းတဲ့ဝိညာဉ်သခင်မဟုတ်လို့လဲ၊ မင်းက ဝိညာဉ်သခင်ရောဟုတ်ရဲ့လား မင်းကိုယ်မင်း အဂ္ဂိရတ်ပညာရှင်လို့ ခေါ် ဖို့မျက်နှာရှိသေးတာလား” အစောင့်နှစ်ယောက်ထဲမှတစ်ယောက် ပြောပြီးချိန် တွင် နှစ်ယောက်လုံးသည် ကျယ်လောင်စွာရယ်မောလေသည်။

ဤတိုက်ကြီးတွင် အဂ္ဂိရတ်အစည်းအရုံးရှိသည်ကို ထိုအခါမှသာ ပေထင်းဟွမ် အမှတ်ရလေသည်။ ပင်မတိုက်ကြီးတွင် နာမည်မရှိသေးသော သမားတော်အားလုံးနီးပါးသည် အစည်းအရုံးကိုဝင်ပြီး ခွန်အားကို ပြသမှသာ အစည်းအရုံးမှ တံဆိပ်ပြားရပြီး အကျိုးအမြတ်တချို့ခံစားရမည်ဖြစ်သည်။ ၎င်းအကျိုးအမြတ်တို့မှာ အစည်းအရုံး၏ဝတ်ရုံလောက်မကောင်းသော်လည်း ဆုချသည့် ကျောက်မျက်ရတနာများသည် အဆင့်အလိုက် လတိုင်း ဒင်္ဂါး သို့မဟုတ် ပတ္တမြားများဖြစ်ကြသည်။

သူမသည် အဂ္ဂိရတ်အစည်းအရုံးသို့ ခြေမချရလုနီးပါးဖြစ်သွားလေသည်။ သူ၏သရုပ်မှန်ကို သက်သေပြရန် တစ်ခုတည်းသောတံဆိပ်ပြားမှာ ဤကမ္ဘာသို့ ရောက်စက ကြေးစားရာထူးကိုရရန် ဓားသခင်အစည်းအဝေးတွင် ပါဝင်၍ ရခဲ့သည့် ဓားသခင်တံဆိပ်ပြားပင်ဖြစ်သည်။

သို့သော် ဓားသမားသည် ဝိညာဉ်သခင်ဖြစ်လာသည်ဟု မကြားဖူးကြပေ။ ဆေးသန့်စင်ရာတွင် မီးလိုအပ်သည်။ သာမန်အဂ္ဂိရတ်ပညာရှင်များသည် သာမန်မီးနှင့်သာ ဆေးသန့်စင်နိုင်ပြီး ခွန်အားအနည်းငယ်ရှိသူမှ ဆေးလုံး သန့်စင်နိုင်သည်။ သို့သော် အကောင်းဆုံးဆေးသန့်စင်လိုလျှင် အစစ်အမှန် အားကောင်းသော အဂ္ဂိရတ်ပညာရှင်တိုင်းသည် အိုက်လန်ကဲ့သို့ အဆင့်မြင့်သို့ မရောက်နိုင်ပေ။

မြေကြီးမီးအဆင့်လောက်ဆိုလျှင်တောင် သူတို့အတွက် ပီတိဖြာစရာဖြစ် နေသည်။

“ဝိညာဉ်သခင်အရည်အချင်းမရှိဘဲနဲ့ အဂ္ဂိရတ်အစည်းအရုံးကို ဝင်လို့မရ ဘူးလို့ ဘယ်သူက စည်းကမ်းသတ်မှတ်ထားလို့လဲ၊ ငါက ဆေးဝယ်ဖို့လာတာဆို ရင် ဘယ်လိုလုပ်မလဲ၊ အဝင်မခံတော့ဘူးလား” ငရဲမင်းကို တွေ့ရန်လွယ်ကူ သော်လည်း သရဲလေးတွေကို ကိုင်တွယ်ရသည်မှာ ခက်သည်ဟု ဆိုကြသည်။ ထိုသို့ပြောရလျှင် ပေထင်းဟွမ်သည် ဤအစောင့်နှစ်ယောက်နှင့် စကားများနေ မည်ဆိုပါက ရှက်စရာဖြစ်သွားပေတော့မည်။

“ဖြစ်နိုင်တာပဲ၊ အဂ္ဂိရတ်အစည်းအရုံးက ဆေးတွေကို လူအများရှေ့မှာ ချမရောင်းဘူးဆိုတာမသိဘူးလား” အထင်သေးသည့် အမျိုးသမီးအသံတစ်သံ သည် တောင်ကြားထဲမှထွက်လာသည့် တေးဆိုငှက်သံကဲ့သို့ နားဆင်ရန် ချမ်းမြေ့သော်လည်း ထွက်လာသည့်စကားလုံးများသည် အနည်းငယ် အကျဉ်းတန်သည်။

ပေထင်းဟွမ်လှည့်ကြည့်လိုက်ရာ ရထားလုံးတစ်စင်းသည် အဂ္ဂိရတ် အစည်းအရုံး၏လှေကားရင်းတွင် ရပ်လိုက်သည်ကိုမြင်လိုက်ရသည်။ ငွေရောင် ဆိတ်သမင်သည် ရှားပါးလှသည်။ ရထားလုံး၏ခေါင်မိုးပေါ်တွင် ဝေါလေးခုရှိ ရာ တစ်ခုချင်းစီသည် နေရောင်အောက်တွင် ဝိညာဉ်သားရဲအမြုတေကို ရောင်ပြန်ဟပ်ပြီး ရေလှိုင်းတွန့်ကဲ့သို့ ပလုံစီနေပြီး ရထားလုံးတစ်ခုလုံးကို အိပ်မက်ထဲမှ ထွက်လာသလိုထင်ရစေသည်။

ရထားလုံး၏ကန့်လန့်ကာမြောက်တက်လာပြီး ခရမ်းရောင်ဇာဂါဝန်နှင့် အမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမ၏မျက်နှာတွင် ကာထားသော ပုဝါပါးနှင့်အရောင်တူညီစွာပင် အညိုဖျော့ရောင်မျက်လုံးတစ်စုံကို သလင်း ကျောက်အလား တောက်ပစွာ လစ်ဟာ ဖော်ကျူးထားသည်။

ထိုအမျိုးသမီးထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ယောက်ျားသားများ၏ အာရုံကို ဆွဲဆောင်မိလေသည်။ တချို့လူများသည် အလျင်အမြန်ရောက်လာ ပြီး ထိုမိန်းကလေးအား စွဲလမ်းသည့်မျက်လုံးများနှင့် စိုက်ကြည့်ကာ တချို့ ယောက်ျားများသည် သွားရည်တမြားမြားကျလျက်ရှိသည်။

“မိန်းကလေးကျားရွေ့ပဲ မိုးနတ်မင်းရေ သူမက အဂ္ဂိရတ်အစည်းအရုံး ဥက္ကဌရဲ့ အကြီးတန်းကျောင်းသူပဲ၊ သူမက အသက် ၂၀ ပဲရှိသေးတာကို ဒုတိယ အဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီလို့ကြားတယ်”

“လှတယ် အားကောင်းတယ်၊ ဒီလိုအလှတရားကိုကြည့်ရတာ ငါ အခု သေသွားရင်တောင် ကျေနပ်ပြီ”

“သူမက အရမ်းလှလို့ မျက်နှာအုပ်ဝတ်တယ်လို့ကြားဖူးတယ်၊ ဘုရားရေ သူမရဲ့မျက်လုံးတွေကို ကြည့်လိုက်ပါဦး လှလိုက်တာ”

လူအုပ်သည် ထိုဘက်သို့ စုဝေးလာသည်။ ထိုမြင်ကွင်းသည် ဇာတ်ခုံဖြစ် နေ၍ဖြစ်မည်။ အဂ္ဂိရတ်အစည်းအရုံး၏ အစောင့်အကြပ်များသည် လမ်းနှင့် ရင်းနှီးနေပြီးသားဖြစ်သည်။ အကြီးဆုံးမိန်းကလေးပေါ်လာသည်နှင့် လူတစ်စု သည် လူအုပ်ထဲမှပြေးထွက်လာပြီး အကြီးဆုံးမိန်းကလေး၏ ရထားလုံးနှင့် နီးနိုင်သလောက် နီးအောင်ကြိုးစားကြသည်။

ပေထင်းဟွမ်သည် ထိုမိန်းကလေးကို သိရန်မဆိုထားနှင့် အဂ္ဂိရတ်အစည်း အရုံး၏ဥက္ကဌကိုပင် မသိပေ။ သူမသည် ထိုမိန်းကလေးအား အထက်အောက် ကြည့်မိသည်။ သူမတွင် ဖွံ့ဖြိုးသောရင်သား၊ တင်းရင်းသောတင်ပါးတို့ရှိကာ ခပ်မိုက်မိုက်ပုံစံရှိသည်။ သူမသည် သာမန်ယောက်ျားတို့အကြိုက်ဖြစ်သည်။ သို့သော် ထိုမျက်နှာကို မျက်နှာလွှားဇာနှင့်ဖုံးအုပ်ထားရာ ဆွဲဆောင်မှုရှိသော မျက်လုံးများကိုသာ မြင်ရလေသည်။ တခြားအရာများသည် ရှင်းလင်းလှသည် မဟုတ်ပေ။

သို့သော် လူသားများသည် မသိသောအရာများကို စိတ်ဝင်စားတတ်ကြ သည်။ သူတို့ မြင်ခွင့်မရှိလေလေ ပို၍သိချင်လေဖြစ်သည်ကာ ပို၍စွဲလမ်းလေ ဖြစ်သည်။

All Chapters