← Chapters

ရင်သားကြီးပြီး ဦးနှောက်မရှိဘူး၊ ငါ စိတ်မဝင်စားဘူး

Vol. 56 Ch. 1118

ရင်သားကြီးပြီး ဦးနှောက်မရှိဘူး၊ ငါ စိတ်မဝင်စားဘူး

Vol. 56 Ch. 1118

မိန်းကလေးသည် ခေါင်းမော့ရင်ကော့ပြီး ပေထင်းဟွမ်အား ဖြတ်သွားပြီး သူမ၏မျက်လုံးထောင့်မှကြည့်သွားကာ အစောင့်နှစ်ယောက်အား ဆူငေါက် လေသည်။ “ဒီနေ့က အဂ္ဂိရတ်ပညာရှင် အရည်အချင်းစစ်ပြိုင်ပွဲနေ့ပဲ၊ မင်းတို့ တွေ အလုပ်ကို ကောင်းကောင်းမလုပ်ရင် အလုပ်ပြုတ်မယ်”

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ မမလေး ကျွန်တော်တို့တွေ ဒီခွေးတွေကြောင်တွေ ကို အဝင်မခံပါဘူး စိတ်မပူပါနဲ့”

“မမလေး အဂ္ဂိရတ်အစည်းအဝေးစမယ့်အချိန်ရောက်ပါပြီ၊ မမလေးက ခေါင်းဆောင်ဆိုမှတော့ ကျွန်တော်တို့ပဲ အနိုင်ရမှာပါ”

အစောင့်နှစ်ယောက်သည် ဘယ်တစ်ယောက် ညာတစ်ယောက်နှင့် မိန်းကလေးအား ကိုင်တော့မည့်အလား တံခါးတွင် နှုတ်ဆက်ကြလေသည်။ သူတို့သည် ပေထင်းဟွမ်အား မြန်မြန်ထွက်သွားပြီး သူတို့၏မိန်းကလေးအား ဒေါသမထွက်စေနှင့်ဆိုသည့်သဘောနှင့် မျက်စိမှိတ်ပြရန်မမေ့ကြပေ။

“သူ့ကိုခေါ်ထုတ်သွားလိုက်၊ ဒီနေ့အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲမှာ ပါတင်မယ့်သူတွေ အများကြီးပဲ၊ ဒီလိုအလေအလွင့်တွေကြောင့် အဂ္ဂိရတ်သခင် လောင်းတွေရဲ့ တင်ဆက်မှုကို သက်ရောက်မှုမရှိစေနဲ့” မိန်းမငယ်လေးသည် ပေထင်းဟွမ်အား ရွံရှာစွာကြည့်လေသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် အစောင့်နှစ်ယောက်ကို အမိန့်ပေးလေသည်။

မျက်လုံးများအားလုံးသည် ပေထင်းဟွမ်ဆီသို့ ကျရောက်လာပြီး ပေထင်းဟွမ်သည် ပြဿနာအိုးအလား ရွံရှာမှုနှင့် အထင်သေးမှုတို့ကို ပြသကာ မိန်းကလေးကျားရွေ့လေသံအတိုင်း လိုက်ပြောကြလေသည်။

“ခွန်အားမရှိတာကို ဘာလို့ဝင်မှာလဲ၊ ဒါကပြိုင်ပွဲနော် ကစားကွင်းမဟုတ် ဘူး”

“ဟုတ်တယ် သာမန်လူတွေက အေးချမ်းပြီး ကျေနပ်တတ်တယ်၊ ဒီလိုမျိုး ပွဲရှာပြီး တခြားသူတွေကို လွှမ်းမိုးချင်တာလား”

“မိန်းကလေးကျားရွေ့က ပြိုင်ပွဲဝင်ဖို့လာတာဖြစ်မယ်၊ ဟေ့ကောင်လေး မိန်းကလေးကျားရွေ့က မင်းလို ခွန်အားမရှိတဲ့လူ မှန်းလို့ရမယ့်သူမျိုးထင်လို့ လား”

“ဟုတ်တယ် ဖားပြုတ်က ငန်းသားစားချင်သေးတယ်၊ အရှက်မရှိလိုက် တာ ဘာလို့မြန်မြန်မသွားသေးတာလဲ”

ပေထင်းဟွမ်၏မျက်နှာသည် အေးစက်သွားသည်။ ၎င်းသည် ယုံမှားမှု လွန်ကဲရာကြောင့်ဖြစ်လာသည့် နှိပ်ကွပ်မှုလား။ သူမသည် ကျားရွေ့အား မေတ္တာရှိ၍ ‌ဤနေရာသို့လာခဲ့သည်လား။ ထိုလူများသည် မိန်းမလှလေးများကို မမြင်ဖူး၍ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ချိန်တွင် ဝက်တစ်ကောင်ဆို လျှင်တောင် နတ်သမီးဟုအထင်များကာ တခြားသူကို သူတို့နှင့်နှိုင်းတတ်ကြ သည်။ ထိုအချက်သည် မည်သို့ မျိုးကြဲခဲ့သည်ကိုတော့မသိပေ။ သူမသည် ရင်သားကြီးပြီး ဦးနှောက်မရှိသော်လည်း သူမကိုယ်သူမ ဂုဏ်ယူကာ နတ်သမီး ဟု အထင်မှားနေသည်။

ထိုဆွေးနွေးချက်များကို နားထောင်ပြီးနောက် ပေထင်းဟွမ်၏ မျက်နှာ သုန်မှုန်သွားသည်ကိုကြည့်ပြီး ပေထင်းဟွမ်၏ စိတ်ပေါက်သွားသည်ဟု အထင် နှင့် ကျားရွေ့၏မျက်လုံးများသည် ငေါ့သည့်အကြည့်နှင့် အထင်သေးစွာပြော လေသည် “ယောက်ျားတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်၇တယ်၊ မင်းမစဉ်းစားသင့်တဲ့အကြောင်းအရာဆိုရင် စဉ်းတောင်မစဉ်းစားနဲ့ ဒီကနေ မြန်မြန်ထွက်သွားတော့ မဟုတ်ရင် ရိုင်းတယ်လို့အပြစ်မတင်နဲ့”

ပေထင်းဟွမ်သည် ဒေါသတကြီးရယ်မောကာ ခေါင်းညိတ်လေသည်။ အရည်လဲ့သောမျက်လုံးများဖြင့် တံခါးမှမိန်းကလေးကိုကြည့်လိုက်သည်။ သူမ ၏ အေးစက်သောမျက်လုံးများသည် မြားတစ်စင်းလိုပင် “ရင်သားကြီးပြီး ဦးနှောက်မရှိတာမျိုး သခင်လေးအတွက် အိပ်ရာကိုနွေးအောင်လုပ်ပေးချင်တာ မျိုးလုပ်ပေးချင်လို့ ဒီသခင်လေးရဲ့အာရုံကိုလာဆွဲဆောင်တာဆိုရင်တော့ မင်း အမှားလုပ်မိပြီထင်တယ်၊ သခင်လေးက မင်းလို မိန်းကလေးမျိုးကို စိတ်မဝင် စားဘူး”

ဘုန်း

လူအုပ်ထဲတွင် လှုပ်လှုပ်ရွရွဖြစ်လာသည်။ အားလုံးသည် နားကြားမှားမိ သလိုထင်ကြလေသည်။ သူတို့ ခုနကဘာကြားလိုက်တာလဲ။ မိန်းကလေး ကျားရွေ့က ရင်သားကြီးပြီး ဦးနှောက်မရှိဘူး၊ အိပ်ရာကိုတောင် နွေးအောင် လုပ်မပေးနိုင်ဘူးဟုတ်လား။ ဒီလူက တစ်ခုခုများ လွဲမှားနေတာလား။ ခွန်အား မရှိဘဲ ပိုက်ဆံဘဲရှိတဲ့ လူငယ်တစ်ယောက်က မိန်းကလေးကျားရွေ့ထက် သာ ချင်တာနဲ့ ဒီလိုစော်ကားတဲ့စကားမျိုး ပြောနေတာလား။

“မင်းက သေချင်နေတာပဲ” ထိုအခိုက်တွင် ကျားရွေ့၏မျက်နှာသည် အကျည်းတန်သည်ဟုပင် ပြောမရတော့ဘဲ သူမ၏မျက်လုံးများသည် ဒေါသ ကြောင့် လက်သွားကာ ၎င်းတို့ဆီမှ လူသတ်နိုင်မည့်ရောင်ဝါများ ဖြန့်ကားထွက် နေသည်။ သူမသည် ရုတ်တရက် ဘေးအစောင့်ဆီမှ ဓားကိုဆွဲထုတ်လေသည်။ သူမသည် ပေထင်းဟွမ်အား ခုတ်မည်အပြုတွင် နှမြောစရာကောင်းစွာပင် နောက်ကျသွားလေသည်။ အသံတစ်သံသည် သူမကို အချိန်မှီကယ်လိုက်လေ သည်။

“ရပ်လိုက်”

ဝါးစိမ်းကို ဖြတ်တိုက်လာသည့် လေညှင်းကဲ့သို့အသံသည် ခန်းမထဲမှ လှိမ့်ထွက်လာသည်။ အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ပြီး လက်နှစ်ဖက်ဖြင့် ဘီးကိုလှိမ့်ကာ တံခါးတွင်ပေါ်လာသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ထိုင် နေပြီး လရောင်ဖြာကျသကဲ့သို့ ထာဝရမြဲသည့် ပန်းချီကို တည်ဆောက်နေ ပုံမှာ ကလောင်နှင့်မင်ရေးတို့နှင့်ပင် ဖော်ပြရန်ခက်လှသည်။

All Chapters