စပျစ်သီးမစားနိုင်ရင် စပျစ်သီးက ချဉ်မှာလို့ပြောမှာပဲ
Vol. 56 Ch. 1119
ထိုအမျိုးသား၏မျက်လုံးများသည် ပေထင်းဟွမ်ပေါ်သို့ကျရောက်လာ ကာ သူ၏မျက်နှာအမူအရာသည် နူးညံ့နေပြီး နွေဦးလေပြေတိုက်ခတ်လာ သကဲ့သို့ပင်။ ကျားရွေ့၏လက်ထဲမှဓားကို ဆွဲထားသည့် သူ၏လက်ဖဝါးထဲမှ ငွေရောင်ချည်သည် မမြင်ရလုနီးပါးပင်။ သူသည် ပေထင်းဟွမ်ဆီသို့ ဓား ရောက်မလာရန် တားထားသည်။
ထိုလူထွက်လာသည်နှင့် ဆူညံနေသောလူအုပ်သည် တိတ်ဆိတ်သွားလေ သည်။ နဂိုက ပေထင်းဟွမ်နှင့် ကျားရွေ့တို့ကို ကြည့်နေကြသည့်မျက်လုံးများ သည် ထိုအမျိုးသားအား တညီတညာတည်းကြည့်ကြလေသည်။ ဤကဲ့သို့ ကြီးမားသောနေရာထဲတွင် လူများစွာအုံနေသည်။ ထိုအခိုက်တွင် တိတ်ဆိတ် နေလွန်းရာ လေညှင်းတိုးသံကိုပင် ကြားနေရသည်။
ပေထင်းဟွမ်သည်လည်း ထိုလူ၏ဆွဲဆောင်မှုကို ခံလိုက်ရသည်။ သူမ သည် လှပသောအမျိုးသားအနည်းငယ်ကို မြင်ဖူးသည်။ ယန်ယဲ့၏ ဆိုးယုတ်မှု၊ ချူဖုန်း၏အေးစက်မှု၊ တုန်ဖန်းကျောက်၏ယောက်ျားပီသမှု၊ ရှန်းယန်ပို၏ လန်းဆန်းမှုများကိုမြင်ဖူးသည်။ သို့သော် ဤလူသည် သူမကို အံ့ဩစေမိသည်။ သူသည် တိတ်ဆိတ်စွာထိုင်နေခြင်းသာဖြစ်ကာ လှုပ်ရှားနေခြင်းလည်းမရှိပေ။
ချီချီ၏ပင့်သက်ရှိုက်သံသည် လူအုပ်ထဲတွင် ပေါ်လာသည်။ ထိုအမျိုးသား ကို မြင်ပြီးနောက် ရင်များမထိန်းချုပ်နိုင်လောက်အောင်ခုန်လာပြီး အသံများစွာ ထွက်ပေါ်လာသည် “ဒါ ဒါက.. သခင်မိုလိပဲ သခင်မိုလိ ဘယ်လိုလုပ်ထွက်လာ တာလဲ”
“ငါ သခင်မိုလိကို နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့နှစ်ဝက်ကပဲ”
“အိုး သခင်မိုလိက နဂိုက အဆင့် ၄ အဂ္ဂိရတ်ပညာရှင်ပဲ၊ အဲကိစ္စသာ မဖြစ် ခဲ့ရင် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်နေမှာ၊ နှမြောစရာပဲ”
“ဟုတ်တယ် သူက ဥက္ကဌရဲ့ တစ်ဦးတည်းသောအရင်းနှီးဆုံးတပည့်ပဲ၊ သူက ဥက္ကဌကိုကယ်ရင်း ဒီလိုဖြစ်သွားခဲ့တာပဲ”
ဆွေးနွေးသံများ ပိုပိုကျယ်လာပြီး အနည်းငယ် ယုံကြည်ချက်ရှိလာသည် ပေထင်းဟွမ်သည် ထိုအသံများထွက်လာရသည့် သရုပ်မှန်ကိုသိသည်။ သို့သော် ကျားရွေ့သည် ထိုစကားများကို ကြားသောအခါ အလွန်ဒေါသထွက်လေသည်။ သူမသည်လည်း ဥက္ကဌ၏တပည့်ဖြစ်သည်။ သို့သော် ဤမသန်စွမ်းသည် အရင်းနှီးဆုံးတပည့်ဖြစ်နေသည်။ သူမ ခွဲခြားဆက်ဆံခံရမည်လား။
“မိုလိ ရူးနေတာလား၊ အခုထိမလွှတ်သေးတာ ဒီအလေအလွင့်ကို အဂ္ဂိရတ်အစည်းအရုံးထဲကို ဝင်ခွင့်ပေးမယ်လို့မပြောနဲ့နော်” ကျားရွေ့သည် သူ၏လက်ကောက်ဝတ်မှ ပိုးချည်မျှင်ကို အားပါပါဆွဲလိုက်ကာ မိုလိ တားမြစ် ခြင်းအပေါ် စိတ်တိုနေသည်။ မကျေမနပ်နှင့် သူမသည် မိုလိအား စူးရှသော မျက်လုံးများဖြင့်ကြည့်ကာ အေးစက်သောအသံနှင့် ဆူငေါက်လေသည်။
မိုလိ... ကောင်းလိုက်သည့်နာမည်ပင်။
ထိုအခိုက်တွင် မိုလိသည် ဘီးတပ်ကုလားထိုင်ကိုတွန်းပြီး ပေထင်းဟွမ် ဆီသို့ သွားကာ ပေထင်းဟွမ်နှင့် ကျားရွေ့တို့ကို ခွဲလိုက်သည်။
“အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲကို ဘယ်သူမဆိုဝင်လို့ရတယ်၊ ကုန်သွယ်ရေးအစည်းအရုံးက မသတ်မှတ်ထားဘူး၊ ဘာလို့ သူ့ကို မပါခိုင်းလို့ ရမလဲ၊ အဂ္ဂိရတ်ပညာရှင်ဥက္ကဌက ဆုံးဖြတ်မှာလား မင်းကဆုံးဖြတ်မှာလား၊ သူ့ မှာ အဂ္ဂိရတ်တံဆိပ်မရှိပေမဲ့ ပြည်မကြီးမှာ မသန်မာတဲ့သူတွေတောင်မှ ရင်ဘတ်မှာ တံဆိပ်တပ်ပြီး သူတို့ကြီးမြတ်ကြောင်းပြချင်တာပဲ၊ ပြီးတော့ ကိုယ့် ခွန်အားကိုမှီခိုတဲ့သူတွေက ကမ္ဘာအနှံ့သွားလာနေကြတာ၊ လုပ်စရာမရှိတဲ့သူ တွေက အဂ္ဂိရတ်တံဆိပ်ပြေးယူကြတာပဲမလား” မိုလိသည် ကျားရွေ့၏ ရင်ဘတ်တွင်ရှိသော ဂုဏ်ယူစွာတပ်ထားသည့် ကြယ် ၇ ပွင့်အဂ္ဂိရတ်ပညာရှင် တံဆိပ်ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။
မိုလိ၏စကားများသည် ကျားရွေ့ကိုကြိမ်းမောင်းနေခြင်းမဟုတ်ပေ။ သို့သော် တံခါးရှေ့တွင် ပွဲကြည့်နေကြသည့် လူအုပ်ကြီးရှေ့တွင် ကြိမ်းမောင်း နေခြင်းပင်။ တချို့လူများသည် လက်မြှောက်ကာရင်ဘတ်မှ တံဆိပ်ပြားကို အုပ်ကြသည်။ သူတို့ဂုဏ်ယူစွာ သုံးစွဲနေသည့် တံဆိပ်ကို ထိုအခိုက်အတန့်တွင် ရှက်သလိုခံစားလာရသည်။ သူတို့တွင် မရှိသည်ကမှ ကောင်းဦးမည်။
မိုလိသည် သူမ၏အဂ္ဂိရတ်တံဆိပ်ကို လှောင်ပြောင်ခံလိုက်ရသည်။ သူမသည် လမ်းပင်မလျှောက်နိုင်သည့် မိုလိမှ အဂ္ဂိရတ်တံဆိပ်ကို ယူချင်သည် ကို အထင်အမြင်သေးမိသည်။
စပျစ်သီးမစားဖူးလျှင် စပျစ်သီးသည် ချဉ်မည်ဟုပြောလိမ့်မည်။ ထိုအရာ သည် သဘာဝပင်။