← Chapters

ငါက အလကားလူဆိုတာ သေချာရဲ့လား

Vol. 56 Ch. 1120

ငါက အလကားလူဆိုတာ သေချာရဲ့လား

Vol. 56 Ch. 1120

မိုလိသည် သဲ့သဲ့ပြုံးကာ သူ့အား စပ်စုသည့်မျက်လုံးတစ်စုံနှင့်ကြည့်နေ သော ပေထင်းဟွမ်အားကြည့်လေသည်။ သူသည် ကျားရွေ့၏မျက်လုံးများကို ရှင်းရှင်းလင်းလင်းခံစားမိသည်။ သို့သော် သူ ဂရုမစိုက်ပေ။ သူ့အား အထင် သေးစွာဆက်ဆံသည့် ဤလူသည် စိတ်ဝင်စားစရာကောင်းသည်။

သဲ့သဲ့ပြုံးရင်းနှင့် တဒင်္ဂအတွင်းမှာပင် အလင်းရောင်လက်သွားသကဲ့သို့ ထိုလူများ၏ဦးခေါင်းအထက်ရှိ နေရောင်ရဲရဲကပင် ထိုအလင်းလောက် မလက် သလိုပင်။ နဂိုကအေးစက်သည့် မျက်ခုံးနှင့်မျက်လုံးများသည် ယခုအချိန်တွင် နူးညံ့သွားပြီး ဆောင်းရာသီည မှောင်မိုက်ထဲမှ လက်နေသော ကြယ်များကဲ့သို့ မျက်လုံးတစ်စုံသည် ထိုင်းမှိုင်းမှု ပျောက်ကွယ်သွားသလိုပင်။ သူတို့အထက်တွင် နေနှစ်လုံးပွင့်နေသလိုပင်။ သူမ၏အနက်ရောင်အဝတ်အစားများသည် ထို အခိုက်တွင် မအေးစက်နိုင်တော့ပေ။ သူမ၏မည်းနက်သောဆံပင်မှာလွင့်နေပြီး ဆံပင်ချည်သည် မြောက်လာပြီး သူမ၏မျက်နှာကို ညင်သာစွာ ပုတ်ခတ်ကာ နဂိုကလှပသောမျက်နှာကို ပို၍ဆွဲဆောင်မှုရှိစေသည်။ ဆိုးယုတ်မှုမှ အားလုံး ကို ရုတ်တရက် ခြောက်ကပ်ကပ်နိုင်သွားစေသည်။

မိုလိသည် အစိမ်းရောင်ဝါးနှင့် လေပြေညှင်းတို့နှင့်တူသည့် သခင်လေးဟု ဆိုလျှင် ထိုအချိန်တွင် ပေထင်းဟွမ်သည် နှစ်တစ်ထောင်သက်တမ်းရှိ မြေခွေး သားရဲမှ အသွင်ပြောင်းထားသည့် လူသားဟုဆိုရမည်။ လအလယ်ရှိ အေးစက်မှု တွင် အစွန်းနှစ်ဖက်ရောက်သော စရိုက်နှစ်ခုသည် သူမ၏ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ပြီး သူမအား ပို၍ဆွဲဆောင်မှုရှိစေကာ အသက်ရှူရန်ပင်မေ့လောက် သည်။

အားလုံး၏ စိတ်လွတ်နေသည့်အသွင်အပြင်သည် ကျားရွေ့၏မျက်လုံးထဲ တွင် အလွန်မျက်စိစူးစရာဖြစ်နေသည်။ ဤနေရာမှ အပြင်လူ အများစုသည် ယောက်ျားသားများဖြစ်ကြသည်။ လွန်ခဲ့သည့်စက္ကန့်ပိုင်းက သူမကို ပါးစပ် အဟောင်းသားကြည့်ခဲ့သူများသည် ဤလူငယ်ကြောင့် ရှုပ်ထွေးကုန်ကြသည်။ ၎င်းသည် ယောက်ျားသားများ၏ စိတ်ဝင်စားမှုကို အောင်မြင်ခဲ့သော ကျားရွေ့အတွက် စိတ်ထဲမှဒေါသကို မချုပ်တည်းနိုင်လောက်အောင်ဖြစ်စေ လေသည်။ မနာလိုမှုသည် အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ သူမ၏ နှလုံးသားကို ကိုက်ဝါးသကဲ့သို့ စူးရှသည့် အသံရုတ်တရက်ထွက်ပေါ်လာရာ အားလုံးပင် ကြောက်လန့်တကြား ထခုန်မိလုနီးပါးပင်။

“ကျွန်မ ကိစ္စကို ရှင်ကဘာလို့ ဝင်ပါနေတာလဲ၊ သူ့ကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတာလား၊ သူက ဘယ်သူလဲဆိုတာတောင် ရှင် မမေးဘူး၊ သူက အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ သင့်တော်လို့လား၊ မီးညှိဖို့တောင် သိချင်မှသိမယ့်လူမျိုးဖြစ်ရင်ဖြစ်နေမှာပေါ့၊ အမှိုက်ပဲ တော်တော်ရယ်ရတာပဲ မင်းက ဒီလိုလူမျိုးဖြစ်ဖို့ပဲတန်တယ်လို့ထင်တယ်” ကျားရွေ့သည် ဒေါသမထွက် ပေ။ သူမ မျက်လုံးမော့ကြည့်ရာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဆုံသွားလေသည်။ လေထုမှာ ခက်ထန်လွန်းသဖြင့် လူများကို နောက်ဆုတ်သွား စေသည်။

သူမ မသိသေးရုံတင်ဖြစ်သည်။ သူမ၏ ဒေါသကို ဖွင့်ထုတ်ပြီးနောက် မေးစေ့ကို အသာမော့ကာ ပေထင်းဟွမ်အား ဂုဏ်ယူစွာကြည့်လေသည်။ သူမ သည် အသက် ၂၀ သာရှိသေးပြီး အဆင့် ၃ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်မှာမကြာ သေးပေ။ သူမသည် အဂ္ဂိရတ်အစည်းအဝေးတွင် အနိုင်ရလိမ့်မည်ဟု သူမ၏ ဆရာကပင် တွေးနေသည်။ ပေထင်းဟွမ်ကဲ့သို့ လူတစ်ယောက်အတွက် သူမ ပါဝင်ရန် ခွင့်ပြုလိုက်လျှင်တောင် အဂ္ဂိရတ်အစည်းအဝေးတွင် အနိုင်ရနိုင်သည်။ မိုလိသည် မျက်နှာပျက်ရသည်ကိုကြိုက်လျှင် ပျက်ခွင့်ပြုလိုက်မည်။

“အမှိုက်လား” ပေထင်းဟွမ်သည် နူးညံ့စွာပြုံးလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းခပ်ဖျော့ဖျော့လက်သွားသည်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး ဓားသွားကဲ့သို့ချွန်ထက်သည်။ သူမ ထိုစကားလုံးနှစ်လုံးကို မကြားရ သည်မှာ မည်မျှကြာသွားသနည်း။ သူမ၏နှုတ်ခမ်းထောင့်များသည် ဖြည်းဖြည်း ကွေးတက်သွားလေကာ နှာမှုတ်သံထွက်ပေါ်လာသည် “ဒီစကားလုံးသုံးတဲ့သူ တွေက သူတို့အသက်နဲ့ တန်ရာတန်ကြေးပြန်ပေးဆပ်ရတယ်၊ ငါက အမှိုက်ဆို တာ သေချာရဲ့လား”

ပေထင်းဟွမ်သည် ကျားရွေ့အား အထင်သေးစွာကြည့်လိုက်သည်။ သူမ နှင့် ကျားရွေ့တို့အကြားတွင် နောက်တစ်ယောက်ရှိသေးသည်။ ထိုလူသည် မိုလိ ပင်ဖြစ်သည်။ သို့သော် ထိုအရာသည် သူမလှုပ်ရှားမည်ကို တားနိုင်မည်မဟုတ် ပေ။ သူမ၏ခန္ဓာကိုယ်မှ မြင်းတစ်ကောင်ကဲ့သို့ ဖိနှိပ်မှုခပ်ဖျော့ဖျော့သည် ကျားရွေ့ဆီသို့ ပျံ့သွားလေသည်။ ချက်ချင်းဆိုသလိုပင် မွန်းကြပ်မှုကို ခံစားမိ လေသည်။ သူမသည် မျက်လုံးကိုပင် ကျယ်ကျယ်မဖွင့်နိုင်တော့ဘဲ ပေထင်းဟွမ်အား ယုံကြည်မှုမရှိရှိ မကြည့်ရဲသည့်ပုံပင်။

သူမ၏ခန္ဓာကိုယ်အား တောင်ကိုးလုံးဖိလိုက်သလိုမျိုးပင်။ ထိုအချိန်တွင် ကျားရွေ့သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မှာ လက်သည်း များ လက်ဖဝါးထဲသို့ နစ်ဝင်သွားသည်အထိပင်။ သူမသည် စိတ်ထဲမှပင် သည်းမခံနိုင်တော့ဘဲ ဒူးထောက်ချင်မိသည်။

တန့်ကာတစ်မြို့လုံးရှေ့တွင် ထိုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။

All Chapters