စုဝေးပွဲ စတင်မူ...
Vol. 33 Ch. 481
#ဘာသာပြန် = စနိုးဝှိုက်
နှစ်ရက် ကြာပြီးနောက်..။
လငိးဖန် နဲ့ အဖွဲ့သား တွေဟာ ကျောင်းနင် စီရင်စုမှာ ရှိတဲ့ ဆေးရုံတိုင်းကို ပတ်သွားခဲ့ကြတယ်..။အဲ့အချိန်မှာ သူတို့ မရေမတွက်နိုင်တဲ့.. လူနာတွေကို တွေ့ခဲ့ကြပြီး..လာတန်းစီ တဲ့ လူနာ အကုန်လုံးကို ကုသပေးခဲ့ကြပါတယ်..။သူတို့ ဝူတောင်လို လူမျိုးကိုတော့ ထပ်မတွေ့ကြတော့ပါဘူး..။
သို့ပေမယ့်..အူရောင်ငန်းဖျား နဲ့ ရောဂါအမျိုးမျိုး စာအုပ်ကြောင့် စွယ်စုံအမှတ် ၁၀၀ ကျော်ရနေတာက..လင်းဖန်ကို ..စိတ်လှုပ်ရှားစေခဲ့ပါတယ်..။
ကြည့်ရတာ ကျို့ချင်းချင် နဲ့ သူ့လူတွေ..စာအုပ်ကို..ဖြန့်ချီလိုက်ကြတဲ့ ပုံပါပဲ..။သို့ပေမယ့်..ဒီစာအုပ်ကို နားလည်တဲ့ သမားတော် အရည်အတွက်က နည်းပါးနေပါသေးတယ်..။သို့ပေမယ့်..အချိန်တွေ ကြာလာရင်တော့ ဒီကနေ အကျိုးကျေးဇူးတွေ ရလာတော့မှာပါ..။
အဲ့အချိန်မှာပဲ..ချီဂျီဟာ ..အံ့ဩစွာ..လှမ်းအော်လိုကိတယ်..။
"မာစတာ လင်း..တစ်ခုခု ကြီးမားတာ ဖြစ်နေပြီ.."
"ဘာကြီးလဲ.."
လင်းဖန် သိချင်စွာ လှမ်းမေးလိုက်တယ်..။
"ကြည့်.."
ချီဂျီ သူ့ဖုန်းကို ထိုးပြလိူက်တာပါ..။
လင်းဖန် သတင်းကို မြင်တဲ့ အချိန်မှာ..အံ့ဩသင့်သွားခဲ့ပါတယ်..။
"ဒါ မဖြစ်နိုင်တာ."
ချီဂျီ ရဲ့ အမူအရာဟာ မယုံကြည်နိုင်စွာ ဖြစ်နေတုန်းပါပဲ..။အခြေအနေက ဒီလို ဖြစ်သွားလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။
လင်းဖန် သတင်းကို ဂရုတစိုက်ကြည့်လိုက်တယ်..။ဒါက တကယ်ကို ..ကိစ္စကြီး တစ်ခုပါပဲ..။ဝူတောင် တော့ အဆုံး သတ်ပါပြီ..။ဝူတောင် အဆုံးသတ် ရုံသာမကပဲ..သူနဲ့ အတူ ပါဝငိခဲ့ကြတဲ့ လူတွေပါ အဆုံးသတ်သွားခဲ့ကြတာပါ..။ဝူတောင်နဲ့ ပတ်သက်နေကြတဲ့ လူတွေက သာမန်လူတွေ မဟုတ်ကြပါဘူး..။
သို့ပေမယ့် ..ဒီကိစ္စကို သူ ထပ်ပြီး စိုးရိမ်စရာ မလိုတော့ပေ..။
"ရှောင်ဂျီ..ဒါက ငါတို့နဲ့ မဆိုင်ဘူး လိူ့ မထင်ဘူးလား.."
လင်းဖန် မေးလိုက်တာပါ..။
ရှောင်ဂျီ ဟာ ..လင်းဖန်ကို တုံးအတဲ့ လူတစ်ယောက်လို ကြည့်လိုက်တယ်..။ဒီကိစ္စက သူတို့နဲ့ မဆိုင်ပဲ မနေပါဘူး..။ဝူတောင်သာ..ဒီလို ကိစ္စတွေနဲ့ မရင်ဆိုင်နေရဘူး ဆိုရင် သူတို့ကို နည်းမျိုးစုံနဲ့ လာပြီး နှောက်ယှက်မှာပါ. ။
သို့ပေမယ့် သူ လင်းဖန်ရဲ့ မျက်လုံးကို မြင်လိုက်တဲ့ အချိန်မှာ..ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တယ်..။
"အင်း..ဒါက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး.."
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။
"ဟုတ်တယ်..ဒီကိစ္စက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး..။ဒီအကြောင်းကို မတွေးနဲ့တော့..ငါတို့..ဆက်ပြီး ကုသ ကြရအောင်.."
ချီဂျီ အကူညီ မဲ့သွားခဲ့တယ်..။ဝူတောင်ရဲ့ ကိစ္စကသူတို့နဲ့ တိုက်ရိုက် ပတ်သက်နေတယ် လို့တောင် ပြောလိူ့ ရပါတယ်..။သို့ပေမယ့် မာစတာ လင်း မပြောချင်မှတော့ သူ ဆက်ပြီး ပြောမနေတော့ပေ..။
သို့ပေမယ့် သူလိုလူတောင် ဝူတောငိ ရဲ့ ဥာဏ်ထိုင်းမူက အတော်ဆိုးရွားတယ် ဆိုတာကိုပြောနိုင်ပါတယ်..။
ဝူတောင်က ဘာဖြစ်လို ့ မာစတာ လင်းကို ခြိမ်းခြောက်ခဲ့တာလဲ..။သူက ဘာလို့ လူတွေ ခေါ်ပြီး နှောက်ယှက်ခိုင်းခဲ့တာလဲ...။
သူသာ စလာကတည်းက ယဥ်ယဥ္ ကျေးကျေးလာခဲ့ရင်..ဒီပြသနာ တွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး..။
သို့ပေမယ့် တစ်စုံတစ်ယောက်ဟာ..ပြသနာကို ရှောင်လွှဲ နိုင်ရင်တောင် အကုသိုလ် တွေကိုတော့ ..အမြဲတမ်း ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး..။
ဒီအခြေအနေက..အတော်ကို ဆိုးရွားလှတာပါ..။ဒီလိူ ကိစ္စအသေးလေးကနေ ကိစ္စကြီး တစ်ခူ ဖြစ်သွားတာကြောင့် ..ကျောင်းနင်ရဲ့အင်တာနက် စာမျက်နှာ မှာလည်း သတင်းတွေ ပလူပျံလို့ပါပဲ..။
အခြေအအနေ တစ်ခုလုံးက ဖြေရှင်းလို့ မပြီးသေးပဲ..သက်ဆိုင်ရာ ဌာန က စုံစမ်းစစ်ဆေးမူတွေ လုပ်နေဆဲပါ..။
၅ နာရီ..။
သူတို့ ဆေးခန်းကို ပိတ်ပြီး ပြန်လာခဲ့ကြပါတယ်..။
ဟော်တယ်တွင်..။
ကျိုးမင်ချင်း မေးလိုက်တယ်..။
"မာစတာ..ဒီည လုပ်စရာ တစ်ခုခု ရှိလို့လား..."
လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"အင်း..အခန်းဖော် တွေ့ဆုံပွဲလေ..။ပြီးတော့ ဆရာမ တစ်ယောက်ရဲ့ မွေးနေ့ပွဲ လည်း ရှိသေးတယ်..။အာ..ဟုတ်သားပဲ. မွေးနေ့လက်ဆောင် ပြင်ဆင်ဖို့ မေ့နေပြီ..။ကျွန်တော်..လက်ဆောင်ဝယ်ဖို့ တစ်ချက်သွားကြည့်လိုက်ဦးမယ်..ခင်ဗျားတို့ စောစောနားကြ. မနက်ဖြန် နောက်တစ်မြို့ကို ထွက်ခွာကြမယ်."
ဒီနေ့က ကျောင်းနင် မှာ ဆေးကုသတာ နောက်ဆုံးရက်ပါပဲ..။ကျောင်းသားဟောင်း တွေ့ဆုံပွဲ ပြီးရင်..သူ တို့ ထွက်ခွာကြတော့မှာပါ..။
သူ့ရဲ့ အတန်းဖော် တွေနဲ့ မတွေ့တာ ကြာတဲ့အချိန်မှာ သတိရမိလိမ့်မယ် လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။
သူတို့က ..လင်းဖန်ကို အမြဲတမ်း စနောက်နေကြတဲ့ လူတွေဖြစ်ပေမယ့် ..ဒီတစ်ကြိမ်တော့ ပြောင်းပြန် ဖြစ်သွားတော့မှာပါ..။
ကျိုးမင်ချငိ..ခွန်အား တွေပြည့်ဝ နေတဲ့ သူဆရာရဲ့ နောကိကျောကို ကြည့်လိုက်တယ်..။သူ ဘာမှ မပြောရသေးခင်မှာတင် သူ့ဆရာက..ထွက်သွားခဲ့ပါပြီ..။သူ့ဆရာကို ဂရုစိုက်ဖို့ ပြောချင်ပေမယ့် အခွင့်အရေး မရတော့ပေ..။
အဲ့အချိန်မှာပဲ..လင်းဖန် ..အနုပညာ ဆိုင်ခန်းတစ်ခုကို သွားပြီး..ပန်ချီဆွဲဖို့ နေရာတစ်နေရာ လောက် လိုချင်တယ် လို့ပြောလိုက်ပါတယ်..။သူသာ..ဆရာမ ရှား အတွက်..လက်ဆောင် ပြင်ဆင် မသွားရင် ..မှားယွင်းမူ တစ်ခု ဖြစ်သွားမှာပါ.."
စျေးကြီးတဲ့ ..လက်ဆောင်က အကုန်အကျ များတဲ့ အတွက်..လင်းဖန် စျေးသက်သာပြီး..လူမြင်ကောင်းတဲ့ ပန်ချီကားပဲ ပေးဖို့ ဆုံူးဖြတ်လိုက်ပါတယ်.။
ဆိုင်ပိုင်ရှင်ဟာ..ဒီလူငယ် လေး သူ့ကိုယ်သူ အနုပညာ အဖွဲအစည်းကလို့ ပြောနေတဲ့ အတွက် အစပိုင်း မှာ လှောင်ရယ် နေခဲ့တယ်..။သို့ပေမယ့် အဆုံးသတ်မှာ တော့..သရဲတစ်ကောင် မြင်လိုက်ရသလို ဆိုင်ထဲမှာ ကြောင်အပြီး ကျန်နေခဲ့ပါတယ်..။
"ငြိမ်းချမ်းခြင်းနဲ့ ကြီးပွားချမ်းသာခြင်း.." လင်းဖန် သူ့ရဲ့..ထိပ်တန်း ကျွမ်းကျင်မူကို..အကောင်းဆံူး ပြသထားခဲ့တာပါ.။
သူ့ရဲ့ ပန်ချီထဲမှာ ငှက်တွေ ပန်းပွင့်တွေနဲ့ အတူ..ကံကောင်းစေတဲ့ သကေ်တ တွေလည်း ပါဝင်နေခဲ့ပါတယ်..။
သူ အသက်ရှည်ခြင်းကို ကိုယ်စားပြုတဲ့ မက်မွန်းသီးတွေကိုတော့ မထည့်တော့ပါဘူး..။ဆရာမ ရှားက..အသက်လေးဆယ် အရွယ် ငယ်ရွယ်ပြီး..မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် မက်မွန်းသီးတွေ ထည့်လိုက်ရင် ဟာသတစ်ခုလိုဖြစ်နေပါလိမ့်မယ်..။တကယ်လို့ သူမ နံရံ ပေါ်မှာ..မွေးနေ့လက်ဆောင် အဖြစ် ချိတ်ထားရင်လည်း..တစ်ခြား ပန်ချီတွေနဲ့ ယှဥ္ရင် အကြောင်းကျိူး မဆီလျော်ပဲဖြစ်နေမှာပါ..။
လင်းဖန် ဆိုင်ထဲက ထွက်လာခဲ့တဲ့ အချိန်မှာတော့ ဆိုင်ပိုင်ရှင်ဟာ အပေါက်ဝ မှာ မတ်တတ်ရပ်ပြီး တတွတ်တွတ် ရွတ်ကာ ကျန်နေခဲ့ပါတယ်..။
"ဒါက မာစတာ ပဲ....မာစတာ တစ်ယောက်ပဲ.."
သူက ..အနုပညာ လက်ရာ ဆိုင်ပိုင်ရှင်သာ ဖြစ်ပေမယ့် လည်း..တရုတ် အနုပညာကို အလေးထားပြီး လေ့လာ ထားခဲ့တာပါ..။
တကယ့် ပန်ချီ မာစတာ တစ်ယောက်က ငါ့ဆိုင်ကို ရောက်လာခဲ့တာလား....
ဘာမှ မရှိတဲ့ စားပွဲအလွတ်ကို ကြည့်ရင်း သူ့ရင်ထဲမှာ နောင်တ တရားတွေ ပြည့်နေခဲ့တယ်..။သူသာ ဒါကို စောစောက သိရင် ထိုင်ပြီး လှောင်ပြောင် နေမယ့် အစား..သူ့အတွက် တစ်ပုံ လောက်ဆွဲပေးဖို့
ထူးထောက်ပြီး တောင်းပန်နေမိမှာပါ..။
လင်းဖန် ဖုန်းကို ဖွင့်ပြီး ဝီချပ် ဂရုကို ကြည့်လိုက်တယ်..။
"ပျော်ရွှင်စရာ မွေးနေ့လေးပါ ဆရာမရှား..."
"ဆရာမ ရှား..တစ်သက်လံူး ငယ်ရွယ်နုပျိုနေပါစေ.."
"အနီရောင် လက် ဆောင်ထုတ်တွေ ရောက်နေပြီနော်..။အကုန်လုံး ဟော်တယ်ကို လာခဲ့ကြတော့.."
"ဒါအမှန်ပဲ...@လင်းဖန် @ သူဌေးကြီး @ ဝမ်ကျန်း
မင်းတို့ပဲ ကျန်တော့တာ..။ဘာလို့ အခုထိ မရောက်ကြသေးတာလဲ.."
လင်းဖန် :: ငါ လမ်းမှာ..ခနနေရောက်တော့မှာ..။
သူဌေးကြီး :" ငါ ဒီမှာ မီးပိွုင့် မိနေလို့..."
ဝမ်ကျန်း :' ငါ အလုပ်မှာ အချိန်ပို ဆင်းနေရတာ..ခနနေ ရောက်တော့မယ်.."
"ချီးပဲ..လင်းဖန် ..မယုံနိုင်စရာပဲနော်..ငါတော့ အံ့ဩလွန်းလို့ တကယ်ပဲ.."
"ညီအစ်ကို လင်းက ပုံမှန်လူမဟုတ်ဘူး...။သူက အင်တာနက်ပေါ်မှာ ဆယ်လီ ဖြစ်နေပြီ.."
သူဌေးကြီး..."ကျော်ကြားသွားရင် ဒီလို ဖြစ်လာမှာပဲလေ..။သူက တကယ်ကို ငါတို့အထက်မှာ ရောက်သွားပြီ.."
သူဌေးကြီးနဲ့ လင်းဖန်က တက္ကသိုလ် မှာတုန်းက အခန်းဖော်တွေပါ..။သူတို့ နှစ်ယောက်က သဘောမတူမူတွေ ..ငြင်းခုန်မူတွေလည်း အများကြီး ဖြစ်ခဲ့ကြပါတယ်..။လင်းဖန်ကတော့ အခုချိန် စိတ်ထဲမှာ ဘာမှ မရှိတော့ပါဘူး..။ဘွဲ့ရပြီးတော့လည်း..ဒီကောင် သူ့ကို မှတ်ချက်အနည်းငယ် ပေးခဲ့ပေမယ့် သူ ဂရုမစိုက်ခဲ့ပေ..။
"ချန်းရှန်း..ငါ မင်းရဲ့ ပါးစပ်ကို..ပန်ကိတ်တွေနဲ့ ပိတ်ပြမယ်..။ဒါမှ ငါဘယ်လောက် ထူးချွန်လဲ မင်းသိလာမှာ.."
သူဌေးကြီး.. :"ငါ မင်းရဲ့ ပန်ကိတ်ကို စားမှာ မဟုတ်ဘူး..။တကယ်လို..ငါစားမိရင် ခွေးလို ဟောင်ပြလိုက်မယ်.."
"အံ့ဩစရာပဲ..ငါ့ညီအစ်ကို.."
"လင်းဖန် ဘာပဲဖြစ်ဖြစ် မင်း ချန်းရှန်းကို ပန်ကိတ် ရအောင် ကျွေးရမယ်နော်..။ဒါမှ ငါ တို့ ချန်းရှန်း ဟောင်တာကို ထိုင်ပြီးကြည့်နေရမှာ..."
သူဌေးကြီး.. " ချီးပဲ..မင်းတို့က ငါ့ကို စိတ်ပျက်အောင် လုပ်နေကြတာပဲ.."
ဆရာမ ရှား.." မင်းတို့ ဘာတွေ ငြင်းခုန်နေကြတာလဲ..။မင်းတို့ ဘယ်ချိန်ရောက်မှာလဲ..."
သူဌေးကြီး.: " ပျော်ရွှင်စရာ မွေးနေ့ လေးပါ ဆရာမရှား..။ကျွန်တော် ရောက်တော့မယ်.."
လင်းဖန် : " ဆရာမ ရှား..ကျွန်တော်လည်း ရောက်တော့မယ်..မိနစ် ၂၀ လောက်ပဲ.."
ဆရာမ ရှား.. " အမြန်လာခဲ့ကြ ..ငါတို့ မင်းတို့ကို စောင့်နေကြတာ..."
သူတို့ အတန်းက အနည်းငယ် ရှုပ်ထွေးပေမယ့်..သူတို့ရဲ့..ဆရာမက သူတို့ကို တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပါ..။ဒါကြောင့် ဆရာမ ရှားရဲ့မွေးနေ့ ရောက်တဲ့အချိန်မှာ သူတို့ အကုန်လာချင်ခဲ့ကြပါတယ်..။
သို့ပေမယ့် မလာကြတဲ့ လူတွေလည်း ရှိပါသေးတယ်..။ဒီလူတွေကိုတော့ ဂရုစိုက်နေစရာ အကြောင်းမရှိပေ..။ဘွဲ့ရပြီးနောကိမှာ သူတို့ စကားပြောတဲ့ ဂရုကိုတောင် မဖွင့်ကြတော့တဲ့ လူတွေပါ..။