← Chapters

မင်းတစ်ကိုက်လောက် ကိုက်ရဲလား...

Vol. 33 Ch. 482

မင်းတစ်ကိုက်လောက် ကိုက်ရဲလား...

Vol. 33 Ch. 482

#ဘာသာပြန် = စနိုးဝှိုက်

ဟော်တယ် ၏ ဝင်ပေါက်တွင်..။

လင်းဖန် တက္ကစီ ပေါ်က ဆင်းလိုက်တာနဲ့..သူ့အတန်းဖော် တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်..။ယင်းနောက် သူ လှမ်းခေါ်လိုက်တယ်..။

"ဝမ်ကျန်း..."

တံခါးဝ မှာ ရပ်နေတဲ့ လူငယ်လေးဟာ ဘေးဘယ်ညာ ကြည့်လိုက်ပါတယ်..။သူ့ နာမည်ကို တစ်ယောက်ယောက် ခေါ်တာ ကြားလိုက်ပေမယ့် ဒီအသံဘယ်က လာတာလဲ ဆိုတာတော့ သူမသိပါဘူး..။

သူလင်းဖန် ကို မြင်တဲ့ အချိန်ကျမှ ပြုံးပြီးအနားကို လျောက်သွား ကာ ခေါင်းကနေ ခြေထောက် အထိကြည့်လိုက်တယ်..။

"မင်းက တကယ်ကို အောင်မြင်နေတာပဲ..။ပန်ကိတ်ရောင်းတာက..ဒီလောက်ထိ အောင်မြင်လိမ့်မယ် လို့ ဘယ်သူက ထင်ထားမှာလဲ..."

"ဟီးဟီး..အရင်တုန်းက ပန်ကိတ်ရောင်းတဲ့ အလုပ်က မကောင်းဖူးလို့ ဘယ်သူပြောခဲ့တာလဲ.."

လင်းဖန် ပြန်ပြီးစနောက် လိုက်တာပါ..။

ဝမ်ကျန်း ခေါင်းခါယမ်း ပြီး ပြောလိုက်တယ်..။

"ဒါက ဘာစိတ်မှ မရှိပါဘူး..။ငါ က မင်းကို အလုပ်ကောင်း လုပ်စေချင်လို့ပြောတာပါ..။မင်း တကယ် အောင်မြင်သွားလိမ့်မယ် လိူ့ ဘယ်သူက ထင်ထားမှာလဲ..။လာ..သွားကြရအောင်..မင်းက နောက်ဆုံးမှ ရောက်လာတာပဲ. "

လင်းဖန် မေးလိုက်တယ်..။

"ချန်ရှန်း က ရော ရောက်နေပြီလား.."

"သူက မင်းထက် ၁၀ မိနစ် လောက်စောပြီးရောက်တာ..။ငါက မင်းရောက်တာကို စောင့်နေတဲ့ တစ်ယောက်တည်းသောသူပဲ..။ခနနေကြရင်..ငါ့အတွက်..ပန်ကိတ်တစ်ခု လုပ်ပေးရမယ်..တကယ်ကောင်းမကောင်း ငါ မြည်းကြည့်ရအောင်..."

ဝမ်ကျန်း ရယ်မောပြီး ပြောလိုက်တာပါ..။

"ပြသနာ မရှိဘူး.."

လင်းဖန် ပြန်ပြောလိုက်တယ်..။ဒါက တောင်းဆိုမူ သေးသေးလေး ဖြစ်တဲ့ အတွက် ဘာပြသနာ မှ မရှိပါဘူး..။

သို့ပေမယ့်..လင်းဖန် ကို သံသယ ဖြစ်စေတဲ့ အချက်က..ဒီသူငယ်ချင်းက..သူ့ကို နတ်ဆေးဆရာလေး ကို တစ်ခွန်းမှ မဟ ခဲ့တာပါ..။

သူတို့ တကယ် မသိသေးတာများ ဖြစ်နိုင်မလား...

ဒါကလည်း ဖြစ်နိုင်ပါတယ်..။သူတို့..တကယ် မသိလောက်ပါဘူး..။

ဘာပဲဖြစ်ဖြစ်..အင်တာနက်..မှာက နတ်ဆေးဆရာ..လေး လို့ပဲ..နာမည်ကြီးနေတာပါ..။တကယ်လို့ တစ်စုံတစ်ယောက်ကသာ..သေချာ အာရုံစိုက်ပြီး မလေ့လာဖူး ဆိုရင် နတ်ဆေးဆရာလေးရဲ့ နာမည် အစစ်အမှန်ကို သိမှာ မဟုတ်ပါဘူး..။

သူတို့ သီးသန့် နေရာဆီကို ရောက်လာခဲ့တယ်..။လင်းဖန် အခန်းထဲဝင်လိုက်တာနဲ့ မနေမတွက်နိုင်တဲ့..မျက်လုံးတွေဟာ သူ့ကိုစိုက်ကြည့်လာခဲ့ ပါတယ်..။သူက လူတိုင်းရဲ့ အာရုံစိုက်မူကို ရနေခဲ့တာပါ..။

လငိးဖန် လက်ဝေ့ယမ်းပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်တယ်..။

"ဟဲလို..ချစ်ဖို့ ကောင်းတဲ့ အတန်းဖော်တို့..."

"ဝိုး..အောင်မြင်နေတဲ့..လူတော့ ရောက်လာပြီ.."

"ပန်ကိတ် ဘုရင် တော့ ရောက်လာပြီဟေ့..အားလုံး သူ့ကို ကြိုဆိုကြ.."

"စောက်ရေးမပါတာ.."

ချန်ရှန်းက.တော့..လင်းဖန်ကို ကြည့်လိုက်ပြီး..တကယ် ဂုဏ်မပြုချင်ခဲ့ပါဘူး..။တစ်ခြား တစ်ဖက်မှာတော့..လင်းဖန် လုပ်တဲ့ ပန်ကိတ်တွေက ဘယ်လောက် တောင်ကောင်းလိူ့ အောင်မြင်လာတာလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။

သူတို့ လင်းဖန် အကြောင်းကို သိပ်ပြီး စိတ်မဝင်စားပေမယ့်..ဝိုက်ဘို ဖွင့်လိုက်တိုင်း လင်းဖန် ရဲ့ အကြောင်းအ ရာတွေ အများကြီး တက်တက်လာခဲ့တာပါ..။သတင်းတွေထဲမှာတော့..ဒီလူငယ်လေးဟာ..ပန်ကိတ် ရောင်းရုံသာမက..ဗေဒင်ပါ ဟောပြီး..ဂုဏ်သိက္ခာနဲ့ နေတဲ့ လူတစ်ယောက်ပါ..။

"ဟတ်ပီဘတ်ဒေး ..ဆရာမ ရှား..။ဒါက ကျွန်တော် ပြင်ဆင်လာတဲ့ လက်ဆောင်ပါ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

ဆရာမ ရှားဟာ..လက်ဆောင်ကို လက်ခံလိုက်ပြီး သူမရဲ့ မျက်နှာမှာတော့ မပြုံးတွေ ပြည့်နေခဲ့ပါတယ်..။

"ကောင်လေးဖန်.. မင်း ရောက်လာတာပဲ..ဆရာမ အတွက် လုံလောက် နေပါပြီ..။ဒါပေမဲ့ မင်းက လက်ဆောင် တောင် ပြင်ဆင်လာလိုက်သေးတယ်..။ဒါက ဘာလဲ..။ပန်ချီကား လား.."

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိူက်တယ်..။

"ဟုတ်တယ်..ကျွန်တော် ဆရာမ အတွက် ကိုယ်တိုင်ဆွဲခဲ့တာလေ..။ဆရာမ ဂရုစိုက်ပေးမယ် လို့ မျှော်လင့်ပါတယ်.."

သူက..အနုပညာ လောကမှာ...ကျော်ကြားတဲ့ လူတစ်ယောက် မဟုတ်သေးပေမယ့်လည်း..ဒီပန်ချီကားက..တန်ဖိုးရှိပါသေးတယ်။။

ချန်ရှန်း တစ်ချက်လှမ်း ကြည့်ပြီး ပြောလိုက်တယ်..။

"အဲတာက မင်းဆွဲထားတဲ့ ပန်ချီကားလေးပဲလေ..။သုံးနှစ်သား ဆွဲထားတာ နဲ့ ဘာများ ကွာခြား မှာ မို့လို့လဲ.."

လငိးဖန် ချန်ရှန်းကို ကြည့်ပြီး ပြောလိုက်တယ်..။

"ငါ့ကို မထင်မသေးစမ်းပါနဲ့...။ငါ့ရဲ့ ပန်ကိတ် နှစ်ရက်စာကို..ဝယ်ပေးမယ် လို့ ပြောခဲ့တာ ဘယ်သူလဲ. ။ငါ့ ပန်ကိတ် တွေရဲ့ စျေးနှုန်းနဲ့ဆိုရင်..မင်း နှစ်ရက် စာဝယ် ဖို့ဆို ဘဏ်ကို ဓားပြသွားတိုက်မှ ရမယ်..။

ဆရာမ ရှား ရယ်မောပြီး ပြောလိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..မငြင်းခုန်ကြနဲ့တော့..။ငါ ဒီပန်ချီကားကို ဂရုစိုက်ပြီး..စာကြည့်ခန်းထဲမှာ ချိတ်ဆွဲထားလိုက်ပါ့မယ်.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။

"ဆရာမ ရှား ရဲ့ စာကြည့်ခန်းထဲမှာ ကျွန်တော်ရဲ့ ပန်ချီကား ချိတ်ဆွဲခွင့်ရတာက..ဂုဏ်ယူစရာ ပါပဲ.."

ညစာစားပွဲ စတင်လိုက်တယ်..။

သူတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ ကြာပြီ ဆိုတော့..ပြောစရာ တွေ အများကြီး ရှိနေခဲ့ကြပါတယ်..။

ဘွဲ့ရပြီးနောက်မှာ သူတို့ မတူညီတဲ့ လမ်းကြောင်းတွေကို လျောက်လှမ်းခဲ့ကြတာပါ..။တစ်ချို့တွေက..မိဘရဲ့ အလုပ်ကို ကူလုပ်နေတဲ့ အချိန်မှာ..တစ်ချို့တွေက ရုံးအလုပ်ကို ဝင်လုပ်ခဲ့ကြပါတယ်..။

ဆရာမ ရှား မတ်တတ်ရပ်ပြီး ပြောလိုက်တယ်..။

"ကလေးတို့..ဆရာမ မရှိတုန်း..စကားဆက်ပြောထားကြဦးနော်..။ဟိုဘက် အခန်းမှာ ရှိနေတဲ့ စားပွဲကိုလည်း သွားတက်ဖို့ လိုနေလို့.."

ကျန်တဲ့လူတွေဟာ ပြန်ဖြေလိုက်တယ်..။

"ဆရာမ..ကျွန်တော် တို့ အချင်းချင်း ဧည့်ခံလို့ရပါတယ်..။လုပ်စရာ ရှိတာကိုပဲ..သွားလုပ်ပါ..."

ဆရာမ ရှား..ထွက်သွားတာနဲ့..ဝမ်ကျန်းဟာ ပြောလိုက်တယ်..။

"ကြည့်ရတာ..ဆရာမရှားက.. ဟိုဘက်အခန်းမှာ သူ့ယောက်ျားနဲ့ ညစာစားမလို့ ထင်တယ်.."

လင်းဖန် ပြောလိုက်တယ်..။

"ငါတို့ အချင်းချင်းပဲ စကားပြောကြရအောင်...။ဝမ်ကျန်း မင်းဒီည အလုပ်အစောကြီး ပြန်လာတာ မလား..။မင်းသူဌေးသာ သိသွားရင် မင်းအတွက် ခက်ခဲ နေဦးမယ်..."

ဝမ်ကျန်း ခွက်အနည်းငယ် သောက်ပြီးပြီ ဆိုတော့..ဘာမှ ထိန်းမနေတော့ပါဘူး..။

"သူလုပ်ရဲလား.. ။သူသာ..ငါ့ကို ခက်ခဲအောင် လုပ်ရဲရင် ..သူ နေ့တိုင်း မယားငယ် ဆီသွားနေတာကို သူ့မိန်းမဆီ ငါကိုယ်တိုင် သွားပြောလိုက်မယ်.."

"ဟားဟား.."

အကုန်လုံး ဒါကိုကြားပြီး ဝိုင်းရယ်လိုက်ကြတာပါ. ။

"လင်းဖန်..ရှန်ူဟိုင်းက မင်းရဲ့ ပန်ကိတ်ရောင်းတဲ့ အလုပ်က အခြေအနေ ဘယ်လို ရှိလဲ..."

ဝမ်ကျန်း မေးလိုက်တာပါ..။

ကျန်တဲ့ ကျောင်းသားတွေဟာ လင်းဖန်ကို..ကြည့်ကာ..နားစွင့်လိုက်ကြပါတယ်..။သူတို့လည်း တကယ် သိချင်နေကြတာပါ..။အထူးသဖြင့် ..သူတို့ လင်းဖန် ..အကြောင်းကို ဝိုက်ဘို သတင်းမှာ ဖတ်လိုက်ရတဲ့ အချိန်မှာ..အကုန် အံ့ဩသွားခဲ့ကြပါတယ်..။သူတို့ သရဲ တစ်ကောင်ကို မြင်လိုက်တဲ့ အတိုင်းပါပဲ..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"အခု မင်းပြောမှသတိရတယ်..။ငါ ကုန်ကြမ်း နည်းနည်း ဝင်ဝယ် လာခဲ့သေးတယ်..။ဒီနေ့..အစားအသောက် ကောင်းဆိုတာ ဘာလဲ..မင်းတို့ကို ပြသပေးမယ်..။မင်းတို့ တစ်ခါမှ မစားဖူးသေးတဲ့ အ ရာမျိုးပေါ့ "

အဲ့အချိန်မှာပဲ..လူတိုင်းဟာ..စိတ်လှုပ်ရှားသွားခဲ့ကြပါတယ်..။

ချန်ရှန်း လင်းဖန်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်..။

"ဟမ့်..မင်းငါ့ကို သတ်မယ် ဆိုရင်တောင် ငါကတော့ စားမှာ မဟုတ်ဘူး.."

သူတို့ ကျောင်းတုန်းက ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ပြီး ငြင်းခုန်ကြတာ ဆေးရုံတောင် ရောက်ခဲ့ကြပါတယ်။အခု သူတို့..ဘွဲ့ရပြီးလို့ အပြင်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြပြီ ဖြစ်ပေမယ့်လည်း..တစ်ခုခု ပြောစရာရှိရင် ဘာမှ ရှက်ရွံ့နေစရာ အကြောင်းမရှိပါဘူး..။

"မင်းတို့ ဒီမှာ ခနစောင့်နေ..။ငါ အခုသွားလုပ်ပြီး ..အမြန်ပြန်လာခဲ့မယ်..။ဒီမှာ လူအယောက်သုံးဆယ် ရှိတယ်နော်..မင်းတို့ တစ်ခါမြည်းကြည့်ပြီး တာနဲ့ တစ်သက်လုံး မှတ်မိ သွားစေရမယ်.."

ဒါကို ပြောပြီး နောက်မှာ လင်းဖန် ထွက်သွားလိုက်တယ်..။

သီးသန့်ခန်း .ထဲတွင်..လူတိုင်းဟာ ရယ်မောပြီး စကားပြော နေခဲ့ကြပါတယ်..။

"ချန်ရှန်း..ငါထင်တာတော့...မင်း အရင်တုန်းက လင်းဖန် နဲ့ ဖြစ်ပျက် ခဲ့တာတွေကို မေ့လိုက်သင့်ပြီထင်တယ်နော်.."

ချန်ရှန်း အဖြူရောင် ဝိုင်ခွက်ကို အောက်ကို ချလိုက်ပြီး..

"ဒါက ဖြစ်နိုင်မယ် လို့ မင်းတို့ ထင်လို့လား..။ငါ တို့ တစ်ယောက်ကို တစ်ယောက် ရိုက်နှက်လို့ ဆေးရုံ ရောက်ခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးကြည့် စမ်းပါဦး..။မေ့လိုက်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာပဲ.."

"ငါ ပြောချင်တာ အဲလို မဟုတ်ဘူးလေ..။အရင်တုန်းက ဖြစ်ပျက်ခဲ့တာ တွေ အများကြီး ရှိခဲ့တော့ အကုန်လံူးကို နှလုံးသားထဲ မှာ သိမ်းထားလို့မှ မရတာ..။အခု ဆရာမ ရှား ရဲ့ မွေးနေ့ ပွဲမှာ ငါတို့ တွေ့ဆံူကြတာ တောင် ဒီလူတွေပဲ ရှိတယ်လေ..။ကျန်တဲ့ လူတွေ အကုန်လံူးက ..သူတို့ မအားကြဘူး လို့ပဲ ​ဆင်ခြေပေးခဲ့ကြတာ..။ငါ ထင်တာတော့..ငါတို့ ဒီလိုမျိုး နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့တောင် အတော် ခက်ခဲလိမ့်မယ်..။ဒီနေ့ပြီးရင်..ငါ တို့ ကိုယ်လုပ်ငန်းခွင် ရှိတဲ့ နေရာအနှံ့ကို ပြန်ကြရမှာ ဆိုတော့ ဘယ်နေ့မှ ပြန်တွေ့ရမလဲ မပြောနိုင်ဘူး.."

အတန်းဖော် တစ်ယောက်က ပြောလိုက်တာပါ..။

အကုန်တိတ်ဆိတ်သွားခဲ့ကြတယ်..။ဒီအတန်းဖော် ပြောတာ တကယ့် အမှန်တရား ပါ..။သူတို့ ကျောင်းတုန်းက မျက်လုံးချင်း ဆုံအောင် မကြည့်ခဲ့ကြပေမယ့်..အခုလို အချိန်တွေ အကြာကြီး မှ ပြန်တွေရတာ ဖြစ်တဲ့ အတွက် အတိတ်က ဆိုးခဲ့တဲ့ အရာရာ တိုင်းကို မေ့ပစ်လိုက်သင့်ပါပြီ..။

ခနအကြာမှာပဲ..လင်းဖန် ပန်ကန် ပြား တစ်ချပ်ကို ကိုင်ပြီး ပြန်လာခဲ့တယ်..။ကံကောင်းတာက..ဟော်တယ်က စာဖို ခန်းထဲမှာ ပန်ကိတ် လုပ်လို့ ရခဲ့ပါတယ်..။

သူဘယ်နေရာ ပဲ..ရောက်နေနေ ဒါက ကိစ္စမရှိပါဘူး..။သူ့မှာ..ပါဝင်ပစ္စည်း တွေ ရှိနေသ၍..အရသာရှိတဲ့ ပန်ကိတ်တွေကို ဖန်တီး နိုင်ပါတယ်..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ကြည့်..ငါ မင်းတို့ အတွက် ပန်ကိတ် လုပ်လာခဲ့တယ်..။ဒါပေမဲ့..မင််းတို့ကို သတိပေးထားမယ် နော်...မင်းတို့ တစ်ခါ စားပြီးသွားရင်..မင်းတို့ လက်တွေကို ပြန်ချဖို့ဆိုတာ မလွယ်တော့ဘူး.."

"အာ..တကယ်ကြီးလား..။မင်း အဲ့အထဲကို တစ်ခုခု ထည့်ထားလို့လား.."

ချန်ရှန်း အထင်သေးစွာ ပြောလိုက်တယ်..။

"ဒါက ပန်ကိတ်လေးပဲ မဟုတ်ဘူးလား..။ဘာတွေကများ အဲလောက် ထူးခြား နေလို့လဲ.။ငါတို့ ဆီမှာဆို တစ်လုံးကို ၈ ဒေါ်လာနဲ့ ပါးရိုက်ပြီး ဝယ်လို့ရတယ်.."

လင်းဖန် ပန်ကိတ်တွေကို ချလိုက်ပြီး ရယ်မောလိုက်တယ်..။

"၈ ဒေါ်လာ က ပြသနာ မရှိပါဘူး.. တကယ်တော့ဘယ်လောက်ပဲ ဖြစ်ဖြစ် ပြသနာ မရှိဘူး..။ဒါပေမဲ့ မင်းငါ့ရဲ့ ပန်ကိတ်ကို တစ်ကိုက်လောက် ကိုက်ရဲလား..."

ချန်ရှန်း လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ငါ မင်းပန်ကိတ်ကို ဘယ်တော့မှ စားမှာ မဟုတ်ဘူး.."

လင်းဖန် တည်ငြိမ်စွာ ထပ်ပြောလိုက်တယ်..။

"မင်း အရမ်းတော်နေရင်..တစ်ကိုက်ကိုက်ပြီး ပန်ကိတ်ကို အောက်ကို ပြန်ချလိုက်..။မင်းသာ အဲလိုလုပ်နိုင်ရင် ငါမင်းကို အစ်ကို ကြီး လို့ခေါ်မယ်.."

အကုန်လံူးဟာ စတင်ပြီး စိတ်ဝင်စားလာခဲ့ကြပါတယ်..။

"ချန်ရှန်း..မင်း ပန်ကိတ်ကို တစ်ကိုက်စားပြီး ပြန်ချတာနဲ့ ..လင်းဖန်က မင်းကို အစ်ကိုကြီး လို့ခေါ်မှာတဲ့.."

"ဟုတ်တယ် ငါသာဆို ကိုက်ပြီး နေလောက်ပြီနော်.."

"သားကြီး လုပ်စမ်းပါ..ကြောက်မနေနဲ့..။တစ်ကိုက်လေးပဲကို..ပြသနာ ကြီး မဟုတ်ပါဘူး.."

ချန်ရှန်း လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်..။

"ကောင်းပြီ ငါတစ်ကိုက်စားပြမယ်..။ပြီးရင်တော့ မင်းငါ့ကို အစ်ကိုကြီးလို့ ခေါ်ဖို့ ပြင်ထားလိုက်တော့.."

အဲ့အချိန်မှာပဲ..ချန်ရှန်း..ပန်ကန် ထဲက ပန်ကိတ်တစ် ခုကို ယူလိုက်ပါတယ်..။

"သေချာ ကြည့်ထား..။ဒီပန်ကိတ် ..ဘယ်လို အရသာပဲ ရှိရှိ..ငါ တစ်ကိုက်ကိုက် ပြီးတာနဲ့ အောက်ကို ပြန်ချထားမှာ..."

လင်းဖန် ..ယုံကြည်မူ ရှိစွာ ပြောလိုက်တယ်..။

" လုပ်ပြစမ်းပါ.."

ဒီကောင်သာ..တစ်ကိုက်ကိုက်ပြီး တကယ် ပြန်ချ နိုင်လို့ရှိရင်..လင်းဖန် သူ့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မူကို အတော် လေးစားမိမှာပါ..။

All Chapters