← Chapters

အစ်ကို ချွင်ချွင်

Vol. 33 Ch. 483

အစ်ကို ချွင်ချွင်

Vol. 33 Ch. 483

#ဘာသာပြန် = စနိုးဝှိုက်

ချန်ရှန်း ..ပန်ကိတ်ကို ယူလိုက်ပြီး.. ရနံ့ခံ ကြည့်လိုက်တယ်..။

သို့ပေမယ့်..သူ ပန်ကိတ် ရနံ့ကို ရလိုက်တဲ့ အချိန်မှာ..သူ့ရဲ့ မျက်နှာအမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်..။သူ လင်းဖန်ကို ကြည့်တဲ့ အကြည့်တွေတောင် ပြောင်းလဲ သွားခဲ့ပါပြီ..။

ဘယ်လိုဖြစ်နိုင်မှာလဲ..

လင်းဖန် ယုံကြည်မူ ရှိရှိ ပြုံးပြီး ချန်ရှန်း စတင်စား မှာကို စောင့်နေခဲ့တယ်..။ဒီကောင် တစ်ကိုက်ကိုက်ပြီးတာနဲ့ ပြန်ချဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ တွေးကြည့်နေစရာ တောင် မလိုပါဘူး..။

လူတိုင်းဟာ..ချန်ရှန်း ရဲ့ အမူအရာ ပြောင်းလဲ မူကို တွေ့လိုက်ပြီး သိချင်သွားခဲ့ကြပါတယ်..။ဒီ ပန်ကိတ် ရနံ့က ဘယ်လိုရှိလဲ ဆိုတာကို သူတို့ သိချင်နေခဲ့ကြတာပါ..။သူတို့ ရနံ့ခံ ကြည့်လိုက်တဲ့ အချိန်မှာ တစ်ခုခု မူမမှန်တာကို ခံစားလိုက်ရပါတယ်..။

ဒီ ရနံ့ က အတော်ကို အံ့ဩဖို့ ကောင်းတာပါ..။

"မင်း ရှုံးမှာ အသေအချာပဲ.."

ချန်ရှန်း ပြောလိုက်တာပါ..။ပန်ကိတ် က အံ့ဩစရာ ရနံ့ ရှိနေပေမယ့်လည်း သူ တစ်ကိုက်ကိုက်ပြီး တာနဲ့ အောက်ကို ပြန်ချ ဖို့ ဆုံးဖြတ်ထားပြီးပါပြီ..။

သူ ပန်ကိတ်ကို တစ်ကိုက် ကိုက်ချလိုက်တယ်..။

ချန်ရှန် အစက တော့ ကိုက်ပြီး တာနဲ့ ပြန်ချဖို့ ကြံလိုက်ပေမယ့် ရုတ်တရက် သူ့လျာမှာ..လက်တစ်စုံပေါ်လာပြီး ပန်ကိတ်ကို ဆွဲထား သလိုပဲ ပြန်ချလို့ မရတော့ပါဘူး..။

ဘန်း

အဲ့အချိန်မှာပဲ..ချန်ရှန်း သူ့ရဲ့ ခေါင်းထဲမှာ တစ်ခုခု ပေါက်ကွဲ သွားသလို ခံစားလိုက်ရတယ်..။သူ့ စိတ်ထဲမှာ အလင်းရောင် တစ်ချို့ လွင့်ပျံ နေပြီး သူတစ်ခါမှ မခံစားဖူးတဲ့ အရသာဟာ သူ့ရဲ့ လျာပေါ်မှာ ဝဲပျံ နေခဲ့ပါတယ်..။

ဒီခံစားချက်....

ဒါက.....

ဒါက အံ့ဩစရာပဲ..

ချန်ရှန်းရဲ့ မျက်လုံးတွေဟာ ကြောင်အနေပြီး သူ ဟာ မတူညီတဲ့ ကမ္ဘာတစ်ခုကို အပို့ခံလိုက်ရသလိုပါပဲ..။

"အာ..."

ရှုပ်ထွေးပြီး ဆူညံ တဲ့ အသံတွေဟာ ချန်ရှန်းရဲ့ ပါးစပ်ပေါက်ကနေ ထွက်လာခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ မျက်နှာ အမူအယာဟာ..ချဲကားပြီး လုပ်နေသလိုမျိုး ဖြစ်လာခဲ့ပါတယ်..။

"ငါခံစားရတဲ့...ငါ နာရီပေါင်းများစွာ အလုပ်လုပ်ပြီး အနားယူလိုက်ရသလို ခံစားချက်မျိုးပဲ..."

ချန်ရှန်း သူ့ကိုယ်သူ ပြောလိုက်တာပါ..။

ဘေးနားက အတန်းဖော် တွေ အကုန်လံူးဟာ အံ့ဩနေခဲ့ကြတယ်..။သူတို့ ချန်ရှန်း ဒီလိုတွေ ဖြစ်နေတာကို ယုံတောင် မယံူကြည်နိုင်ကြပါဘူး..။

ပိုပြီး အံ့ဩဖို့ ကောင်းတာက ချန်ရှန်း ရဲ့ ပန်ကိတ်ကို စားနေတဲ့ အသံပါ..။ဒါက..လူတိုင်းကို သရဲ တစ်ကောင်းကို မြင်လိုက်ရသလို..ကြောင်အ စေပါတယ်..။

သူတို့ အကူညီမဲ့စွာ ပဲ..စိတ်ထဲက အော်ဟစ်လိုက်ကြတယ်..။

သူတကယ် ရူးများသွားတာလား...

လငိးဖန် ယုံကြည်မူ ရှိရှိ လျောက်သွားပြီး ချန်ရှန်း လက်ထဲက ..ပန်ကိတ်ကို ဆွဲယူလိုက်ပါတယ်..။

ရုတ်တရက်..ချန်ရှန်း အသိစိတ်ပြန်ဝင်လာခဲ့တယ်..။သူ့ကြည့်ရတာ ..တစ်ခုခု အရေးကြီးတဲ့ အရာ ပျောက်သွားသလိုပါပဲ..။

"ငါ့ကို ပန်ကိတ်ပြန်ပေး.."

သူ အလျင်လိုနေတဲ့ လေသံနဲ့ ပြောလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"မင်း တစ်ကိုက်ပဲ စားရမှာ မဟုတ်ဘူးလား.."

ဘေးနားက အတန်းဖော် တွေကတော့ ​ဆွံ့အနေခဲ့ကြပါပြီ။အခြေအနေ တွေ က တကယ်ကို မယုံကြည်နိုင်စရာပါပဲ..။

"အစ်ကိုကြီး..ငါမှားသွားတာပါ..။ပန်ကိတ်လေး ငါ့ကို ပြန်ပေးပါ.."

ချန်ရှန်း တောင်းပန်လိုက်တာပါ..။

ဟင်..

ဘေးနားက လူတွေ အကုန်လံူး..အာမေဋိတ် သံတွေ ထွက်လာခဲ့ကြတယ်..။

သူတို့ ရုပ်ရှင်ကား တစ်ကားကို ကြည့်နေရတဲ့ အတိုင်းပါပဲ..။

သူတို့ နှစ်ပေါင်းပြီး ငါတို့ကို..အရူးလုပ်နေတာများ ဖြစ်နိုင်မလား....။ချန်ရှန်း လိုလူက..အစ်ကိုကြီး လို့ တကယ် ခေါ်လိုက်တာလား....။

"တောင့်မခံနိုင်တော့ဘူးလား.."

လင်းဖန် ရယ်မောလိုက်တယ်..။

စိတ်ထဲမှာတော့..ချန်ရှန်း တစ်ကိုက်ပဲ..ထပ်ကိုက်မယ်လို့ ပြောချင်ပေမယ့် သူ့ ခန္တာကိုယ်ကတော့ သူ့ကို သစ္စာဖောက်နေခဲ့ပါတယ်..။ဒီပန်ကိတ်က သူ့တစ်ဘဝလုံးစားခဲ့တဲ့ အရာတွေထဲမှာ အရသာ အရှိဆုံး..ပါပဲ..။

"ဟုတ်တယ်.."

ချန်ရှန်း သူ့ကိုယ်သူ..ခေါင်းညိမ့်ဖို့ တွန်းအားပေးလိုက်တာပါ..။ဒီပန်ကိတ် က တကယ်ကို အရသာ ရှိလွန်းပါတယ်..။ဒါက သူ ထင်ထားတာထက်တောင် အများကြီး ကျော်လွန်နေခဲ့ပါပြီ..။

"ချန်ရှန်း ..ဘယ်လို အရသာ ရှိလို့လဲ.."

"မင်းတို့..ဒါကို ကြိုတင်စီစဥ္ထားတာတော့ မဟုတ်ပါဘူးနော်..။ဟုတ်တယ်မလား..."

အတန်းဖော် တွေဟာ သိချင်စွာ မေးလိုက်ကြတယ်..။ဖြစ်ပျက်နေတာ တွေကို သူတို့ နားမလည်တော့ပါဘူး..။သူတို့ မျက်လုံး နဲ့သာ မြင်နေရတာ မဟုတ်ရင် ယုံကြည်ကြမှာ မဟုတ်ပေ..။

"ငါတော့ မယုံဘူး.."

သူတို့ထဲက တစ်ယောက်ဟာ..ပန်ကိတ်ကို ယူပြီး ဘယ်လို ကွာခြားလဲ စမ်းသပ်ဖို့ လူပ်လိုက်ပါတယ်..။သို့ပေမယ့် သူ ကိုက်ပြီးတဲ့ အချိန်မှာလဲ သူ့ရဲ့ အမူအရာက..ချန်ရှန်းရဲ့ အမူအရာနဲ့ တစ်ပုံစံတည်းပါပဲ..။

သူ့ရဲ့ နှလုံးသားထဲမှာ တစ်ခါမှ မစားဖူးတဲ့ အရသာကို ရလိုက်ပြီး ကမ္ဘာသစ်ကို ရောက်သွားသလို ခံစားလိုက်ရပါတယ်..။

"ချီးပဲ..မင်းတို့ဟာက ဟုတ်ရော ဟုတ်သေးရဲ့လား.."

"ငါတော့ မယုံဘူး..။ငါ စားကြည့်လိုက်ဦးမယ်.."

လူတိုင်းဟာ ပန်ကိတ်ကို ယူလိုက်ပြီး တစ်ခြား လူတွေနဲ့ ကွာခြား မလား သိချင်စွာ စားကြည့်လိုက်ကြပါတယ်..။

သို့ပေမယ့် သူတို့ တစ်ကိုက်ကိုက်ပြီးတဲ့ နောက်မှာ ငြိမ်သက်သွားတာ ချည်းပါပဲ..။

"အား."

"အာ.."

…

ဟော်တယ် ..ဝန်ထမ်းတွေဟာ..သီးသန့်ခန်းထဲက အသံတွေကို ကြား ပြီး မျက်နှာ အမူအရာ ပြောင်းသွားခဲ့ကြပါတယ်..။

အထဲက လူတွေ ဘာလုပ်နေကြတာလဲ...

ဝန်ထမ်းတစ်ယောက်ဟာ.တစ်ခုခုကို တွေးမိသွားပြီး အထဲကို ချောင်းကြည့်လိုက်ပါတယ်..။သူ လင်းဖန် ရဲ့ မျက်နှာကို မြင်တဲ့ အချိန်မှာ တွေဝေသွားခဲ့တယ်..။သူ ဖုန်းကို ထုတ်ပြီး တစ်ခုခု ကို စစ်ဆေးပြီးတာနဲ့ မြင်ကွင်းကနေ အလျင်အမြန်ထွက်ခွာ သွားခဲ့ပါတယ်..။

လင်းဖန် မူလ နေရာ မှာ မတ်တတ်ရပ်နေရင်း..သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ရှိနေခဲ့တယ်..။သူ့က ရဲ့ ပန်ကိတ် အရသာ ရှိတယ် ဆိုပေမယ့် လည်း သူတို့ ဒီလောက်အထိ ဖြစ်စရာအကြောင်းတော့ မရှိပါဘူး..။

"အရသာ ရှိလိုက်တာ.."

"တကယ့် အရသာပဲ.."

"ဘုရားရေ..ငါ ငိုတောင် ငိုချင်လာပြီ.."

လင်းဖန် စိတ်ရှည်စွာပဲ စောင်နေခဲ့တယ်..။ပန်ကန် ထဲက ပန်ကိတ် တွေ အကုန်လုံး ကုန်သွားတဲ့ အချိန်မှာတော့ လူတိုင်းဟာ လင်းဖန်ကို စိုက်ကြည့်နေခဲ့ကြပါတယ်..။

"မင်းတို့ ဘာလို့ ငါ့ကို ဝိုင်းကြည့်နေကြတာလဲ.."

သူ ပုခုံးတွန့်ပြီး ပြောလိုက်တာပါ..။

ရုတ်တရက် အတန်းဖော် တွေ အကုန်လုံးဟာ စည်းလုံးသွားကြပြီး..

"အစ်ကိုကြီး လင်း..ငါတို့..နောက် တစ်ခုလောက် စားလို့ မရဘူးလား.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။

"ဒါက အရသာ ရှိလား ပြောစမ်းပါဦး.."

"အရသာရှိတယ်.."

"ထပ်စားချင် ကြသေးတာလား..."

"အင်း..."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"ကောင်းပြီ..စိတ်မကောင်းပါဘူး..။ပန်ကိတ်တွေက ..တစ်ယောက်ကို တစ်ခုစီပဲ စားခွင့်ရမှာ..။မင်းတို့ အကုန်လုံး ဒီနေ့ကို မှတ်မိစေချင်တယ်..။ပန်ကိတ်တွေ ဘယ်လောက်တောင် အရသာရှိလဲ ဆိုတာ.."

လူတိုင်းဟာ အော်လိုက်ကြတယ်..။

"အစ်ကိုကြီး..ငါတို့က အတန်းဖော်တွေလေ..။နောက်တစ်ခုလောက်ပါပဲ.."

"ဟားဟား.."

လင်းဖန်ကျေနပ်စွာ ရယ်မောလိုက်ပါတယ်..။သူ ဒီနေ့ကို စောင့်နေတာ အချိန်အတော်ကို ကြာပါပြီ..။

…

တံခါးတစ်ဖက်ရှိ သီးသန့် ခန်းထဲတွင်..။

ဆရာမရှား နဲ့ သူ့ယောက်ျားဟာ ကျောင်းအုပ်ကြီးကို ဧည့်ခံနေခဲ့ကြတယ်..။ခနအကြာမှာ သူမ မတ်တတ်ရပ်ကာ ခွက်ချင်းတိုက်လိုက်ပြီး..

"ကျွန်မ တို့ကို ဂရုစိုက်ပေးတဲ့ အတွက်ကျေးဇူးပါဆရာ..။ကျွန်မ တို့ နှစ်ယောက်လံူးက အရမ်းကျေးဇူးတင်ပါတယ်.."

ကျောင်းအုပ်ဟာ ပြန်ပြောလိုက်တယ်..။

"ဒီစကားတွေ ပြောဖို့ မလိုပါဘူး.။ဆရာမ ရှား နဲ့ ဆရာရှန်း က..ကျောင်းက လူတွေ အများကြီးကို ကူညီခဲ့တာဆိုတော့..ကျေးဇူးတင်ရင် ငါက ကျေးဇူးတင်ရမှာပါ...။လာ..အားလံူးပဲ..ဒီနေ့ အတွက် အရေးကြီးဆုံးက ပျော်ရွှင်ဖို့ပဲ.."

"ဟုတ်ပါတယ်.."

ကျန်တဲ့ လူတွေဟာ ပြောလိုက်တာပါ..။

ရုတ်တရက် အခန်းတံခါးဟာ ကြမ်းတမ်းစွာ ပွင့်သွားခဲ့တယ်..။

"ရှန်းဟောင်...မင်းက ညစာစားဖို့ တော့ ပိုက်ဆံ ရှိတယ် ။အကြွေး ပြန်ဆပ်ဖို့တော့..ပိုက်ဆံ မရှိဘူးပေါ့..ဟမ်.."

လူသန်ကြီး အနည်းငယ်ဟာ အထဲကို ဝင်လာခဲ့တာပါ..။

ဆရာမရှားရဲ့ ယောက်ျား ရှန်းဟောင် ဟာ ဒီလူတွေကို မြင်တဲ့ အချိန်မှာ မျက်နှာ အမူအရာ ပြောင်းသွားခဲ့တယ်..။ယင်းနောက် သူပြောလိုက်တယ်..။

"မင်းတို့ ဘာလုပ်နေတာလဲ..။ငါ ယူထားတဲ့ အကြွေးကို ပြန်ပေးမှာပေါ့. .ဒီနေ့က ငါ့မိန်းမရဲ့မွေးနေ့ပဲ..။ငါတို့ကို လာမနှောက်ယှက်နဲ့. "

ရှန်ူဟောင်ဟာ..လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူငယ်ချင်းတစ်ယောက် ရဲ့ ဆွဲဆောင်မူ ကြောင့် လောင်းကစားရုံကို ရောက်သွားပြီး အချိန်ခနလေး အတွင်းမှာ အကြွေးတင်သွားခဲ့တာပါ..။သူ ကိုယ့်ကိုကိုတောင် မထိန်းချုပ်နိုင်ခဲ့ပါဘူး..။သူ လုပ်ရပ်မှားသွားမှန်း သိလိုက်ပေမယ့်..သူ့ငွေတွေကတော့ ဆုံးရှုံးသွားပါပြီ..။သူ လောင်းကစား ဘယ်တော့မှမလုပ်တော့ပဲ..ငွေတွေကို ဖြည်းဖြည်းချင်း ပြန်ဆပ်ဖို့ ဆုံးဖြတ်ထားခဲ့တာပါ..။

ဆရာမ ရှားဟာ..ဒီကိစ္စကို သိသွားတဲ့ အချိန်မှာ ..ဒေါသထွက်ခဲ့တယ်..။သို့ပေမယ့် သူ မ ကျောင်းအုပ်ကြီးကို ..အကြောင်းအကျိုးပြောပြီး တစ်နှစ်စာ လစာကို ကြိုထုတ်ပြီး..သူ့ယောက်ျား အကြွေးတစ်ချို့ကို ဆပ်ဖို့ စီစဥ္နိုင်ခဲ့ပါတယ်..။

ကျောင်းအုပ်ကြီးဟာ မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်..။

"မင်းတို့ ဘာလူပ်ချင်နေတာလဲ..။ဆရာ ရှန်း ယူထားတဲ့ အကြွေးတွေကို ပြန်ပေးမှာ မို့လို့ မင်းတို့ ထွက်သွားကြတော့.."

"ခင်ဗျားက ဘာတွေလာနေတာလဲ..။ကျုပ်လည်း ထိုင်ပါရစေဦး..."

လူကြီးဟာ..ဝိုင်တွေ အများကြီး သောက်ထားတဲ့ အတွကိ အနည်းငယ် မူးနေခဲ့ပါတယ်..။သူ ဒီဟော်တယ် မှာ စား သောက် နေရင်း..ရှန်းဟောင်ကို ရုတ်တရက် မြင်လိုက်တာပါ..။ဒါကြောင့် ဝိုင်ဖိုးတွေ ရှင်းပြီး နောက်မှာ ရှန်းဟောင် ဆီကို အကြွေးတောင်းဖို့ သူ့လူတွေကို ခေါ်လာခဲ့ပါတယ်..။

ကျောင်းအုပ်ရဲ့ မျက်နှာဟာ နီရဲသွားပေမယ့်..သူ ဒီ လူမိုက်တွေကို ဘာမှ ပြန်မလုပ်နိုင်ပါဘူး..။

ရှန်းဟောင် ရှေ့ကို တက်လာပြီး ပြောလိုက်တယ်..။

"ငါ ပိုက်ဆံပြန်ပေးမယ် လို့ ပြောထားတယ်လေ..။မင်းက ဘာတွေ ထပ်ပြီး လိုချင်နေတာလဲ.."

"ငါ ဂရုမစိုက်ဘူး..။ငါ့ပိုက်ဆံတွေကို ..ဒီနေ့့ပဲ ပြန်လိုချင်တယ် .မဟုတ်ရင် ဘာတွေ ဆက်ဖြစ်မလဲ မင်းစောင့်ကြည့်ထားလိုက်.."

လူကြီးဟာ ကျယ်လောင်စွာ ပြောလိုက်တာပါ..။

ဆရာမ ရှား ရှေ့ကို တက်လာလိုက်ပြဇး..

"ငါ့ ယောက်ျားကို လောင်းကစားလုပ်အောင် နင့်လူတွေပဲ ဆွဲဆောင်ခဲ့တာလေ..။ငါ တို့ အကြွေးတွေကို ပြန်ဆပ်မယ်လို့ ပြောထားတာပဲ..နင်တို့ပိုပြီး အကြောင်းကျိုး ဆီလျော်လို့ မရဘူးလား.."

အရက်မူးနေတဲ့ကြီးဟာ မတ်တတ်ရပ်လိုက်ပြီး

ရယ်မောလိုက်တယ်..။ယင်းနောက် သူ ဆရာမ ရှား ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"မင်းက နည်းနည်း အိုနေပေမယ့် ဆွဲဆောင်မူတော့ ရှိသေးတာပဲ.."

ရှန်းဟောင် လူကြီးရဲ့ လက်ကို ..ပြန်ရိုက်ထုတ်လိုက်ပြီး..

"ကျေးဇူးပြုပြီး လေးစားမူ ရှိစမ်းပါ.."

လူကြီး ပြန်ပြောလိုက်တယ်..။

"လေးစားမူလား...။မင်းသာ လေးစားမူ ရှိရင် ငါ့ပိူက်ဆံတွေကို ပြန်ဆပ်စမ်းပါ.."

…

ဟော်တယ် ရုံးခန်းထဲတွင်..အသားဖြူဖြူ ဆံပင်တိုပြီး လှပတဲ့ အမျိုးသမီး တစ်ယောက် ရှိနေခဲ့တယ်..။သူမလက်ထဲမှာ မိန်းကလေးတစ်ယောက်ကို..ပွေ့ထားပြီး..ညှင်သာစွာ စကားပြောနေခဲ့ပါတယ်..။အဲ့အချိန်မှာပဲ တံခါး ခေါက်သံကြားလိုက်ရတယ်..။

"ဝင်ခဲ့.."

ဟော်တယ် ဝန်ထမ်းလေးဟာ ဝင်လာလိုက်ပြီး..ထိုင်နေတဲ့ လူကို တစ်ချက်ကြည့်လိုက်တယ်..။

"အစ်ကို ချွင်ချွင်..ကျွန်တော် နတ်ဆေးဆရာလေးကို ဟော်တယ်ထဲမှာ တွေ့ခဲ့တယ်.."

အစ်ကို ချွင်ချွင်က ဒီမှာ အကြီးဆုံး လူတစ်ယောက်ပါပဲ..။သူမက လှပပေမယ့်လည်း..သူမကို သူမ ဂေးတစ်ယောက်လို့ သာ ခံစားမိပါတယ်..။သူမဆီမှာလဲ အမြဲတမ်း မိန်းမလေးတွေ ဝန်းရံ နေလို့ပါ..။

ဟော်တယ် တစ်ခုလုံး အစ်ကို ချွင်ချွင်ကို ကြောက်ရွံ့ကြပါတယ်..။

သို့ပေမယ့် အစ်ကို ချွင်ချွင် ဆိုတဲ့ နာမည်ကတော့ နည်းနည်း ထူးဆန်းနေခဲ့ပါတယ်..။သူမ ဒီနာမည်ကို ဘယ်လို ရခဲ့တာလဲ သူတို့မသိသလို..သူမရဲ့ နာမည်အရင်းကို လည်း သူတို့ မသိကြပါဘူး..။

အစ်ကို ချွင်ချွင်ဟာ နတ်ဆေးဆရာ ဆိုတဲ့ စကားလုံးကို ကြားတဲ့ အချိန်မှာ သူမ ရဲ့ အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။

"ဒါတကယ်ပဲလား..."

"ဟုတ်တယ်..သူက အခန်း ၆၀၅ မှာ..။ကျွန်တော် ဟင်းပွဲ တွေချတုန်းက..အခန်းထဲမှာ သူ့ကို မြင်ခဲ့တာ..။ကျွန်တော် ..အွန်လိုင်းက..ပုံတွေိနဲ့လည်း နှိုင်းယှဥ္ပြီးပြီ..ဒါသူအတိအကျပဲ.."

အစ်ကို ချွင်ချွင်..သူ့လက်ထဲမှာ ရှိနေတဲ့..မိန်းကလေးကို လွှတ်ပေးလိုက်ပြီး ချက်ချင်း..အခန်း ၆၀၅ ကို ဦးတည် သွားလိုက်ပါတယ်..။သူမရဲ့ မျက်နှာ အမူအရာဟာ..အနည်းငယ် စိတ်ခံစားမူရှိပြီး အလျင်လိုနေခဲ့တာပါ..။

သူမ နတ်ဆေးဆရာ အကြောင်းကို ဒီနေ့မှ သိရတာ ဖြစ်ပြီး..သူမ သွားတွေ့ဖို့ လုပ်တဲ့ အချိန်မှာတော့..နတ်းဆေးဆရာက မရှိတော့ပါဘူး..။

နတ်ဆေးဆရာ လေး သူမရဲ့ ဟော်တယ်ကို လာလိမ့်မယ် လို့ သူမတကယ် မထင်ထားခဲ့ပေ..။

ဘယ်လောက်ကံကောင်းလိုက်လဲ..

All Chapters