တိုက်ရိုက် အရှုပ်အထွေး...
Vol. 33 Ch. 484
#ဘာသာပြန် = စနိုးဝှိုက်
သီးသန့် ခန်းထဲတွင်..။
လူတိုင်းရဲ့ အကြည့်တွေဟာ လင်းဖန် ဆီမှာပဲ ကျရောက်နေခဲ့ပါတယ်..။သူတို့ရဲ့ အကြည့်တွေက..တောင်းပန်တဲ့ အကြည့်တွေပါ..။သို့ပေမယ့် လင်းဖန်ရဲ့ သူတို့ကို မမြင်ချင်ယောင် ဆောင်နေတဲ့ ပုံစံက သူတို့အတွက်တော့ ရင်နာဖို့ ကောင်းလှပါတယ်..။
သူ့တို့ရှေ့က စားပွဲပေါ်မှာ ရှိတဲ့ အစားအသောက်တွေဟာ လည်း..ကောင်းဖို့တဲ့ ရနံ့တွေ ထွက်နေပေမယ့် ပန်ကိတ်စားပြီးတဲ့ နောက်မှာ သူတို့ ဘာကိုမှ မစားချင်တော့ပါဘူး..။
ချန်ရှန်း ကတော့ မတ်တတ်ရပ်နေတုန်းပါပဲ..။လင်းဖန်ကို ကြည့်တဲ့ သူ့ရဲ့ အကြည့်တွေက ပြောင်းလဲ နေခဲ့ပါပြီ..။
အတန်းဖော် တွေကတော့..လင်းဖန် နဲ့ သူငယ်ချင်း ဆက်ဆံ ရေးကို အသုံးပြုပြီး..ပန်ကိတ် ထပ်ရဖို့ကိုပဲ..မျော်လင့်နေခဲ့ကြတာပါ..။
လင်းဖန် သူတို့တွေကို အာရုံပြောင်းအောင်လုပ်ဖို့ ကြိုးစားလိုက်တယ်..။
"ဆရာမ ရှားက ထွက်သွားတာ အတော်ကြာနေပြီနော်..။ဟုတ်တယ်မလား..."
"ဟုတ်တယ် အတော်ကြာနေပြီ..။ငါ တစ်ချက်သွားကြည့်လိုက်ဦးမယ်.."
ဝမ်ကျန်း ထပြီးပြောလိုက်တယ်..။ယင်းနောက် သူပြုံးလိုက်ပြီး..
"ကြိုးစားကြ ကောင်လေးတို့..ပန်ကိတ်ထပ်စားရမှာလား မစားရဘူးလား ဆိုတာက မင်းတို့ အပေါ်မှာပဲ မူတည်တယ်နော်..."
လူတိုင်း ခေါင်းညိမ့်လိုက်ကြတယ်..။ပန်ကိတ်ရဖို့ ဆိုရငိ..သူတို့ အတူစုစည်းပြီး တိုက်ပွဲဝင်ကြရမှာပါ..။
"အစ်ကိုကြီးလင်း..လေးစားပါတယ်ဗျ..။မင်း ငါ့ကို ဘာပဲလုပ်ခိုင်း လုပ်ခိုင်း ငါလုပ်ပေးမှာပါ..."
"ငါတို့ အိပ်ဆောင်မှာ တူတူအိပ်နေရင်း မင်းမှာ စားစရာ ဝယ်ဖို့ ပိုက်ဆံ မရှိတဲ့ အချိန်ကို မှတ်မိသေးလား..။ငါမင်းကို အစားအသောက်တွေ ဝယ်ဖို့ ကူညီပေးခဲ့တယ်လေ.."
"မင်း အတန်း မတက်ချင်တဲ့အချိန်တွေမှာတောင်..ငါမင်းကို အတန်းခေါ်မှာ လက်မှတ်ထိုးဖို့ ကူညီပေးခဲ့တယ်လေ.."
လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တယ်..။
"မင်းတို့က တကယ် အရှက်မရှိကြတာပဲ.."
သူ့ အတန်းဖော် တွေ..ပန်ကိတ်ကို အရမ်းစားချင် နေကြတာ မြင်တဲ့အချိန်မှာ..သူ့ စိတ်ထဲမှာ ကျေနပ်မူကို ခံစားနေခဲ့့ရပါတယ်..။သူ့ရဲ့တိမ်ဖြူလမ်းမှာ ဆိုရင်တစ်လုံး ဝယ်ဖို့တောင် အရမ်းခက်ခဲတာဖြစ်ပြီး..သူတို့က ပန်ကိတ်တွေကို အလွယ်တကူ စားနိုင်နေမယ် ဆိုရင် ..တစ်ခါမှ မစားရတဲ့ တိမ်ဖြူလမ်းက လူတွေ အတွကိ မမျှတရာ ကျသွားပါလိမ့်မယ်..။
သို့ပေမယ့် အခု..သူတို့ ပန်ကိတ်ရဲ့ အရသာကို သိသွားပြီ ဆိုတော့..အနာဂတ် ကျောင်းသားဟောင်း တွေ့ဆုံပွဲတွေက ဘယ်လို ဖြစ်လာမလဲ သူသိချင်မိပါတယ်..။
ရုတ်တရက် ..ဝမ်ကျန်း ပြန်ရောက်လာပြီး လှမ်းအော်လိုက်တယ်..။
"ကောင်လေးတို့..အမြန်လာကြဥိီး..."
လူတိုင်းဟာ..အံ့ဩသွားခဲ့ပြီး လင်းဖန် လည်း သိချင်သွားခဲ့တယ်..။ဝမ်ကျန်းက..အပြင်ကနေ အလျင်လို နေတဲ့ အသံနဲ့ အော်နေခဲ့တာကြောင့်..တစ်ခုခု အရေးကြီးတာ ဖြစ်နေတဲ့ ပုံပါပဲ..။
"တစ်ခုခု ဖြစ်လို့လား.."
ချန်ရှန်းဟာ မတ်တတ်ထရပ်လိုက်ပြီး သူ့မျက်လုံးမှာတော့..သံသယ တွေ ဖြစ်နေခဲ့တယ်..။
"အပြင်ထွက်ပြီး ကြည့်ကြရအောင်.."
လင်းဖန် ထပ်မတွေးတော့ပဲ..အပြင်ကို..ထွက်သွားလိုက်ပါတယ်..။ဝမ်ကျန်း ရဲ့ အသံက အလျင်လိုနေတာ ဖြစ်နေတာကြောင့်..တစ်ခုခု..အရေးကြီးနေတာ ဖြစ်နိုင်ပါတယ်..။
သူ တံခါးဖွင့်လိုက်တဲ့ အချိန်မှာပဲ..။ဝမ်ကျန်း အလျင်စလို ပြောလိုက်တယ်..။
"အမြန်..ဆရာမ ရှား..ပြသနာ တက်နေပြီ..."
"ချီးပဲ..ဘာဖြစ်တာလဲ.."
လူတိုင်းက အံ့ဩနေပြီး..စိတ်လှုပ်ရှား လာခဲ့ကြပါတယ်..။
သူတို့ ဟိုဘက်အခန်းကနေ..ငြင်းခုန်နေတဲ့ အသံတွေ ဆူညံနေတဲ့ အသံတွေကိုပါ ကြားနေခဲ့ရတာပါ..။
"ဘာဖြစ်တာလဲ.."
လငိးဖန် မေးလိုက်တာပါ..။
ဝမ်ကျန်း ခေါင်းခါယမ်း ပြီး ပြောလိုက်တယ်..။
"ငါလည်း မသိဘူး..။ကြည့်ရတာ ..တစ်ယောက်ယောက်က ဆရာမ ရှားရဲ့ အခန်းထဲမှာ ပြသနာ ရှာနေတဲ့ ပုံပဲ..။ငါ ဒီအသံတွေကြားတာနဲ့ မင်းတို့ကို ခေါ်ဖို့ ပြန်လာခဲ့တာ.."
လင်းဖန် ဘာမှ ပြောမနေတော့ပဲ..ဆရာမ ရှားရဲ့ အခန်းဆီကို အမြန် သွားလိုက်တယ်..။
သီးသန့်ခန်းထဲတွင်..။
ဆရာမ ရှားဟာ မျက်ရည် ကျလုလု ဖြစ်နေပြီ ဖြစ်ပြှီး သူ့ယောက်ျား ရှန်းဟောင်ကလည်း..ပျာယာခတ်နေခဲ့ပါတယ်..။ဒီခွေးသားက လူဆိုးဂိုဏ်က ဖြစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
သူ့က သူ့အကျွေးတွေကို ပြန် ဆပ်မယ်လို့ ပြောထားတဲ့ အပြင်..သူ့ရဲ့ အတိုးတွေကို လည်း ပေးထားပြီးပါပြီ..။ဒါတောင်..ဒီလူက နောက်မဆုတ် နိုင်ပဲ..တကယ်လို့ သူ့ပိုက်ဆံကို သာ ဒီနေ့ ပြန်မပေးနိုင်ရင် ထွက်မသွားနိုင်ဘူး လို့ ပြောနေခဲ့တာပါ..။
"မင်းတို့ စည်းကျော်နေပြီ မဟုတ်ဘူးလား.."
ရှန်းဟောင် ဒေါသထွက်စွာ ပြောလိုက်တာပါ..။ဒီနေ့က သူ့ မိန်းမရဲ့ မွေးနေ့ဖြစ်တာကြောင့်..သူပျော်ရွှင်စွာ ကျင်းပ ပေးဖို့ စီစဥ္ထားခဲ့တာပါ..။ဒီလို အရာတွေ ဖြစ်လာလိ်မ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။
တကယ်လို့ ဒီလို တွေ ဖြစ်လာမှန်း သာ သိရင်..သူ့ကို သတ်မယ် ဆိုရင် တောင်..လောင်းကစား ဝိုင်းကို ဝင်ခဲ့မှာ မဟုတ်ပေ..။အခုတော့ သူ့အတွက်..ပြောင်းလဲဖို့ နောက်ကျ သွားခဲ့ပါပြီ..။
ကျောင်းက..ခေါင်းဆောင်တွေဟာလည်း ဒေါသ ထွက်နေခဲ့ကြတယ်..။သူတို့လည်း..ဒီလူတွေ စည်းကျော် နေပြီလို့ ခံစားနေခဲ့ရပါတယ်..။
သူတို့ ဆရာရှန်း လောင်းကစား ဝိုင်း သွားတာကိုတော့ သဘော မကျ ပါဘူး..။သို့ပေမယ့်..ဒီလို..ဘယ်သူမှ အပြစ်မကင်းတဲ့ ခက်ကြီးမှာ..တစ်စုံ တစ်ယောက်က..ပြောင်းလဲချင်တဲ့ စိတ်ရှိရင် အဆင်ပြေပါပြီ..။
ဒါကြောင့် သူတို့ ဆရာရှန်းကို ဘာ အရေးယူမူမှ မလုပ်ကြတော့တာပါ..။
လူကြီးဟာ နှာခေါင်းရှုတ်ပြီး ပြောလိုက်တယ်..။
"စည်းကျော်တယ်..။မင်း အကြွေးယူထားရင် ပြနိပေးရမှာပဲလေ..ဒါက လူ့လောကကြီးရဲ့ စည်းမျဥ္းပဲ..။မင်းရဲခေါ်မယ် ဆိုရင်တောင် ပေးစရာ ရှိတဲ့ အကြွေးက တော့..ပြန်ပေးရဦးမှာပဲ.."
လူကြီးက အခုချိန်မှာ သူ မူးနေလို့ ပိုက်ဆံကို အတင်းလိူက်တောင်း နေတာ မဟုတ်ပါဘူး..။သူက အခုချိန်မှာ..ရှန်းဟောင်ကို ပိုက်ဆံ တောင်းရင်..သူထုတ်မပေးနိုင်ရင် အရှက်ရအောင်လို့.. တမင်လိုက်တောင်း နေခဲ့တာပါ..။
ဒီငနဲက..ဆရာ တစ်ယောက်ဆိုတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို အလေးထားမှာ အသေအချာ ပါပဲ..။သူ လောင်းကစား လုပ်တာကို လူများများသိလေ..သူ့ရဲ့ ဂုဏ်သိက္ခာ ပိုပြီး ကျဆင်းလေ ..ဖြစ်မှာ
ပါ..။
အဲ့အချိန်မှာတော့..ရှန်းဟောင်..ပြောစရာ ကင်းမဲ့နေခဲ့တယ်..။သူ ဒီကောင်တွေကို အတော်စိတ်ပျက် နေ
ပြီဖြစ်ပြီး ဒေါသထွက်စွာ ပြောလိုက်တယ်..။
"ပြန်ကြတော့..။ငါ့မှာ အခု ပိုက်ဆံ လုံလုံလောက်လောက် မရှိတော့..မင်းကို ဖြည်းဖြည်း ချင်းပေးမယ် လို့ ပြောထားပြီးပြီ..။ဒီတော့ မင်းဒီနေ့ အတင်းတောင်းနေမယ် ဆိုရင်တောင် ငါတို့ မင်းကို ပေးစရာ ရှိမှာ မဟုတ်ဘူး.."
လူကြီးဟာ နှာခေါင်းရှုတ်လိုက်တယ်..။
"ငါ ဂရုမစိုက်ဘူး..။မင်းငါ့ပိုက်ဆံကို ဒီည ပြန်ပေးတာ ကောင်းလိမ့်မယ်.."
ယင်းနောက် သူ ဆရာမ ရှားကို စိုက်ကြည့်လိုက်ပြီး...
"မင်းမှာ ပိုက်ဆံ မရှိဘူး ဆိုရင် ..ငါမင်းကို အကြံဉာဏ်တစ်ခု ပေးလိုက်မယ်..။မင်း မိန်းမက ..သိပ်မဆိုးဘူး ဆိုတော့..တစ်ညလောက် ရောင်းလိုက်..."
"မင်း.."
ရှန်းဟောင် ဒေါသထွက်သွားခဲ့ပါတယ်..။
ဘန်း...
ရုတ်တရက် သီးသန့်ခန်းရဲ့ တံခါးဟာ ..ပွင့်သွားခဲ့တယ်..။
"မင်း ဘာစကား ပြောတာလဲ.."
လငိးဖန် အပြင်ဘက်ကနေ ဒီစကားကို ကြားလိုက်ပြီး ဒေါသထွက်သွားခဲ့တာပါ..။ဆရာမ ရှားကို ဒီလိူစကားပြောရအောင် ဒီခွေးသားက အတော်ကို လွန်နေပါပြီ..။
အာ....
လူကြီး လှည့်လိုက်တဲ့..အချိန်မှာ..အခန်းပြင်မှာ ဒေါသထွက်နေတဲ့ လူတွေကို တွေ့လိုက်ရတယ်..။
လင်းဖန် အလျင်အမြန် မေးလိုက်ပါတယ်..။
"ဆရာမ ရှား..အဆင်ပြေရဲ့လား..."
လင်းဖန် ဆရာမ ရှားရဲ့ မျက်လုံး..နီရဲ နေတာကို ..မြင်တဲ့ အချိန်မှာ စိတ်ကုန်သွားခဲ့တယ်..။ယင်းနောက် သူ လူကြီးကို ကြည့်လိုက်ပြီး...
"ခင်ဗျား ဘာလိုချင်တာလဲ.."
ကျန်တဲ့လူတွေဟာ လည်း အထဲကို ဝင်လာပြီး ဝိုင်းထားလိုက်ကြတယ်..။မိန်းကလေးကတော့..ဆရာမ ရှားရဲ့ ဘေးနားကို သွားပြီး နှစ်သိမ့် နေခဲ့ကြပါတယ်..။
"အိုး..မင်းတို့က အဖွဲ့တောင့် သားပဲ.."
လူကြီးဟာ အခြေအနေတွေကို ကြည့်ပြီး ရယ်မောလိုက်တယ်..။ယင်းနောက် လူကြီးရဲ့ မျက်နှာဟာ လေးနက်သွားပြီး ပြောလိုက်ပါတယ်..။
"မင်းတို့ဟာ မင်းတို့ လူဘယ်လောက်များများ ငါ စောက်ဂရုမစိုက်ဘူး..။ဒါပေမဲ့ မင်းတို့ တစ်ခုတော့ သိထား...မင်းတို့ ဆရာမ ရှားရဲ့ ယောက်ျားက ငါ့ဆီမှာပိုက်ဆံ တွေ အများကြီး အကြွေးတင်ထားတယ်..။ဒီနေ့ ငါ အဲ့ပိုက်ဆံကို ပြန်လိုချင်တယ်..."
ဆရာမရှား လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"ကိုယ့်အခန်းကို ပြန်ကြ..ဒီကိစ္စကို ငါ့ဟာငါ ကိုင်တွယ်လိုက်မယ်..!"
ကျောင်းသားတွေ ရောက်လာတဲ့ အချိန်မှာ ဆရာမ ရှား ပိုပြီး ယုံကြည်မူ ရှိလာသလို ခံစားလိုက်ရပါတယ်..။သို့ပေမယ့် ဒီကိစ္စက သူမ ရဲ့ မိသားစုရေးရာ ကိစ္စဖြစ်တာကြောင့်..သူတို့ကို ဝင်မပါစေချင်ပါဘူး..။
"စိတ်လျော့ပါ..ဆရာမ ရှား..။ကျွန်တော် ရှိနေသမျှ ဆရာမ ရှား ဘာမှ မဖြစ်စေရဘူး..။ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်.."
လင်းဖန် ပြောပြီး ခေါင်းညိမ့်ပြလိုက်တယ်..။
ဒိီကိစ္စက သူတို့နဲ့ ဘာမှ မဆိုင်ပေမယ့်..ဆရာမ ရှားက..သူတို့ရဲ့ ဆရာမ ဖြစ်ပြီး..ကျောင်းတုန်းက သူတို့အပေါ်မှာ အများကြီး ကောင်းပေးခဲ့တာပါ..။အခု သူတို့ ကြီးပြင်းလာပြီ..ဆိုတော့ ဘေးကနေပဲ ရပ်ကြည့်မနေနိုင်ပါဘူး..။
ဝမ်ကျန်းလည်း ပြောလိုက်တယ်..။
"ဆရာမ ရှား..ကျွန်တော်တို့ကို လွဲထားပါ.."
ချန်ရှန်း ခေါင်းညိမ့်လိုက်တယ်..။
"ဆရာမ ရှား..ဘေးမှာထိုင်ပြီး အေးအေးဆေးဆေး နားနေလိုက်ပါ..."
အဲ့အချိန်မှာပဲ..ဝမ်ကျန်း ရှေ့ကို တက်သွားပြီး ပြောလိုက်တယ်..။
"အစ်ကိုကြီးတို့..ဒီနေ့ ကျွန်တော် တို့ဆရာ ရဲ့ အကြွေးကို ခနဘေးဖယ်ထား လိုက်ရင် ဘယ်လိုလဲ..။ဒီနေ့က ဆရာမ ရဲ့မွေးနေ့ ဆိုတော့ သူမကို..မျက်နှာပေးဖို့ လိုအပ်တယ်လေ..။ကျွန်တော်တို့နောက်မှ အေးဆေး ဆွေးနွေးကြတာပေါ့..."
ဝမ်ကျန်းက ခရီးသွားလာနေတဲ့ လူ တစ်ယောက်ဖြစ်တာကြောင့် စကားပြောဆိုရာမှာ ယဥ္ကျေးနေခဲ့ပါတယ်..။သူ ပြသနာ တွေ မဖြစ်စေချင်ပါဘူး..အထူးသဖြင့် ဒီလူတွေက..လူမိုက်ပုံစံ ပေါကိနေခဲ့တာပါ..။
သူတို့ကိုယ်တိုင်ကလည်း ကျောင်းနင်မှာ အဆက်အသွယ် တွေ မရှိတော့ အခြေအနေပိုဆိုးသွားရင် ခက်ခဲသွားနိုင်ပါတယ်..။
သူတို့ က သာမန်လူတွေပါ..။ဒီလို လူမိုက်တွေနဲ့ ယှဥ္လာပြီ ဆိုရင် သူတို့လုပ်နိုင်တာ ဘာမှ သိပ်မရှိပါဘူး..။
လင်းဖန် ဝမ်ကျန်းကို နောက်ဖက် ပြန်ဆွဲပြီး ပြောလိုက်တယ်..။
"မင်းဘာလို့..ဒီကောင်တွေကို ကောင်းကောင်းမွန်မွန် ပြောနေတာလဲ..။အခြေအနေက ဒီလောက် မရိုးရှင်းဘူး..။ဆရာမ ရှားက ..အကြွေးတင်နေတယ် ဆိုပေမယ့် သူတို့ကလည်း အရှက်ခွဲခဲ့တာပဲလေ.."
.
သူ ဘယ်တုန်းက မှ ကြောက်ရွံ့တာမျိုး မရှိခဲ့ပါဘူး..အထူးသဖြင့်..ဒီလို လူမိုက်မျိုးတွေပါ..။
ဝမ်ကျန်း လင်းဖန်ကို ကြည့်ပြီး..အင်အား ကင်းမဲ့သလို ခံစားလိုက်ရတယ်..။ဒီလူတွေက သူ့ဆရာမကို အရှက်ခွဲတာ သူသိပေမယ့် လည်း..ကိစ္စတွေကို ပိုမကြီးစေချင်လို့ သူဒီလို ပြောနေခဲ့တာပါ..။
သို့ပေမယ့်..လင်းဖန်က ဒီလို အခြေအနေ နဲ့ကြုံလာရင် သင့်သင့်မြတ်မြတ် မဖြေရှင်းတတ်ဘူး ဆိုတာ သူတို့ မသိကြပါဘူး..။သူက ဒီတိုင်း တည့်တည့်ရင်ဆိုင်ပြီး.ရှင်းထုတ်လိုက်မှာပါ..။