← Chapters

နားလည်မူ လွဲတာ..

Vol. 33 Ch. 485

နားလည်မူ လွဲတာ..

Vol. 33 Ch. 485

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် သူ့ရဲ့ သူငယ်ချင်း ဝမ်ကျန်းကို ကြည့်ပြီး ပြောလိုက်တယ်..။

"ငါ ကိုင်တွယ်လိုက်မယ်.."

ဆရာမ ရှား စိတ်ပူပြီး လှမ်းပြော လိုက်ပါတယ်..။

"လင်းဖန်..မင်းကိုယ်မင်း ပြသနာ မဖြစ်စေနဲ့..."

လငိးဖန် တည်ငြိမ်စွာ ပြုံးပြီး ပြောလိုက်တယ်..။

"စိတ်ချပါ..ကျွန်တော် ပြသနာ မရှာပါဘူး.."

သူ မပြောတဲ့ စကားက..သူ့ဆီကို ပြသနာက ရောက်လာရင် တော့ ကြောက်ရွံ့နေမှာ မဟုတ်ဘူး ဆိုတာ ပါပဲ..။တကယ်လို့ လူတွေက သူ့ကို စော်ကားလာမယ် ဆိုရင် ဘူဒိုဇာ တစ်ခုကို ညှာတာ ခြင်းမရှိပြန်တိုက်ခိုက်မှာပါ..။

လငိဖန် အရင်ဆုံး တည်ငြိမ်အောင်လုပ်လိုက်တယ်..။သို့ပေမယ့်..သူ့ရဲ့ အမူအရာကတော့..အရာရာကို စိတ်တိုင်းကျ ကစားတော့မယ့် လူတစ်ယောက်လို ပြုံးလိုက်ပြီး...

"ခင်ဗျားက..ကျုပ်တို့ ဆရာဆီက..ပိုက်ဆံကို လိမ်ညာခဲ့တဲ့ လူပေါ့.."

လူကြီးဟာ လင်းဖန်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်..။

"အဲတော့ ဘာဖြစ်လဲ..။မင်းဆရာ က ငါတို့ ဆီမှာ အကြွေးတင်ထားတယ်..ငါတို့က အကြွေးတောင် ပြန်လာတောင်းလို့ မရတော့ဘူးလား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"တကယ်လို့ ခင်ဗျား ..အကြွေးတင်ထားရင်..ပြန်ဆပ်ရမှာပဲလေ..။ဒါက လောကရဲ့ သဘာဝတရား ဖြစ်တာကြောင့်..ကျုပ်မှာ ဘာမှ ပြောစရာမရှိဘူး..။ဒါပေမဲ့ ခင်ဗျား ဆရာမ ရှားကို ခုနက ဘာစကား ပြောလိုက်တာလဲ..။ကျုပ်သေချာ မကြားလိုက်လို့..ခင်ဗျား နောက်တစ်ခေါက်လောက် ပြန်ပြောပါလား.."

လူကြီးဟာ..လင်းဖန်ကို ကြည့်ပြီး..စိတ်မရှည်စွာ ပြောလိုက်တယ်..။

"ကောင်လေး..မင်းက အတော်စိတ်အနှောက်အယှက်ဖြစ်ဖို့ ကောင်းနေတယ် ဆိုတာရော ခံစား မိရဲ့လား.."

"မခံစားမိပါဘူး..ကျုပ်က ခင်ဗျား ပြောလိုက်တာကို မကြားမိလိုက်ယုံပါပဲ..။ဒီတော့ ခင်ဗျား နောက်တစ်ခေါက်လောက် ပြန်ပြောပေးနိုင်မလား..။သူတို့ ပိုက်ဆံ အခုပြန်မပေးနိုင်ဘူး ဆိုရင် ခင်ဗျားက ဘာလုပ်သင့်တယ် လို့ ပြောလိုက်တာ.."

လငိးဖန် အပြုံးလေးနဲ့ မေးလိုက်တာပါ..။

လင်းဖန် အတွက်ကတော့ ဒီခွေးသားက..တစိခြား လူတွေကို လုံးဝ လေးစားမူ မရှိပါဘူး..။သူ့တို့ဆရာမကို ဒီလို စကားမျိုးပြောတာက သူတို့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ပါပဲ..။

ဝမ်ကျန်း နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန် နဲ့ လူကြီး မျက်နှာချင်းဆိုင် စကားပြောနေတာကို ကြည့်ပြီး..စိုးရိမ်သွားခဲ့ပါတယ်..။သူပြောလိုက်တယ်..

"လင်းဖန် အဆင်ပြေပြေ အဆုံးသတ်နိုင်မယ်လို့ ထင်လား..."

"ငါလည်း မပြောတတ်ဘူးလေ..ဒီတိုင်းရဲပဲ ခေါ်လိုက်ကြရအောင်..."

"အလျင်မလိုနဲ့ဦး..အခြေအနေကို စောင့်ကြည့်ကြရအောင်..."

"ငါတို့သာ ရဲခေါ်လိုက်ရင်..ဆရာ ရှန်း လောင်းကစားလုပ်ပြီး အကြွေးတင်နေတာကို လူတိုင်း သိသွားကြလိမ့်မယ်..။ဒါက သူ့ရဲ့ ပုံရိပ်အတွက် မကောင်းနိုင်ဘူး.."

"ဒါအမှန်ပဲ..."

အဲ့အချိန်မှာတော့ ရှန်းဟောင်ရဲ့ မျက်နှာဟာ နောင်တ တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။သူသာ..ဒီလို တွေ ဖြစ်လာမယ်မှန်း သိရင် လောင်းကစား လုပ်ခဲ့မှာ မဟုတ်ပါဘူး..။

လူကြီးဟာ လင်းဖန် ပြောတာကို ဂရုမစိုက်ပဲ..သူပြောချင်တာ ပြောလိုက်တယ်..။

"မင်းတို့ဆရာ..ငါတို့ ဆီမှာ ပိုက်ဆံ ဘယ်လောက် အကြွေးတင်ထားလဲ သိလား..။မင်း သူ့အစား ဆပ်ပေးချင်တယ် ဆိုရင် တော့..စုစုပေါင်း ဘယ်လောက်ကျလဲ ငါတွက်ပေးမယ်..."

"ပါးစပ်ပိတ်ထား...အခုချိန်မှာ ..သူ အကြွေးဘယ်လောက် ရှိလဲ ကျုပ်စောက်ဂရုမစိုက်ဘူး..။ခင်ဗျား ခုနက ဘာပြောတာလဲ လို့ မေးနေတာ.."

အတန်းဖော် တွေဟာ လင်းဖန်ကို ကြည့်နေရင်း အတော်ပြောင်းလဲ သွားတယ် လို့ ခံစားနေကြရပါတယ်..။သူက ပိုပြီး ထိလွယ်ရှလွယ် ဖြစ်လာခဲ့တာပါ..။ဒီလို လူမိုက်တွေနဲ့ ကြုံလာတဲ့ အချိန်မှာ လင်းဖန် ရှေ့ဆုံးက နေရပ်ပြီး..ဖြေရှင်းနေရလိမ့်မယ် လို့ သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး..။

"မင်းက ဦးနှောက်မရှိတဲ့ကောင်ပဲ.."

လူကြီးဟာ စိတ်ဆိုးစွာ ပြောလိုက်တာပါ..။

"မင်းသာ ဥာဏ်ထိုင်းတာ..."

လင်းဖန် ပြောပြီးတာနဲ့..လက်ကို မြောက်ပြီး လူကြီးရဲ့ ပါးကို ဖြတ်ရိုက်လိုက်ပါတယ်..။

ရုတ်တရက် မြင်ကွင်းဟာ . ရှုပ်ထွေးသွားခဲ့တယ်..။

ဆရာမ ရှား ကြောင်အသွားခဲ့ပါတယ်..။

ဝမ်ကျန်းနဲ့ တစ်ခြား လူတွေလည်း ​ဆွံ့အနေခဲ့တယ်..။

လူကြီးလည်း အံ့ဩနေခဲ့ပါပြီ..။

သူ့ရှေ့မှာ ရှိနေတဲ့ ငနဲက သူ့ကို ထိရဲလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလဲ...

ဝမ်ကျန်း နဲ့ ကျန်တဲ့ လူတွေဟာ ..စိတ်ရှုပ်ထွေးသွားခဲ့ကြပါတယ်..။လင်းဖန်က ဒီလိုမျိူး နှစ်ခါမတွေးပဲ အလျင်စလို နိုင်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

ဆရာမ ရှား ရှေ့ကို တက်လာပြီး စိတ်ပူစွာ ပြောလိုက်တယ်..။

"ကောင်လေး ဖန်..အလျင်မလိုနဲ့.."

"ဆရာမ ရှား..ကျွန်တော့်ကို လွဲထားပါ..။ဒီကိစ္စကို ကျွန်တော် ဒီနေ့ပဲ ဖြေရှင်းပေးမယ်.."

လင်းဖန် ယုံကြည်မူ ရှိရှိပြောလိုက်တာပါ..။

တကယ်လို့..တစ်ခြားတစ်ယောက်ယောက် ဆို သူ ဂရုစိုက်မှာ မဟုတ်ပေမယ့်..ဒါက သူ့ရဲ့ ဆရာမ ရှား ပါ..။

ဒီလူက..မလေးမစား မလုပ်ပဲ အကြွေးပဲ တောင်းနေမယ် ဆိုရင်တော့.ဒါက အဆင်ပြေပါသေးတယ်..။ဘာပဲဖြစ်ဖြစ် ဆရာမ ရှားရဲ့ ယောက်ျားက ပိုက်ဆံ ချေးထားခဲ့တဲ့ လူပါ..။သို့ပေမယ့် ဒီလူကြီးက..အနိုင်ကျင့်ပြီး တစ်ခြားလူတွေကိုပါ ဂရုမစိုက်သလို လုပ်နေခဲ့တာပါ..။

"ဒီတော့ ခင်ဗျားက ဒီတိုင်း ဖြေရှင်းချင်နေတာပေါ့..။ကျုပ် ခင်ဗျားကို ပြောလိုက်မယ်..ခငိဗျား ဘယ်လိုပဲ ဖြေရှင်းချင်ချင် ပြသနာ မရှိဘူး..။ဒီနေ့က ဆရာမ ရှားရဲ့ ပျော်ရွှင်စရာ မွေးနေ့ပဲ ဒါပေမဲ့ ခင်ဗျား ကြောင့် ပျက်စီးသွားပြီ..။ခင်ဗျား ဒါကို ကြိုတင်ကြံစည်ထားတာ မလား.."

လင်းဖန် လေးနက်စွာ ပြောလိုက်တာပါ..။

ကျောင်းက ခေါင်းဆောင် တွေဟာ အခြေအနေကို မြင်ပြီး ဆရာမ ရှားကို ဘေးနား ဆွဲခေါ်လိုက်တယ်..။

"ဆရာမ ရှား..ဒါက..မင်းရဲ့ ကျောင်းသားပဲလား.."

ဆရာမ ရှား ခေါင်းညိမ့်လိုက်တယ်..။လင်းဖန်က သူ့ရဲ့ ကျောင်းသား ဖြစ်ပေမယ့်လည်း သူမ မမှတ်မိတော့ သလိုပါပဲ..။လက်ရှိသူ့ရဲ့ ဒေါသနဲ့ ဆိုရင် သူက အတော်ကြီးကို ပြောင်းလဲ သွားခဲ့ပါပြီ..။

ကျောင်းတုန်းက သူ့ရဲ့ ပုံစံနဲ့ ယှဥ္လိုက်ရင် မတူညီတဲ့ လူနှစ်ယောက်လိုပါပဲ..။

လူကြီးဟာ လင်းဖန်ကို ကြည့်ပြီး အော်လိုက်တယ်..။

"ကောင်းပြီ..ဘာက မလုပ်သင့်တဲ့ အရာလဲ ဆိုတာ ငါမင်းကို မြင်အောင်ပြပေးမယ်..။လာကြစမ်း...လူထပ်ခေါ်လိုက်.."

"သိပါပြီ.."

သူတို့ ဟော်တယ် ထဲမှာ ပြသနာ မကြီးချင်ပေမယ့် ..ဟောိတယ် အပြင်ရောက်သွားရင်တော့ ဒီခွေးသားကို သင်ခန်းစာ ကောင်းကောင်း ပေးရမှာပါ..။

ဘေးနားမှာ ဝိုင်းထားတဲ့ ကျောင်းသားတွေဟာ..ဒီလူကြီး လူထပ်ခေါ်တော့မှာကို မြင်ပြီးကြောက်ရွံ့သွားခဲ့တယ်..။သူတို့ ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးတာကြောင့်..နှလုံးခုန်သံတွေ မြန်လာခဲကြပါတယ်..။

သို့ပေမယ့် ဒီလိုအခြေအနေမှာ သူတို့ ထွက်ပြေးလို့မရပါဘူး..။တကယ်လို့ တစ်ယောက်ယောက်က ..ဒီလိုလုပ်ခဲ့ရင် အတန်းဖော်တွေရဲ့ ဆူပူမူကြောင့် ခေါင်းမဖော်နိုင် ဖြစ်ရမှာ အမှန်ပါပဲ..။

"ဒါ..ဒါက.."

ဆရာမ ရှား ဆွံ့အနေခဲ့တယ်..။အခြေအနေက ဒီအဆင့်အထိ ဖြစ်သွားလိမ့်မယ် လို့ သူမ မထင်ထားခဲ့ပါဘူး..။ဒါက လူတိုင်း မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့ပါပြီ..။

"ဘယ်သူက လူထပ်ခေါ်ချင်တာလဲ.."

အဲ့အချိန်မှာပဲ အပြင်ဘက်ကနေ အသံတစ်သံကို ကြားလိုက်ရတယ်..။အခန်းတံခါးဟာ ပွင့်သွားပြီး..ယောက်ျားလား..မိန်းမလား ခွဲခြားလို့ မရတဲ့ လူတစ်ယောက် ဝင်လာခဲ့ပါတယ်..။

လူကြီးဟာ ဝင်လာတဲ့ လူကိုမြင်တဲ့ အချိန်မှာ အမူအရာ ပြောင်းသွားခဲ့တယ်..။သူ့ရဲ့ မျက်နှာဟာ ရုတ်တရက် အပြုံးပေါ်လာပြီး..ကြိုဆိုလိုက်ပါတယ်..။

"အစ်ကို ချွင်ချွင် ..ဒါက ဘာမှ မဟုတ်ပါဘူး..။ကျွန်တော်တို့ နားလည်မူ လွဲနေကြတာပါ.."

လူကြီးနောက်က လူတွေဟာ.အစ်ကို ချွင်ချွင် ဘယ်သူလဲ မသိတာကြောင့်.. ဘယ်သူလဲ ဆိုတာ သိချင်စွာ.ကြည့်နေခဲ့ကြပါတယ်..။သို့ပေမယ့် သူ့တို့ ..ဘာမှ မပြောရသေးခင် လူကြီးရဲ့ သတိပေးခြင်း ခံလိုက်ရတယ်..

"အမြန် အစ်ကို ချွင်ချွင်ကို နှုတ်ဆက်လိုက်..."

"အစ်ကို ချွင်ချွင်.."

ကျန်တဲ့လူတွေ နှုတ်ဆက်လိုက်ကြတာပါ..။သူတို့ အမိန့်ကို မလွန်ဆန်နိုင်ကြပါဘူး..။

"အင်း.."

အစ်ကို ချွင်ချွင် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပါတယ်..။

လင်းဖန် လည််း အစ်ကို ချွင်ချွင်ကို ကြည့်နေခဲ့တယ်..။သို့ပေမယ့် သူ အနီးကပ်ကြည့်လိုက်တဲ့ အချိန်မှာ အမူအရာ ပြောင်းသွားခဲ့ပါပြီ..။ဒီလူက တစိခုခု လွဲမှားနေခဲ့တာပါ..။

"ချီးပဲ..ငါ ဒီအဆင့်အထိ လုပ်ဆောင်မူ ပျက်စီးနေတဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး..။သူမရဲ့ မဟော်မုန်း တွေက..လုံးဝကို ဗရမ်းဗတာဖြစ်နေတာ

ပဲ..။သူမက..လိင်ပြောင်းလဲ ထားတာလား..."

လင်းဖန် သူ့ကိုယ်သူ တွေးလိုက်တာပါ..။

ဒီလူက..အတော်ကို နေမကောင်း ဖြစ်နေတာပါ..။

ဆရာမ ရှား ဒီလူကို မြင်တဲ့ အချိန်မှာ အံ့ဩနေခဲ့တယ်..။ဒီလူရဲ့ ကိုယ်နေဟန်ထား က အကုန်လံူး ပုံမှန်ဖြစ်ပေမယ့် သူ့ဆီက..ဆန်းကျယ်တဲ့ ခံစားချက်တစ်ခုကို ရနေခဲ့တာပါ..။သူမ ဒီခံစားချက်ကို မသိပေမယ့်..ဒီလူမှာ တစ်ခုခုမှားနေတာကို တော့ သိလိုက်ပါတယ်..။

"နတ်ဆေးဆရာလေး..ကျွန်တော် နတ်ဆေးဆရာလေးကိုရှာနေတာ အချိန်အတော်ကြာပြီ.."

အစ်ကို ချွင်ချွင် လင်းဖန်ကို ပြုံးပြီး ပြောလိုက်တာပါ..။

လင်းဖန် သံသယ ဖြစ်စွာ ခေါင်းညိမ့်လိုကိပြီး...

"ကျွန်တော်ကို သိနေတာလား.."

အစ်ကို ချွင်ချွင် ရယ်မောပြီး ပြောလိုက်တယ်..။

"ကျော်ကြားတဲ့ နတ်ဆေးဆရာ လေးက..ကျောင်းနင်မှာ ရောက်နေတာ သူ့ကို မသိတဲ့လူ ဘယ်သူ ရှိမှာလဲ.."

ယင်းနောက် သူမ လူကြီးကို ကြည့်လိုက်ပြီး

"မင်း နတ်ဆေးဆရာ လေး..နဲ့ဘာသဘော မတူညီစရာတွေ ရှိလဲ တော့ ငါမသိဘူး..။မင်း အဲတာတွေကို ငါ့အတွက် လွှတ်ပေးနိုင်မလား.."

လူကြီးဟာ အစ်ကို ချွင်ချွင်ကို ကြည့်ပြီး တွေဝေချင်းမရှိ ပြောလိုက်တယ်..။

"ကောင်းပါပြီ..ကောင်းပါပြီ..။အစ်ကို ချွင်ချွင် အတွက် ကျွန်တော် ဒီတိုင်းထားလိုက်ပါ့မယ်.."

အဲ့အချိန်မှာတော့ ဆရာမရှားဟာ ဘာတွေ ဖြစ်နေလဲတောင် နားမလည်နိုင်တော့ ပါဘူး..။

နတ်ဆေးဆရာက ဘယ်ကနေ ပါလာတာလဲ..။သူမကျောင်း နင်က ကိစ္စကို အကုန်လုံးကို သိထားပေမယ့် ဒါက လင်းဖန်နဲ့ ဘာဆိုင်လို့လဲ....။

အဲ့အချိန်မှာပဲ ဝမ်ကျန်းဟာ အံ့ဩသင့်စွာ မေးလိုက်တယ်..။

"လင်းဖန် ..မင်းက နတ်ဆေးဆရာ လေးလား.."

"အာ..."

လူတိုင်းဟာ အံ့ဩပြီး မယုံကြည်နိုင် ဖြစ်သွားခဲ့ကြပါတယ်..။

အခြေအနေက လူတိုင်း ထင်ထားတာ ထက်ကို ကျော်လွန်နေခဲ့တာပါ..။အထူးသဖြင့် ဆရာမ ရှားပါပဲ..။သူမ အကုန်နားမလည်ပေမယ့် လည်း သက်ပြင်း ချလိုက်ပါတယ်..။အခု ပုံစံ အတိုင်းဆို အရာရာတိုင်းက အေးအေးဆေးဆေး ပြီးသွားတော့မှာပါ..။

ရုတ်တရက် လူကြီးဟာ လင်းဖန် ရှေ့ကို အလျင်အမြန် ရောက်လာခဲ့တယ်..။သူ့ရဲ့ အမူအရာကတော့ အနည်းငယ်..စိတ်ခံစားချက် ဖြစ်ပေါ်နေခဲ့ပြီး...

"မင်းက ကျောင်းနင် မှာ လူတိုင်း ပြောနေကြတဲ့ နတ်ဆေးဆရာလား.."

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"အင်း.ဟုတ်တယ်..။ခင်ဗျားမှာ ပြသနာ ရှိသေးလို့လား.."

"မ..မဟုတ်ပါဘူး.."

လူကြီးဟာ ဒါကို ကြားတဲ့ အချိန်မှာ သူ့ပါးသူ နောင်တ ရစွာ ပြန်ရိုက်လိုက်ပါတယ်..။

"ကျွန်တော် တောင်းပန်ပါတယ် နတ်ဆေးဆရာ လေး..။ကျွန်တော် မမှတ်မိခဲ့ဘူး..။တကယ်လို့ ကျွန်တော် ဒါကို သိခဲ့ရင်..အစ်ကို ချွင်ချွင် မလာရင်တောင် ဘာပြသနာ မှ ရှိမှာ မဟုတ်ဘူး..။နတ်ဆေးဆရာလေး..ညီလေး ဟု ကို မှတ်မိသေးလား.."

"အင်း..မှတ်မိတယ်.."

လင်းဖန် ခေါင်းညိမ့်ပြီး ပြန်ဖြေ လိုက်တာပါ..။

"ကျွန်တော် က...ညီလေးဟု ရဲ့ သွေးသောက် အစ်ကို ပါ..။နတ်ဆေးဆရာ လေး..က ကျွန်တော် မိသားစု အတွက် အများကြှီး လုပ်ပေးထားပေမယ့် ကျွန်တော် မမှတ်မိနိုင်ခဲ့ဘူးလေ..။အစ်ကိုဟု ရဲ့ သမီးလေးက ကျွန်တော်ရဲ့ မွေးစား သမီးပဲလေ.။ဒါက မိသားစု တွေ အချင်းချင်း မမှတ်မိကြသလိုပါပဲ..။နတ်ဆေးဆရာလေး ဒါက ကျွန်တော် အမှားပါ..။ကျွန်တော် ဘာလုပ်ရမလဲ သိပါတယ်..."

အဲ့အချိန်မှာပဲ..အစ်ကို ဘောင်ဟာ ပိုပြီး ယဥ္ကျေးလာခဲ့တယ်..။အစောက သူ့ရဲ့ အရက်မူးနေတဲ့ ပံူစံကတော့ ပျောက်ကွယ် သွားပါပြီ..။သူမ ဆရာမ ရှားဆီကို လမ်းလျောက်သွားလိုက်တယ်..။

ဆရာမ ရှား သူလာ တာကို မြင်တဲ့ အချိန်မှာ အနည်းငယ် ကြောက်ရွံ့သွားခဲ့ပါတယ်..။

"ဆရာမ ရှား..ကျွန်တော် ကိုယ့် ပါးစပ်ကို ကိုယ်ပြန်ရိုက်သင့်ပါတယ်..။ကျေးဇူးပြုပြီး စိတ်ထဲက နေ မမှတ်ထားပါနဲ့..."

အစ်ကို ဘောင် ပြောပြီးတာနဲ့ လူတိုင်းရဲ့ ရှေ့မှာ တင် သူ့ပါးစပ်သူ ဖြတ်ရိုက်လိုက်တယ်..။ယင်းနောက် သူ ဆရာရှန်း ဘက်ကို လှည့်လိုက်ပြီး...

"ဆရာရှန်း..စိတ်မရှိပါနဲ့..လောင်းကစား လုပ်ပြီး ရှုံးထားတဲ့ ငွေတွေ အကုန်လံူးကို ကျွန်တော် ပြန်ပေးပါ့မယ်..။ဒါက..နားလည်မူ လွဲသွားတာပါ..တကယ်ကို နားလည်မူ လွဲသွားတာပါ..."

"အာ...."

ရှန်းဟောင် ဆွံ့အသွားခဲ့တယ်..။

စောက်ကျိုးနဲ ဘာတွေ ဖြစ်နေတာလဲကွာ...

All Chapters