← Chapters

တကယ့် ကျွမ်းကျင်သူပဲ..

Vol. 33 Ch. 486

တကယ့် ကျွမ်းကျင်သူပဲ..

Vol. 33 Ch. 486

#ဘာသာပြန် = စနိုးဝှိုက်

အစ်ကို ဘောင်ဟာ..စားပွဲပေါ်မှာ ရှိတဲ့ ဝိုင်ပုလင်းကို..ယူလိုက်ပြီး..အားလုံးကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်ကာ...

"ဆရာတို့..ခေါင်းဆောင်တို့..ကျောင်းသားလေးတို့.. ကျွန်တော် ..အစ်ကို ဘောင်က အားလုံးကို စိတ်အနှောက်အယှက်ဖြစ်ပြီး အဆင်မပြေ ဖြစ်စေခဲ့တယ်..။ဒါက ကျွန်တော် အပြစ်ဖြစ်တာကြောင့်..ဝိုင်သုံးခွက်သောက်ပြီး ကိုယ့်ကိုကို အပြစ်ပေးပါရစေ..။အကုန်လုံးကို နားလည်မူ လွဲခဲ့တဲ့ အတွက် တောင်းပန်တဲ့ အနေနဲ့..ဒီနေ့ည ကုန်ကျစာရိတ် အားလုံးကို ဒကာခံ ပါ့မယ်..."

သူ့ရဲ့ ညီအစ်ကို သာ သူ နတ်ဆေးဆရာ လေးရဲ့..မိတ်ဆွေတွေကို အနိုင်ကျင့်တာ သိသွားရင် သူ့ရဲ့ခြေထောက်တွေတောင် ရိုက်ချိုးခံရနိုင်ပါတယ်..။

သူက လောင်းကစားရုံ ထောင်ပြီး..သူ့မိသားစုကို ရှာကျွေးနေတာ ဖြစ်ပေမယ့်..သူ ဒီအခြေအနေ ရောက်အောင် သူ့ညီအစ်ကိုက ဖန်တီးပေးခဲ့တာပါ.. ။သူ့ ညီအစ်ကို ရဲ့ ဒေါသ ကလည်း အတော်ကို ကြီးပါတယ်..။သူက ရာထူးဂုဏ်စဥ်အရ သူ့ညီအစ်ကို ထက်..မနိမ့်ပေမယ့်...သူ့ညီအစ်ကို သူ့ကို ရိုက်နှက်ရင်တောင် ဘာမှ ပြန်မပြောရဲပါဘူး...။

သို့ပေမယ့် ငယ်ရွယ်စဥ် အချိန်တွေကို ပြန်တွေးကြည့်ရင်.. သူ့ညီအစ်ကို ရဲ့ ဂရုစိုက်မူ ကြောင့်သာ မဟုတ်ရင် သူသေနေလောက် ပါပြီ..။

ဘေးနားက ကျောင်းသားတွေ အကုန်လုံး စိတ်သက်သာ ရာ ရသွားခဲ့ကြတယ်..။သူတို့ ခုနက သေလောက်အောင် ကြောက်နေခဲ့ကြပေမယ့် အခုတော့ အဆုံးသတ်သွားခဲ့ပါပြီ..။

သို့ပေမယ့် လင်းဖန် ရဲ့ ပြောင်းလဲ မူတွေက သူတို့ကို အတော် အံ့ဩ သင့်စေပါတယ်..။

သူ့ရဲ့ ပန်ကိတ်က..အရမ်း အရသာ ရှိလို့..သူတို့ အံ့ဩလို့ မပြီးခင်မှာပဲ..သူက နတ်ဆေးဆရာလေး ပါ ဖြစ်နေခဲ့တာပါ..။ဒီပြောင်းလဲ မူက အတော်ကို ဒရမ်မာ ဆန်လွန်းပါတယ်..။

လင်းဖန် အကူညီမဲ့ သွားခဲ့တယ်..။သူက အတန်းဖော် တွေ အကုန်လုံး ရှေ့မှာ သူရဲကောင်းတစ်ယောက်လို စတိုင်ကျကျ ဖြေရှင်းပြချင်ခဲ့တာပါ..။သို့ပေမယ့် အခြေအနေက ..ဒီလောက်ထိ မြန်မြန် ဖြေရှင်းပြီး သွားလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။

နတ်ဆေးဆရာ ဆိုတဲ့ နာမည်က အတော် အလုပ်ဖြစ်နေပါလား...

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အကြံဥာဏ်ကတော့ ပျက်စီး သွားခဲ့ပါပြီ..။

"ခင်ဗျား ကျုပ်ဆရာ ရဲ့ ပိုက်ဆံကို ပြန်ပေးမှာလား..."

လင်းဖန် ပြောလိုက်တာပါ..။

အစ်ကို ဘောင် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"သေချာတာပေါ့..ကျွန်တော် အိမ်တိုင်ရာရောက် သေချာ ပို့ပေးလိုက်ပါ့မယ်..။နတ်ဆေးဆရာ လေးရဲ့ ဆရာမ မွေးနေ့ကို နှောက်ယှက်မိလို့ ကျွန်တော် တောင်းပန်ပါတယ်..။အခု ကျွန်တော် ကို သွားခွင့်ပြုပါဦး.။.တစ်ခုခု လိုအပ်တာ ရှိရင် ကျွန်တော်ကို လာရှာလို့ရပါတယ်.."

ခနအကြာမှာပဲ..အစ်ကိုဘောင် သူ့လူတွေကို ခေါ်ပြီး ထွက်ခွာသွားခဲ့တယ်..။သူ့ကို လင်းဖန် ရိုက်နှက်ခဲ့ပေမယ့်..သူ့ စိတ်ထဲမှာ ဘာမှ ထားမနေတော့ပါဘူး..။နတ်ဆေးဆရာလေး သူ့ကို သင်ခန်းစာပေးတယ် ဆိုတာက ဖြစ်သင့်တဲ့ အရာပါ..။ဘာပဲဖြစ်ဖြစ် သူ့ညီအစ်ကို သာ ဒီအကြောင်းကို သိသွားရင် ..သူ အကြိမ်အနည်းငယ် တောင် အရိုက်ခံရနိုင်ပါတယ်..။

"ဆရာမ ရှား..ဒါက ဘာမှမဟုတ်တဲ့ ပြသနာ လေးပါ..။ဘာလို့ မွေးနေ့ကို ဆက်ပြီး မကျင်းပတာလဲ.."

လင်းဖန် ပြောလိုက်တာပါ..။

ဆရာမ ရှား ..ကျေးဇူးတင်စွာ ပြန်ဖြေလိုက်တယ်..။

"လင်းဖန်..မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲ တောင် မသိတော့ဘူး.."

လင်းဖန် လက်ဝေ့ယမ်းကာ ပြုံးလိုက်ပြီး...

"မလိုပါဘူး မလိုပါဘူး..ဒါက အသေးအဖွဲလေးပါ.."

ဘေးနားမှာ ရှိတဲ့ အတန်းဖော်တွေဟာလည်း အံ့ဩနေခဲ့ကြပါတယ်..။လင်းဖန် က အခြေအနေကို ဖြေရှင်းသွားတာက တကယ်ကို အံ့ဩဖို့ ကောင်းတဲ့အရာပါ..။သို့ပေမယ့် ကျောင်းနင်မှာ လတ်တလော နာမည်ကြီး နေတဲ့..နတ်ဆေးဆရာလေးက လင်းဖန် ဖြစ်နေလိမ့်မယ်လို့ သူတို့ လုံးဝကို မထင်ထားခဲ့ကြပါဘူး..။

လင်းဖန် အစ်ကို ချွင်ချွင်ကို ကြည့်လိုက်ပြီး..သူမ ဒီကို လာတာ အကြောင်းအရင်း ရှိမယ် မှန်း သိလိုက်ပါတယ်..။မဟုတ်ရင် သူမ ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး..။အခြေအနေတွေက ပုံမှန် ကို ပြန်ရောက်သွားတော့..အကုန်လုံးက စိတ်ကြည်လင် လာခဲ့ကြပါပြီ..။

အစ်ကို ချွင်ချွင်ဟာ..ဟော်တယ်ရဲ့ စျေးအကြီးဆုံး ကာရာအိုကေ ခန်းတွေကို..ဆရာမ ရှားရဲ့ မွေးနေ့အတွက် အခမဲ့ ပေးခဲ့ပါတယ်..။

လင်းဖန် အစက ငြင်းပယ်ချင်ပေမယ့် ဆရာမ ရှား အကြောင်းတွေ မိတဲ့ အချိန်မှာ ဘာမှမပြောတော့ပါဘူး..။

ကျောင်းက ခေါင်းဆောင်တွေဟာ ဆရာမ ရှား အပေါ် အနည််းငယ် အမြင် ပြောင်းလဲ သွားခဲ့ပါတယ် .။ဆရာမ ရှားက..သူမ ကျောင်းသားတွေရဲ့ ချမ်းသာမူ နဲ့ ဂုဏ်သိက္ခာ ရှိမူတွေမှာ မှီခို နေခဲ့တာပါ

.။

သီးသန့်ခန်းထဲတွင်..။

ဝမ်ကျန်း နဲ့ ကျန်တဲ့လူတွေ ပျော်ရွှင်နေကြတဲ့..အချိန်မှာ လင်းဖန် နဲ့ အစ်ကို ချွင်ချွင်ကတော့ သီးသန့် ရှိနေခဲ့ပါတယ်..။

ရုံးထဲတွင်..။

လင်းဖန် အစ်ကို ချွင်ချွင် ရဲ့ နာမည်ကို ခွဲခြမ်းစိတ်ဖြာဖို့ လုပ်နေခဲ့တယ်..။

"အစ်ကို ချွင်ချွင်...ခင်ဗျားရဲ့ နာမည်က တစ်ကယ် မဆိုးဘူးပဲ..။တစ်စုံတစ်ယောက်က သူ့ကိုယ်သူ အဲလို ခေါ်တာ ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး..."

အစ်ကို ချွင်ချွင် ရဲ့ နှုတ်ခမ်း တွေဟာ..အပြစ်ကင်းစွာ နီရဲ နေပြီး..သွားတွေဟာ ဖြူဖွေး နေခဲ့တယ်..။သူ ပြုံးလိုက်တဲ့ အချိန်မှာတော့..အတော်ကို လှပတဲ့ အပြုံးတစ်ခုပါပဲ..။သူမ ပြန်ပြောလိုက်တယ်..

"နာမည် ဆိုတာက သတ်မှတ်ချက်တစ်ခု ပဲလေ..ဒီလောက်ပါပဲ..။အစ်ကို ချွင်ချွင် ဆိုတာက ..နာမည်တစ်ခုပါ..."

"ဒါပေမဲ့ ကျွန်တော်ရဲ့ နာမည်အရင်းက လီရူ ပါ..။ဒါကိုတော့ ဘယ်သူမှာမသိကြဘူး...နတ်ဆေးဆရာလေး ဘယ်သူ့ကိုမှ မပြောဘူးလို့ မျှော်လင့်ပါတယ်..."

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ကျွန်တော်က အတင်းပြောတတ်တဲ့ လူမျိုးမဟုတ်ပါဘူး.."

အစ်ကို ချွင်ချွင် ပြန်ဖြေလိုက်တယ်..။

"နတ်ဆေးဆရာလေး ကျွန်တော် တည့်တည့်ပဲ ပြောတော့မယ်..ကျွန်တော်..."

လင်းဖန် လက်ဝေ့ယမ်းပြီး တားဆီးလိုက်တယ်..။

"ပြောစရာ မလိုတော့ပါဘူး..ကျွန်တော် သိပြီးပါပြီ..။ဘယ်လို လူနာတွေပဲ လာပြပြ..ရောဂါအကြောင်းအရင်းကို ပြောစရာမလိုဘူး..။ကျွန်တော် ခင်ဗျားကို စပြီး မြင်လိုက်တာနဲ့ဘာမှား နေတာလဲ ဆိုတာ သိပြီးသား.."

အစ်ကို ချွင်ချွင် ရယ်မောလိုက်တယ်..။

"တကယ်ကို ကျွမ်းကျင်တဲ့ နတ်ဆေးဆရာလေး ပီသပါပေတယ်..။ကျွန်တော် တကယ်ကို ယုံကြည်သွားပါပြီ..။အခု စျေးဘယ်လောက်လဲ သာ ပြောလိုက်ပါ.."

အစ်ကို ချွင်ချွင် ရဲ့ အခြေအနေက အတော်ကို လေးနက်ပါတယ်..။လင်းဖန် အစကတော့ လူနာ ထပ်ကြည့်ဖို့ စိတ်မရှိတော့ပါဘူး..။သို့ပေမယ့်.ဒီလို သွယ်လျှတဲ့ ခန္တာကိုယ်နဲ့ သိမ်မွေ့တဲ့ ..အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ ..အစ်ကို ချွင်ချွင် ဟာ ဟော်မုန်း ပြသနာ ဖြစ်နေခဲ့တာပါ..။ တကယ်လို့ သူမသာ မွေးလာကတည်းက..မိန်းကလေး အစစ်အမှန် တစ်ယောက်ဖြစ်လာမယ် ဆိုရင် ဒီပြသနာ ဖြစ်လာမှာ မဟုတ်ပါဘူး..။

လင်းဖန် ဒီလို မတွေးရင်တောင်..မရေမတွက်နိုင်တဲ့ ယောက်ျားလေးတွေက..အစ်ကို ချွင်ချွင်ကို မိန်းကလေး အစစ်အမှန် တစ်ယောက် ဖြစ်စေချင်ကြမှာပါ..။

ဘယ်လောက် စိတ်မကောင်း စရာလဲ..

လင်းဖန် ့လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ကျွန်တော်က ကောင်းမွန်နဲ့ စိတ်ထားနဲ့ အလုပ်လုပ်တာ..။ကုသမူ အကုန်လုံးက အခမဲ့ ပဲ..။အေးဆေးပါ..ဒီအခြေအနေက နှစ်မျိုးပဲ ရှိတယ်..တစ်ခုက..ခင်ဗျားရဲ့ ခန္တာကိုယ်..နောက်တစ်ခုက..စိတ် ပဲ.."

အစ်ကို ချွင်ချွင်ဟာ ပျော်ရွှင်စွာ ရယ်မောလို်က်ပါတယ်..။ဒီကိစ္စက သူ့မအတွက် ခေါင်းကိုက်စရာ ကိစ္စကြီး တစ်ခုလိုပါပဲ..။

မွေးလာကတည်းက..သူမ ဘယ်လို လိင်ဘက်ကို အားသာ လဲ ဆိုတာ သိထားခဲ့တာပါ..။

သူမ မရေမတွက်နိုင်တဲ့..ဆရာဝန် တွေနဲ့ တွေ့ပြီး..မရေမတွက်နိုင်တဲ့ ဆေးတွေ ..သောက်ခဲ့ပေမယ့်လည်း အကျိုးမရှိခဲ့ပါဘူး..။

သူမ တကယ့် ယောက်ျား အစစ်အမှန် တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်..။သို့ပေမယ့်..သူမ ဆရာဝန် ..တွေရဲ့ ကစားစရာ အရုပ်တစ်ရုပ် မဖြစ်ချင်တာကြောင့်..ထိုင်းနိုင်ငံ မှာ လုပ်တဲ့ အလုပ်မျိုးကိုလည်း သွားမလုပ်ချင်ပေ..။

သူမသာ..မှုတ်ဆိတ်မွေးတွေ ပေါက်နိုင်ပြီး..ရာသီ သွေး စီးဆင်းမူ ရပ်တန့် နိုင်မယ် ဆိုရင် သူမ တကယ် ကျေနပ်ပါပြီ..။သူမ အတွက်ကတော့ ဒီကိစ္စကြီးက တကယ်ကို ပြသနာ ကြီးတစ်ခု ဖြစ်နေတာပါ..။

သူမရဲ့ ရင်သားတွေကလည်း ကြီးလွန်းတယ်လို့ သူမ ခံစားရပါတယ်..။သူမ ဖြစ်နိုင်ရင် သေးသွားအောင် လုပ်လိုက်ချင်ပါတယ်..။

မခွဲစိတ်ပဲနဲ့ ဒီအရာတွေမဖြစ် နိုင် ဘူးဆိုတာကို သူမသိထား ပေမယ့် လည်း ဓားတွေ အောက်ကို သူမ

မသွားချင်ပါဘူး..။

အခု သူမ ကျောင်းနင်မှာ ကျော်ကြားနေတဲ့ နတ်ဆေးဆရာကို တွေ့ပြီ ဆိုတော့ သူမရဲ့ ကံတရားကို စမ်းသပ်ချင်ခဲ့တာပါ..။နတ်ဆေးဆရာလေး ရဲ့ ယုံကြည်မူ ရှိတဲ့ ပုံစံကို ကြည့်ပြီး သူမ တကယ် ပျော်ရွှင်ရပါတယ်..။

"နတ်ဆေးဆရာ လေး ကုသဖို့..အတွက် တစ်ခုခု လိုအပ်သေးလား..."

အစ်ကို ချွင်ချွင် မေးလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး...

"မလိုဘူး..ကျုပ်လိုတာက..ငွေအပ်တွေနဲ့..ခင်ဗျား အတွက် သောက်သုံးဖို့ ဆေးညွှန်း ပေးလိုက်မယ်..။အဲ့ဆေးညွှန်း အတိုင်းသာ..တစ်လတိတိ ..မပျက်မကွက် သောက်ပေး..။အဆင်ပြေသွားလိမ့်မယ်.."

"အကြာကြီး ပါလား.."

အစ်ကို ချွင်ချွင် သိချင်စွာ မေးလိုက်တာပါ..။

လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။

"ဒါကို ကြာတယ် ထင်လို့လား..။ခင်ဗျားရဲ့ ခန္တာကိုယ်ကို ပြောင်းလဲ ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲတဲ့ အရာလဲ ခင်ဗျား သိထားမှာပါ..။ဒီလောက် အချိန်ယူပြီး ..ကုသမှ ပြောင်းလဲဖို့ အဆင်ပြေမှာပေါ့..။အချိန်ခန လေးအတွင်း ..ရုတ်တရက် ကြီးပြောင်းလဲ ဖို့ဆိုတာက..ဒီကမ္ဘာပေါ်က ဘယ်နေရာမှမှ မဖြစ်နိုင်တဲ့အရာပဲ..."

အစ်ကို ချွင်ချွင် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ဒါ အမှန်ပဲ..။ကောင်းပြီ နတ်ဆေးဆရာလေး..ကျွန်တော်တစ်စုံတစ်ယောက်ကို ငွေအပ်တွေ ပို့ခိုင်းလိုက်ပါ့မယ်.."

လင်းဖန် ..အစ်ကို ချွင်ချွင် ရဲ့ အခြေအနေကို ကြည့်ပြီး တိတ်တဆိတ်သာ သက်ပြင်းချမိပါတယ်..။သူမ မှာ အရမ်းလှပတဲ့ ခန္တာကိုယ် အချိုးအစားရှိနေပေမယ့်..သူက မိန်းကလေးတွေကို ပဲ သဘောကျနေပြီ..ယောက်ျားလေးစိတ် ဖြစ်ပေါ်နေခဲ့တာပါ..။

သူမမှာ လှပတဲ့ ခန္တာကိုယ် တစ်ခု ရှိနေပေမယ့်..သူမကိုယ်သူမ အလိုမကျ ဖြစ်နေတာက ဝမ်းနည်းစရာ ပါပဲ..။

သို့ပေမယ့်..သူမ ..လင်းဖန်လို နတ်ဆေးဆရာလေး နဲ့ တွေ့ခွင့်ရတာ အတော်ကံကောင်းတယ် လို့ ပြောရမှာပါ..။

အစ်ကို ချွင်ချွင် ပြောလိုက်တယ်..။

"နတ်ဆေးဆရာလေး.ကျွန်တော် ဖြစ်ချင်တဲ့ အခြေအနေကို ပြောပြဖို့ လိုအပ်မယ်ထင်တယ်.."

လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။

"ပြောစရာ မလိုပါဘူး..။ကျွမ်းကျင်သူ ဆိုတာက ကျွမ်းကျင်သူပဲ..။ကျုပ်လုပ်စရာ ရှိတာကိုပဲ လုပ်ပါရစေ..။ခင်ဗျား လုပ်စရာ လိုတာ ဆိုလို့..တစ်လတိတိ ဆေးကို ပုံမှန်စားဖို့ ဖြစ်ပြီး..အဲတာပြီးရင် တော့ ကျုပ်ရဲ့ ကျွမ်းကျင်မူ ရလာဒ်ကို မြင်ရလိမ့်မယ်..."

လျင်မြန်စွာပဲ..ငွေအပ်တွေဟာ ရောက်လာခဲ့တယ်..။

လင်းဖန် ကုသမူ မစတင်ခင်မှာ ထပ်ပြောလိုက်တယ်..။

"အစ်ကို ချွင်ချွင်..တစ်ခု မှတ်ထားရမှာက..တစ်လတိတိ ဆေးသောက်နေတုန်းမှာ..ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိလိမ့်မယ်..ဒါပေမဲ့..ဒါက အရမ်းအန္တရာယ် မရှိတာကြောင့် ​စိတ်ပူစရာ မလိုဘူး.."

"သိပါပြီ.."

အစ်ကို ချွင်ချွင် ခေါင်းညိမ့်လိုက်တယ်..။သူမ အမြဲတမ်း မျှော်လင့်ထားတဲ့ အရာက နောက်ဆုံးမှာတော့ ရောက်လာခဲ့ပါပြီ..။

သူ အိမ်ကလူတွေ ရဲ့ ထင်မြင်ချက်တွေကို တော့ ဂရုမစိုက်တော့ပါဘူး..။ဘာလို့လဲ ဆိုတော့..ကိုယ်တကယ် လိုအပ် တဲ့ အရာကို ကိုယ်ကိုတိုင် လုပ်ယူရမှာ ကြောင့်ပါပဲ..။

All Chapters