← Chapters

မစ်ရှင်က နောက်ဆုံးတော့ ပြည့်သွားပြီ...

Vol. 33 Ch. 487

မစ်ရှင်က နောက်ဆုံးတော့ ပြည့်သွားပြီ...

Vol. 33 Ch. 487

သာပြန် = စနိုးဝှိုက်

တစ်ခြား လူတွေ အတွက်ကတော့ အစ်ကို ချွင်ချွင်ရဲ့ အခြေအနေက ..အတော်ကို ရှုပ်ထွေးတယ် လို့ ပြောလို့ရပါတယ်..။သို့ပေမယ့် လင်းဖန်အတွက်ကတော့ စွယ်စုံကျမ်းရဲ့ အကူအညီ တွေနဲ့..ဆိုရင်..ဘာပြသနာ မှ မရှိတော့ပါဘူး..။

သူ အပ်တွေကို ထားလိုက်တယ်..။

လင်းဖန် ဆေးညွှန်းကို ချရေးပြီး ပြောလိုက်ပါတယ်..။

"ဒါက ဆေးညွှန်းပဲ..။ဒီတိုင်းသာ တစ်လတိတိ သောက်ရင် အကုန်လုံးကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်..ဘာပြသနာ မှ ရှိတော့မှာ မဟုတ်ဘူး.."

အစ်ကို ချွင်ချွင်ဟာ ခံစားချက်ကောင်းမွန်နေခဲ့တယ်..။နတ်ဆေးဆရာ လေး..သူ့ကို အပ်စိုက်နေတုန်းက ထူးထူးဆန်းဆန်း ခံစားနေရပါတယ်..။ဒီခံစားချက်က ဖော်ပြဖို့ ခက်ခဲပေမယ့် သက်သောင့်သက်သာ ရှိတာတော့ အမှန်ပါပဲ..။

"ကျေးဇူး အများကြီး တင်ပါတယ် နတ်ဆေးဆရာ လေး..."

အစ်ကို ချွင်ချွင် ကျေးဇူး တင်စွာ ပြောလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်း ပြီး ပြောလိုက်တယ်..။

"ဒါက ပြသနာ ကြီး မဟုတ်ပါဘူး..။အခု ကျွန်တော် သွားတော့မယ်..။ခင်ဗျား ဆေးကို သာ သေချာ သောက်မယ် ဆိုရင် အကုန် အဆင်ပြေသွားမယ် လို့ အာမခံတယ်.."

"နတိဆေးဆရာလေး..ဖြစ်နိုင်ရင် ဖုန်းနံပါတ်လေး ချန်ထားခဲ့လို့ရမလား.."

အစ်ကို ချွင်ချွင် မေးလိုက်တာပါ..။သူမ ရဲ့ ပြောင်းလဲ နေတဲ့ အချိန်မှာ မထင်မှတ်တဲ့ အခြေအနေတွေ ဖြစ်လာရင်..သေချာ အောင်လို့ပါ..။

"ဝိုက်ဘိုမှာ ကျွန်တော်ကို ဖော်လိုလုပ်ထားလိုက်ပါ..။တစ်ခုခု ဆိုရင် အဲဒီကနေ မက်ဆေ့ပို့လို့ရပါတယ်..။မြင်တာနဲ့ စာပြန်ပေးပါ့မယ်.."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တာပါ..။သူတို့နှစ်ယောက်က ..ရင်းနှီးကြတဲ့ လူတွေ မဟုတ်ကြတဲ့ အတွက် ဖုန်းနံပါတ် ပေးဖို့ အထိတော့ မလိုအပ်ပါဘူး..။သို့ပေမယ့် ဝိုက်ဘိုမှာ ဖော်လို ခိုင်းလိုက်ရင်တော့ သူ ဖော်လို အသစ်တစ်ယောက် တိုးလာတာပါပဲ..။

အစ်ကို ချွင်ချွင် ဆီက ထွက်လာအပြီးမှာ..လင်းဖန် သူ့အတန်းဖော်တွေ ဆီကို ပျော်ရွှင်ဖို့ အတွက်ပြန်လာခဲ့လိုက်ပါတယ်..။

နောက်ထပ် တွေ့ဆုံပွဲက ဘယ်တော့လဲ မသိတာကြောင့်..ဒီလို ရှားပါးတဲ့ အချိန်ကို..သေချာ ကုန်ဆုံးကြရမှာပါ..။

နောက်တစ်ရက် မှာတော့ လင်းဖန် နဲ့ ကျန်တဲ့ လူတွေဟာ နောက်တစ်ရက်ကို ထွက်ခွာသွားခဲ့ကြတယ်..။ကျောင်းနင်က နတ်ဆေးဆရာ လေး ဆိုတဲ့ သတင်းကတော့ ပျံ့နှံ့နေခဲ့ပါပြီ..။ဒါကြောင့် သူ ကျောင်းနင်က ထွက်သွားတာကလည်း သတင်းတစ်ခုပါပဲ..။

ကောင်းမွန်တဲ့ အရာတစ်ခုက..သူနောက်သွားမယ့် မြို့မှာလည်း နတ်ဆေးဆရာ လေးကို သိထားပြီးသား ဖြစ်တော့မှာပါ..။

နေ့မကောင်းဖြစ်ပြီး ဆေးကုသချင်တဲ့ လူတွေဟာ..ကိုယ်ပိုင်ကားတွေနဲ့ နတ်ဆေးဆရာ လေးကို ရှာကြပါတော့တယ်..။ကျောင်းနင် က လူနာတွေ အကုန်လုံးက နတ်ဆေးဆရာ ရဲ့ ကုသမူ တွေအပြီးမှာ..ကောင်းမွန်လာပြီး..ပျောက်ကင်းသွားကြတာပါ..။

သတင်းထောက်တွေဟာ နတ်ဆေးဆရာလေး ကုသထားတဲ့ လူနာတစ်ချို့ကို ခေါ်ပြီး ဆေးရုံမှာ စစ်ဆေးခိုင်းတဲ့ အချိန်မှာ...ထွက်လာတဲ့ ရလာဒ်က တကယ်ကို အံ့ဩစရာပါပဲ..။

ဒီလူနာတွေရဲ့ အခြေအနေတွေ အတော်ကြီး တိုးတက် ကောင်းမွန်..လာတာက..သူတို့ကို အံ့ဩစေပါတယ်..။

ရက်အနည်းငယ် ကြာပြီးနောက်..။

နိုင်ငံရဲ့ မီဒီယာ နက်ဝါ့ မှာ သတင်းတွေ ပျံ့နှံ့နေခဲ့ပါတယ်..။

"ချီးပဲ တကယ် အံ့ဩဖို့ ကောင်းလိုက်တာ..။ဒီကမ္ဘာကြီးမှာလည်း နတ်ဆေးဆရာ ဆိုတာ ရှိသေးတာလား.."

"သူက အတု တော့ မဖြစ်နိုင်ဘူး..။နတ်ဆေးဆရာလေးက ဟန်ကျိုး ကို ရောက်နေပြီ..ငါတို့ သွားကြိုဆိုရအောင်..."

"အခုချိန်မှာ အဓိက ဆေးရုံတွေကနေ ဆင်းသွားတဲ့ လူနာအရေအတွက်က အတော်ကို များနေပြီ..။လူတွေက..အခုဆိုရင် နတ်ဆေးဆ ရာလေး ရောက်တဲ့ နေရာကို ကားတွေနဲ့ လာနေကြတာ.."

"တရုတ်သမားတော် တွေက အဲလောက်တောင် ကောင်းလို့့လား..။အခုဆို ငါ ယုံကြည်တဲ့ တစ်ယောက်ထဲသော သမားတော်က နတ်ဆေးဆရာလေးပဲ..."

"လတ်တလော မှာ ကင်ဆာ ရောဂါသည် တစ်ယောက်ကတောင် ပြောထားတာ ရှိတယ်လေ..။သူရဲ့ ရောဂါကို နတ်ဆေးဆရာလေးက ကုသပေးသွားတာတဲ့.."

"ချီးပဲ..ဒါတကယ်ကြီးလား.."

"ငါလဲ မပြောတတ်ဘူး..။ဒီနိုင်ငံက လူတိုင်း အဲ့အကြောင်းပဲ ဆွေးနွေးနေကြတာ..။တစ်ချို့က မဖြစ်နိုင်ဘူးထင်တဲ့ အချိန်မှာ တစ်ချို့က ဖြစ်နိုင်တယ် လို့ ထင်နေကြတယ်.."

"ဆေးရုံကြီးတွေ အများစုကတော့..တရုတ်ဆေးပညာက ကင်ဆာကို မကုနိုင်ဘူးလို့ ကြောညာချက်ထုတ်ပြန် လာကြတယ်လေ.."

"ငါတို့ ဒီကိစ္စကို ဂရုမစိုက်သင့်ဘူး..။လတ်တလောမှာ တစ်နိုင်ငံလုံးက..လူနာတွေ ရူးသွပ်နေကြပြီ..။မင်း ဟန်ကျိုးကို သွားချင်တယ် ဆိုရင် လေယာဥ္လက်မှတ် ရဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ.."

"ဒါကတော့ များသွားပြီ.."

လင်းဖန် ဟာ ကျိုးမင်ချင်း နဲ့ ကျန်တဲ့ လူတွေကို ခေါ်ပြီး တစ်မြို့ပြီး တစ်မြို့ သွားရင်က လွှွမ်းမိုးနိုင်စွမ်း ပိုကြီးလာခဲ့ပါတယ်..။

အခြေအနေတွေက..ဗရမ်းဗတာ ဖြစ်မှာစိုးလို့ ရဲတွေတောင် လာပြီး ထိန်းချုပ်ပေးနေရတာပါ..။

ကျိုးမင်ချင်း..ချီဂျီ နဲ့ ကျန်းတုန်တုန် တို့ကတော့ ဒီအခြေအနေကို ကြည့်ပြီး..ကြောင်အနေခဲ့ကြပါပြီ..။ဒါ ဂိမ်ကစား နေသလိုပါပဲ..။

သို့ပေမယ့် သူတို့ မာစတာ လင်းကို ကြည့်တဲ့ အချိန်မှာတော့ တည်ငြိမ်နေခဲ့ပါတယ်..။

အရင်တုန်းက ကျိုးမင်ချင်းကို သူ့ဆရာက..နိုမ့်ချပြီး နေဖို့ သတိပေးခဲ့တာပါ..။သို့ပေမယ့် လင်းဖန်က..တရုတ်ဆေးပညာကို ကျော်ကြားအောင် လုပ်ထားတာကြောင့် နိမ့်ချနေလို့ မရတော့ပါဘူး..။

လင်းဖန် ဒီအချိန်မှာ သူ့ရဲ့ မစ်ရှင် ပြည့်မြောက်ပြီး နောက်ထပ် စာမျက်နှာတစ်ခု ဖွင့်နိုင်လိမ့်မယ် ဆိုတာ သေချာ နေခဲ့ပါတယ်..။

သူ့ရဲ့ ဘဝက အမြဲတမ်း ပြောင်းလဲ နေမှ စိတ်ဝင်စားဖို့ ကောင်းမှာပါ..။

ကျောင်းနင်ရှိ ဟိုတယ် တစိခုတွင်..။

"အစ်ကို ချွင်ချွင်..."

မိန်းမလှလေး တစ်ယောက်က လျောက်လာပြီး ခေါ်လိုက်တာပါ..။အစ်ကို ချွင်ချွင်ကို မြင်တဲ့ အချိန်မှာ သူမရဲ့ အပြုံးက ပိုပြီး တောက်ပ လာခဲ့ပါတယ်..။

အစ်ကို ချွင်ချွင်ကတော့ အခန်းထဲမှာ ပြုံးပြီး ထိုင်နေခဲ့တယ်..။သူမ နတ်ဆေးဆရာလေး ပေးတဲ့ ဆေးညွှန်း အတိုင်း နေ့တိုင်း သောက်နေပြီး ရလာဒ်ကလည်း တကယ် ကောင်းမွန်လှပါတယ်..။

မိန်းမလှလေးဟာ ချိုသာစွာ ပြောလိုက်တယ်..။

"အစ်ကို ချွင်ချွင်..ညီမကို လာမရှာတာတောင် အတော်ကြာပြီနော်.."

အစ်ကို ချွင်ချွင် ရယ်မောလိုက်ပြီး..သူမရဲ့ နူးညံ့တဲ့ လက်ကလေးတွေနဲ့ မိန်းကလေးရဲ့ ပါးကို ထိလိုက်ပါတယ်..။ပုံမှန် ဆိုရင် သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်နမ်းကြမှာပါ..။သို့ပေမယ့် အစ်ကို ချွင်ချွင် နမ်းဖို့လုပ်လိုက် တဲ့ အချိန်မှာ..သူမ စိတ်ထဲမှာ..မနှစ်သက်ဖူးလို့ ခံစားလိုက်ရပါတယ်..။

ဘာတွေဖြစ်နေလဲ သူမ မသိတော့ပါဘူး..။သူမ ဒီလို အခြေအနေမျိုး ဘယ်တုန်းကမှ မဖြစ်ဘူးပေ..။သို့ပေမယ့် သူမ နတ်ဆေးဆရာလေး ပြောထားတဲ့ ဘေးထွက်ဆိုးကျိုးကို ပြန်တွေ့ကြည့်မိမှ စိတ်သက်သာရာ ရသွားခဲ့တာပါ..။ ဒါကလည်း ဘေးထွက်ဆိုကျိုး ..တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်..။

အစ်ကို ချွင်ချွင် မိန်းကလေးကို မနမ်းပဲ ပြောလိုက်တယ်..။

"ကောင်းပြီ..တစ်နေရာရာ ခနသွားနေလိုက်ဦး..။ဒီည ငါလာခဲ့မယ်.."

"ဟင့်.."

မိန်းကလေးဟာ..မပျော်သလို ဟန်ဆောင်လိုက်ပေမယ့် နာခံပါသေးတယ်..။

ကလင် ကလင်..

ဖုန်းဝင်လာခဲ့တယ်..။ အစ်ကို ချွင်ချွင် ဖုန်းကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။ယင်းနောက် သူမ ဖုန်းကို ကိုင်လိုက်ပြီး မကြည်လင် တဲ့ အသံနဲ့...

"ဘာလိုချင်လို့လဲ..."

တစ်ခြားတစ်ဖက်က ပြန်မဖြေခင်မှာ ခနလောက် တိတ်ဆိတ်သွားခဲ့ပါတယ်..။

"ကိုယ့်အဖေကို..ဒီလို ပြောရလား.."

"ကောင်းပြီ..။အဖေ ပြောစရာ တစ်ခုခု ရှိရင် ပြောပါ..။ကျွန်တော် အလုပ်ရှုပ်နေတယ်.."

"လီရူ..သမီးက အဖေ့ရဲ့ သမီးပါ..။ဒါက ဆွေးနွေးဆရာမလိုဘူး..။အဖေ..ဆရာဝန်တစ်ယောက်တွေ့ထားတယ်..သမီးကို ကုသပေးမလို့.."

လီရူ ရယ်မောပြီး ပြောလိုက်တယ်..။

"မလိုတော့ပါဘူး..။ကျွန်တော် နတ်ဆေးဆရာလေးနဲ့ တွေ့ပြီးသွားပြီ..။ဘာမှ ပြောင်းလဲ စရာ မလိုတော့ဘူး..။အဖေ ..အသက်လည်းကြီးနေပြီ..ကျွန်တော် အတွက် စိတ်ပူမနေပါနဲ့..။နောက်ဆုံးတစ်ခေါက်တုန်းက သားတစ်ယောက်..မရလို့ နောင်တရနေတာ မဟုတ်လား..။မကြာခင်မှာ သားတစ်ယောက် ရတော့မှာပါ.."

"နင်...နင်..."

တီ..

လီရူ ဖုန်းကို ချလိုက်တာပါ..။ယင်းနောက်..သူမ အင်တာနက်ပေါ်တက်ပြီး နာမည် အသစ်ရှာဖို့ လုပ်လိုက်တယ်..။သူမ နဲ့ လီရူ ဆိုတဲ့ နာမည်က ဆက်ပြီး မလိုက်ဖက် တော့ပါဘူး..။

သူမ . ကိုယ့်ကိုကို..လီယန်ဟောင်..ဒါမှမဟုတ် လီချန်း လို့ခေါ်ဖို့ စိတ်ကူးထားတာပါ..။ဒီနာမည် နှစ်ခုလုံးက တစ်ကယ်ကို မဆိုးပါဘူး..။

အချိန်တွေဟာ လျင်မြန်စွာပဲ ကုန်သွားခဲ့တယ်..။

လင်းဖန်ကတော့ နောက်ဆုံးမြို့ရဲ့ နောက်ဆုံး ဆေးရုံကို ရောက်နေခံဲ့ပါပြီ..။

"နောက်ဆုံးတော့ ပြီးတော့မယ်.."

လငိးဖန် ပြောလိုက်တာပါ..။ဒီအတော်အတွင်းမှာ နာကျင်မူ အစစ်အမှန်က ဘာလဲ ဆိုတာကို သူသိခဲ့ရပါတယ်..။

နေ့တိူင်း မရေမတွက်နိင်တဲ့..လူနာတွေ ကို တွေ့နေရပြီ ..တစ်ချို့လူနာတွေဆို အခြေအနေ အတော်ဆိုးနေကြတာပါ..။

သူနေ့တိုင်း..အနားယူချိန်မရှိပဲ..လူနာ ရာနဲ့ချီပြီး ကုသ ခဲ့ရပါတယ်..။

သို့ပေမယ့် အခုတော့ အရာရာတိုင်း အဆံူးသတ်မယ့် အချိန်ရောက်လာခဲ့ပါပြီ..။

သူ့ရှေ့မှာ ရှိနေတာက နောက်ဆုံးလူနာပါပဲ..။

"ကောင်းပြီ..ဒီမှာ ဆေးညွှန်း..။ခင်ဗျား ပြန်ကောင်းသွားလိမ့်မယ်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

လူနာဟာ ကျေးဇူးတင်စွာ ပြန်ပြောလိုက်တယ်..။

ဘေးနားမှာ ရပ်နေတဲ့ ကျိုးမင်ချင်း ပြောလိုက်တယ်..။

"မာစတာ ကျွန်တော်တို့ နောက်ဆုံးပြီးသွားပြီ.."

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ကျုပ်တို့ မနက်ဖြန် ရှန်ဟိုင်းကို ပြန်ကြမယ်..။၂၀ ရက်နေ့က လည်း ကျော်သွားပြီလေ..။ခင်ဗျား ဒီခရီးကနေ အကျိုးကျေးဇူးတွေ ရလိုက်လား.."

ကျိုးမင်ချင်း ပျော်ရွင်စွာ ခေါင်းညိမ့်လိုက်ပြီး..

"အများကြီးရခဲ့တယ်..။ဒီလိုနေ့မျိုး ရှိလာလိမ့်မယ် လို့တကယ် မထင်ထားဘူး.."

"ဟားဟား.."

လငိးဖန် ရယ်မောလိုက်ပေမယ့် ရုတ်တရက် သူ့အပြုံးဟာ ​ပျောက်ကွယ်သွားခဲ့ပါတယ်..။

စွယ်စုံ ကျမ်းကနေ အချက်ပေးသံက ရောက်လာခဲ့ပါပြီ..။

"လာခဲ့တော့..၁၁ ခုမြောက် အသိပညာ စာရွက်ရေ..။ငါမင်းကို စောင့်နေရတာ အချိန်အတော်ကြာနေပြီ.."

All Chapters