သဘာဝကို ဆန့်ကျင်နေတဲ့အသိပညာ အသစ်..
Vol. 33 Ch. 488
#ဘာသာပြန် = စနိုးဝှိုက်
"ဆယ်ခုမြောက် ..မစ်ရှင်မြည့်မြောက်သွားခဲ့ပါပြီ..။စွယ်စုံအမှတ် ၁၀၀ ရရှိပါတယ်.."
"ဆယ့်တစ်ခုမြောက် အသိပညာ အခန်းကို ဖွင့်မှာ ဖြစ်ပြီး..ပိုင်ရှင်နဲ့ နီးစပ်တဲ့ လူတစ်ယောက် ဆီက ရွေးချယ်ပေးသွားမှာပါ..."
ချီးပဲ...ဒီနေရာ ပြန်ရောက်ပြန်ပြီ...
အဲ့အချိန်မှာတော့..လင်းဖန် အတော်ကို ကြောက်ရွံ့နေခဲ့တယ်..။ဆယ့်တစ်ခု မြောက် အသိပညာက ဘာဖြစ်မလဲ သူ မသိပေမယ့်..အဆင်ပြေ တာလေး တစ်ခုခု ဖြစ်ဖို့ မျှော် လင့်ထားခဲ့ပါတယ်..။
သို့ပေမယ့် သူ အရင်တုန်းက ရခဲ့တဲ့..အသိပညာတွေ ိဲနဲ့ ယှဥ္ရင် ဘယ်အရာကမှတော့ အရမ်းဆိုရွား မှာမဟုတ်ပါဘူး..။
"ကျိုးမင်ချင်းဟာ..ပိူင်ရှင် ကို..အရမ်းလေးစားနေခဲ့ပါတယ် .။သို့ပေမယ့်.သူဟာ .တရုတ်ဆေးပညာ အပြင် တစ်ခြား ဘာကိုမှ မတတ်ထားသည့် အတွက် တစ်ခြားတစ်ယောက်ကို ရွေးချယ်မည်ဖြစ်သည်.."
လင်းဖန် ကျိုးမင်ချင်း ဆိုတဲ့ အသံကြားတဲ့ အတွက် စိတ်သက်သာ ရာ ရသွားခဲ့ပါတယ်..။သို့ပေမယ့် နောက်ဆက်တွဲစကားကြောင့်..သူစိတ်သက်သာရာ ရတာက သိပ်မကြာလိုက်ပါဘူး..။
ချီးပဲ..ဘယ်လို အခြေအနေကြီးလဲ..
ကျိုးမင်ချင်းကို မရွေးပဲ..ဘာလို့ နောက်တစ်ယောက် ရှာချင်နေသေးတာလဲ...
အဲ့အချိန်မှာတော့ လင်းဖန် စိတ်ပူနေခဲ့တယ်..။စွယ်စုံကျမ်း က သူ့ကို ဘယ်လို အံ့ဩစရာ တွေ ပေးဦးမလဲ သူမသိတော့ပေ..။
"ထျန်မင်ဟန်ဟာ..ပိုင်ရှင် နဲ့ လေးနက်တဲ့ ဆက်ဆံရေး တစ်ခုရှိတယ်..။ဆောင်းဦးဓားကတော့..ပိုင်ရှင်ကို အတော်မုန်းနေခဲ့ပါတယ်..။သူတို့နှစ်ယောက်ထဲက ကျပမ်း ရွေးသွားပါမည်.."
"ထျန်မင်ဟန်..ဆယ့်တစ်ခုမြောက် အသိပညာ - နောက်ကျော ကြေးတွန်း သည့် နည်းပညာ...( စွယ်စုံကျမ်း အကူအညီ ဖြင့်...)"
"မစ်ရှင် - လူအများက လေးစားရသည့်..မာစတာ လင်း ဖြစ်လာစေရန်.."
"ဆုလာဒ် - စွယ်စုံအမှတ် + ၂၀ နှင့် ၁၂ ခု မြောက် အသိပညာ အခန်း ဖွင့်လှစ်နိုင်မည်..."
"မှတ်ချက် - အကိုင်းအခွဲ အသိပညာ ဖြစ်သည့် အတွက်..ပရော်ဖက်ရှင်နယ် အဆင့် ရောက်စရာ မလိုပေ.."
"လက်ရှိ စွယ်စုံ အမှတ် ၂၂၀ "
အခုချိန်မှာ လင်းဖန် ရဲ့ စိတ်ထဲမှာ အတွေးတွေ ထောင်ချီ ရှုပ်ထွေးနေခဲ့ပါတယ်..။
နောက်ကျော ကြေးတွန်းပေးတဲ့ နည်းပညာ..။
ငါက အဲတာနဲ့ ဘာလုပ်ရမှာလဲ...
ချီးပဲ...
"မာစတာ..ဘာဖြစ်တာလဲ.."
ကျိုးမင်ချင်းဟာ.. သူ့ဆရာ ကြောင်တောင်တောင်ကြီး ရပ်နေတာကို မြင်ပြီး စိတ်ပူသွားခဲ့ပါတယ်..။
ပင်ပန်းလွန်းလို့ စိတ်ချွတ်ယွင်း သွားတာ ဖြစ်နိုင်မလား....
လင်းဖန် အသိစိတ် ဝင်လာပြီး လက်ပြလိုက်ကာ သက်ပြင်းချလိုက်တယ်..။
"ဘာမှမဟုတ်ဘူး..."
"ဟင်း.."
သူကိုယ့်ကိုကို သတ်သေချင်နေခဲ့ပါပြီ..။
ဘာလို့ ဒီလို တွေဖြစ်နေရတာလဲ...
ယင်းနောက် သူ ကျိုးမင်ချင်းကို ကြည့်လိုက်တယ်..။ကျိုးမင်ချင်း ကြောင်အသွားခဲ့ပါတယ်..။သူ့ဆရာ ရဲ့ အကြည့်က နည်းနည်း ထူးဆန်း နေခဲ့တာပါ..။
"ဆရာ ဘာဖြစ်လို့လဲ.."
လငိးဖန် လေးနက်စွာ ပြောလိုက်တယ်..။
"မင်ချင်း..ခငိဗျား ပြန်ရောက် ရင် ဘာပဲလုပ်လုပ် ကိစ္စမရှိဘူး..ဒါပေမဲ့ တရုတ်ဆေးပညာကလွဲပြီး တစ်ခြား တစ်ခုခုကို လေ့လာစမ်းပါ..။အဲလို မလုပ်ရင် ခင်ဗျားက ကျုပ်ရဲ့ တပည့်ကောင်း မဟုတ်တော့ဘူး.."
ကျိုးမင်ချင်း အံ့ဩသွားပြီး ပြောလိုက်တယ်..။
"ဆရာ..ကျွန်တော်က တစ်ခြား တစ်ခုခု ကို လေ့လာဖို့ ခွန်အား မရှိတော့ဘူးလေ.."
လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။
"ကျုပ်ဂရုမစိုက်ဘူး...မဟုတ်ရင် ဟိုလူကြောင့် ကျုပ်ဘဝ ပျက်တော့မယ်.."
ကျိုးမင်ချင်း အကူညီမဲ့ သွားခဲ့ပါတယ်..။
"သွားကြမယ်..."
လင်းဖန် ငိုချင် နေပေမယ့် ..မျက်ရည်တွေက ကျမလာခဲ့ပါဘူး..။
ကမ္ဘာကြီးက ဘာဖြစ်နေတာလဲ...။ နတ်ဆေးဆရာက..သူများတွေကို ကြေးတွန်း ပေးရတော့မှာလား....
ချီးပဲ..တွေးမိရင်တောင်..သူ ရင်ထဲကနေပြီး အတော် နာကျင် ရပါတယ်..။
သို့ပေမယ့် သူ လိုက်မလုပ်ဘူးဆိုရင်..စွယ်စုံကျမ်း ရှိနေတာ အလကားဖြစ်သွားပြီး..၁၁ ခုမြောက် အသိပညာကနေ တက်တော့ မှာ မဟုတ်ပါဘူး..။
"မေ့လိုက်တော့..အိမ်ရောက်မှ သေချာ..စဥ္းစားရမယ်..။အခု တွေးနေလို့ ဘာမှ ထူးခြား မှာ မဟုတိဘူး..."
နောက်တစ်ရက်..။
အင်တာနက် မှာ သတင်းတွေ ပျံ့နှံ့ ခဲ့တယ်..။
"နတ်ဆေးဆရာလေး..ဟာ ပျောက်ကွယ်သွားပြီး..သူဘယ်မှာ ရှိလဲ ဘယ်သူမှ မသိကြပေ..."
"ဒီ ရက် ၂၀ အတွင်း နတ်ဆေးဆရာလေးဟာ လူပေါင်းများစွာကို ကယ်တင်ပေးခဲ့သည်.."
"နိုင်ငံရဲ့ ဆေးပညာ အဖွဲ့အစည်းတိုင်းဟာ နတ်ဆေးဆရာ လေးရဲ့ နည်းလမ်းတွေကို သင်ယူဖို့ ကြိုးစားနေခဲ့ကြသည်.."
"အဓိက ဆေးရုံကြီးတွေဟာ..နတ်ဆေးဆရာလေးကို ဆေးရုံ၏ ပရော်ဖက်ဆာ..ဒါမှမဟုတ်..စပါယ်ရှယ်လစ် အဖြစ် ကမ်းလှမ်းထားကြသည်.."
မြို့သားတွေဟာ လည်း ဆွေးနွေး နေခဲ့ကြပါတယ်..။
"ဒီ သတင်းထောက်တွေ ရူးများ နေကြတာလား..။နတ်ဆေးဆရာလေး ဘယ်ကလဲ ဘယ်သူမှ မသိဘူးတဲ့..။ရှန်ဟိုင်းရဲ့ တိမ်ဖြူလမ်းကိုလည်း သွားကြည့်ကြဦး..."
"နတ်ဆေးဆရာလေး ငါ့ကို ဘဝသစ် စတင်ပေးခဲ့လို့ ငါတကယ် ကျေးဇူးတင်မိတယ်.."
"ကျေးဇူးပါနတ်ဆေးဆရာလေ..ငါ့အမေကို ကုသပေးခဲ့တဲ့ အတွက်..။ဒီနေ့က စပြီး..အိပ်ယာဝင်တိုင်း ကန်တော့ ပါ့မယ်.."
"ဒီကိစ္စတွေ အပြီးမှာ ငါကတော့ တရုတ်ဆေးပညာ အပေါ် အမြင်ပြောင်းလဲ သွားပြီ..။ငါတို့ ဘိုးဘေး တွေရဲ့ နည်းစနစ် တွေက ဒီလောက် ကောင်းလိမ့်မယ် လို့ ဘယ်သူက ထင်ထားမှာလဲ..."
"အမှန်ပဲ..တရုတ်သမားတော် တွေ အကုန်လုံး နတ်ဆေးဆရာ လေးလို ဆိုဘယ်လောက်ကောင်းလိုက် မလဲ.."
"ငါကတော့ တိမ်ဖြူလမ်းကို သွားပြီး နတ်ဆေးဆရာလေးဆီ သွားလည်ရမယ်.."
"ဟေး..ကြည့်လိုက်ကြဦး..နတ်ဆေးဆရာ လေး ဝိုက်ဘို ပေါ်မှာ ပိုစ့် တင်ထားတယ်.."
"ဘာလဲ.."
"ဒါက သတင်းကြီးပဲ.."
ဝိုက်ဘို ပေါ်တွင်..။
"ဆေးပညာ ပရဟိတ လုပ်ရင်း..ကျုပ် အတွင်းပိူင်း အင်အားတွေ ကုန်ဆုံးသွားခဲ့ပါတယ်..။အနည်းဆုံး ဆယ်နှစ်လောက် အချိန်ပြန်ယူ ရမှာ ဖြစ်တာကြောင့် ..ရောဂါ တစ်ခုခု ဖြစ်တာနဲ့ ကျွန်တော်ကို လာမရှာ ကြပါနဲ့..။ကျွန်တော် ကူညီချင်ပေမယ့် ခွန်အားတွေ မရှိတော့လို့ပါ..။ကျွန်တော် ကိုယ်တိုင်လည်း မသေချင်သေးပါဘူး.."
"ချီးပဲ..နတ်ဆေးဆရာလေးကလည်း အချိန်ခနလေးပဲ ကုရသေးတာကို.."
"မင်းတို့ကို ငါပြောပြမယ်..နတ်ဆေးဆရာ လေးလည်း လူပဲလေ..။သူ့ အတွင်းအားတွေ တောင် ကုန်သွားပြီ.."
"ငါ မင်းတို့ကိုရှင်းပြမယ်..။နတ်ဆေးဆရာလေးပြောချင်တာက..သူ လူနာ ထပ်မကုတော့ဘူး သူ့ကို လာမရှာကြနဲ့လို့ ပြောတာ.."
"ဒီလို မလုပ်ပါနဲ့..နတ်ဆေးဆရာလေး..။မင်းက ငါတို့ရဲ့ နတ်ဘုရားပါ.."
"ဒီရက်နှစ်ဆယ် အတွင်းမှာ လူနာတွေ ဘယ်လောက်များတယ် ထင်လဲ..။အနည်းဆုံး ထောင်ချီပြီး ရှိတယ်..။ဒါက ခွန်အားတွေ အတော်ကုန်မှာပဲ.."
"ငါ့ဖင်ကြီးကို ခွန်အားတွေကုန်ပါလား..။ဒီမှာ ဓာတ်ပုံရှိတယ်..ဒါက အမှန်တရားပဲ..။ကိုယ့်ကိုကို ကြည့်ကြ.."
"ချီးပဲ..."
ပုံထဲမှာတော့ လင်းဖန်ဟာ..ပေါက်စီ အချို့ ကို ကိုင်ထားပြီး ပျော်ရွင်စွာ စားနေခဲ့တာပါ..။
တိမ်ဖြူလမ်း..။
ဆိုင်ပိုင်ရှင်တွေ စုလာခဲ့ကြတယ်..။
"ငါတို့ရဲ့ သူဌေးလေး ပြန်လာပြီ ..ကြိုဆိုကြရအောင်.."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"သေချာတာပေါ့...ငါတို့ သူ့အတွက် စာတန်း အကြီးကြီး တွေတောင် ပြင်ဆင်သင့်တာ..။သူဌေးလေးက နတ်ဆေးဆရာလေး ပဲ.။သူက တကယ်ကို သူရဲကောင်းတစ်ယောက်လို့ ပြောလို့ရတယ်.."
အကြီးအကဲ လိန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဒါအမှန်ပံ..။မြို့သားတွေကို ကြည့်ပါဦး..သူတို့ဆို .သူဌေးလေးရဲ့ လုပ်ရပ်တွေကြောင့် ပန်ကိတ်မစားရတာတောင် ဘာမှ ပြသနာ မရှာကြဘူး.."
အစ်မဟောင် ရယ်မောပြီး ပြောလိုက်တယ်..။
"အကြီးအကဲ ချန်းတော့ နောင်တရ နေလောက် ပြီ..။သူ ဆေးရုံမှာ အတော်ခံစား နေရတာ..။သူဌေးလေးက နတ်ဆေးဆရာ လေးမှန်း သိတုန်းကဆို သူငိုတောင် ငိုတယ်.."
"ဟားဟား..သူက သူဌေးလေးကို မယုံကြည်မှတော့ ထိုက်တန်တယ်...။အင်း..ငါကတော့ ငါ့ကို သေအောင် ရိုက်ထုတ်ရင်တောင် တိမ်ဖြူလမ်းက ထွက်မသွားတော့ဘူး..."
"သူဌေးလေးက ငါတို့ တိမ်ဖြူလမ်းရဲ့ အရှင်သခင်ပဲ.."
"ကောင်းပြီ..သူဌေးလေးက အခုဆိုလမ်းမှာ ရောက်နေလောက်ပြီ...ပြင်ဆင်ထားကြရအောင်"
နေ့လည်ဘက်မှာတော့ လင်းဖန် သူနဲ့ ရင်းနှိီးတဲ့နေရာကို ပြန်ရောက်လာခဲ့ပါတယ်..။သူနောက် ဆုံးတော့..ပြန်လာနိုင်ခဲ့ပါပြီ..။
ဘယ်သူက သူ့ကို သေအောင်ရိုက်မလဲ တော့ သူ မသိပါဘူး..။သို့ပေမယ့် ဒီလူတွေ သူ့ကို အရမ်းချစ်ကြတာကြောင့် ဒီလို လုပ်ကြမှာ မဟုတ်ပေ. ။
"သူဌေးလေး ပြန်လာပြီဟေ့.."
အဲ့အချိန်မှာပဲ မီးရူးမီးပန်း အသံ တွေကို ကြားလိုက်ရပါတယ်..။
ဆိုင်ပိုင်ရှင်တွေကတော့ ..ကြီးမာတဲ့..ဆိုင်ဘုတ်ကြီးတွေကို ကိုင်ဆောင် ထားခဲ့ကြလို့ပါ..။
"ပြန်လည်ကြိုဆိုပါတယ် သူဌေးလေး.."
လင်းဖန် ဒါကို မြင်တဲ့ အချိန်မှာ မျက်ရည်တောင် ကျချင်သွားခဲ့ပါတယ်..။သူ တကယ်ခံစားလိုက်ပြီး..သူတို့အတွက် သူက ဘယ်လောက်အရေး ..ပါလဲ ဆိုတာ ခံစားလိုက်ရပါပြီ..။
လူအုပ်ထဲကနေ.. အဆင်မပြေတဲ့ အသံတွေကို ဆက်တိုက်ကြားလိုက်ရတယ်.။
"သူဌေးလေး..အကြာကြီး ထွက်သွားတယ်နော်..။ဒီနေ့ကစပြီး တစ်နေ့ကို အခု ၂၀ ရောင်းပေးရမယ်.."
သူ့ရဲ့ နဂိုက ခံစားချက်လေးဟာ လေလွင့်သလို ပျောက်ကွယ်သွားခဲ့တယ်..။ကြည့်ရတာ ဒီလူတွေက သူ့ကို သတိမရပဲ..ပန်ကိတ်ကို လွမ်းနေကြတဲ့ ပုံပါပဲ..။
"ဝုတ် ဝုတ်.."
အကြီးအကဲ ခွေး နီကိုလပ် လင်းဖန် ဆီကို ပြေးလာခဲ့တယ်..။လင်းဖန် သူ့ကို မတွေ့ရတာ ရက် ၂၀ လောက်ရှိပြီး အခုဆို အတော်ကြီးလာခဲ့ပါပြီ...။
ဝူယူလန်ဟာ လင်းဖန်ကို မမြင်တာကြာပြီး မှ နောက်ဆုံးမှာ ပြန်မြင်ရတဲ့ အတွက် ပြုံးနေခဲ့ပါတယ်..။
လူလိမ် ထျန်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ကို လက်မ ထောင်ပြနေခဲ့တယ်...။
ကျောက်ကျန်းယန်က တော့ တိုက်ရိုက်ထုတ်လွင့်နေရင်းကနေ အော်လိုက်ပါတယ်..။
"သူဌေးလေး ပြန်လာပြီ.ဟေ့..."