ဒါက ပုံမှန်ပါပဲ..
Vol. 33 Ch. 489
#ဘာသာပြန် = စနိုးဝှိုက်
ကျိုးမင်ချင်း သူ့ဆရာ နောက်ကို အချိန်အကြာကြီး လိုက်ပြီး အပင်ပန်းခံခဲ့ရတာပါ..။သူ နောက်ဆုံးအိမ်ကို ပြန်ရောက်တဲ့ အချိန်မှာ တစ်လက်မ တောင် မရွေ့ချင်တော့ပဲ.. ဆိုဖာ ပေါ်မှာ..ထိုင်ချလိုက်တယ်..။သူ ပင်ပန်းနေပေမယ့် လည်း ..စိတ်ထဲမှာတော့ တကယ် ကောင်းမွန်နေခဲ့တာပါ..။
"ပင်ပန်းနေပြီလား.."
သူ့ မိန်းမဟာ ကြက်စွပ်ပြုတ် ခွက်ကို ယူပြီး အနားကို လျောက်လာခဲ့တယ်..။သူမ ယောက်ျားကို..အချိန်အတော်ကြာအောင် မမြင်ရတော့ သူမ သတိရနေခဲ့ပါပြီ..။
သူတို့ရဲ့ ကလေးတွေကလည်း..မကြာခန ဖုန်းခေါ်ကြပါတယ်..။သူတို့ အစက မပျော်ရွှင်ကြပေမယ့် လည်း တဖြည်းဖြည်း လက်ခံလိုက်ကြပါတယ်..။သူမ လည်း ဒီလို ပဲ ခံစားရတာပါပဲ..။သို့ပေမယ့်..နေ့တိုင်း သတင်းကို ဖွင့်ကြည့်တဲ့ အချိန်မှာ သူမ ယောက်ျား ကို မြင်နေရတာက တကယ်ကို ကျေနပ်ဖို့ ကောင်းတာပါ..။
ကျိုးမင်ချင်း ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"ငါ တကယ် ပင်ပန်းနေ့ပြီ..။ဒါပေမဲ့ ငါတကယ် ကျေနပ်တယ်..။မင်းကတော့ သိမှာ မဟုတ်ဘူး..မင်းကို လက်ထပ်ခဲ့တာ အပြင်..ဒီရက် ၂၀ က ငါ့ဘဝရဲ့ တန်ဖိုးရှိတဲ့ အလုပ်တစ်ခုပဲ.."
သူ့ မိန်းမဟာ ရယ်မောလိုက်တယ်..။
"ရှင် ပျော်နေသ၍ ဒါက လုံလောက်ပါပြီ.."
"ဆရာရဲ့..ဆေးပညာက တကယ်ကို အံ့ဩဖို့ကောင်းတယ်..။လွန်ခဲ့တဲ့ ခေတ်ကဆိုရင် ဆရာက နတ်ဆေးဆရာ လေးအဖြစ် နှစ် ရာနဲ့ချီပြီး..ကျော်ကြားနေမှာ..။ငါက ပင်ပန်းတာ မှန်ပေမယ့်..ဆရာက ငါ့ထက် ပိုပင်ပန်းတယ်..။လူနာတွေ အများကြီးက..သူ့ကိုတွေ့ဖို့ပဲလာကြတာ..။ဒါကြောင့် သူနဲ့ယှဥ်ရင် ငါလုပ်ရတာက ဘာမှ မဟုတ်ဘူး.."
ကျိုးမင်ချင်း သက်ပြင်းချလိုက်တယ်..။ယင်းနောက် သူ့အိပ်ထဲကနေ မှတ်စု စာအုပ်လေး ထုတ်လိုက်ပါတယ်..။ဒီစာအုပ်က တစ်ခြား လူတွေ အတွက်အသုံးမဝင် နိုင်ပေမယ့် လည်း သူ့အတွက်တော့ ရတနာ တစ်ခုလိုပါပဲ..။
ခရီးတစ်လျောက်လုံးမှာ လူနာတစ်ယောက်ချင်းစီတိုင်းက ဘာရောဂါ တွေခံစားရတယ်..။သူ့ဆရာက ဘယ်လိုကုသပေးပြီး..ဘယ်လို ဆေးညွှန်းပေးလဲ ဆိုတာကို သူ ရေးမှတ်ထားခဲ့တာပါ..။
သူ နားမလည်တဲ့ အရာတွေကိုလည်း မှတ်ထားခဲ့ပေမယ့် သူ့ဆရာ ရှင်းပြပြီးတဲ့နောက်မှာ အရာရာတိုင်း နားလည် သွားခဲ့ပါပြီ..။
ကျိုးမင်ချင်း မေးလိုက်တယ်..။
"ကလေးတွေရော.."
"သူတို့ အဆင်ပြေပါတယ်..။အခုထိ သူတို့ကို စိတ်ဆိုးနေတုန်းလား.."
မိန်းမဟာ ပြုံးပြီး ပြောလိုက်တာပါ..။
ကျိူးမင်ချင်း ခေါင်းခါယမ်း လိုက်ပြီး..
"သူတို့ အကုန်လုံးက ငါချစ်ရတဲ့ သား သမီးတွေ ပဲ..။စိတ်ဆိုးတယ် မဆိုးဘူး ဆိုတာ မရှိပါဘူး
...။ဒီတိုင်း စိတ်ပျက်မိတာပါ..။သူတို့ကို ပြောလိုက် တစ်ခြား တစ်ခုခု ဆိုရင် သူတို့ရဲ့ အဖေ ..ငါက လက်ခံနိုင်တယ်လို့..ဒါပေမဲ့ ..ငါ့ဆရာကို ထပ်ပြီး မလေးမစားလုပ််မယ် ဆိုရင် တော့ ငါ့ကို အပြစ်မတင်နဲ့လို့.."
သူ့မိန်းမဟာ ခေါင်းခါယမ်း ပြီးပြောလိူက်တယ်..။
"ရှင်က ဘာလို့ ဒီလောက်အထိ လေးနက်နေရတာလဲ..။ကလေးတွေက ဒီလောက်အထိ တောင် မတွေးကြပါဘူး..။လတ်တလော သူတို့ သတင်းတွေကြည့်ပြီး ပျော်ရွှင်နေကြတာ.."
"ဒါ ကောင်းတယ်.."
သူ နဲ့ သူ့ဆရာ က အသက်ကွာခြားနေတာကြောင့်..တစ်ခြား လူတွေက ဒါကို ထူးဆန်းတယ် လို့ ထင်ကြမှာပါ..။သို့ပေမယ့် သူ့အတွက်ကတော့..သူ့ဆရာရဲ့ တပည့်ဖြစ်ရတာ..ကံကောင်းမူ တစ်ခုပါပဲ..။
တရုတ်ဆေးပညာ ဆိုတာက..ဘိူးဘေး တွေ လက်ထက်ကနေ ဆင်းသက်လာတဲ့ ပညာ တစ်ခုပါ..။သူ့ဆရာ ဆီမှာ လေ့လာ သင်ယူနေရတာကို..သူတကယ် ပျော်ရွှင်မိပါတယ်..။ဒီနှစ်တွေထဲမှာ..သူ့ကို ဒီလောက်ထိ ပျော်ရွှင်အောင် လုပ်ပေးတာ ဘယ်အ
ရာမှ မရှိပါဘူး..။
ကလင် ကလင်..
ကျို့ချင်းချင် ဆီက ဖုန်းဝင်လာခဲ့တယ်..။
"ကြည့် ..ဖုန်းလာနေပြီ..။တစ်ယောက်ယောက်က ငါ့ရဲ့ အတွေ့အကြုံတွေကို မေးချင်နေတာပဲ ဖြစ်ရမယ်..။ငါ အခန်းထဲ အရင်သွားတော့မယ်.."
ကျိုးမင်ချင်း ဖုန်းကိုကိုင်ပြီး အပေါ်ထပ်ကို ပြုံးကာ တက်သွားခဲ့ပါတယ်..။
သူမ ယောက်ိား ပျော်ရွှင်နေတာကို ကြည့်ရတာကသူမကိုလည်း ပျော်ရွှင်စေပါတယ်..။
တရုတ် ဆေးပညာ အကယ်ဒမီတွင်..။
ချီဂျီ နဲ့ ကျန်းတုန်တုန်ဟာ ကျောင်းဝင်ပေါက်မှာ ရပ်နေခဲ့ကြတယ်..။
ကျောင်းရဲ့..ဝင်ပေါက်မှာ တော့ သူတို့ကို ကြိုဆိုတဲ့ စာတန်းကြီး ရှိနေခဲ့ပါတယ်..။
ဒါက သူတို့ အတွက် ဂုဏ်ယူစရာ ဖြစ်ပြီး..သူတို့ကိုလည်း စိတ်ခံစားရစေပါတယ်..။
ချီဂျီ ပျော်ရွှင်စွာ ပြောလိုက်တယ်..။
"ဒီလို..ဆေးပညာ ပရဟိတ လုပ်ခဲ့တဲ့ အချိန်တစ်လောက်လုံးကို ငါမေ့တော့မှာ မဟုတ်ဘူး..။ငါ တရုတ်ဆေးပညာကို ယုံကြည်မူရှိပြီး..ကျော်ကြားမယ်လို့လည်း ကျိန်းသေသိတယ်.."
ကျန်းတုန်တုန်းဟာ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဟုတ်တယ် ငါတို့ မာစတာ လင်းလို.. လူမျိုးနဲ့.တွေ့ခွင့်ရတာ တကယ်ကံကောင်းတာပဲ..။ဒါရိုက်တာ ကျိူးက မေးခွန်းတွေ ရှိရင် သူ့ကို လာမေးလို့ရတယ်တဲ့..။ဒါရိုက်တာကျိုးက တို့ကို တပည့်အဖြစ် လက်ခံမယ် လို့ထင်လား.."
ချီဂျီ ပြောလိုက်တယ်..။
"ဒါက ပြောဖို့ စောပါသေးတယ်..။ဒါရိုက်တာကျိုးက မာစတာ လင်းရဲ့ အဆင့်ကို မမှီပေမယ့် သူကလည်း တရုတ်သမားတော်ကြီး ပဲလေ..။သူက ငါတို့ကို တပည့်အဖြစ်လက်ခံချင်ရင်တောင် စမ်းသပ်ဦးမှာပဲ..။ဒါပေမဲ့..သူက မေးခွန်းတွေ မေးစရာ ရှိရင်လာခဲ့လို့ပြောထားတယ်.."
"ငါ ငါ့မိသားစူကို ပြောတော့ သူတို့အကုန်လုံး ငါ့ဆုံးဖြတ်ချက် အတွက် ဂုဏ်ယူခဲ့ကြတယ်လေ.."
ကျန်တုန်းတုန်ပြောလိုက်တာပါ..။သူမ အတွက်တော့ ဒီလောက် ပျော်ဖို့ ကောင်းတဲ့ အရာ မရှိပါဘူး..။
သူမ က မိန်းကလေး ဖြစ်တာကြောင့် သူမ မိသားစုက ဒီလို တရုတ်ဆေးပညာကို မထောက်ခံကြပါဘူး..။သို့ပေမယ့် ဒီအဖြစ်အပျက် အပြီးမှာတော့ အကုန်လုံးက လက်ခံခဲ့ကြပါတယ်..။
ဘေးနားက ကျောင်းသားတွေဟာ သူတို့ နှစ်ယောက် ကို မနာလိုစွာ ကြည့်နေခဲ့ကြပါတယ်..။
ဒီလိုမှန်းသိရင် သူတို့လည်း စာရင်းသွားပေးကြမှာပါ..။
သို့ပေမယ့် နောင်တရဖို့က နောက်ကျနေခဲ့ပါပြီ..။
တိမ်ဖြူလမ်း..။
လင်းဖန် ဖုန်းကို ကိုင်ဖို့တောင် အားအင်သိပ်မရှိတော့ပါဘူး..။
သို့ပေမယ့် သူ ငြင်းဆန်လို့ မရတဲ့ ဖုန်းကောက ဝင်လာခဲ့ပါတယ်..။
"အဖေ..တစ်ခုခု ဖြစ်လို့လား.."
လင်းဖန် မေးလိုက်တာပါ..။
အဖေ လင်း ပြောလိုက်တယ်..။
"သား..သတင်းထဲက မင်းလား..။ဘယ်တုန်းက တရုတ်ဆေးပညာ သင်လိုက်တာလဲ..."
လငိးဖန် ရယ်မောပြီး ပြောလိုက်တယ်..။
"ကိုယ့်ဟာကို..လေ့လာတာပေါ့.."
"ငါ့သားက ..တကယ်တော်တာပဲ..။ဘယ်လိုပဲ သင်သင် ကိစ္စ မရှိဘူး..နောက်ဆိုလည်း TV မှာ များများ ပါအောင် လုပ်စမ်းပါ..။ဒါမှ ငါ သူများတွေကိုကြွားလို့ရမှာ..။အိုး..ဟုတ်သားပဲ..မင်းအမေကလည်း မေးခိုင်းနေတယ်..မင်း ကောင်မလေးကို ဘယ်တော့ခေါ်လာမှာလဲတဲ့..။အဖေတို့ တွေ့ချင်နေပြီ.."
အဖေလင်း ပြောလိုက်တာပါ..။
"မကြာခင် မကြာခင်..သားအခု အလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်..။ဒီမှာ လက်စသတ်စရာလေးရှိသေးလို့.."
လင်းဖန် ပြောလိုက်တာပါ..။ဒီအခြေအနေက..ဘာလုပ်ရမလဲ မသိသေးပါဘူး..။ထပ်ပြောရရင်..ရည်းစားတစ်ယောက် ရှာတယ် ဆိုတာက လွယ်တဲ့ ကိစ္စတော့ မဟုတ်ပေ..။
ဖုန်းချပြီးနောက်..။
ကျန်းကျုံ ရှိ အိမ်ယာတစ်ခုတွင်..။
အဖေလင်းဟာ ဖုန်းထဲက သတင်းကို ဖတ်ပြီး သဘောကျစွာ..ရယ်မောနေခဲ့တယ်..။
"မိန်းမ..ငါ အကြီးအကဲ လီ ရဲ့ အိမ်ကို ခနသွားလိုက်ဦးမယ်..။ခနနေ ပြန်လာခဲ့မယ်.."
အကြီးအကဲ လီ၏ အိမ်တွင်..။
အဖေလင်း တံခါး ခေါက်ပြီး ပြောလိုက်ပါတယ်..။
"အကြီးအကဲ လီ..တံခါးဖွင့်ပါဦး..။လမ်းလေးဘာလေး သွားလျောက်ရအောင်.."
သူ အကြီးအကဲ လီကို ဖုန်းထဲက သတင်းနဲ့ စပရိုက်လုပ်ဖို့လာခဲ့တာပါ..။အခုချိန်က အကြီးအကဲ လီကို ရိုက်ချရမယ့် အချိန်ပါပဲ..။
တံခါးတစ်ဖက်တွင်..။
အကြီးအကဲလီ..ချောင်းကြည့်တဲ့ အပေါက်ကနေ ကြည့်လိုက်ပြီး..ဖုန်းကိုပြန်ကြည့်လိုက်တယ်..။ဖုန်းထဲမှာတော့ လင်းဖန် ရဲ့ သတင်းပါ..။
"ဟမ့်. အကြီးအကဲ လင်းက ခြေလှမ်းသွက်နေပါလား..။သူက ကြွားဖို့ လာတာပဲဖြစ်ရမယ်..။ကျုပ်က သတင်းမကြည့် တတ်ဘူး ထင်နေတာလား..။ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ကြွားပြီးသွားပြီ..အခု ထပ်ကြွားဖို့ အခွင့်အရေး ပေးမယ် ထင်နေတာလား.."
အကြီးအကဲ လီ တံခါးမဖွင့်ပဲ..အိမ်မှာ မရှိသလို..ဟန်ဆောင်နေလိုက်ပါတယ်..။
အကြီးအကဲ လင်း သံသယဖြစ်သွားပြီး...
"အာ..အကြီးအကဲ လီ အိမ်မှာ မရှိတာလား..။မေ့လိုကိတော့..ညကျမှ တစ်ခေါက်ပြန်လာရမယ်..."
…
တိမ်ဖြူလမ်း..။
လင်းဖန် ဖုန်းကို ဖွင့်ပြီး ဝိုက်ဘိုကို စစ်ဆေးလိုက်ပါတယ်..။သူ့ ရဲ့ ဖော်လို တွေဟာ တိုးနေခဲ့ပြီး အခုဆို ၅ သန်းကျော်နေခဲ့ပါပြီ..။နတ်ဆေးဆရာလေး ဆိုပြီး ချီးကျုးနေကြတဲ့ သတင်းတွေကလည်း သူ့ကို ပျော်ရွှင်စေပါတယ်..။
သူ သီးသန့် မက်ဆေ့ကို မြင်တဲ့အချိန်မှာ ဖွင့်ဖတ်လိုက်တယ်..။
"နတ်ဆေးဆရာလေး..ကျွန်တော် အစ်ကို ချွင်ချွင်ပါ. ။ကျွန်တော်မှာ ထူးဆန်းတဲ့..သကေ်တ တွေဖြစ်နေတယ်..။ကျွန်တော်ရဲ့ အသံက ပြောင်းလာပြီး..မိန်းမသံ ပိုဖြစ်လာသလိုပဲ.."
လင်းဖန် ရယ်မောပြီး..ဒီပြသနာကို သဘောကျနေခဲ့ပါတယ်..။သူ ပြန်ဖြေလိုက်တယ်..။
"ပြသနာ မရှိဘူး ..ဒါက ပုံမှန်ပဲ..။အချိန်ခနပဲ ဒီလို ဖြစ်နေမှာ..။ပြီးရင် အပြောင်းလဲတော့ဘူး.."
အစ်ကို ချွင်ချွင်..
"အိုး ကျေးဇူးပါ..။အချိန်ပေးတဲ့ အတွက် ကျေူးဇူးပါ နတ်ဆေးဆရာလေး.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကျေးဇူးတင်ဖို့ မလိုပါဘူး..။ဆေးညွှန်းအတိုင်းသာ ပုံမှန်သောက်ပေးပါ.."
ဒီလို မိန်းမလှလေးကို ပြောင်းလဲပေးရတာက..သူ့ခံကို ခံစားရကောင်းမွန်စေပါတယ်..။
အစ်ကို ချွင်ချွင် အပြည့်အဝ ပြောင်းလဲ ပြီးရင်..သူမ ဘယ်လိုဖြစ်သွားမှာလဲ....
ဒါက လင်းဖန် အမြဲတမ်းသိချင် နေတဲ့ အရာပါပဲ..။