← Chapters

ကျုပ်က ဒီလောကမှာ စံပြဖြစ်ချင်တာ...နားလည်လား..?

Vol. 33 Ch. 490

ကျုပ်က ဒီလောကမှာ စံပြဖြစ်ချင်တာ...နားလည်လား..?

Vol. 33 Ch. 490

#ဘာသာပြန် = စနိုးဝှိုက်

ဆေးပညာ ပရဟိတက ပြီးသွားပြီ ဆိုပေမယ့် ဝူတောင်ရဲ့ ကိစ္စက သတင်းတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူထားတုန်းပါပဲ..။ဒါက ကိစ္စကြီး တစ်ခုဖြစ်ပေမယ့် လည်း..အရင်တုန်းက ဆိုရင် ဒီလောက်အထိ ပျံ့နှံ့မှာ မဟုတ်ပါဘူး..။သို့ပေမယ့် ဒီနေ့က အင်တာနက်ခေတ်ဖြစ်တာကြောင့်..ဒီနေ့တစ်ခုခု ဖြစ်သွားပြီ ဆိုရင် မနက်ဖြန်..တစ်ကမ္ဘာလုံး..သိသွားကြမှာပါ..။

ဒီကိစ္စက ဝူတောင် တစ်ယောက် ထဲလုပ်တာ ဆိုပေမယ့်..လူတွေ အများကြီး ပါဝင်ပြီး ရှုပ်ထွေးနေခဲ့ပါတယ်..။ဒါက လူတိုင်းအတွက် မယုံကြည်နို်င်စရာ ပါပဲ..။

လင်းဖန် သတင်းကို ကြည့်မိတဲ့ အချိန်တိုင်း ရယ်မောနေရပါတယ်..။ဝူတောင် ဒီလို အဆုံးသတ်မယ် ဆိုတာ သိနေပြီးသားပါ..။ဒီလူ သူ့ကို လာပြီး ဆန့်ကျင်တာက ကိုယ့်သေတွင်းကို တူးနေတာပါပဲ..။

အဲ့အချိန်မှာပဲ ဝူယူလန် လင်းဖန် ဆီကို လာပြီး..လဖက်ရည် လောင်းထည့်ပေးခဲ့တယ်..။ယင်းနောက် သူမ တစ်ဖက် မှာထိုင်လိုက်ပြီး လက်နှစ်ဖက်နဲ့..မေးစေ့ကို ထောက်ကာ..လင်းဖန်ကို စိုက်ကြည့်နေခဲ့ပါတယ်..။

လငိးဖန် လဖက်ရည် တစ်ငုံသောက်ကာ ပြုံးပြီး ပြောလိုက်တယ်..။

"ယူလန်..ဘာလုပ်နေတာလဲ..။မင်းရဲ့ မျက်လုံးထဲမှာ အချစ်တွေကို ငါမြင်နေရတယ်နော်.."

"အာ..ရှင့်မျက်လုံး ထဲမှာသာ..အချစ်တွေ ရှိနေတာ..။ကျွန်မ ရှင့်ကို ကြည့်နေတာက..ရှင် ဘာတွေ ဖုံးကွယ်ထားသေးလဲ ဆိုတာကို လေ့လာနေတာ.."

ဝူယူလန် ပြောဖြေလိူက်တာပါ..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"တကယ်လို့ မင်းတို့ မမေးဘူး ဆိုရင် သိမှာ မဟုတ်ဘူး..။တကယ်တော့..မင်းတို့ကို ဖုံးကွယ်ထားတာ တစ်ခုရှိတယ်..။ငါ့ရဲ့ လက်နှစ်ဖက် ကို မြင်လား..."

ဝူယူလန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"မြင်တယ်လေ..ဘာဖြစ်လို့လဲ..."

"ငါ ပြောပြမယ်..။ဒီလက်နှစ်ဖက်က..နောက်ကျောကို ကြေးတွန်း တဲ့ နေရာမှာ..အတော်တော်တာ..။ဒါက တကယ် သက်တောင့် သက်သာ ရှိစေတယ်.."

လငိးဖန် ပြောလိုက်တာပါ..။သူ ၁၁ ခုမြောက်..အသိပညာ အခန်းကို တွေးလိုက်တိုင်း..ငိုချင်နေခဲ့ပါပြီ..။

ဝူယူလန် ပါးလေးတွေ နီရဲသွားပြီး ပြောလိုက်ပါတယ်..။

"အစ်ကို လင်း..ရှင် အပြင်ထွက်ပြီး ပြန်လာတော့..မေ့..မေ့လိုက်ပါတော့..."

"ဘာဖြစ်လို့လဲ...။ငါ အမှန်အတိုင်း ပြောနေတာပါ.."

လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တာပါ..။

"နောက်ကျော ကြေးတွန်းတဲ့ လူထဲမှာ ငါ့ထက်သာတဲ့ လူ ဘယ်သူမှ မရှိဘူး..။အရင်တုန်းက ဆိုရငိ ရှောင်ဟွန်း ရေချိုး စင်တာမှာ ငါ ကြေးတွန်းတဲ့ အလုပ်ကိုလုပ်ခဲ့ရတာ..။..ငါ့ရဲ့ ကျွမ်းကျင်မူတွေက တကယ် ကောင်းလွန်းလို့..လူတွေ အများကြီး တန်းစီနေကြရတာ.။ငါသာ ဒီအလုပ် လုပ်ဖို့ စိတ်ဝင်စားခဲ့ရင်..နိုင်ငံအနှံ့ကို ကျော်ကြားနေလောက်ပြီ.."

လူလိမ် ထျန် အတိတ်ကို ပြန်တွေးရင်း ဝင်ပြောလိုက်တာပါ..။သူ အကူညီမဲ့ပြီး..သက်ပြင်း ချလိုက်တယ်..။

လင်းဖန်ကတော့ လူလိမ် ထျန်ကို ထပြီးရိုက်နှက်ချင်နေခဲ့ပါပြီ..။ဒီလူ ဒီလို အလုပ်တွေကို လျောက်လုပ်နေလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။

ခင်ဗျားက လူလိမ် အလုပ် လုပ်တာနဲ့တင် မကျေနပ်နိုင်သေးဘူးလား...

"ငါတို့..ရေချိုးတဲ့ နေရာကို သွားပြီး ပြိုင်ပွဲကျင်းပလိုက်ကြမလား.."

လူလိမ် ထျန် ပြုံးပြီး ပြောလိုက်တာပါ..။

လင်းဖန် ဒီလူကို တစိချက်ကြည့်ပြီး ပြောလိုက်တယ်..။

"ဘယ်သူက ခင်ဗျားနဲ့ ပြိုင်ချင်နေလို့လဲ..။ကျုပ်လမ်းလျောက်ထွက်လိုက်ဦးမယ် ခင်ဗျားတို့ ဆိုင်ကို ကြည့်ထားလိုက်ဦး.."

ဆိုင်အပြင်ဘက်တွင်...။

လင်းဖန် တိမ်ဖြူလမ်း အဆုံးမှာ ရှိတဲ့ ရေချိုး စင်တာကို လျောက်သွားလိုက်ပါတယ်..။ဒီနေရာက အရမ်း မကြီးမားပေမယ့်လည်း နာမည်တစ်ခုတော့ ရှိပါသေးတယ်..။

လင်းဖန် ဒီကလူ နဲ့ အရမ်းမရင်းနှီး ပေမယ့်လည်း..ဒီလူက သူ့ဆိုင်မှာ အကြိမ်အနည်းငယ် လာတန်းစီ ဖူးတာကြောင့် သူတို့ အနည်းငယ် ရင်းနှီးနေကြပါပြီ..။

"သူဌေးလေး..ဘယ်လို လုပ်ပြီး ဒီကို ရောက်လာတာလဲ..."

ရေချိုး စင်တာရဲ့ သူဌေး , အကြီးအကဲ ကျန်း အပြုံးလေးနဲ့ မေးလိုက်တာပါ..။

လင်းဖန် ပြုံးလိုက်ပြီး...

"ခင်ဗျား အကြောင်းတွေးမိနေတာနဲ့ ကျွန်တော် လာခဲ့လိုက်တာလေ.."

ကျန်းဝေ..အဲ့အချိနိမှာ ပျော်ရွှင်နေခဲ့တယ်..။တိမ်ဖြူလမ်းမှာ သူဌေးလေးက ဘယ်လိုလူမျိုးလဲ ဆိုတာ သိနေတဲ့ အတွက် သူ ယဥ်ကျေးစွာ ပြောလိုက်တယ်..။

"သူဌေးလေး ကျွန်တော် လတ်တလော လဖက်ရွက် နည်းနည်းဝယ်ထားတယ်..စမ်းကြည့်ချင်လား.."

လင်းဖန် အခုချိန်မှာ ရေချိုးစင်တာ တစ်ခု လိုအပ်နေခဲ့တာပါ..။တကယ်လို့ သူ တစ်နေရာကို ရွေးချယ်ရမယ် ဆိုရင်..အိမ်နီးချင်း ရဲ့ စင်တာကို ရွေးချယ်တာက အကောင်းဆုံးပါ..။ယင်းနောက် သူ ပြုံးလိုက်ပြီး..

"ဒါဆိုရင် တော့ အလုပ်ရှုပ်စေတော့မှာပဲ.."

…

ကျန်းဝေ လဖက်ရည်ကို ဖျော်ပြီး လင်းဖန် အတွက်

လောင်းထည့်ပေးလိုက်ကာ...

"ကျေးဇူးပြုပြီး..မြည်းကြည့်ပါဦး.."

လင်းဖန် လဖက်ရည်ကို ဘယ်လို အကဲဖြတ်ရမလဲ မသိပေမယ့် မြည်းကြည့်လိုက်ပြီး..

"မဆိုးဘူး..တကယ် မဆိုးဘူး..။အိုး ဟုတ်သားပဲ..အကြီးအကဲ ကျန်း..လတ်တလော စီးပွားရေး.. အခြေအနေ ဘယ်လိုရှိလဲ.."

ကျန်းဝေ ခေါင်းခါယမ်း ပြီးပြောလိုက်ပါတယ်..။

"ပြောရရင်..ငွေဝင်တာ မနည်းဘူး ဆိုပေမယ့် အရမ်းများတယ် လို့လည်း ပြောလို့မရပြန်ဘူး..။အခုလို ပြောတာကို.. သူဌေးလေး..ယုံကြည်ဖို့ ခက်ခမယ် ဆိုတာကို သိပါတယ်.."

လငိးဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ဒါက ယုံကြည်ဖို့တော့ နည်းနည်း ခက်ခဲတယ်..။ဆိုင်ပြင်ဆင်ပုံကလည်း သိပ်မဆိုးဘူး..နေရာလေးကလည်း ကောင်းတယ်..။ဒီလို နေရာက ဝင်ငွေမကောင်းဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ..."

ကျန်းဝေ ရယ်မောပြီး ပြောလိုက်တယ်..။

"အဲတာက ကျွန်တော်ဆီမှာ.ဟိုတာ လုပ်လို့မရလို့လေ .။သိတယ် မလား..."

"ဟားဟား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"သိပါတယ် သိပါတယ်. ."

သူက..ပြည့်တန်ဆာ အကြောင်း ​ပြောနေတာ မဟုတ်ဘူးလား...

သို့ပေမယ့် ဒါက အမှန်ပါပဲ..။ရှန်ဟိုင်းမှာ ဒီနယ်ပယ်က အတော်ကို ကျယ်ပြန့်ပါတယ်..။ရေချိုးစင်တာ ၁၀ ခုမှာ ၈ ခုလောက်က ဒီလို စီးပွားရေးနဲ့ မလွတ်ကင်းကြပါဘူး..။ကျန်တဲ့ ၂ ခုက အရည်အချင်းနဲ့ ရပ်တည်နေကြတာပါ..။

"ကျွန်တော် ဒီစင်တာ ကို စဖွင့်တော့..သေချာ သုံးသပ်ခဲ့သေးတယ်လေ..။ရှန်ဟိုင်းကို အလုပ်သမားတွေ..အများကြီးလာကြတော့..သူတို့ ရေလာချိုးပြီး..အပန်းဖြေလိမ့်မယ် လို့ထင်ထားတာ..။တစ်ကယ်တော့ သူတို့က ရေချိုးရုံတင်မကဘူး တစ်ခုခုပါ လုပ်ချင်ကြသေးတယ်..။ကျွန်တော်တို့ စင်တာ မှာ ဒီလို အရာမရှိမှတော့ တစ်ခြား ရေချိုးစင်တာတွေကို ဘယ်လို ယှဥ္ပြိုင်နိုင်တော့မှာလဲ..။ရွှေရောင် ဖီးနစ် ရေချိုးစင်တာကိုပဲ ကြည့်လိုက်...။သူတို့ရဲ့ တစ်ည ရှာတဲ့ပိုက်ဆံက ကျွန်တော်တို့ရဲ့ တစ်လစာလောက် ရှိတယ်လေ..။ဒါက ကြောက်ဖို့ ကောင်းတယ်လို့ သူဌေးလေး မထင်ဘူးလား.."

"ဒါက အတော် အံ့ဩဖို့ ကောင်းတာပဲ.."

လင်းဖန် ရေရွတ်လိုက်တာပါ..။

"သေချာတာပေါ့..။အံ့ဩဖို့ ကောင်းယုံတင် မကဘူး..သူတို့က ပိုက်ဆံ တွေ တလဟော ဝင်နေကြတာ..။သူတို့ရဲ့ အနိမ့်ဆံူး အခကြေးငွေက ဒေါ်လာ ၆၉၈ ဖြစ်ပြီး ..အမြင့်ဆုံး အခကြေးငွေက ဒေါ်လာ ၁၂၈၈ လေ..။ပြီးတော့ အရည်အသွေးနဲ့ လည်း ခွဲထားသေးတယ်..။တကယ်လို့ ကာစတန်မာက အရည်အသွေး မြင့်တာကို လိုချင်ရင်..ဒေါ်လာ..

ထောင်ချီ ကုန်ကျနိုင်သေးတယ်..။ဒါပေမဲ့ ဒါက တစ်ခြားလူရဲ့ စီးပွားရေး ဆိုတော့ မတတ်နိုင်ဘူးလေ..ကိုယ်မှ သူတို့လို လိုက်မလုပ်နိုင်တာ..."

လင်းဖန် ခေါင်းညိမ့်ပြီး မေးလိုက်တယ်..။

"အိုး ဟုတ်သားပဲ.ကျွန်တော် ဒီမှာ နောက်​ကျော ကြေတွန်း ပေးတဲ့ အလုပ်ကို လုပ်ချင်တယ် ဆိုရင်ရော ဘယ်လိုလဲ.."

"ကောင်းတာပေါ့.."

ကျန်းဝေ ရယ်မောပြီး..ပြောလိုက်တာပါ..။ယင်းနောက်..သူ့ရဲ့ အမူအရာ ပြောင်းလဲသွားပြီး..လင်းဖန်ကို ကြောင်အပြီး ကြည့်လိုက်ကာ..

"သူဌေးလေး ခုနက ဘာပြောလိုက်တာ.."

လငိးဖန် မျက်တောင် အကြိမ်အနည်းငယ် ခတ်ပြီး ပြောလိုက်တယ်..။

"ကျွန်တော် ဒီကို လာပြီး နောက်ကျော ကြေးတွန်းတဲ့ လူ လုပ်ချင်တယ်လို့ ပြောလိုက်တာလေ..။အဲတာဆို ဘယ်လို ထင်လဲ"

ကျန်းဝေ လင်းဖန်ကို ငတုံးတစ်ယောက်လိုမျိုး ကြည့်လိုက်ပါတယ်..။

"သူဌေးလေး..ကျွန်တော်ကို နောက် နေတာတော့ မဟုတ်ပါဘူး..နော်..။ကျွန်တော်ရဲ့ ဆိုင်သေးသေးလေးက ဘယ်လိုလုပ်..."

လင်းဖန် ဖြတ်ပြောလိုက်တယ်..

"ဒီတော့ ခင်ဗျား ကျွန်တော်ကို လက်ခံမှာလား..။ကျွန်တော် တို့က အိမ်နီးချင်းတွေလိုပဲလေ..။ကျွန်တော် ဒီလိုမျိုး နောက်ပါ့မလား.."

"သူဌေးလေးက ဒီအလုပ်လုပ်တတ်လို့လား.."

ကျန်းဝေ သံသယ ဖြစ်စွာ မေးလိုက်တာပါ..။

"ဘယ်လို ဟာသလဲ..။ကျုပ်က အတော်ဆုံး နောက်ကျော ကြေးတွန်းပေးတဲ့ လူပဲ..။ကျုပ်သာ ဒီကို လာလုပ်ရင် ..ခင်ဗျားရဲ့ လုပ်ငန်းက ဆယ်ဆလောက်ပိုပြီး တိုးတက်လာလိမ့်မယ်.."

လင်းဖန် မြှောက်ပြောလိုက်တာပါ..။

သူဌေးလေး တောင်းဆို နေပြီ ဆိုမှတော့ ကျန်းဝေ ငြင်းပယ်နေမှာ မဟုတ်ပါဘူး..။သူဌေးလေး..ဒီအလုပ်ကို မလုပ်တတ်ဘူး ဆိုရင်တောင်..တောင်းဆိုတဲ့ လူက သူဌေးလေး ဖြစ်နေတဲ့ အတွက်..သူ လက်ခံဦးမှာပါ..။

"ကောင်းပြီလေ..ဒါဆို အလုပ်ဖြစ်ပြီ..။အေးဆေးပါ..ကျုပ် အမှား မလုပ်ဘူး လို့ အာမခံပါတယ်.."

လင်းဖန်..ပြောပြီး မတ်တတ်ထရပ်လိုက်တယ်..။

"ကျုပ် ခင်ဗျားကို အနှောက်ယှက် မပေးတော့ဘူး..။လိုအပ်တာ လေးတွေ သွာဝယ်လိုက်ဦးမယ်..။လုပ်အားခ အတွက်ကတော့..စိတ်ပူ မနေပါနဲ့...."

ကျန်းဝေ အံ့ဩနေဆဲ ဖြစ်ပြီး ပြောလိုက်တယ်..။

"သူဌေးလေး..ဘာလို့ ဒီလို တွေလုပ်နေတာလဲ.."

လင်းဖန် လေးနက်စွာ ပြန်ဖြေလိုက်ပါတယ်..။

"အလုပ်တိုင်းကို အတွေ့အကြုံ ရှိဖို့လေ..။ဒီလောက မှာ နာမည်တစိခုရဖို့..။ဒီလောက ရဲ့ စံပြ တစ်ယောက်ဖြစ်ဖို့..။ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး..။ဒါပဲ..ကျွန်တော်သွားတော့မယ်.."

ကျန်းဝေကတော့..လင်းဖန်ရဲ့ နောက်ကျောကိုသာ..ကြည့်ပြီး ကျန်နေခဲ့ပါတယ်..။ဘာတွေ ဖြစ်နေလည်း ဆိုတာ သူ နားမလညိနိုင်ဖြစ်နေပြီး..သေချာ တွေးလေ အဖြေမထွက်လေပါပဲ..။

သူဌေးလေးက..အေးအေးဆေးဆေး ပန်ကိတ်ရောင်းရင်း ပိုက်ဆံတွေ ဝင်နေတာကိုတောင်..သူများ နောက်ကျောကို ကြေးတွန်းပေးချင် နေခဲ့တာပါ..။

သို့ပေမယ်..သူဌေးလေး သူ့ဆီမှာ အတွေ့အကြုံရအောင်..လာလုပ်တယ် ဆိုရင်တောင် သူနဲ့ သူဌေးလေးရဲ့ ဆက်ဆံရေးက အတော် တိုးတက်လာမှာပါ..။

ဒါကို တွေးမိရင်..သူ ပျော်ရွှင်ရပါတယ်..။ဒီကတဆင့်ပန်ကိတ် စားခွင့် မကြုံရနိုင်ဘူး လို့ ပြောလို့မရပါဘူး..။

နောက်တစ်ရက်..။

မမျှော်လင့်ထားတဲ့ ဧည့်သည်တွေဟာ လင်းဖန်ရဲ့ ဆိုင်ရှေ့ကို ရောက်လာခဲ့ကြပါတယ်..။

လင်းဖန် ဒီလူတွေကို မြင်ပြီး ကြောင်အသွားခဲ့တယ်..။

ကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ..

All Chapters