နောက်ကျော ကြေးတွန်းတဲ့ပညာရှင်...
Vol. 33 Ch. 491
#ဘာသာပြန် = စနိုးဝှိုက်
မာစတာ လင်း ၏ ဆိုင်တွင်..။
ဝူယူလန် သူမ ရှေ့မှာ ရှိတဲ့ အခြေအနေကို ကြည့်လိုက်တယ်..။
လူလိမ် ထျန်လည်း သိချင်နေခဲ့ပါတယ်..။
လငိးဖန် ပါးစပ်ဖွင့်ပြီး ပြောလိုက်ပါတယ်..။
"ချစ်လှစွာသော ရဲအရာရှိတို့.. ဘာလာလုပ်ကြတာလဲ.."
ယင်းနောက် သူ ဝူတောင်ကို ကြည့်လိုက်ပြီး...
"ဟေး..အကြီးအကဲ ဝူ မလား..။ကျုပ်နေရာကို ဘာဘာလုပ်တာလဲ.."
ဝူတောင် ဒိီငနဲကို သေလောက် အောင် မုန်းနေပေမယ့်လည်း သူ့မှာ ရွေးချယ်စရာ မရှိပါဘူး..။သူရဲ့..ရောဂါကို ပျောက်ကင်းအောင် ကုသဖို့ လိုအပ်ပါတယ်..။သူ ဒီလို တွေ ဖြစ်လာမယ် လို့ မထင် ထားခဲ့ပေမယ့်လည်း..သူ့ရောဂါကို တော့ ပျောက်အောင်လုပ်ဖို့ လိုပါသေးတယ်..။
ရဲအရာရှိတွေဟာ..ဒီလူငယ်လေးက နတ်ဆေးဆရာ မှန်း သိနေတဲ့ အတွက် ယဥ္ကျေးစွာ ပြောလိုက်ကြတယ်..။
"နတ်ဆေးဆရာ လေး တွေ့ရတာ ဝမ်းသာပါတယ်..။ကျွန်တော်တို့က..ဝူတောင် ထွက်မပြေးအောင် လိုက်စောင့်ပေး နေရတာပါ..။ဝူတောင် ရဲ့ ကျန်းမာရေး အခြေအနေက ထောင်ထဲမှာ သူ့ဟာသူ ရှင်သန်ဖို့ မလွယ်ဘူးလေ..။အခု သူ့ရဲ့ တောင်းဆိုမူကြောင့် ကုသမူ ခံယူရအောင် လာကြတာပါ.."
"အိုး..ခင်ဗျားက ကုသမူ ခံယူချင်လို့လား.."
လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။
ဝူတောင် ဘာမှ ပြောစရာ မရှိပေ..။သူ့ရဲ့ လက်ကျန် ဘဝတစ်လျောက်လုံးကို ထောင်ထဲမှာပဲ နေရတော့မှာပါ..။သူ တစ်သက်လုံး ထောင်ထဲမှာ နေရမှာ ဆိုရင်တောင်.. သူ့ရဲ့ ခန္တာကိုယ် ကို ကုသချင်ပါသေးတယ်..။မဟုတ်ရင်..သူထောင်ထဲမှာ သေတဲ့ အထိ အနိုင်ကျင့်ခံရတော့မှာပါ..။
သူ အဖမ်းခံရပြီ ဆိုကတည်းက..တရားရုံးမှာ အားလုံးကို ပြောပြပြီး အပြစ်တွေကိုလည်း ဝန်ခံခဲ့ပါတယ်..။ဒါကြောင့် သူ..ဒီလို တောင်းဆိုတဲ့ အချိန်မှာ လွယ်လွယ်နဲ့ ခွင့်ပြုချက်ရခဲ့တာပါ..။
ဘေးနားက ရဲအရာရှိတွေဟာ ဘာမှ ထပ်မပြောကြတော့ပေ..။ဒီကိစ္စက သူတို့နဲ့ ဘာမှ မဆိုင်ပါဘူး..။နတ်ဆေးဆရာလေးက ကုသဖို့ ငြင်းဆန်ရင်တောင် သူတို့ အတင်းတိုက်တွန်းနေမှာ မဟုတ်ပေ..။
ဝူတောင် ပြောလိုက်တယ်..။
"ငါ ထောင် ထဲမှာ အချိန်တွေ အကြာကြီးနေရတော့မှာ..။မင်း ငါ့ရဲ့ ကျန်းမာရေးကို ကုသပေးနိုင်မလား.."
"ဟင်း..."
လငိးဖန် သက်ပြင်းချလိုက်တယ်..။
"သမားတော်တွေက ကြင်နာတတ်ကြတယ်..။ကျုပ် ခင်ဗျားကို မကုပေးချင်တာ မဟုတ်ဘူး..။လတ်တလော..ခင်ဗျား..ကျုပ်ရဲ့ဝိုက်ဘိုကို မကြည့်မိဘူးလား..။ကျုပ် ဒီကာလ မှာ အလုပ်တွေ အလွန်အကျွံလုပ်မိလို့..ခွန်အားတွေ မလုပ်လောက်တော့ဘူး..။နောက် ဆယ်နှစ်လောက် ကြာမှ ဆေးပြန်ကု နိုင်တော့မှာ..။ခင်ဗျား လာတဲ့ နေရာကို ပြန်တာက အကောင်းဆုံးပဲ..။ရဲအရာရှိကြီးတို့..အနှောက်အယှက် ဖြစ်နေရပြီ.."
ရဲအရာရှိတွေဟာ ပြုံးပြီး ပြောလိုက်တယ်..။
"ကောင်းပါပြီ နတ်ဆေးဆရာလေး...။အနှောက်အယှက် ပေးမိတဲ့ အတွက် တောင်းပန်ပါတယ်.."
သူတို့လည်း ဒီလို လူမျိုးကို ပြန်မကောင်းစေချင်ကြပါဘူး..။အစိုးရက စည်းမျဥ္း စည်းကမ်း တွေကြောင့်သာ ခွင့်ပြုလိုက်ရတာပါ..။အခု ..နတ်ဆေးဆရာ လေး ငြင်းပယ်လိုက်ပြီ ဆိုတော့ ဘာမှ ထပ်ကြိုးစားနေစရာ မလိုတော့ပါဘူး..။
သို့ပေမယ့် ဝူတောင် ဟာ ဒေါသထွက်သွားခဲ့တယ်..။
"မင်း ခွေးသား..တစ်စုံတစ်ယောက် သေတော့မှာကို ဒီတိုင်းပဲ ကြည့်နေတော့မှာလား.."
လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။
"ဟင်း..ကျုပ် ခင်ဗျားကို မကူညီနိုင်ဘူးလေ..။ကျုပ်မှာမှ..ခွန်အားတွေ မရှိတော့တာ.."
"မင်း.."
ဝူတောင် လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။သူဘာပြောရမလဲ တောင် မသိတော့ပါဘူး..။ယင်းနောက် သူ ပြောလိုက်တယ်..။
"ကောင်းပြီ ..ငါ ဆယ်နှစ်နေရင် ပြန်လာခဲ့မယ်.."
လင်းဖန် စိတ်ကြည်နေတာကြောင့် ပြန်ဖြေလိုက်တယ်...
"ကောင်းပြီ ဆယ်နှစ်နေရင်ပြန်လာခဲ့..။ကျုပ်ခွန်အားတွေ ပြန်ရလာရင် ကုသပေးမယ်..."
ဝူတောင် သူ့ကိုယ်သူ တွေးလိုက်ပါတယ်..။
ဒီကောင် အမှန်ပြောနေတာ ရော ဖြစ်နိုင်ပါ့မလား...
အဲ့အချိန်မှာပဲ..ဆေးရုံက ဆင်းလာတာ မကြာသေးတဲ့ အကြီးအကဲ ချန်းဟာ ရောက်လာခဲ့တယ်..။
"သူဌေးလေး ကယ်ပါဦး..."
သူ ဆေးရုံကဆင်းပြီးပြီး ချင်း သူဌေးလေး ဆီကို လာခဲ့သေးပေမယ့် လည်း အငြင်းခံခဲ့ရပါတယ်..။ဒါကြောင့် သူနောင်တ ရနေပြီး နောက်ထပ်တစ်ကြိမ် ထပ်လာခဲ့တာပါ..။
လင်းဖန် ပြုံးလိုက်ပြီး..
"အကြီးအကဲ ချန်း..ကျုပ် ခင်ဗျားကို အရင်တုန်းက ပြောတော့ ယုံမှ မယုံတာ..။အခု ခွဲစိတ်မူပြီးထားလို့ ခင်ဗျားလည်း ပြန်ကောင်းလာနေပြီလေ..။စိတ်မပူနဲ့..ခင်ဗျား ရောဂါ ပြန်မဖြစ်အောင် ကျုပ်ကြည့်ပေးမယ်.."
အကြီးအကဲ ချန်း..ကျေးဇူးတွေ တင်သွားခဲ့ပြီး..
"အရမ်းချစ်တာပဲ..သူဌေးလေး..။ဒါပေမဲ့ ဝိုက်ဘိုမှာ ပြောထားတာက အတွင်းအားတွေ မရှိတော့ဘူးဆို.."
လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ဟင်း..အကြီးအကဲ ချန်း..အဲတာက ငတုံးတွေကို လိမ်ဖို့ လုပ်ထားတာလေ.."
ဝူတောင် ဒါကို ကြားပြီး ဒေါသတွေ အလိပ်လိုက် ထွက်လာခဲ့ပါတယ်..။
"မင်း...မင်း..."
လငိးဖန် သူ့ကို ကြည့်ပြီး ပြောလိုက်တယ်..။
"အာ..ခင်ဗျား က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ..။ရဲအရာရှိကြီးတို့..သူ့ကို မြန်မြန် ခေါ်သွားပါတော့..။ကျုပ်သူ့ကို ကုပေးမှာ မဟုတ်ဘူး..။ဘာလို့ သူ့ကို ဒီခေါ် လာတာလဲ.."
"မင်း.."
ဝူတောင် ဒေါသထွက်ယုံ ကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး..။သူ့ရဲ့ လက်ရှိ အခြေအနေကို သူသိထားပါတယ်..။
သူ လက်စားချေချင်တယ် ဆိုရင်တောင် ချေလို့ မရတော့ပေ..။သူ ထောင်ထဲမှာ နေပြီး လူတွေ ရဲ့ အနိုင်ကျင့်မူကို ခံရတော့မှာပါ..။သူ ထောင်ကနေ ကံကောင်းပြီး လွတ်လာရင်တောင် မသန်စွမ်း တစ်ယောက်ပဲ ဖြစ်နေပါသေးတယ်..။
အကြီးအကဲ ချန်း ထွက်သွားတော့မယ့် ဝူတောင်ကို ကြည့်ကာ မေးလိုက်တယ်..။
"သူဌေးလေး..သူက ဘယ်သူလဲ.."
"လတ်တလော ကျောင်းနင် မှာ ဖြစ်နေတဲ့ အမူကိစ္စတွေကို အင်တာနက်ပေါ်မှာ တွေ့တယ် မလား..။သူက အဲ့တာတွေရဲ့ နောက်ကွယ်က သူဌေး ဝူတောင်ပဲ.."
လင်းဖန် ပြောလိုက်တာပါ..
အကြီးအကဲ ချန်း အံ့ဩသွားခဲ့တယ်..။
"သူက ဝူတောငိလား..။ရဲတွေက သူ့ကို ဘာလို့ ဒီခေါ်လာတာလဲ.."
လင်းဖန် ပြုံးပြီးပြောလိုက်တယ်..။
"သူက ကျုပ်ဆီမှာ ဆေးလာကုချင်တာလေ..။ဒါက ဖြစ်နိုင်မယ် လို့ ခင်ဗျားထင်လို့လား.."
အကြီးအကဲ ချန်း ခေါင်းညိမ့်လိုက်တယ်..။
"အမှန်ပဲ..ဒီလို လူမျိုးတွေကို ကုသ ပေးရင် လက်ညစ်ပတ်တာပဲ ရှိလိမ့်မယ်.."
နောက်တစ်ရက်..။
လင်းဖန် လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်လိုကိတယ်..။ကြီးကျယ် တဲ့..နောက်ကျော ကြေးတွန်းသူ အလုပ်ကတော့ တရားဝင်စတင်လိုက်ပါပြီ..။
၁၁ ခုမြောက် အသိပညာ ရဲ့ မစ်ရှင်က ပြုလုပ်ဖို့ အလျင်လို စရာ မလိုပေမယ့်..လင်းဖန်ကိုယ် တိုက် ပြည့်မြောက် အောငိ လုပ်ချင်နေခဲ့ပါတယ်..။အထူးသဖြင့်..စွယ်စုံကျမ်း ရဲ့ အကူအညီ ပါနေတာကြောင့် ဘယ်လို ဖြစ်လာမလဲ သိချင်လို့ပါ..။
"သူဌေးလေး..ဘယ်သွားမလို့လဲ..."
ဘေးနားက ဆိုင်ပိုင်ရှင် တွေဟာ သူတို့ ဆိုင်ရှေ့က ဖြတ်သွားတဲ့ သူဌေးလေးကို မြင်ပြီး မေးလိုကိကြတာပါ..။
လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။
"ကျွန်တော် အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာမှာ အလုပ်သင်သွားလုပ် မလို့.."
"ဟင်...ဘယ်လို..."
ဆိုင်ပိုင်ရှင် တွေဟာ ကိုယ့်နားကိုယ်တောင် မယုံကြည် နိုင်ကြပါဘူး..။သူတို့ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာတော့..သူဌေးလေးက အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာကို ထွက်ခွာသွားခဲ့ပါပြီ..။
ဆိုင်ပိုင်ရှင် တွေဟာ ခေါင်းခါယမ်း လိုက်ကြပြီး..
"သူ ဌေးလေးက နောက်ပြောင်ရတာကို တကယ် နှစ်သက်တာပဲ..။သူ ရေသွားချိုး ရင်လည်း ဒီတိုင်း ပြောလို့ရနေတာပဲကို..။သူ နောက်ကျောကြေးတွန်း တဲ့ အလုပ်ကို လုပ်မယ်ဆိုတာ ဘယ်သူက ယုံမှာလဲ.."
စင်တာထဲတွင်..။
"အကြီးအကဲ ကျန်း..ရော"
လငိးဖန် ကောင်တာမှာ အကြီးအကဲ ကျန်းကို မတွေ့တာကြောင့်..မေးလိုက်တာပါ..။သို့ပေမယ့် ကောင်တာမှာ ရှိနေတဲ့ ဝန်ထမ်းလေးဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်ပြီး..
"သူဌေးလေး..ကျွန်တော်တို့ သူဌေးက အပြင်ထွက်သွားတယ်..။သူက သူဌေးလေး လာရင် အထဲကို သွားနှင့်ပါတဲ့..။သူက သူဌေးလေး အတွက် နေရာကောင်း ဖန်တီး ပြီးထားပြီ..။ဒါက နံပါတ်ပြား..."
"ကောငိးပြီလေ.."
လငိးဖန် ခေါင်းညိမ့်ပြီး နံပါတ် ပြားကို ယူလိုက်ပါတယ်..။ယင်းနောက် သူ အဝတ်လဲ ထဲ အခန်းကို ဝင်သွားလိုက်တယ်..။
အထဲက လူတွေ အကုန်လုံး လင်းဖန်ကို မှတ်မိကြပါတယ်..။
ဘယ်သူက တိမ်ဖြူလမ်းရဲ့ မာစတာ လင်းကို မသိပဲ နေကြမှာလဲ..။ထပ်ပြောရရင်..သူတို့ နတ်ဆေးဆရာ လေးရဲ့ ဂုဏ်ယူစရာ သတင်းတွေကိုလည်း ဖတ်ထား ခဲကြပါသေးတယ်..။
သူတို့အတွက်တော့ လင်းဖန်က နတ်ဘုရား တစ်ယောက်လိုပါပဲ..။
အဝတ်လဲခန်းထဲတွင်..။
ကာစတန်မာ တွေကို မျက်နှာ သုတ်ပုဝါ ပေးရတဲ့ အန်ကယ်လီဟာ ပြုံးလိုက်ပြီး..
"သူဌေးလေး..တကယ်လာတာပဲ.."
လင်းဖန် သူ့ အက်ျီကို ချွတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ..ပြောလိုက်တယ်..။
"ဒါပေါ့..ကျွန်တော် လာမယ် လို့ပြောထားမှတော့..လာမှာပေါ့.."
အန်ကယ်လီ ရယ်မောလိုကိပါတယ်..။သူ လူငယ်တွေကို တကယ် နားမလည်တော့ပါဘူး..။
"သူဌေးလေး ရဲ့ အလုပ်နေရာက..ပထမ တစ်ခုပဲ..။ဒီနေရာကို..ငါတို့ သူဌေးက သေချာ လုပ်ပေးထားတာနော်.."
"ကောင်းပါပြီ..ကျေးဇူးတင်ပါတယ်.."
လငိးဖန် အက်ျီတွေကို ချွတ်လိုက်ပြီး..အောက်ခံ ဘောင်းဘီ တွေကို ဝတ်လိုက်ပါတယ်..။သူ ကိုယ်လုံးတီး တော့ မနေချင်ပါဘူး..။ဒါက ခံစားရတာ သိပ်မကောင်းပေ..။
လငိးဖန် ဒီအလုပ်ကို ပထမ ဆုံး စလုပ်ရတော့မှာ ဆိုတော့ အနည်းငယ် ကြောက်ရွံ့နေခဲ့ပါတယ်..။
ငါ့ရဲ့ စွမ်းဆောင်ရည်တွေက စွယ်စုံကျမ်းရဲ့ အကူညီနဲ့ အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ...
သူ သေချာ နိမ့်ချပြီး နေမှ ရမှာပါ..။
သူ ခနကြာအောင် တွေးပြီးနောက်..။
"ကျုပ်..နောက်ကျောကြေးတွန်းချင်လို့..။တစ်ယောက်ယောက် ရှိလား.."
ရေကန်ထဲမှာ ရှိတဲ့ လူငယ် တစ်ယောက်က အော်လိုက်တာပါ..။
ဒီမှာ ရှိတဲ့ ကြေးတွန်းပေးတဲ့လူ သုံးယောက်စလုံး အလုပ်ရှုပ် နေကြတဲ့အတွက်..အခုချိန်မှာ ဘယ်သူမှ မအားကြပါဘူး..။လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။
"လာပါပြီ.."
အန်ကယ်လီ ပြုံးလိုက်ပြီး...
"သူဌေးလေးက တကယ် ကံကောင်းနေတာပဲ..။အခုမှ ရောက်တာတောင်..ကာစတန်မာက အဆင်သင့် ရှိနေပြီ..."
လင်းဖန် ကျေနပ်သွားခဲ့ပြီး..
"ကြည့်ရတာ ကျွန်တော့် အရည်အချင်းတွေ ပြရတော့မယ် ထင်တယ်.."
စွယ်စုံကျမ်းရေ..ဘယ်လောက် အစွမ်းထက်မလဲ ပြစမ်းပါဦး....
သူ ကိုယ်တိုင်လည်း ..တကယ် သိချင်နေခဲ့ပါပြီ..။