← Chapters

ကြေးတွန်းခြင်းရဲ့ နောက်ဆက်တွဲ....

Vol. 33 Ch. 492

ကြေးတွန်းခြင်းရဲ့ နောက်ဆက်တွဲ....

Vol. 33 Ch. 492

#ဘာသာပြန် = စနိုးဝှိုက်

ရေချိုး စင်တာတွင်..။

လူငယ်လေး ထပ်ခေါ်လိုက်တယ်..။

"နောက်ကျော ကြေးတွန်းပေးတဲ့ လူ ဘယ်မှာလဲ.."

"လာပါပြီ..အလျင်မလိုပါနဲ့.."

လင်းဖန် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပါတယ်..။သူ ကြေးတွန်းပေးရင်းနဲ့..ဘယ်လို..ပြောင်းလဲ မူတွေ ဖြစ်လာဦးမလဲ မသိသေးပါဘူး..။စွယ်စုံကျမ်း ရဲ့ အားဖြည့်မူနဲ့ ဆိုတော့ ပုံမှန်အခြေအနေ မဟုတ်တာတော့ ကျိန်းသေ မှာပါ..။

လူငယ် လေးဟာ..လင်းဖန် ကို တစ်ချက်ကြည့်ပြီး..ကြေးတွန်းတဲ့ စင်မြင့်ပေါ်မှာ ပက်လက် လှဲလိုက်ပါတယ်..။

"ကျုပ်..စျေးအနိမ့်ဆုံး..ကြေးတွန်းမူ လုပ်ချင်တယ်.."

လင်းဖန် ..သူ့ရဲ့ ပစ္စည်းတွေကို ပြင်ဆင်လိုက်တယ်..။တစ်ခြား ကြေးတွန်းနေတဲ့ ဝန်ထမ်းတွေဟာ ပြုံးလိုက်ပြီး..

"သူဌေးလေး ..့ဘယ်လိုလုပ်ရမလဲ ဆိုတာ သိရဲ့လား.."

"ဒါပေါ့. သိတာပေါ့.."

သူကို တစ်ခြားလူတွေက သံသယ ဝင်နေခဲ့ကြတာပါ. ။ဒါက လင်းဖန်ကို အနည်းငယ် အရှက်ရစေပါတယ်..။ခနကြာရင်တော့..တကယ့် ပါရမီ ရှင်က ဘာလဲ ဆိုတာ ဒီလူတွေ မြင်ရတော့မှာပါ...။

စင်ပေါ်မှာ လှဲနေတဲ့..လူငယ်ကို ကြီးပြီး လင်းဖန် ပြုံးလိုက်တယ်..။သူ ကြေးတွန်းတဲ့ လက်အိတ်ထူ ကို..ဝတ်လိုက်တဲ့ အချိန်မှာ..စွယ်စုံကျမ်းရဲ့..အားဖြည့်မူကို ခံစားလိုက်ရပါတယ်..။

သူလက်ဟာ..ဆင်းသက်လာခဲ့တယ်..။

လူငယ်လေး မျက်လုံး မှိတ်လိုက်ပါတယ်..။ရုတ်တရက် သူ ကြောင်အသွားခဲ့ပါပြီ..။တစ်ခုခု မူမမှန်တာကို သူ ခံစားလိုက်ရတာပါ..။ ဒီခံစားချက်က .ဖော်ပြဖို့ အတော် ခက်ခဲပါတယ်..။

သူ့ရဲ့ ခန္တာကိုယ်ထဲမှာ ရေနွေးလှိုင်းတွေ..ဝင်ရောက်လာသလိုပါပဲ..။သို့ပေမယ့် ရေချိုးစင်တာရဲ့ အပူချိန်ကြောင့်လို့ ထင်ပြီး သိပ်မတွေးတော့ပေ..။

သူတစ်ကြိမ် တိုက်တယ်..။

သူ နောက်တစ်ကြိမ် ထပ်တိုက်လိုက်တယ်..။

သူ့ရဲ့ လှုပ်ရှားမူ တွေက ရေလိုပဲ ငြိမ့်ညောင်းနေခဲ့ပါတယ်..။ညှင်သာတဲ့ တိုက်ချွတ်မူ...ကြီးမားတဲ့ တိုက်ချွတ်မူ..။သူ ငြင်သာမူ နဲ့ ..အားပါမူကို တစ်လှည့်စီ ..အသုံးပြုနေခဲ့ပါတယ်..။သူ့ရဲ့ လှုပ်ရှားမူတွေဟာ..ကွဲပြားနေပြီး..တစ်ခါမှ ထပ်သွားချင်း မရှိပါဘူး..။

"အား..."

လူငယ်လေး..ဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ထအော်လိုကိတာပါ..။

လငိးဖန် အမြန် ရပ်တန့်လိုက်တယ်..။

"ဘာတုန်းဟ..."

ဘေးနားက လူတွေကလည်း ခေါင်းတွေ လှည့်လာကြပြှီး ဒီ ငနဲ လာထဖြစ်တာလဲ သိချင်နေကြပါတယ်..။

ဒီကောင်က ဘာလို့ ရုတ်တရက်ကြီး ထအော် တာလဲ...

လူငယ်လေး ခေါင်းခါယမ်း လိုက်တယ်..။

"ဘာမှမဟုတ်ဘူး.. ဘာမှ မဟုတ်ဘူး...။အစ်ကို ကြီး ဆက်လုပ်ပေး ပါဦး..."

လင်းဖန် ..အိုး ..လို့သာ ပြန်ပြောလိုက်ပါတယ်..။သူစိတ်ထဲမှာတော့..ဒီနည်းစနစ်က အလုပ်ဖြစ်နေပြီ ဆိုတာ သိနေခဲ့ပါပြီ..။

သူ ဆက်ပြီး တိုက်ပေးလိုက်တယ်..။

"အစ်ကိုကြီး..ဒီနည်းစနစ်က..အတော်ကောင်းမွန်တာပဲ..။အတော် သက်သောင့်သက်တာ ရှိတယ်.."

လူငယ်လေး ကျေနပ်စွာ ပြောလိုက်တာပါ..။

လငိးဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ညီလေး ကျေနပ်တယ် ဆိုရင် အစ်ကိုဝမ်းသာ ပါပြီ..။

လူငယ်လေး ရယ်မောလိုက်ပြီး...

"အတော်ခြားနားတယ်..။တစ်ခြား ရေချိုးစင်တာက..အလုပ်သမားတွေလုပ်ရင် ..အရည်ပြား နာကျင်တာတွေ ရှိတယ်..။ဒါပေမဲ့..အစ်ကိုကြီး လုပ်တာကတော့..အတော် ဇိမ်ရှိတာပဲ.."

"သက်သောင့်သက်သာ ရှိတယ် ဆိုရင် ဆက်ပြီး ခံစားလိုက်ပါဦး..."

လငိးဖန် စွယ်စုံကျမ်းရဲ့..စစ်မှန်တဲ့ အားဖြည့်မူကို တော့ မတွေ့ရသေးပါဘူး..။သို့ပေမယ့် အလျင်လိုဖို့ မလိုပေ..။ဒါတွေက အေးဆေး သွားလို့ရပါတယ်..။

ဘေးနားမှာ စောင့်ကြည့်နေတဲ့..ဝန်ထမ်းတွေဟာ သူဌေးလေး ရဲ့ နည်းပညာ တွေကို ကြည့်ပြီး ကြောင်အနေကြပါတယ်..။ဒီနည်းစနစ် တွေက..ပုံမှန်မဟုတ်ပါဘူး..။ဒိီလို ကျွမ်းကျင် တဲ့ အဆင့်ကို ရောက်ဖို့ ဆိုရင် သူဌေးလေး တော်တော်ကို ကြိုးစားခဲ့ရမှာပါ ။

သူဌေးလေး ဒီလောက် ကျွမ်းကျင်နေလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပေ..။

အဲ့အချိန်မှာပဲ လူငယ်လေး တစ်ခုခု မူမမှန်တာကို ခံစားမိလိုက်တယ်..။လင်းဖန် သူ့ရဲ့ ပေါင်တွေ ခြေထောက်တွေကို ကြေးတွန်းပေးလိုက်တိုင်း သူ့ရဲ့ အဓိက နေရာက ခနခန တုန့်ပြန်လာခဲ့တာပါ..။

ဒါက လူတွေ အများကြီး ရဲ့ ရှေ့မှာ ဖြစ်နေတဲ့ အတွက် သူ့ကို သေလောက်အောင် အရှက်ရစေပါတယ်..။

သူ ရည်ရွယ်ချက်ရှိရှိ ဖုံးထားလိုက်ရင်လည်း..ဒါက အရမ်းသိသာ နေမှာပါ..။ယင်းနောက် ..သူ တာဝါ တစ်ထည်ကို အမြန်ယူလိုက်ပြီး..အဓိက နေရာကို ကာထားလိုက်တယ်..။

"အစ်ကိုကြှီး..ဒီနည်းစနစ် က တကယ်ကောင်းတာပဲ.."

အခုချိန်မှာတော့..သူ အရှက်ပြေဖို့အတွက် ဒီစကားတွေ သုံးဖို့သာ တတ်နိုင်ပါတော့တယ်..။

"တစိခုခု ခံစားရလို့လား.."

လင်းဖန် သိချင်စွာ မေးလိုက်တာပါ..။

ဒါပေါ့...လူငယ်လေး သူ ဖြစ်ပျက်နေတာတွေကို သေချာ ရှင်းပြမှာ မဟုတ်ပါဘူး..။

"သက်သောင့်သက်တာရှိတယ်...တကယ် သက်သောင့်သက်တာ ရှိတယ်.."

လူငယ်လေး ပြန်ဖြေလိုက်တာပါ..။

လင်းဖန် ကြောင်အသွားပြီး ထပ်မေးလိုက်ပါတယ်..။

"သက်သောင့်သက်သာ..ရှိတာလောက်ပဲလား.."

လူငယ်လေး ရဲ့ စိတ်ထဲမှာတော့....

အစ်ကိုကြီး..ကျွန်တော်ကို ကစားနေတာလား..။ကျုပ်ကို ဒီလိုဖြစ်အောင်လုပ်ထားပြီးတာတောငိ ဒီလောက်ပဲလား လို့ မေးနေသေးတယ်...။

"အစ်ကိုကြီး ခနလေး နေပါဦး...."

လူငယ်လေး အော်ဟစ်လိုက်တယ်..။

လငိးဖန် ကြေးတွန်းနေတာကို ရပ်တန့် လိုက်ပြီး..ပဟေဠိဖြစ်သွားခဲ့ပါတယ်..။သို့ပေမယ့် လူငယ်လေး ရဲ့ အဓိက အစိတ်အပိုင်းကို မြင်လိုက်တဲ့ အချိန်မှာတော့..ကြောင်အသွားခဲ့ပြီး တွေးလိုက်ပါတယ်..။

အိုး..ညီအစ်ကို.. စွယ်စုံကျမ်းရဲ့ အစွမ်းက ဒီလို ဖြစ်ရုံလောက်ပဲ ရှိတာလား..။ဒါဆိုရင် တော့ ..တကယ်အသုံး မဝင်တဲ့ အသိပညာပဲ.....

လူငယ်လေး ရှက်ရွံ့စွာ ပြုံးကာ..မှောက်ခုံမှောက်လိုက်ပြီး...

"အစ်ကိုကြီး..ကျွန်တော် ကျောကုန်းကို တိုက်ပေးတာ ပိုကောင်းလိမ့်မယ် ထင်တယ်..။နောက်ဘက်က နည်းနည်း ညစ်ပတ်နေလို့..."

လငိးဖန် ပြုံးလိုက်ပြီး..ဘာမှ မပြောပဲ..ဆက်ပြီး တိုက်ပေးလိုက်ပါတယ်..။

"အိုး...အိုး..."

လူငယ်လေး ရဲ့ ပါးစပ်ကနေ..ထူးဆန်းတဲ့ အသံတွေ ဆက်တိုကိ ပြန်ထွက်လာခဲ့ပြီး..ကျေနပ်နေခဲ့ပါတယ်..။

"ဒါက သက်သောင့်သက်သာရှိတယ်...အတော် သက်သောင့် သပ်သာ ရှိတယ်..."

ဘေးနားက လူတွေဟာ လှည့်ကြည့်လိုက်ကြတယ်..။

ဒီကောင် ဘာဖြစ်နေတာလဲ...။ကြေးလေး တစ်ခါတွန်းတာ ..အဲလောက်အထိ ဖြစ်နေဖို့ လိုလို့လား...

ကြည့်ရတာ ဒီလူငယ်လေး..ကြေးတွန်းခံရတဲ့ အတွေ့အကြုံ မရှိတဲ့ ပုံပါပဲ..။

သို့ပေမယ့်..လူငယ်လေး အတွက်ကတော့ တကယ်ကို ဇိမ်ရှိနေခဲ့တာပါ..။မသိရင်..မမြင်ရတဲ့ လက်တစ်စုံက သူ့ရဲ့ နှလုံးသားထဲအထိ ဝငိရောက်နေသလိုပါပဲ..။သူ့ရဲ့ စိတ်ဝိဥာဥ်ရဲ့ ညစ်နွမ်းမူတွေကိုပါ တိုက်ချွတ်ပေးသလို ခံစာနေခဲ့ရတာပါ..။

လက်တွေက ကြေးတွန်းလိုက်တိုင်း..သူ့ရဲ့ စိတ်ဝဥာဥ္ ပါ ကြည်လင်သန့်ရှင်း သွားသလိုပါပဲ..။

"အစ်ကိုကြီး ကျွန်တော် တစ်ခုလောက် ပြောပါရစေ.."

လူငယ်လေးဟာ ရုတ်တရက် ထပြောလာခဲ့တာပါ..။

လငိးဖန် ပရောဖက်ရှင်နယ် စည်းမျဥ္းတွေကို သိထားပါတယ်..။တကယ်လို့ ..ကာစတန်မာက စကားပြောချင်တယ် ဆိုရင် ..သူ ကာစတန်မာနဲ့ လိုက်ပြီး စကားပြောပေးရမှာပါ..။သို့ပေမယ့်.. စွယ်စုံကျမ်း ရဲ့..စွယ်ရည်က..ဘယ်လို သက်ရောက်မှာလဲ သူ ပဟေဠိဖြစ်နေဆဲပါပဲ..။

"ပြောပါဦး.."

လင်းဖန် ပြောလိုက်တာပါ..

လူငယ်လေး မျက်လုံး မှိတ်ပြီး ပြောလိုက်တယ်..။

"ကျွန်တော် က ဒီနှစ် ဆို အသက် ၂၈ နှစ်ရှိပြီ..။ကျွန်တော် မိသားစုက ဆင်းရဲတာကြောင့် ၁၈ နှစ်ပြည့်တာနဲ့ စစ်တပ်ထဲကို ဝင်ခဲ့ရတယ်လေ..။အသက် ၂၂ နှစ်မှာ ကျွန်တော်.. ရှန်ဟိုင်းကို ရောက်လာခဲ့တယ်..။အခု ကျွန်တော် ကုမ္ပဏီ တစ်ခုရဲ့ မန်နေဂျာ ဖြစ်နေပြီ..။လတ်တလော ကျွန်တော် ခေါင်းကိုက်စရာ ကိစ္စတစ်ခုနဲ့ ကြုံနေရတယ်..။အဲတာက ကျွန်တော် ၁၁ နှစ်လောက် ..တွဲလာခဲ့တဲ့ ကောင်မလေး နဲ့ လမ်းခွဲချင်နေလို့လေ..."

လငိးဖန် ပြောလိုက်တယ်..။

"မင်းက သူမ နဲ့ အကြာကြီး တွဲလာခဲ့တာလေ..။ဘာလို့ သူမနဲ့..လမ်းခွဲချင်ရတာလဲ.."

လူငယ်လေး သက်ပြင်းချလိုက်ပြီး...

"ဒါက ကျွန်တော် လမ်းခွဲချင်လို့ မဟုတ်ပါဘူး..။ရှန်ဟိုင်းကို လာပြီး နောက်မှာ ကမ္ဘာကြီးက ဘယ်လောက်ကြီးလဲ ကျွန်တော် နားလည် သွားတယ်လေ..။ကျွန်တော့် ကောင်မလေးက..နယ်ဘက်ကပဲ..ကျွန်တော် စစ်တပ်ထဲမှာ ရှိတုန်းက..၃ နှစ်လောက် စောင့်ဆိုင်းပေးခဲ့တယ်..။ကျွန်တော် ရှန်ဟိုင်းကို လာတော့လည်း သူမ လိုက်လာခဲ့တယ်လေ..။ဒါပေမဲ့ လတ်တလောမှာ ကျွန်တော်ကို လာကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်..။သူမ ရဲ့ မိသားစု နောက်ခံက ကောင်းတယ်..။သူတို့က ရှန်ဟိုင်းမှာ အိမ်ရှိပြီး..အဆင့်အတန်း တစ်ခုလည်း ရှိကြတယ်လေ..။သူမက ကျွန်တော့်ကိုလည်း အများကြီး ကူညီထားသေးတယ်..။တကယ်လို့ ကျွန်တော်သာ..သူမကို လက်ခံလိုက်ရင်..ရှန်ဟိုင်းမှာ အမြဲတမ်း နေနိုင်တော့မှာ.."

လငိးဖန် အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့ပြီး..

"မင်းက ဘယ်လိုဖြစ်ပြီး အေးစက်နိုင်ရတာလဲ..။မင်းကောင်မလေး..က မင်းအတွက် သူမရဲ့ ငယ်ရွယ်မူကိုတောင် လဲလှယ်ခဲ့တာလေ..။တစ်ခြား တစ်ယောက်ကို တွေ့တာနဲ့..မင်း ..ပြောင်းလဲ သွားလို့ရမလား..။မင်းရဲ့ တွေးခေါ်မူတွေက အန္တရာယ် များတယ်နော်..လူတွေက မင်းအပေါ် အထင်သေး ကြလိမ့်မယ်..။ယောက်ျား ကောင်းတစ်ယောက်ဆိုတာ ကိုယ့်အားကိုပဲ ကိုးတယ်.."

လူငယ်လေး ဟာ ခေါင်းညိမ့်လိုက်ပြီး...

"ကျွန်တော် ဒီရေချိုးတာပြီးသွားရင် .. လမ်းခွဲစကား ပြောဖို့ အကြောင်းအရာတောင် ပြင်ဆင်ပြီးသွားပြီ..။ဒါက..ကျွန်တော် အစက ..စီစဥ္ထားတာ..ဒါပေမဲ့ အခု သူမကို မတွေ့နိုင်တော့ဘူး..။သူမ မျက်နှာကို ကြည့်ပြီး ပြောလို့ သူမ ကျွန်တော်ကို ရိုက်ရင်တောင် ကျွန်တော် ခံနိုင်သေးတယ်..။ဒါပေမဲ့ အစ်ကိုကြီး ကြေးတွန်းပေးနေတဲ့ အချိန်မှာ ကျွန်တော်တို့ အရင်တုန်းက အတူတူရှိခဲ့တဲ့ အချိန်တွေကို ပြန်သတိ ရနေမိတယ်..။ရုတ်တရက် ကျွန်တော်က လူသား မဆန်တဲ့ကောင် တစ်ယောက်အဖြစ် ခံစားနေရပြီ..."

* တရှုတ်ရှုတ် ငိုသည့်အသံ *

ရုတ်တရက် အနည်းငယ် ထူးဆန်းလာခဲ့တယ်...

လူငယ်လေးဟာ..လှဲလျောင်းနေရင်းကနေ ငိုကြွေးနေခဲ့တာပါ..။

သူ ငိုတဲ့ အသံကလည်း တဖြည်းဖြည်း ကျယ်ကျယ် လာခဲ့ပါတယ်..။အဲ့အချိန်မှာတော့..ရေချိုးခန်းမှာ ရှိနေတဲ့ လူတွေ အကုန်လုံးရဲ့ အကြည့်တွေဟာ..လူငယ်အပေါ်ကို ရောက်လာခဲ့ကြတယ်..။တစ်ယောက်ချင်းစီ တိုင်းကတော့ ကြောင်အနေခဲ့ပါပြီ..။

တစ်စုံတစ်ယောက်က ..ရေချိုးရင်း ငိုနေတာကို သူတို့ ပထမ ဆုံးအကြိမ် ကြုံရတာပါ..။

လင်းဖန် အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး..

"ငါသူ့ကို ဘာမှ မလုပ်ဘူးနော်...။သူ့ဟာသူ ငိုနေတာ..."

တစ်ချိန်တည်းမှာပဲ..သူသိချင် နေခဲ့ပါပြီ..။တစ်ခုခု ကတော့ မူမမှန် တော့ပါဘူး..။ဘယ်လိုလူမျိုးကမှ သူတို့ စိတ်ထဲမှာ ဖြစ်နေတဲ့ အရာတွေကို ထုတ်ပြောမှာ မဟုတ်ပေ..။

လူငယ်လေးဟာ လှည့်လာခဲ့ပြီး..

"အစ်ကိုကြီး ဆက်ပြီး ကြေးတွန်းပေးပါဦး..။ကျွန်တော်မှာ ပြောစရာတွေ အများကြီး ရှိသေးတယ်.."

"ကောင်းပြီလေ.."

လင်းဖန် ဆက်ပြီး ကြေးတွန်းပေးနေခဲ့တယ်..။ဘာတွေ ဆက်ဖြစ်မလဲ သူလည်း သိချင်နေခဲ့ပါတယ်..။

"ဒါဆို အခု ဘယ်လို တွေးထားလဲ.."

လငိးဖန် မေးလိုက်တာပါ..။

လူငယ်လေး ပြောလိုက်တယိ..။

"ကျွန်တော် အစကတော့ ဆုံးဖြတ်ထားပြီးပြီ..ဒါပေမဲ့ အခုတော့ ခံစားလို့ မကောင်းတော့ဘူး..။ဒါကြောင့် ဒီမှာ ရေချိုးလို့ ပြီးတာနဲ့ သူမကို လက်ထပ်ခွင့်တောင်း လိုက်တော့မယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ဒီလိုပဲ ဖြစ်သင့်တယ်.."

"သက်သောင့် သက်သာရှိလိုက်တာ.."

"အတော် နေလို့ကောင်းတာပဲ.."

"အစ်ကိုကြီး..ကျွန်တော် ဘာလို့ အစ်ကိုကြီးကို ဒါတွေ အကုန်ပြောမိနေပါလိမ့်.."

"ဟုတ်တယ်..အစ်ကိုကြီး ကြေးတွန်းပေးနေရင်..ကျွန်တော် အတိတ်က အကြောင်းတွေကို ပြန်ပြန်မှတ်မိလာတယ်..။အခု ကျွန်တော် ငိုတောင် ငိုချင်လာပြီ.."

လင်းဖန် အကူညီမဲ့ စွာ ပြောလိုက်ပါတယ်..။

"ဒါပေါ့..ဒါပေါ့..ငိုချင်နေမှာပေါ့..။ငါ တိုက်ပြီး သွားရင် တော့ ထပ်မငိုနဲ့တော့နော်.."

"ကောငိးပါပြီ.."

လူငယ်လေး ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ အတိတ်က အကြောင်းတွေကို ပြန်တွေးရင်း ထပ်ပြီး ငိုကြွေးနေပါတော့တယ်..။

သူ လည်း ဘာတွေ ဖြစ်နေလဲ မသိပဲ..အကြောင်းပြချက် မရှိ ဘာလို့ ခံစားလွယ်နေတာလဲ နားမလည်တော့ပါဘူး..။

ရေချိုးကန် တစ်ခုလုံးဟာ တိတ်ဆိတ်နေပြီး..လူတိုင်းက လင်းဖန် နဲ့ လူငယ် လေးကို ကြောင်အစွာ ကြည့်နေခဲ့ကြပါတယ်..။

စောက်ကျိုးနဲ ဘာတွေဖြစ်နေတာလဲ...။နောက်ကျော ကြေးတွန်း နေရင်းကနေ ဘာလို့ ရုတ်တရက် ထငို နေတာလဲ....

All Chapters