အခန်း (၄၉၃)
Vol. 33 Ch. 493
#ဘာသာပြန် = စနိုးဝှိုက်
"ဟေး..ဒါကပြီးသွားပြီ.."
လငိးဖန် လူငယ်လေးရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တာပါ..။သူ လက်ရှိအချိန်မှာ အနည်းငယ်တော့ နားလညိသွားပါပြီ..။စွယ်စုံကျမ်းရဲ့ စွမ်းဆောင်ရည်က အတော်ကို အံ့ဩဖို့ ကောင်းပါတယ်..။သို့ပေမယ့်..သူ သေချာ အသုံးပြုဖို့ အိုင်ဒီယာ တော့ မစဥ်းစားရသေးပါဘူး..။
လူငယ်လေး..ကျောင်းတောင်ကတော့..ထွက်တောင် ထွက်သွားမချင် သေးပါဘူး..။သူ ငိုခဲ့ပါတယ် ..သို့ပေမယ့် ငိုပြီးတဲ့ အချိန်မှာတော့..သူ့ကိုသူ ဒီနေ့က ဘာဖြစ်နေတာလဲ ပြန်မေးနေမိခဲ့ပါတယ်..။
သူရေလာချိုးပြှီး တစိမ်းတစ်ယောက် နဲ့ တွေ့ဆုံးအပြီးမှာ နှလုံးသာ ရေးရာ တွေကို အဖြေထုတ်နိုင်ခဲ့တာပါ..။
ဘာတွေ ဖြစ်နေတာလဲ...
ကျောင်းတောင် ပြောလိုက်တယ်..။
"အစ်ကိုကြီး..နောပ် တစ်ကြိမ်လောက်..ကြေးတွန်းပေးလို့ ရဦးမလား.."
လငိးဖန် ပြုံးလိုက်ပြီး..
"ဘာကို နောက်တစ်ကြိမ်လဲ..။မင်း ..သွားပြီး လက်ထပ်ခွင့်တောင်းရဦးမှာ မဟုတ်ဘူးလား..။ငါ နောက်တစ်ကြိမ် ထပ်ပြီး ကြေးတွန်းပေးနေရင် အချိန်မှီ ဘယ်ပြီးတော့မလဲ.."
ကျောင်းတောင် ..သဘောပေါက်သွားပြီး..
"ကောငိးပါပြီ..ကောင်းပါပြီ..."
ယင်းနောက် သူ သက်ပြင်း ချလိုက်တယ်..။
"ဒီတစ်ခေါက် ရေချိုးရတာ..အတော်ထူးဆန်းတယ်..။ဒါပေမဲ့ ဘယ်ဟာက ထူးဆန်းတာလဲ တော့ သေချာ မပြောနိုင်ဘူး.."
ယင်းနောက် ကျောင်းတောင် ထွက်သွားခဲ့တယ်..။
ဘေးနားက..နောက်ကျောကြေးတွန်း..ပေးတဲ့ ဝန်ထမ်းတွေဟာ စုဝေးလာကြပြီး..
"သူဌေးလေး..သူ့ကို ငိုအောင် ဘာတွေ ပြောလိုက်တာလဲ..."
လငိးဖန် ပုခုံးတွန့်လိုက်တယ်..။
"ဘာမှ မပြောပါဘူး..။ဒီတိုင်း ပုံမှန်ပဲ ကြေးတွန်းပေး နေတာလေ..။သူ ဘယ်လိုဖြစ်ပြီး ထငိုတာလဲတော့ မသိဘူး..။ကျုပ်ထင်တာတော့..သူ့ စိတ်ထဲမှာ..မြိုသိပ် ထားတဲ့ အရာတွေ များလွန်းလို့ ဖွင့်ထုတ်ချင်နေတာပဲ ဖြစ်ရမယ်.."
လူအုပ်ကြီးဟာ ခေါင်းညိမ့်လိုကိပါတယ်..။
"ဒါ အဓိပ္ပါယ် ရှိတယ်..။ဒါက အချက်ကျ သလိုပဲ.."
"ငါ ဒါမျိူး ဖြစ်တာကို ပထမဆုံးမြင်ဘူးတာပဲ.."
"ဒီလူငယ်လေး ရင်ထဲမှာ ဒီလောက်တောင် ခံစားနေရလိမ့်မယ် လို့ ဘယ်သူက ထင်ထားမှာလဲ..။ဒါပေမဲ့ သူ့ကြည့်ရတာ သွားပြီး လက်ထပ်ခွင့်တောင်း တော့မယ် ထင်တယ်..။ဒါက ပြီးပြည့်စုံတဲ့ အဆုံးသတ်လေးပဲ.."
…
လင်းဖန် သူ့ရဲ့ လက်နှစ်ဖက်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
ငါ့ရဲ့ လက်နှစ်ဖက်က..နတိဆိုးဆန်တဲ့ စွမ်းအားတွေ ရှိနေတာလား..။ဒါက လူတွေ ရဲ့ နှလုံးသားကို ပြောင်းလဲပြီး..သူတို့ရဲ့..စိတ်ထဲက အမှောင်ထု တွေကို..အလင်းပြပေးနိုင် နေတာလား...
.
ဒါပေါ့..ဒါက လင်းဖန် သူ့ဟာသူ ခန့်မှန်း နေခဲ့တာပါ..။သူ အခြေအနေ အပြည့်အဝကိုတော့ မသိရသေးပါဘူး..။
စီရင်စုတစ်ခုတွင်..။
ကျောင်းတောင် ပန်းစည်းတစ်ခုကို လက်က ကိုင်ထားခဲ့တယ်..။သူ လက်ဝတ်ရတနာ ဆိုင်ကို သွားပြီး..သူ့ရဲ့ လုပ်ခ သုံးလေး လစာ ပမာဏ ရှိတဲ့..စိန်လက်စွပ် တစ်စုံကို ဝယ်လာခဲ့တာပါ..။
သူ ဒီလောက် အသုံးပြုခဲ့ ရပေမယ့် လည်း ထိုက်တန်တယ်လို့ ခံစားနေရပါတယ်..။သူဘာဆုံးရှုံးမူမှ မခံစားရပါဘူး..။
ငှားရမ်းထားတဲ့ တိုက်ခန်းရဲ့ အောက်မှာတော့..သူ ဖုန်းကို ထုတ်ပြီး..သူ့ရဲ့ ကောင်မလေး ကို ခေါ်လိုကိတယ်..။
"ရှောင်ဟွေး..ဆင်းလာခဲ့ဦး..။ငါ မင်းကို တစ်ခုခု ပြောစရာ ရှိတယ် .."
ကျောင်းတောင် ပြောလိုက်တာပါ..။
ဖုန်းရဲ့ တစ်ခြား တစ်ဖက်က အချိန်အတော်ကြာလာတဲ့ အထိ ပြန်မဖြေလာခဲ့ပါဘူး..။ယင်းနောက်..သူမ ပြောလာခဲ့တယ်..။သူမ ရဲ့ အသံက တော့ အနည်းငယ် ကြောက်စိတ်ဝင်ပြီး ထိပ်လန့် နေခဲ့လို့ပါ..။
"နောက်တစ်ခေါက်မှ ပြောကြရအောင်လေ..ဟုတ်ပြီလား.."
ကျောင်းတောင်ကတော့..ပုံမှန် မဟုတ်ဘူးဆိုတာ သတိမထားမိခဲ့ပါဘူး..။သူ ပြောလိုက်တယ်...
"မဟုတ်ဘူး..ငါ ဒီနေ့ပြောမှ ရမယ်..။မဟုတ်ရင် ငါစိတ်အေးရမှာ မဟုတ်ဘူး.."
"ကောင်းပြီလေ..ငါ ခနနေရင် ဆင်းလာခဲ့မယ်.."
အိမ်ထဲတွင်..။
ရှောင်ဟွေး ဖုန်းကို ချ လိုက်တယ်..။သူမ အနည်းငယ် ကြောက်ရွံ့ပြီး စိတ်လှုပ်ရှား နေခဲ့ပါတယ်..။သူမ ရှန်ဟိုင်းကို ..ကျောင်းတောင် နဲ့ အတူ လိုက်လာတုန်းက အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိခဲ့တာပါ..။
နေ့ရက် တွေက ခက်ခဲခဲ့ပေမယ့်..ရှန်ဟိုင်းမှာ သူတို့နှစ်ယောက်ထဲ..အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာက သူမ အတွက်အပျော်ဆုံး အချိန်တွေ ပါပဲ..။
.
သို့ပေမယ့် လွန်ခဲ့တဲ့ ၂ လ က ကျောင်းတောင်ဟာ သူမ မသိအောင် ဖုန်းထဲမှာ ကောင်မလေး တစ်ယောက်နဲ့ စကားပြောနေတာကို သူမ ရှာတွေ့ခဲ့ပါတယ်..။
ထပ်ပြောရရင်..သူတို့ စကားပြောနေကြတဲ့ ကိ္စ္စဟာ သူမကို ကြောက်ရွံ့စေပြီး..သူမ ယုံတောင် မယုံကြည်နိုင်ခဲ့ပါဘူး..။
"ငါဘာ လုပ်သင့်လဲ.."
ရှောင်ဟွေး..အိပ်ယာထဲမှာ တွေးနေခဲ့တယ်..။သူမ မျက်လုံးတွေဟာ နီရဲ လာပေမယ့်လည်း မငိုမိအောင် ကြိုးစားနေခဲ့ပါတယ်..။
သူမ တိတ်တဆိတ် စစ်ဆေးကြည့်တဲ့ အချိန်မှာ မိန်းကလေးဟာ..ရှန်ဟိုင်းသူ ဖြစ်ပြီး မိသားစု နောက်ခံ ကောင်းတာ သိလိုက်ရပါတယ်..။တကယ်လို့ ကျောင်းတောင် သူ သူမ နဲ့ အတူနေခဲ့ရင်..အနာဂတ် တောက်ပမှာဖြစ်ပြီး..ဘာမှ စိတ်ပူနေဖို့ မလိုတော့ပါဘူး..။
သူမ ဒါမျိုး မဖြစ်စေချင်ပေမယ့်လည်း အဖြေရှာမရပေ..။အခု ကျောင်းတောင်က ..အောက်ဆင်းလာဖို့ ပြောတာက သူမကို အဆက်အသွယ်ဖြတ်ဖို့ ဖြစ်နိုင်ပါတဟ်..။
အရင်ကနေ့ရက် တွေကို ပြန်တွေးမိပြီး သူမ ရဲ့ နှလုံးသားဟာ လှုပ်ရှားလာခဲ့တယ်..။
အောက်ထပ်..။
ရှောင်ဟွေး အောက်ကို ရောက်လာခဲ့တယ်..။
ကျောင်းတောင်..ရှောင်ဟွေးရဲ့ ရှေ့မှာ ရပ်လိုက်တဲ့ အချိန်မှာတော့..ရှောင်ဟွေးဟာ..ခေါင်းကို ငုံ့ထားခဲ့ပြီး..အမူတစ်ခုရဲ့ အဆုံးအဖြတ်ကို ခံယူတော့မယ့် လူတစ်ယောက်လိုပါပဲ..။
သူတို့ နှစ်ယောက်စလုံး အချိန်အတော်ကြာတဲ့ အထိ စကားမပြောကြပေ..။
ရှောင်ဟွေးဟာ နောက်ဆုံးမှာ..ခွန်အားတွေ စုစည်းပြီး ပြောလိုက်ပါတယ်..။
"ငါက ရုပ်ရည် မလှ ဘူးဆိုတာ သိပါတယ်..ပြီးတော့ နင့်ကို လည်း အများကြီး မကူညီပေးနိုင်ဘူး..။ငါသိပါတယ်.. ဒါကြောင့်လည်း နင့်ရဲ့ ဆုံးဖြတ်ချက်ကို...လေးစား..."
သူမ စကားပြောလို့ မပြီးခင်မှာပဲ..
ကျောင်းတောင် ရုတ်တရက် ဒူးထောက် ချလိုက်ပြီး..ပန်းစည်းနဲ့ လက်စွပ်ကို ..သူရှေ့မှာ ထားထားလိုက်တယ်..။
"ရှောင်ဟွေး ငါ့ကို လက်ထပ်ပေးပါ...။ငါ ကျန်တဲ့ ဘဝ တစ်လျောက်လုံး နင့်အပေါ်မှာ ကောင်းကောင်း ဆက်ဆံ ပေးပါ့မယ်.." 😍
ကျောင်းတောင် ပြောလိုက်တာပါ..။
"အာ.."
ရှောင်ဟွေး..ကြောင်အသွားခဲ့တယ်..။သူ မ အချိန်ကြာအောင်..မျက်တောင် မခတ်ပဲ ရပ်နေခဲ့ပါတယ်..။အလင်းရောင်ရဲ့ အောက်မှာ သူမ ကျောင်းတောင်ရဲ့ မျှော်လင့်နေတဲ့ အကြည့်တွေကို တွေ့နေခဲ့ရတာပါ..။
"ငါ့ဆီကို လာတာ..လမ်းခွဲစကား ပြောဖို့ မဟုတ်ဘူးလား..."
ကျောင်းတောင် ခေါင်းခါယမ်း လိုက်တယ်..။
"အဲလို ပြောဖို့ မဟုတ်ပါဘူး..။ငါ လေးလေးနက်နက် ပြောနေတာပါ..။ငါတို့ အတူတွဲလာခဲ့တာ ၁၁ နှစ်ရှိပြီလေ..။ငါ ပိုက်ဆံလံူလောက် အောင် မရှာနိုင်သေးပေမယ့်..မဂ်လာဆောင်ဖို့ အတွက်တော့ လုံလောက်ပါတယ်..။အခုကစပြီး ငါတို့ အလုပ်တွေ ကြိုးစားပြီး အတူတူ ဘဝကို ရှေ့ဆက်ကြမယ်..။မင်း ငါနဲ့ အတူ ရှိနေပေးမှာလား.."
ရှောင်ဟွေး မျက်ရည်တွေ ကျဆင်းလာခဲ့ပါတယ်..။ယင်းနောက် သူမ ကျောင်းတောင်ကို ဖက်လိုက်ပြီး..
"ငါ လက်ထပ်ပါ့မယ်..။ဒါပေမဲ့..နင် မိန်းကလေး တစ်ယောက်နဲ့ စကားပြောနေခဲ့တယ်လေ..။ငါနဲ့ လမ်းခွဲ ချင်ခဲ့တာ မဟုတ်ဘူးလား.."
"အဲတာ ဘာမှ မဟုတ်ဘူး..။ငါ ရေသွားချိုးရင်း အစ်ကိုကြီး တစ်ယောကိက ငါ့ကို ကြေးတွန်းပေးခဲ့တာလေ..။အဲဒီကနေ ပဲ ငါ အမြင်မှန်တွေ ရသွားခဲ့တာ...။ငါ ယောက်ျားကောင်း တစ်ယောက်ဖြစ်ချင်တယ်..။မိန်းမ အပေါ်မှီခိုပြီး..လူမဆန်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူး..။ ငါ့ကို ခွင့်လွှတ်ပေးပါ ရှောင်ဟွေး..."
ရှောင်ဟွေးကတော့ အံ့ဩနေပြီး ဘာပြန်ပြောရမလဲ မသိေတာ့ပေ..။
နောက်ကျော ကြေးတွန်းပေးတာလား...
အမြင်မှန်တွေ ပြန်ရသွားတာလား...
…
ရေချိုးစင်တာတွင်..။
"နောက်ကျောကြေးတွန်းပေးတဲ့ လူရှိလား.."
နောက်ထပ်လူငယ်လေး တစ်ယောကိဟာ ရေချိုးနေရင်း အော်လိုက်တာပါ..။
သို့ပေမယ့် လူငယ်လေး ရဲ့ အမူအရာဟာ စိတ်ထဲမှာ တစ်ခုခု တွေးနေသလို မျိုး ထုံထိုင်းနေခဲ့ပါတယ်..။
လငိးဖန် ဘာမှ လုပ်စရာ မရှိပေ..ဒါကြောင့် ကာစတန်မာ ခေါ်တာနဲ့ ချက်ချင်း တုန့်ပြန်လိုက်တယ်..။သူ..လက်ရှိအချိန်မှာ.. သူ့ရဲ့ စွမ်းရည် နဲ့ ရင်းနှီးမူရှိအောင် လေ့ကျင့်ဖို့ လိူအပ်ပါတယ်..။
ပထမတစ်ခေါက် က ကျောင်းတောင် ရဲ့ တုန်ပြန်မူ က အတော်ကို..ကောင်းမွန်ပေမယ့်..ဒီလူ ဘယ်လို တုန့်ပြန်မလဲ တော့ မသိသေးပေ..။
"သင့်တော် သလို လှဲလိုက်ပါ.."
လငိးဖန် ထိုင်လိုက်ပြီး..
"ဟေး ညီအစ်ကို..တစ်ခုခု စိတ်အဆင်မပြေ ဖြစ်နေလို့လား.."
လူငယ်လေး လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး..
"လုပ်စရာရှိတာသာ လုပ်စမ်းပါ..။ဘာတွေ စကားများနေတာလဲ.."
လင်းဖန် ပြုံးလိုက်တယ်..။သူ ဘာမှ ပြန်မပြောတော့ပဲ..ကြေးတွန်းခြင်းကိုပဲ စတင်လိုက်ပါတယ်..။
အချိန်တွေဟာ..တစ်မိနစ် ပြီး တစ်မိနစ် ..တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံး သွားခဲ့ပါပြီ..။လူငယ်လေးဟာ ရုတ်တရက် ပြောလိုက်တယ်..။
"ခင်ဗျားရဲ့..နည်းစနစ် က တကယ် ကောင်းတာပဲ..။ကျွန်တော် အဆင်မပြေတော့ဘူး..နောက်ကျောကို ပဲ ကြေးတွန်း..ပေးပါ.."
လူငယ်လေး လည်း ကျောင်းတောင် နဲ့ အတူတူ ပါပဲ..။သူ့ ခန္တာကိုယ်က ပြောင်းလဲ မူ တွေကို တောင့် မခံနိုင်ပါဘူး..။သူက အရှက်မရှိတဲ့ လူတစ်ယောက် မဟုတ်တာကြောင့် တစ်ခြား လူတွေရဲ့ အံ့ဩတဲ့ အကြည့်တွေ့ကို မခံစားနိုင်ပေ..။
လငိးဖန် အကူညီမဲ့ သွားခဲ့တယ်..။
ဒီနည်းစနစ်က စောက်ကျိုးနဲ..ဘယ်လိုကြီးလဲ...
"သက်သောင့်သက်သာ ရှိတယ်..တကယ် သက်သောင့် သက်သာရှိတယ်..."
လူတိုင်းဟာ ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုကိကြပါတယ်..။အရင်တစ်ယောက်တုန်းကလိုပဲ..ဒီတစ်ယောက်ကလည်း..တစ်ပုံစံတည်းပါပဲ..။
အတွေ့အကြုံရှိတဲ့ အလုပ်သမား တစ်ယောက်ဟာ..မနေနိုင်တော့ပဲ..မေးလိုက်တယ်..။
"ကောင်လေး ..ဒါက တကယ်..သက်သောင့်သက်သာ ရှိလို့လား..."
"အင်း..ဒါက အတော် သက်သောက်သက်သာဘဖြစ်တယ်.."
လူငယ်လေးဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တာပါ..။ယင်းနောက် ..သူ့ရဲ့ ခန္တာကိုယ်မှာ ဖော်မပြတတ်တဲ့ ခံစားမူ တွေရနေခဲ့ပါတယ်..။
"ဟင်း..."
လူငယ်လေး သက်ပြင်ချလိုက်တယ်..။သူ့ရဲ့ ခန္တာကိုယ်ထဲမှာ ဝမ်းနည်းမူ တွေနဲ့ ပြည့်နေသလိုပါပဲ..။
လငိးဖန် ပြောလိုက်တယ်..။
"မင်းက ငယ်ရွယ်သေးတယ်လေ..။ဘာတွေများ သက်ပြင်းချစရာ ရှိလို့လဲ.."
ဒီတစ်ကြိမ်မှာတော့..လူငယ်လေးဟာ လင်းဖန်ကို မယဥ်မကျေး မပြောတော့ပါဘူး..။
"ကျွန်တော်မှာ ဖိအားတွေ ရှိတယ်..။ပြသနာတွေ ရှိတယ်..။ခင်ဗျားနားထောင်ချင်လား..ကျုပ်ပြောပြလို့ ရပါတယ်.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကောင်းပြီလေ..ပြောပါဦး..."
”
လူငယ်လေး..ဝမ်ယု ဟာ ပြောလိုက်တယ်..။
"ကျွန်တော်က အရောင်းပိုင်းမှာ အလုပ်လုပ်တာ..။လတ်တလောမှာ ကျွန်တော်ရဲ့. လုပ်ဖော်ကိုင်ဘက် တစ်ယောက် ကြောင့် မပျော်မရွှင်ဖြစ်နေရတယ်လေ..။ကျွန်တော် သူ့ကို သတ်တောင် သတ်ပစ်ချင်တယ်..။တွေးကြည့်ပါဦး..ကျွန်တော် အလူပ်မှာ အမြဲတမ်း ကြိုးစားပေမယ့်..ကျွန်တော်ရဲ့ အောင်မြင်မူတွေကို သူပဲ ခိုးခိုးယူ သွားတာ.။ဘယ်လိုလုပ် ခံစားလို့ အဆင်ပြေတော့မှာလဲ..။သူက..အလုပ်ကို လေးလေးနက်နက် မလုပ်ပေမယ့်လည်း..ကျွန်တော်တို့..အပိူင်းရဲ့ မန်နေဂျာက သူ့ရဲ့ အစ်ကိုလေ..။စွမ်းဆောင်ရည်တွေကို တွက်ချက်တိုင်း မန်နေဂျာက..ကျွန်တော့်ရဲ့ စွမ်းဆောင်ချက်တွေရဲ့ တစ်ဝက်လောက်ကို သူ့ရဲ့ ဝမ်းကွဲကို အမြဲတမ်းပေးတယ်..။ပြီးတော့..အဲ့ကောင်ကပဲ..ကုမ္ပဏီရဲ့ ဘောနပ်တွေကို ရရသွားတာ..."
လငိးဖန် ပြုံးပြီး ပြောလိုက်တယ်..။
"ဒီတော့ ဒါက မင်းရဲ့ ပြသနာ ပေါ့.."
ဝမ်ယု ခေါင်းညိမ့်လိုက်တယ်..။
"အင်း..ဒီရက်ပိုင်း တစ်နေ့မှ မပျော်ရွှင်ရဘူး..။အိမ်ပြန်တဲ့ အချိန်တိုင်းလည်း မိန်းမနဲ့ ရန်ဖြစ်နေရတယ်..။သူမ လို့ မိန်းမမျိုးက ကျွန်တော်ရဲ့ အခက်အခဲတွေကို ဘယ်လိုသိမှာလဲ..။သူမက အမြဲတမ်း ..သူမနဲ့အတူတူ ရုပ်ရှင်လိုက်ကြည့်ခိုင်းဖို့ လောက်ပဲ သိတာ..။ကျွန်တော် တစ်နေ့တစ်နေ့ ပင်ပန်းလွန်းလို့ သေတော့မယ် ဆိုတာတောင် သူမ သိမှာ မဟုတ်ဘူး.."
လင်းဖန် ကြေးတွန်းနေရင်းက နေ ..စွယ်စုံကျမ်းရဲ့..အားဖြည့်မူကို ခံစားနေခဲ့ရပါတယ်..။
လင်းဖန် ပြောလိုက်တယ်..။
"တကယ်တော့ ကမ္ဘာကြီးက ဒီလိုပဲလေ..။လောကကြီး ထဲမှာ လူအမျိုးမျိုး ရှိကြတယ်..။တစ်ခါတစ်လေ တွေးခေါ်တဲ့ အချိန်မှာ တစ်စုံတစ်ခုကို ဆုံးရှုံူရတာလဲ ကောင်းတဲ့ အရာပဲ..ဆိုးရွားတဲ့ အရာမဟုတ်ဘူး..။အလုပ်မှာ..ဒီလို ရလာဒ်ရှိ်တယ် ဆိုတာက မင်းမှာ စွမ်းဆောင် နိုင်စွမ်းတွေ ရှိတယ် လို့ ဆိုလိုတာပဲ..။ဒါပေမဲ့ အလုပ်တစ်ခုမှာ လူတစ်ယောက်ရဲ့ အတွေ့အကြုံ ဗဟုသုတ တွေကိုတော့ ခိုးယူလို့ မရဘူးလေ..။အတွေ့အကြုံ ဆိုတာက ခိုးယူလိူ မဖြစ်နိုင်တဲ့ အကောင်းဆုံး ကံကောင်းမူ တစ်ခုပဲ.."
"မိန်းမနဲ့လည်း ဘာတွေများ ရန်ဖြစ်ဖို့ ့ လိုအပ်လို့လဲ..။သူမနဲ့ အတူ ရုပ်ရှင်သွားကြည့်ပြီး မင်းရဲ့ စိတ်တွေကို အပန်းဖြေလိုက်လေ..။မင်းမှာ ပြသနာ ရှိနေရင် မိသားစုနဲ့ မျှဝေပေးရတယ်..။သူတို့က မင်းရဲ့ ပြသနာ ကို မဖြေရှင်းပေးနိုင်ရင်တော့..အနည်းဆုံးတော့ မင်းရဲ့ အခက်အခဲတွေကို နားလည်ပေးနိူင်တာပေါ့..။မင်းရဲ့ ခံစားချက်တွေကို တစ်ယောက်ထဲ မြိုသိပ်ထားတာက ကောင်းတဲ့အရာမဟုတ်ဘူးလေ..။အဲလို မထင်ဘူးလား..."
ဝမ်ယု..သဘောပေါက်သွားခဲ့ပြီး..
"ခင်ဗျားက တွေးခေါ် တတ်တာပဲ..။ကျွန်တော် အရောင်းပိူင်း လုပ်နေတယ်ဆိုတာက လူတွေနဲ့ ထိတွေ့ဆက်ဆံပြီး အတွေ့အကြုံ လိုချင်လို့ပဲ..။တစ်နေ့မှာ ကမ္ဘာကြီးထဲမှာ အောင်မြင်မူကို ရှာဖွေနိုင်လိမ့်မယ်..။ကျွန်တော်ရဲ့ ရည်မှန်းချက်က..ဒီကုမ္ပဏီ သေးသေးလေးမှာ နေဖို့ မဟုတ်ဘူး..။ကျွန်တော်ရဲ့ ရလာဒိတွေကို ခိုးယူနိုင်ပေမယ့် ကျွန်တော်ရဲ့ အတွေ့အကြုံနဲ့ အဆက်အသွယ်ကိုတော့ ခိုးယူနိုင်မှာ မဟုတ်ဘူးလေ.."
"အခု တွေးကြည့်တော့လဲ ဟုတ်နေတာပဲ..။ကျွန်တော့် မိန်းမနဲ့ လက်ထပ်ထားတာ နှစ်အတော်ကြာနေပြီ..။ဒီအလုပ်ကို စလုပ်ကတည်းက သူမနဲ့ ကောင်းကောင်းမွန်မွန် အပြင်မထွက်ရသေးဘူး.."
ဝမ်ယု သက်ပြင်းချလိုက်ပါတယ်..။
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါကြောင့်လည်း မင်းကိုယ့်စိတ်ကို ဖွင့်ထုတ်ပြီး မိသားစုကို အချိန်ပိုပေးသင့်တာေလ..။ညစာ အတူစားပြီး တစ်နေ့တာ ပင်ပန်းမူ တွေကို ဖြေဖျောက်တာ..ဒါက ကောင်းတယ် မထင်ဘူးလား..."
"မှန်တယ်..ဒါတကယ်မှန်တယ်.."
ဝမ်ယု ပြောလိုက်တာပါ..။
"အစ်ကိုကြီး ကျွန်တော်တို့ ပထမဆုံး အကြိမ် ဆုံတွေ့တာ ဖြစ်ပေမယ့် လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။ကျွန်တော် နောက်ဆို ကျွန်ေ် မိန်းမကို ကောင်းကောင်း ဆက်ဆံတော့မှာပါ.."
"ရေချိုးပြီးရင် ကျွန်တော် မိန်းမနဲ့အတူ စျေးသွားဝယ်ရမယ်..။နောက်ဆုံးတစ်ကြိမ်တုန်းက..သူ အဝတ်တစ်စုံကို ကြိုက်တယ် ပြောနေတာ..။အဲ့ကို ပြန်သွားပြီး သူမ အတွက် ဝယ်ပေးရမယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းတယ်.."
အဲ့အချိန်မှာတော့ လင်းဖန် နားလည်လိုကိပါပြီ..။
ဒီ နောက်ကျောကြေးတွန်းတဲ့ အသိပညာက နတ်ဘုရားဆန်ပြီး လူတွေရဲ့ စိတ်ထဲက..အမှောင်ဘက် အခြမ်းတွေကိုတောင် ပျော်ရွှင်စရာ ဖြစ်အောင် ပြောင်းလဲ ပေးနိုင်ပါတယ်..။
တစ်ချိန်တည်း မှာပဲ..သူ့တို့အတွက် ..ဘာက အရေးကြီးဆုံးလဲ ဆိုတာကို နားလည်နိုင်စေမှာပါ..။
ဦးနှောက် ပြန်လည် ဆေးကြော ခြင်း..။
ဒီ ကျွမ်းကျင်မူက အံ့ဩစရာပါပဲ...။