မသန်စွမ်းဂေဟာ၏ တိုးတက်မူ
Vol. 33 Ch. 494
#ဘာသာပြန် = စနိုးဝှိုက်
နောက်ထပ် ကာစတန်မာ တစ်ယောက်ကို လိုက်ပို့လိုက်တယ်..။
"သူဌေးလေး ...ဒါက အတော်ကို အံ့ဩဖို့ ကောင်းတာပဲ..။မင်းက ရေလာချိုးတဲ့ ကာစတန်မာတွေနဲ့ စကားကောင်းကောင်း ပြောနိုင်နေတာပဲ..။သူတို့က..လည်း မင်းကို စကားပြောချင်နေကြတာ.။ငါ ဒီမှာ လုပ် လာတဲ့ သက်တမ်းတစ်လျောက်လုံး ဒါမျိူး တစ်ခါမှ မကြုံဖူးဘူး.."
တစ်ခြား..ဝန်ထမ်း တွေဟာ လည်း အံ့ဩနေခဲ့ကြပါတယ်..။သူတို့အတွက်တော့ ဒါက အဓိပါယ် မရှိပါဘူး..။ကြည့်ရတာ ..ကာစတန် မာတွေ ရင်ထဲက ခံစားချက် ဖွင့်ထုတ်စေဖို့ သူဌေးလေးမှာ..နည်းလမ်း တစ်ခုခု ရှိနေတဲ့ ပုံပါပဲ..။
လင်းဖန် ပြုံးလိုက်တယ်..။ဒါပေါ့..သူတို့ ဒီလို်မျိုး ကြုံဖူးမှာ မဟုတ်ပါဘူး..။ဒီလို ဖြစ်နေတယ် ဆိုတာက..စွယ်စုံကျမ်းရဲ့..စွမ်းရည်တွေကြောင့်ပါ..။
ကျောင်းတောင် ရှောင်ဟွေးကို သူ့စိတ်ထဲရှိတဲ့ အရာရာတိုင်းကို ပြောပြပြီး သူတို့နှစ်ယောက် ပျော်ရွှင်နေခဲ့ပါတယ်..။
အိပ်ယာထဲတွင်..။
ကျောင်းတောင် ဖုန်းကို ယူပြီး ဆော့ဝဲတစ်ခုကို ဖွင့်လိုက်တယ်..။သူ အဲဲဒီ ရေချိုး စင်တာကို တွေ့လိုက်ပါတယ်..။
သူ့အတွက်တော့..အဲ့နေ့ညက အဖြစ်အပျက်က မမေ့နိုင်စရာပါပဲ..။နောက်ကျောကို ကြေးတွန်း ပေးတဲ့ အစ်ကိုကြီးက တစ်ကယ် ထူးဆန်းတဲ့ လူတစ်ယောက်ပါ..။သူ မပြောနိုင်တာ ဘာမှ မရှိပါဘူး..။
ပိုပြီး အရေးကြီးတာက သူ့ရဲ့ နောက်ကျော ကြေးတွန်းတဲ့ နည်းပညာ ပါ..။အဲတာက အရမ်းခံစားလို့ ကောင်းပြီး ရပ်တောင် မရပ်တန့်လိုက်ချင်ပါဘူး..။
"တိမ်ဖြူလမ်းမှာ ရေချိုးစင်တာ တစ်ခုရှိတယ်..အဲ့အထဲက ကြေးတွန်းပေးတဲ့ လူတွေထဲက လူငယ်တစ်ယောက်ရဲ့ နည်းစနစ်တွေက အံ့ဩစရာပဲ..။ပိုပြီး အရေးကြီးတာက သူ့မျက်နှာကို မြင်လိုက်တာနဲ့. မင်းရဲ့ ပြသနာ တွေ အကုန်လုံး..ဖြေရှင်းပြီးသလို ခံစားရလိမ့်မယ်..။ငါ ကြယ်ငါးပွင့်ပေးပြီး ဒီနေရာကို ထောက်ခံလိုက်တယ်...။နောက်ကျောကြေးတွန်းပေးတဲ့ လူက လူငယ်ပဲ ဆိုတာကို သတိရပါ..။အဲ့ကို သွားကြဖို့ တိုက်တွန်းချငိတယ်..."
ဒီ ရီဗျူးကို ရေးပြီးတဲ့ နောက်မှာ..ဖုန်းကိုချပြီး သူ့ဘေးမှာ လဲလျောငိးနေတဲ့ ရှောင်ဟွေးကို ကြည့်လိုက်ပါတယ်..။
ဝမ်ယု ပြန်လာတဲ့ အချိန်မှာတော့..သူ့မိန်းမ အလုပ်တွေ ရှုပ်နေတာကို တွေ့လိုက်ရပါတယ်..။သူ့မိန်းမဟာ..သူ့ကိုတစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် အရင်နေ့တွေက အကြောင်းကို ပြန်တွေးမိပြီး မပြောပဲ လှည့်သွားခဲ့တာကိုလည်း သူ နားလည်လိုကိပါတယ်..။သူမ အလုပ်ကိုပဲ ပြန်လုပ်နေခဲ့တာပါ..။
သူ ရှေ့ကို တက်သွားပြီး ပြောလိုက်တယ်..။
"မိန်မး..ငါ တို့ အပြင်ကို ညစာသွားစား ကြရအောင်..။ငါတို့ စျေးဝယ် မထွက်ရတာလဲ အတော်ကြာနေပြီလေ..။ပြီးခဲ့တဲ့ အခေါက်တုန်းက.မင်းကြိုက်တဲ့ ဝမ်းဆက် တစ်စုံကို တွေ့ခဲ့တယ်မလား..။အဲတာ မင်းနဲ့ အရမ်းလိုက်တယ် လို့ ငါလည်း ထင်တယ်..။သွားဝယ်ကြရအောင်..."
ဝမ်ယုရဲ့ မိန်းမဟာ သူ့ကို မမှတ်မိသလို ကြည့်နေခဲ့တယ်..။ယင်းနောကိ..သူမ စိတ်ခံစားချက်ရှိတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး .
"တကယ်လား..."
ဝမ်ယု ခေါင်းညိမ့်လိုက်ပြီး..
"တကယ်ပေါ့..သေချာတာထက်တောင် ပိုသေးတယ်.."
"အရမ်းချစ်တယ်..."
ဝမ်ယုရဲ့ မိန်းမဟာ..ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး..သူ့ရဲ့ ပါးကို နမ်းလိုက်ပါတယ်..။သူမရဲ့ ယောက်ျားက ဒီနေ့ အနည်းငယ် ကွဲပြား နေသလိုပါပဲ..။
ဝမ်ယုလည်း ရယ်မောလိုကိတယ်..။သူ့ စိတ်ထဲမှာလည်း တကယ် ကျေနပ်နေခဲ့တာပါ...။သို့ပေမယ့် အခု သူ့မှာ..အရေးကြီးတာ လုပ်ဖို့ ရှိပါသေးတယ်..။အဲတာက..ထူးဆန်းတဲ့ အစ်ကိုကြီး အကြောင်း ရီဗျူး ရေးပေးဖို့ပါ..။
ဒါက ပုံမှန် ရေးချိုးစင်တာ တစ်ခုဖြစ်ပေမယ့် အထဲမှာတော့ ဆန်းကျယ်တဲ့ အစ်ကိုကြီး ရှိနေခဲ့တာပါ..။
သူ ပြန်လာတုန်းက..ဒီအကြောင်းတွေကို သူ ဘာလို့ တစိမ်း တစိယောက်ကို ပြောမိတာလဲ လို့တောငိ တွေးနေပါသေးတယ်..။သို့ပေမယ့် အချိန်အတော်ကြာတွေးပြီးတာတောငိ နားမလည်နိုင်သေးပါဘူး..။
၁၀ နာရီ..။
လင်းဖန် ပစ္စည်းတွေကို ယူပြီး..ထွကိခွာဖို့ ပြင်ဆင်လိုကိပါတယ်..။
ကျန်းဝေ ပြုံးပြီး မေးလိုက်တယ်..။
"သူဌေးလေး ဘယ်လို ခံစားရလဲ.."
သူ့အတွကိကတော့ သူဌေးလေးက သေချာ ပေါက် ဒီမှာ ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး..။ဒါက အခြေခံ အလုပ်တစ်ခုပါ..။အတွေ့အကြုံ မရှိတဲ့ လူတစ်ယောက်က ကာစတန်မာ တွေ ကျေနပ်အောင် စွမ်းဆောင် နိုင်မှာ မဟုတ်ပေ..။
"မဆိုးဘူး..တကယ် မဆိုးဘူး..။ပထမ ဆုံး အတွေ့အကြုံက တကယ် ကောင်းမွန်တယ်..."
လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။ဒီနေ့တွေ့ဆုံခဲ့တဲ့ ကာစတန်မာ တွေ ကို ပြန်တွေးကြည့်ရင် သူတို့ အကုန်လုံး..စွယ်စုံကျမ်းရဲ့ စွမ်းအားကြောင့် ပြောင်းလဲသွားခဲ့ကြပါတယ်..။
ဒါက လင်းဖန်ကို ဒီအသိပညာ နဲ့ ပတ်သက်ပြီး ပိုမို နားလည် စေခဲ့တာပါ..။
နည်းစနစ် တစ်ခုထဲ မဟုတ်ပါဘူး..။ဒါက လူတစ်ယောက်ရဲ့ နှလုံးထားထဲက အရေးကြီးတဲ့ အစိတ်အပိုင်းကိုပါ ဖွင့်ထုတ်ပေးနိုင်ခဲ့တာပါ..။
ဒါပေမဲ့ ဒီစွမ်းရည်က ဒါအကုန်ပဲလား...
လင်းဖန် အတိအကျတော့ နားမလည်သေးပေ..။ဘာပဲဖြစ်ဖြစ်..ဒီနေ့အတွက် ကာစတန်မာ က နည်းတော့ သူလုံလောက်အောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး..။
နောက်တစ်ရက်..။
တိမ်ဖြူလမ်း..။
အကြီးအကဲ ကျန်း အံ့ဩစွာ ပြောလိုက်တယ်..။
"သူဌေးလေး..မင်း ကျန်းဝေရဲ့..ရေချိုးစင်တာမှာ အလုပ်သွားလုပ်နေတယ် ဆို..။ဒါ အမှန်ပဲလား.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါပေါ့..ဒါအမှန်ပဲ..။ဒါက..ဘဝအတွက် အတွေ့အကြုံတစ်ခုပဲ..။တစ်နေ့ ကျွန်တော် ချီးကား ပေါ် မှာ..လိုက်ပြီး အလုပ်လုပ်နေရင်တောင် မအံ့ဩသွားကြနဲ့နော်.."
"ဟားဟား.."
အကြီးအကဲ ကျန်း ရယ်မောလိုက်ပါတယ်..။
"သူဌေးလေး..က တကယ်နောက်ပြောင် တတ်တာပဲ.."
ဒါပေါ့..လင်းဖန် နောက်နေတာ မဟုတိပါဘူး..။တကယ်လို့ သူသာ ကံဆိုးနေရင် ဒီလို..အသိပညာ မျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်..။ဒါဆိုရင် အတော် စောက်ကျိုးနဲ ကုန်မှာပါ. ။
ဆိုင်ထဲတွင်..။
လူလိမ် ထျန် လင်းဖန်ကို ထူးဆန်းစွာ ကြည့်လိုက်တယ်..။
"မင်းတကယ် သွားခဲ့တာလား..."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ်..ဘာဖြစ်လို့လဲ. "
လူလိမ် ထျန် ခေါင်းခါယမ်း လိုက်ပြီး..
"ဟင်..ငါ မင်းကို တကယ် နားမလည်နိုင်တော့ဘူး.."
ဝူယူလန် အံ့ဩသင့်သွားခဲ့တယ်..။ဒါက အတော်ကို အဓိပ္ပါယ် မရှိဘူး လို့ သူမ ခံစားနေရပါတယ်..။အစ်ကို လင်းက ဘာလို့ ရုတ်တရက် နောက်ကျော ကြေးတွန်းတဲ့ အလုပ်ကို..သွားလုပ်လဲ နားမလည် နိုင်ပါဘူး..။
လင်းဖန် ပျော်ရွှင်စွာ ပြောလိုက်တယ်..။
"တကယ်လို့ ခင်ဗျား ကျုပ်ကို..နားလည်နေမှ..ထူးဆန်းနေမှာပေါ့..။ထပ်မပြောတော့ဘူး..ကျုပ် နမ်ရှန်း ဂေဟာ ကို သွားတော့မယ်..။ခင်ဗျားတို့ ဆိုင်ကို တစ်ချက်ကြည့်ထားလိုက်ဦး..."
ဆယ်ခု မြောက် မစ်ရှင်က ပြီးမြောက်သွားပြီ ဆိုတော့ သူ့ရဲ့.အာရုံစိုက်မူတွေကို မသန်စွမ်း ဂေဟာမှာ အပြည့်အဝ ထည့်ထားလို့ ရပါပြီ..။
ဒါက ရေရှည်စီမံကိန်းတစ်ခု ဖြစ်ပြီး..ကောက်ရိုးမီးလို..ခနပဲ လောင်ကျွမ်းလို့ မရပါဘူး..။
သူ ရက် ၂၀ လောက် မသွားခဲ့တော့..ကလေးတွေလဲ..သူ့ကို လွမ်းနေလောက်ပါပြီ..။
သူ ကားစက်နိုးပြီး..ကလေး ဂေဟာ ကို ဦးတည်ပြီး ထွက်ခွာလိုက်ပါတယ်..။
ဝင်ပေါက်တွင်...။
"အန်ကယ် လင်း လာပြီ.."
အဲ့အချိန်မှာပဲ..သူရောက်လာတာကို လီဖက်တီးက အရင်ဆုံး တွေ့သွားခဲ့ပါတယ်..။လီဖက်တီး ပျော်ရွှင်စွာ အော်ဟစ်လိုက်တယ်..။ဒီရက်ပိုင်းမှာ..သူတို့ နေ့တိုင်း စားလိုက် ဆော့လိုက် နဲ့ သူတို့ ဘဝတွေဟာ လွှတ်လပ်နေခဲ့ပါတယ်..။သူတို့ မှာ ဘာပူပန်မူမှ မရှိပါဘူး..။
လင်းဖန် ပြုံးလိုက်ပြီး..
"ဒီကို လာပါဦး..လီဖက်တီး..."
လီဖက်တီး လင်းဖန် အနားကို ပြေးလာခဲ့ပြီး..
"အန်ကယ်လင်း.."
"မင်း ဒီနောက်ပိုင်း အစား အသောက်တွေကို အရမ်းစားနေပြန်ပြီလား..။ပြီးခဲ့တဲ့ တစ်ခေါက်ထက် တော်တော်ကို ဝလာတာပဲ..။မင်းရဲ့ မျက်မှာက လုံးပြီး..ဘောလုံးတစ်လုံး လိုတောင် ဖြစ်နေပြီ.."
လငိးဖန် ပြုံးပြီး ပြောလိုက်တာပါ. ။
လီ ဖက်တီး ခေါင်းခါယမ်း လိုက်ပြီး..
"ဟင်အင်..သား အစားအသောက်ကို လောဘ တစ်ကြီး မစားပါဘူး..။အန်ကယ် ဟန်..က သားကို စားခိုင်းတာလေ..။သူက သား ပိုဝ လာရင် ပိုပြီး ချစ်ဖို့ ကောင်းမှာပဲ တဲ့.."
လင်းဖန် ကားပေါ်က ဆင်းလိုက်တယ်..။ဒီဟန်လုက..အတော်. မလွယ်တာပါ..။
"မင်း ပန်ချီ ဆွဲတာရော..တိုးတက်လာပြီလား..။လေ့ရော လေ့ကျင့်ဖြစ်လား..."
လီဖက်တီး ခေါင်းညိမ့်လိုကိပြီး..
"လေ့ကျင့်ပါတယ်..။ဒါရိုက်တာ နဲ့ အန်ကယ် ဟန် က..သားတို့ကို လေ့ကျင့် ပေးတယ်..."
လင်းဖန် ခေါင်းညိမ့်လိုကိပြီး..
"ကောင်းပြီ ..သွားတော့..။အစားကို အရမ်း မစားနဲ့..။မင်းကြီးလာရင် ကောင်မလေး တစ်ယောက် မရှာနိုင်တဲ့ အချိန်ကျမှ နောင်တရနေရလိမ့်မယ်.."
…
လင်းဖန်..ဒါရိုက်တာ ဟောင် ရဲ့ ရုံးခန်းကို သွားလိုက်ပါတယ်..။လင်းဖန် ရဲ့ ဂရုစိုက်မူ အောက်မှာ ကြောင့် လင်းဖန်က ..စီးပွားရေး လုပ်ငန်းရှငိ တွေ ရဲ့ ထောက်ပံ့မူတွေကို ရရှိနေခဲ့တာပါ..။
"ဒါရိုက်တာ ဟောင်..အခက်အခဲ တွေဘာတွေ တွေ့ရသေးလား.."
လင်းဖန် မေးလိုက်တာပါ. ။
ဒါရိုက်တာ ဟောင် ခေါင်းညိမ့်လိုကိတယ်..။
"အခက်အခဲ တစိချို့ တော့ရှိတယ်..။ပြီးခဲ့တဲ့ အခေါက်က ကျွန်မ ပြောထားတယ်လေ..ကလေးတွေက .ကြီးလာကြပြီ ဆိုတော့..ကျောင်းတက်ဖို့ အတွက် လိုအပ်လာကြပြီ..။ဒါကြောင့် အစိုးရက ကလေးတွေ ကျောငိးတက်ဖို့ အတွက် ထောက်ပံ့ပေးဖို့ လိုအပ်တယ်.."
လင်းဖန် ခနလောက် တွေးပြီး ပြောလိုက်တယ်..။
"ကျွန်တော် ဒီပြသနာ ကို သိထားပါတယ်..။ဒီကိစ္စက သေချာ စဥ်းစားမှ ဖြစ်လိမ့်မယ်..။ကျောင်းသားတွေ အကုန်လုံးကို..အပြင်ခေါ်ထုတ်လို့ မဖြစ်နိုင်ဘူးလေ..။ကျောင်းသား တွေ ကြောက်ရွံ့သွားရင် ပြသနာ ဖြစ်လိမ့်မယ်..။ဒါကြောင့် ဆရာ..ဆရာမ တွေကို..ကျောင်းကို ခေါ်လာတာက တစ်ခုတည်းသော နည်းလမ်းပဲ..။အစိုးရ အတွက်ကတော့ အကူအညီ အမြဲတမ်း တောင်းနေလို့ မရဘူးလေ..။ဒီ ဂေဟာ..ရှင်သန်ဖို့ အတွက်ဆိုရင် ကိုယ်ပိုင်နည်းလမ်း တွေ လိုအပ်တယ်..."
ဒါရိုက်တာ ဟောင်..ခေါင်းညိမ့်လိုက်တယ်..။
"ဒါပေမဲ့ ကျွန်မတို့မှာ ကလေးတွေပဲ ရှိတာလေ..။ကိုယ့်ဟာကို ရပ်တည်ဖို့ ဆိုတာက ပြောတာလောက် လုပ်ရမှာ လွယ်တာ မဟုတ်ဘူး.."
လင်းဖန်ကတော့..ပိုက်ဆံ ရှာဖို့နဲ့..ဆရာတွေ ငှားဖို့ကို ပြသနာကြီး တစ်ခုလို့ မထင်ပါဘူး..။သူ ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေကို ပြောလိုက်ရင် ပိုက်ဆံ ဆိုတာက လိုအပ်သလောက် ရနိုင်ပါတယ်..။
"ကျွန်တော်.တွေးပါရစေဦး..။ဒိီကိစ္စကို ကျွန်တော် နဲ့..လွှဲထားလိုက်ပါ.."
လင်းဖန် ပြောလိုက်တာပါ..။
ဒါရိုက်တာ ဟောင် ခေါင်းညိမ့်လိုက်တယ်..။သူမ ဒီ ကလေးထိန်း ဂေဟာကို သူမရဲ့ နံပါတ်တစ် အဖြစ်သတ်မှတ်ထားတာပါ..။ဒီမှာ ရှိတဲ့ ကလေးတိုင်းက..သူမ ရဲ့ ကလေး အရင်းတွေလိုပါပဲ ..။သူမ ရဲ့ တစ်ဘဝလုံးကို..ဒီအပေါ်မှာပဲ..နှစ်မြုပ်ထားတယ် လို့ ပြောလို့ရပါတယ်..။