← Chapters

ကြောက်ရွံ့မူ...

Vol. 33 Ch. 495

ကြောက်ရွံ့မူ...

Vol. 33 Ch. 495

#ဘာသာပြန် = စနိုးဝှိုက်

ပန်ချီဆွဲသည့် အခန်းတွင်..။

ဒါက အဆင့်အတန်း မြင့်တဲ့ ပန်ချီဆွဲခန်း တစ်ခုတော့ မဟုတ်ပါဘူး..။စားပွဲတွေ အတူတကွ ထားတဲ့သာမန်..ပန်ချီဆွဲတဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်..။အဲ့အချိန်မှာ လင်းဖန်ဟာ ရှေ့ဆုံးက စင်ပေါ်မှာ မတ်တတ်ရပ်ပြီး ကလေးတွေကို ပန်ချီသင်ပေးနေခဲ့တယ်..။

အရွယ်ရောက်တဲ့ လူတွေကို သင်ကြားပြသရတာ လွယ်ကူပေမဲ့. ကလေးငယ်တွေကို သင်ကြားရတာကတော့ မလွယ်ကူပါဘူး..။ဒါက ဖြည်းဖြည်းနဲ့ မှန်မှန် ပြသပေးဖို့ လိုအပ်ပြီး အရာရာ တိုင်းကို တဆင့်ချင်းသွားကြရတာပါ..။

"အန်ကယ်လင်း..သမီး ဆွဲလို့ ပြီးသွားပြီ.."

ကျစ်ဆန်မြီး ကျစ်ထားတဲ့ ကလေးမလေး တစ်ယောက်က ပြောလိုက်တာပါ..။သူမ ဆွဲထားတဲ့ ပန်ချီကို လက်က ကိုင်ထားပြီး လင်းဖန် ရှေ့မှာ ခုန်ဆွ ခုန်ဆွ လုပ်နေခဲ့ပါတယ်..။ယင်းနောက် သူမ ချီးကျူးမူ ခံရမလား ဆိုပြီး လင်းဖန် ကို ..မျှော်လင့်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..။

လင်းဖန် ပန်ချီကို ကြည့်နေပြီး..မေ့စေ့ကို ကိုင်ကာ

စဥ္းစား နေခဲ့ပါတယ်..။သို့ပေမယ့် အချိန်အတော်ကြာတဲ့ အထိ စဥ်းစားတာတောင်..ကလေးမလေး ဘာပုံ ဆွဲထားတာလဲ နားမလည်ခဲ့ပါဘူး..။ဒါပေါ့..သူ ဒါကိုတော့ ကလေးကို ပြောမှာ မဟုတ်ပေ..။

ယင်းနောက် သူ မနေနိုင်တော့ပဲ..မေးလိုက်တယ်..

"လီ ယွန်ယွန်..ဘာပုံဆွဲထားတာ လဲ.."

ကလေးမလေးဟာ ချောမွေ့တဲ့ ..ပါးပြင်နဲ့..ကြီးမားတဲ့ မျက်လံူးတွေ ရှိနေခဲ့တာပါ..။သူမ ..လူကုန်ကူးခံရတဲ့ အချိန်မှာ..မျက်နှာဟာ အဝါရောင်သန်းနေပြီး..ပိန်လှီနေခဲ့ပေမယ့်..အခု..ကလေးဂေဟာ ရဲ့ ဂရုစိုက်ပေးမူ အောက်မှာ ကျန်းမာရေး ပြန်ကောင်းလာခဲ့ပါပြီ..။

လီယွန်ယွန်ဟာ ပန်ချီကားပေါ်က အစက်အပြောက် တစ်ချို့ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်..။

"ဒါက ကြယ်တွေ...ဒါက သစ်ပင် ပြီးတော့..ဒါက မြက်ပင် တွေ..."

လငိးဖန် နားမလည်နိုင် သေးပါဘူး..။ဒါက သူ ပန်ချီတွေကို နားလည် နိုင်စွမ်း နည်းပါးလို့ မဟုတ်ပေမယ့်..သူမရဲ့ ပန်ချီမှာက. မြက်ပင်တွေဟာ သစ်ပင်တွေထက် ပိုရှည်နေခဲ့ပါတယ်..။

ဒါက ဘယ်လိုမှကို အဓိပ္ပါယ်မရှိတာပါ..။

"လီယွန်ယွန်..သမီး..မြက်ပင်တွေက ဘာလို့ သစ်ပင်တွေထက် ပိုရှည်နေတာလဲ..။မြက်ပင်တွေဆိုတာက တိုတိုလေး တွေလေ..."

"အန်ကယ်လင်း..သစ်ပင် သေးသေးလေးက ကြီး

မလာသေးဘူးလေ..။ဒါပေမဲ့ မြက်ပင်ကတော့ ကြီးနေပြီလေ..ဒါပေါ့..အဲ့အချိန်မှာ မြက်ပင်က သစ်ပင်လေး ထက်ကြီးနေမှာပေါ့. "

လီယွန်ယွန် ရှင်းပြလိုက်တာပါ..။

"ဒီ အမဲရောင် ဝိုင်းဝိုင်း အစက်ကြီးကရော..ဘာကြီးလဲ.."

လင်းဖန် မဖမ်းဆုပ် နိုင်ခဲ့ပါဘူး..။သူ နိမ့်ချဖို့ ကြံစည်နေတာ မဟုတ်ပဲ..တကယ်ကို နားမလည်နိုင်ခဲ့တာပါ..။

"အဲတာက ကျောက်တုံးလေ..အရမ်းအရမ်းကို ကြီးတဲ့ ကျောက်တုံး.."

လီယွန်ယွန်ဟာ သူမရဲ့ လက်ကို ကျောက်တုံး တစ်တုံး အရွယ်လောက် အထိ ဆန့်တန်းရင်း သရုပ်ပြလိုက်တယ်..။ဒါက တကယ်ကို ကြီးမားတဲ့ ကျောက်တုံးတစ်တုံးပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"မဆိုးဘူး..မဆိုးဘူး..တကယ်ကောင်းကောင်း ဆွဲထားတာပဲ..။သမီး ကြီးလာရင် ကျွမ်းကျင်တဲ့

ပန်ချီ ပညာရှင်ကြှီး တောင်ဖြစ်နိုင််တယ်နော်.."

ဒီ စကားကို ကြားလိုက်ရတဲ့ အချိန်မှာ လီယွန်ယွန် ဟာ ​ကျေနပ်သွားခဲ့ပြီး..သူမ ရဲ့ ထိုင်ခုံကို ပြန်ကာနောက်ထပ် ပန်ချီတစ်ခု ထပ်ဆွဲဖို့ လုပ်လိုကိပါတယ်..။

တစ်ခြား ကလေးတွေဟာ..လီယွန်ယွန် ချီးကျူး ခံလိုက်ရတာကို မြင်ပြီး သူတို့ ရဲ့ပန်ချီကို ပြသဖို့ မစောင့်နိုင်ကြတော့ပါဘူး..။သူတို့အကုန်လုံး လင်းဖန် ဆီကို..ပန်ချီကားတွေ ယူသွားလိုက်ကြပါတယ်..။

လငိးဖန် သူ့ဒေါသကို ထိန်းထားရပါတယ်..။ပန်ချီကား ဆယ်ခုလောက်ရှိရင် သူ ငါးခုလောက်ကိုသာ.သူ.နားလည်တာပါ..။ကလေး တွေ စိတ်ထဲမှာ ဘာတွေ ဖြစ်ပေါ်နေလဲ သူတကယ် နားမလည်တော့ပါဘူး..။

သူတို့ ဆွဲတဲ့ ပုံတွေက ဘာလို့ ထူးဆန်းနေရတာလဲ..

တစ်ခါတစ်လေ..မှာ သစ်ပင်ပုံကြီး ဆွဲထားတာတောင် ကလေးတွေက..လူပုံ လို့ ပြောနေခဲ့ကြတာပါ..။

ဒါက တကယ်ကို အံ့ဩဖွယ်ရာပါပဲ...

"ဟေး..."

ရုတ်တရက် လင်းဖန် တစ်ခူခုကို တွေးမိသွားခဲ့ပါတယ်..။

"ငါ့မှာ အကြံတစ်ခုရပြီ.."

လင်းဖန် ပြုံးပြီး ဟန်လုကို ပြောလိုက်ပါတယ်..။

"ကလေးတွေကို ခနလောက် ဂရုစိုက်ပေးပါဦး..။ငါ အပြင်ကို ခနသွားလိုက်ဦးမယ်.."

အပြင်ဘက်တွင်..။

လင်းဖန် ကျန်းကျောင်ရှန်း ကို ဖုန်းခေါ်လိုက်ပါတယ်..။

"အကြီးအကဲ လင်း..ဒီရက်ပိုင်း အတွင်း ကျွန်တော်တို့ အကြီးအကဲ လင်းကို လာရှာသေးတယ်..။ဒါပေမဲ့ အကြီးအကဲ လင်း က ဆေးဘက်ဆိုင်ရာ ပရဟိတ သွားလုပ်နေခဲ့တယ်လေ..။ပြီးတော့ ကျွန်တော် ဖုန်းခေါ်လိုက်တိုင်းလဲ..အကြီးအကဲ လင်းရဲ့ ဖုန်းက မအားဘူး.."

အကြီးအကဲ ကျန်း ပြောလိုက်တာပါ..။

သူတို့ ရှန်ဟိုင်းကို ရောက်လာတဲ့ အချိန်မှာ လင်းဖန်က ထွက်သွားခဲ့ပါပြီ..။သူတို့ ရှန်ဟိုင်းကို လာတာ လင်းဖန်ကို ကျေးဇူးတင်ဖို့ ဖြစ်ပေမယ့် လင်းဖန်ကတော့ ရှိမနေခဲ့ပါဘူး..။

လငိးဖန် ပြောလိုကိတယ်..။

"စိတ်မကောင်းပါဘူး အကြီးအကဲ ကျန်း..ကျွန်တော် သတိမထားမိလိုက်ဘူး..။ဒါပေမဲ့..ဒီအကြောင်းကို အခုမပြောပဲ နေရအောင်...။ကျွန်တော် အကြီးအကဲ ကျန်းကို အကူအညီလေး တစ်ခု တောင်းစရာ ရှိလို့.."

အကြီးအကဲ ကျန်း.ပြုံးလိုက်ပြီး..

"ဘာကိစ္စလဲ ကျွန်တော်ကို ပြောပါဦး.."

"အကြီးအကဲ ကျန်း.. ဝီချပ်ကို သိတယ် မလား..။ကျွန်တော်က အဲ့မှာ ဘယ်သူနဲ့ မှ အဆက်အသွယ်မရှိဘူးလေ..။အကြီးအကဲ ကျန်း က ဘေဂျင်းမှာ အဆက်အသွယ်တွေ ရှိတဲ့ လူတစ်ယောက်ပဲ..။ကျွန်တော်ကို မိတ်ဆက်ပေးလို့ရမလား..။ကျွန်တော် ဝီချပ်က လူတစ်ချို့ဆီက..အကူအညီ တောင်းစရာ ရှိလို့.."

လင်းဖန် ပြောလိုက်တာပါ. ။

အကြီးအကဲ ကျန်း..လင်းဖန် ဘာလုပ်ချင်တာလဲ မသိပေမယ့် ပြောလိုက်တယ်..။

"ဝီချပ်လား..အာ..။ကျွန်တော် မသိဘူး..။ခနစောင့်ပါဦး..ကျွန်တော့်သားက အနားမှာ..။သူနဲ့ စကားပြောကြည့်လိုကိပါလား..သူက လူငယ်ဆိုတော့..ဒီလို..အရာတွေကို သိရင်သိမှာပေါ့..။ဒိီကိစ္စတွေကို ကျွန်တော်တို့လို လူအိုကြီးတွေက သိပ်မသိဘူးလေ..။ဒါပေမဲ့ စိတ်မပူပါနဲ့..ကျွန်တော်သား သိသိ

မသိသိ ဒီလူသာ ဘေးဂျင်းမှာ ရှိနေတယ် ဆိုရင် ကျွန်တော် ကိုင်တွယ်ပေးလို့ရပါတယ်.."

လင်းဖန် ပြုံးလိုက်ပြီး..

"ကျေးဇူးပါ အကြီးအကဲ ကျန်း.."

"ကျွန်တော်ကို ဘာများ ကျေးဇူးတင်စရာ ရှိလို့လဲ..။ကျွန်တော်တို့ကသာ ကျေးဇူးတင်ရမှာပါ..။အကြီးအကဲ လင်းက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပဲလေ.."

အကြီးအကဲ ကျန်း ပြောလိုက်တာပါ ..။

"ကောင်းပြီ..ကျွန်တော်သားကို ဖုန်းပေးလိုက်မယ်..သူ့ကို မေးကြည့်ပေါ့. ။အကြီးအကဲ လင်း သူ့ကို လီကျန်း လို့ ခေါ်လို့ ရပါတယ်.."

ကျန်းဟိုင်ဖန်းဟာ မာစတာ လင်းကို..အရမ်း ကျေးဇူးတင်နေခဲ့တာပါ..။သူ့ရဲ့သား လီဘောင်..ကျန်းမာရေး ပြန်ကောင်းလာတယ် ဆိုတာ မာစတာ လင်းရဲ့ ကျေးဇူးတွေ ကြောင့်ပါပဲ..။သူ ဖုန်းကို လက်ခံရရှိတဲ့ အချိန်မှာ ကျေးဇူးတင်စွာ ပြောလိုက်တယ်...

"မာစတာ လင်း..ကျွန်တော် ကျန်းဟိုင်ဖန်း ပါ..။ကျွန်တော် သားလေး ကို ကုသပေးတဲ့ အတွက်..ကျွန်တော်နဲ့..ကျွန်တော့် မိန်းမက အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ.."

လငိးဖန် ပြုံးလိုက်ပြီး..

"အရမ်း ယဥ်ကျေးနေဖို့ မလိုပါဘူး..။ လီကျန်း..မင်း ဝီချပ်က ရာထူးကြီးတဲ့ လူတစ်ယောက်ကိုသိလား..။ငါ သူ့ကို အကူညီတောင်းစရာ တစ်ခု ရှိလို့.."

ကျန်းဟိုင်ဖန်း ပြောလိုက်တယ်..။

"ကျွန်တော် မသိဘူး..။ဒါပေမဲ့ သူက ဘေဂျင်း မှာနေတာလား..."

လင်းဖန် ပြောလိုက်တယ်..။

"ငါ အင်တာနက် ပေါ်မှာ စစ်ဆေးကြည့်တာတော့..သူက ဘေဂျင်းကပဲ..။သူ့နာမည်က ကျန်းလောင်.."

"ဒါဆို လွယ်ပါတယ်..။မာစတာ လင်း..ကျွန်တော်ကို နာရီဝက်လောက် အချိန်ပေးပါလား...။နာရီဝက်နေရင် ကျွန်တော် ဖုန်းပြန်ခေါ်လိုကိမယ်လေ..။ကျွန်တော် အခုပဲ တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းလိုက်မယ်.."

ကျန်းဟိုင်ဖန်း ပြောလိုက်တာပါ..။ဒီလူက..

ဘေးဂျင်းမှာ ရှိနေတာ သေချာတယ် ဆိုရင်..ဒီလူက ဘယ်သူလဲ ဆိုတာက ပြသနာ မဟုတ်တော့ပါဘူး..။ကျန်ဟိုင်းဖန် ဟာ လင်းဖန် ဘာလုပ်ချင်တာလဲ ဆိုတာတောင် မမေးတော့ပေ..။

လင်းဖန် ဖုန်းချပြီး ကြောင်အသွားခဲ့ပါတယ်..။ဒါက အတော်ကို များသွားပါပြီ..။

အဲ့လူကို..အခု သွားခေါ်ခိုင်း လိုက်မယ် ဆိုတာက ဘာကို ပြောတာလဲ...

ဘေးဂျင်းရှိ နည်းပညာ ကုမ္ပဏီ တစ်ခုတွင်..။

ဒါက ဝီချပ် နဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ ကြီး တစ်ခုဖြစ်ပြီး..ဝီချပ်ဆိုတဲ့ စာတန်းကြီးတွေပါ ချိတ်ဆွဲထားခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ..ဒီကုမ္ပဏီရဲ့ အကြီးအကဲ ဖြစ်သူ ကျန်းလောင် ဟာ ..အစည်းအဝေးပွဲရဲ့ အလည်မှာ ထိုင်ပြီး..ဝီချပ် ရဲ့ တိုးတက်ရေးအတွက် ဆွေးနွေးနေခဲ့တယ်..။

ယင်းနောက် သူ့ရဲ့..အတွင်းရေးမှူးမလေး ဟာ တံခါးဖွင့်ပြီး ဝင်လာခဲ့ပါတယ်..။သူမရဲ့ မျက်နှာကတော့ အနည်းငယ် အံ့ဩနေလို့ပါ..။

ကျန်းလောင် မျက်ခုံးပင့်လိုက်ပြီး..

"ငါ တို့ ဒီမှာ အစည်းအဝေး လုပ်နေတယ်လေ..။နင် ဘာလို့ ဝင်လာတာလဲ..."

အတွင်းရေးမှူး ဟာ ပြောလိုက်တယ်..။

"အကြီးအကဲ ကျန်း..အောက်မှာ တစ်ယောက်ယောက်လာရှာ နေတယ်..။သူတို့က အကြှီးအကဲ ကျန်းကို ခနလောက် ခေါ်သွား မလို့တဲ့.."

ကျန်းလောင် မျက်မှောင် ကျုတ်လိုက်ပြီး..

"ငါတို့ အစည်းအဝေး လုပ်နေတာ မမြင်ဘူးလား..။တစ်ခုခု ဆိုရင် ..ငါတို့ အစည်းအဝေး ပြီးအောင် စောင့်ခိုင်းလိုက်..။ထွက်သွား...."

အတွင်းရေးမှူး မလေးဟာ ခေါင်းခါယမ်း လိုက်တယ်..။

"မဟုတ်ဘူး..အကြီးအကဲ ကျန်း..အခုဟာက စစ်တပ်က လာရှာနေတာ..။သူတို့က အကြီးအကဲ ကျန်းကို အခုတွေ့ချင်နေကြတယ်.."

ကျန်းလောင် ​အံ့ဩသွားခဲ့တယ်..။

စစ်တပ်က ငါ့ကို လာရှာ နေတာလား...

သူက ဒီတိုင်း ဆော့ဝဲ တည်ထွင်သူ တစ်ယောက်ပါပဲ..။သူက လက်နက် တွေ တည်ထွင်တဲ့ လူလည်း မဟုတ်ပါဘူး..။

သူတို့က ငါ့ဆီက ဘာလိုချင်တာလဲ...

သို့ပေမယ့် သူဘာမှ ထပ်တွေး မနေတော့ပဲ..ခေါင်းညိမ့်ပြီး တွေ့ဆုံပွဲကို ရပ်ကာ.. အတွင်းရေးမှူး နောက်ကို လိုက်သွားလိုက်ပါတယ်..။

အောက်ထပ်တွင်..။

"ချစ်လှစွာသော..ကွန်မန်ဒါတို့ ဘာများလိုအပ်လို့လဲ မသိ.."

ကျန်းလောင် ယဥ်ကျေးစွာ ပြောလိုက်တာပါ..။

"တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲ ကျန်း..။ကျွန်တော်တို့ရဲ့ အထက်ပိုင်းက..ခင်ဗျားကို ခေါ်လာဖို့ အမိန့်ပေးထားလို့ပါ..။ဒါက ကျွန်တော်တို့ရဲ့ သက်သေခံ ကတ်ပြားပါ..။တကယ်လို့ စစ်ဆေးချင်ရင် စစ်ဆေးလို့ရပါတယ်.."

စစ်သား ခေါင်းဆောင်က ပြောလိုက်တာပါ..။

ကျန်းလောင်ဟာ အနီးကပ်ကြည့်ပြီး သူ့ ကုမ္ပဏီက တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်တယ်..။ဒါက အစစ်တွေပါ..။သို့ပေမယ့် ကျန်းလောင် ပိုပိုပြီး ပဟေဠိ ဖြစ်လာခဲ့ပါတယ်..။

စောက်ကျိုးနဲ ဘာတွေ ဖြစ်နေတာလဲ...

သူ စစ်တပ်က လူတွေ နဲ့လည်း တစ်ယောက်မှ မသိသလို..တရားမဝင်တာလဲ ဘာမှ မလုပ်ကိုင်ထားပါဘူး..။

သူ အစက တော့ ဒီလူတွေက လူလိမ် ဖြစ်ပြီး သူ့ကို ပြန်ပေးဆွဲမှာကို ကြောက်ရွံ့မိပါသေးတယ်..။အခု သူတို့ရဲ့ အိုင်ဒီတွေက အစစ်ဆိုတော့ ပြန်ပေးဆွဲ

မယ့် လူတွေတော့ မဟုတ်လောက်ပါဘူး..။

ကားထဲတွင်...

ကျန်းလောင် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး..

"ချစ်လှစွာသော ကွန်မန်ဒါတို့..ဘယ်အရာရှိက ကျွန်တော်ကို..တွေ့ချင်တာလဲ သိလို့ရမလား..."

"ကျွန်တော် တို့လည်း မသိဘူး..။ဒီတိုင်း အထက်က အမိန့်ကျလာလို့ ခေါ်လာပေးတာ.."

စစ်သား တစ်ယောက်က ပြန်ဖြေလိုက်တာပါ..။

ကျန်းလောင် ကူကယ်ရာ မဲ့သွားခဲ့တယ်..။သူတို့သွားနေတဲ့ နေရာက လုံခြုံရေး တင်းကြပ်ပြီး သာမန်လူတွေ ဝင်လို့မရတဲ့ နေရာ ဆိုတာ သူ သတိထားမိလိုက်ပါတယ်..။

ငါ ဘာလုပ်မိလို့လဲကွာ.....

ဝင်ပေါက်တွင်...

"ကျေးဇူးပြုပြီး ဝင်ခဲ့ပါ.."

ဝင်ပေါက်ကို စောင့်နေတဲ့ လူဟာ ပြောလိုက်တာပါ ..။

ကျန်းလောင် ခေါင်းညိမ့်ပြီး အထဲဝင်သွားလိုက်တယ်..။

ကျန်းဟိုင်ဖန်း ..ဒီလူကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်ပြီး..

"ခင်ဗျားက..ဝီချပ်ရဲ့..အရေးပါတဲ့ ပုဂ္ဂိုလ် ကျန်းလောင် ဖြစ်မယ်.."

"ဟုတ်ပါတယ်..ခင်ဗျားက.."

ကျန်းလောင် ကျန်းဟိုင်ဖန်းကို နားမလည်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သု့အကြည့်က..ကျန်းကျောင်ရှန်း အပေါ်ရောက်သွားတဲ့ အချိန်မှာတော့ အမူအရာ လုံးဝ ပြောင်းသွားခဲ့ပါပြီ..။

ဒီလူက..သူတို့ရဲ့ ဝီချပ်သတင်း တွေမှာ မကြာခန ပါဝင်လေ့ ရှိတဲ့ လူတစ်ယောက်ပါ..။သူက..ဘေဂျင်းမှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်သုံးယောက်ထဲက တစ်ဦးပါပဲ..။

ဒီလို ပုဂ္ဂိုလ်ကို သူ့မျက်စိရှေ့မှာ မြင်ရတဲ့ အချိန်မှာ ကျန်းလောင် ..နှလုံးခုန်မြန်သွားခဲ့တယ်..။

ဒါ.. ဒါက

အခုအချိန်မှာ ကျန်းလောင် အသက်တောင် မရူရဲတော့ပါဘူး..။သူ့ရဲ့ ဒူးတွေဟာလည်း တဆတ်ဆတ် တုန်ရီ လာခဲ့ပြီး...

"ကျွန်...ကျွန်တော် ..ဘာ...ဘာအမှားလုပ်မိ လို့လဲ..."

All Chapters