ကျုပ်ကို မခြောက်လှန့်ပါနဲ့...
Vol. 34 Ch. 496
#ဘာသာပြန် = စနိုးဝှိုက်
ကျန်းလောင် အခုအတော်ကို ကြောက်ရွံ့နေပါပြီ..။အစကတော့ သူ့ စိတ်ထဲမှာ သိချင်စိတ်သာ ဖြစ်နေပေမယ့် အခုတော့..ဒီလူကြီးကို မြင်လိုက်တဲ့ အချိန်မှာ နှလံူး ခုန်သံတွေ မြနိလာခဲ့ပါတယ်..။
သူက..ဝီချပ် ကုမ္ပဏီ ရဲ့ တာဝန် ရှိသူ တစ်ယောက်ပါ..။ဒါက အတော်အဆင့်အတန်းမြင့်ပြီး တစ်ခြား လူတွေရဲ့ မျက်လုံးထဲမှာ ဆိုရင် သူက အောင်မြင် နေတဲ့ လူတစ်ယောက်ပါပဲ..။သို့ပေမယ့် ..ဒီလူကြီးရဲ့ ရှေ့ကို ရောက်သွားပြီ ဆိုရင် တော့ သူ့အဆင့်က ဘာမှ မဟုတ်တော့ပေ။
အဲ့အချိန်မှာတော့..ကျန်းလောင် ရဲ့ စိတ်ထဲမှာ အတွေးတွေ ရုှပ်ထွေး နေခဲ့ပါတယ်..။
ဝီချပ် က သတင်းတွေက..မမှန်ပဲနဲ့ ဒီလူကြီးကို ထိခိုက်သွားစေလို့လား....
သူက ငါ့ကို ဒီခေါ်လာပြီး...လက်စဖျောက် ချင်တာလား...
ချီးပဲ...
ကျန်းလောင် သူ့ရဲ့ သတင်းတင်ဆက်သူ တွေကို အဓိပ္ပါယ် မရှိတာတွေ မရေးဖို့ အမြဲတမ်း ဆံူးမ နေခဲ့တဲ့ လူတစ်ယောက်ပါ..။ပြီးတော့ ပုဂ္ဂိုလ် ရေး အမြင်တွေလည်း သတင်းထဲမှာ သွားထည့်လို့ မရပါဘူး..။
အခု တစ်ခုခု ဖြစ်လာပြီ ဆိုတော့..နောက်ဆက်တွဲတွေကို ခေါင်းခံရမယ့် လူက..သူ ပဲ ရှိပါတယ်..။သူသာ ဒီနေရာကနေ..အသက်ရှင်လျက် ပြန်ထွက် နိုင်တယ် ဆိုရင်..သတင်းတင်ဆက်သူ တွေနဲ့ ဒီကိစ္စကို သေချာ ဖြေရှင်းရဦးမှာပါ..။
ကျန်းဟိုင်ဖန် ကျန်းလောင်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး
"ခင်ဗျား ဘာအမှားမှ မလုပ်ထားပါဘူး..ဒါပေမဲ့ ခင်ဗျား နဲ့ ပတ်သက်ပြီး ကိစ္စကြီး တစ်ခုရှိနေလို့..."
ကျန်းလောင် ကြောက်ရွံ့သွားခဲ့တယ်..။
ငါ ဘာအမှားမှ မလုပ်ပေမယ့်..ငါနဲ့ ပတ်သက်တဲ့ ကိစ္စကြီး တစ်ခု ရှိနေတာလား....
ချီးပဲ.. ငါက ဒီတိုင်း ဆော့ဝဲ တီထွင်တဲ့ လူတစ်ယောက် သာသာပဲလေ...စစ်တပ်နဲ့ ဘယ်လိုလုပ်ဆက်နွယ်နိုင်မှာလဲ...
သူ ဒိီအိမ်ထဲကို ဝင်ကတည်းက..ဒီမှာ ရှိတဲ့ လုံခြုံရေး တွေ အကုန်လုံး သေနတ်တွေ ကိုင်ထားကြတာကို..သတိထားမိခဲ့ပါတယ်..။ယင်းနောက်..သူ တုန်တုန် ရီရီ နဲ့ ပြောလိုက်တယ်..
"ဆျာ..ကျွန်တော် အမှားကို ဝန်ခံပါတယ်..။ဝီချပ်က ..ထုတ်ပြန်တဲ့ သတင်းတွေထဲက တစ်ချို့က..တကယ်ကို ချဲကားထားတာ တွေ ပါဝင်နေတာပါ..။ကျွန်တော် ပြန်ရောက်..ရင် သူတို့ကို ကျိန်းသေ အပြစ်ပေး လိုက်ပါ့မယ်..။ကျွန်တော် ကတိ ပေးပါတယ်...ကျိန်လည်း ကျိန်ဆိုပါတယ်.."
"အကြီးအကဲ ကျန်း..ခင်ဗျား ဘာတွေ ပြောနေတာလဲ..."
ကျန်းဟိုင်ဖန်း ရယ်ချင်စိတ်ကို မနည်းထိန်းထားခဲ့ရပါတယ်..။ယင်းနောက်..သူ..ခေါင်းခါယမ်း လိုက်ပြီး..
"ကျုပ်ခင်ဗျားကို..တစ်ယောက်ယောက် နဲ့..ဖုန်းခေါ်ပေး မလို့..။ပြိီးတာနဲ့ ဘာတွေ ဖြစ်နေတာလဲ ဆိုတာသိလိမ့်မယ်.."
ကျန်းလောင် ဘာတွေ ဖြစ်နေလဲ နားမလည်နိုင်ခင်မှာပဲ..ကျန်းဟိုင်ဖန်း ဖုန်းခေါ်လိုကိပါတယ်..။
လင်းဖန် တစိချိန်လုံး စောင့်နေတာ ဖြစ်ပြီး ဖုန်းဝင်လာတာနဲ့ တန်းကိုင်လိုကိတယ်..။
"မာစတာ လင်း..ကျွန်တော် သူ့ကို..ခေါ်လာပြီးပြီ..။မာစတာ လင်း သူ့ကို တစ်ခုခု ပြောစရာ ရှိတယ် မလား..။ကျွန်တော် သူ့ကို ဖုန်းပေးလိုက်မယ် နော်.."
ကျန်းဟိုင်ဖန်း ဖုန်းကို ကျန်းလောင် ဆီ ပေးလိုက်ပါတယ်..။
ကျန်းလောင် ကျန်းဟိုင်ဖန်းကို..ကြောက်လန့်စွာ ကြည့်လိုက်တယ်..။ယင်းနောက် သူ ဖုန်းကို ယူလိုကိပြီး အားနည်းစွာ နဲ့...
"ဟဲလို..."
ဖုန်းထဲတွင်..။
လငိးဖန် အပြုံးလေးနဲ့ ပြောလိုက်တယ်..။
"အနှောက်မယှက် ပေးမိတဲ့ အတွက် တောင်းပန်ပါတယ် အကြီးအကဲ ကျန်း..။ကျွန်တော်က ရှန်ဟိုင်းက မာစတာ လင်း ပါ..။ခင်ဗျားကို ဒီကို ခေါ်လာတာတော့ နည်းနည်း ကြောက်ဖို့ ကောင်းနေလိမ့်မယ်..ဒါပေမဲ့..ကျုပ် ခင်ဗျားကို..ပြောစရာ ရှိတယ်..။ဟဲလို..ကြားရလား..."
ကျန်းလောင် ချက်ချင်း ခေါင်းညိမ့်လိုကိတယ်..။
"ကြား ကြားပါတယ် မာစတာ လင်း..။ကျေးဇူးပြုပြှီး ပြောပါ..ကျွန်တော် နားထောင် နေပါတယ်..."
သူ့ရဲ့ စိတ်တွေဟာ ရှုပ်ထွေးနေခဲ့ပါတယ်..။မာစတာ လငိးက ဘယ်သူလဲ သူ မသိပါဘူး ..သို့ပေမယ့် ဒီလို မိသားစု နဲ့ ရင်းနှီးတယ် ဆိုမှတော့ ဒီလူလဲ သာမန်လူ မဟုတ်လောက်ပါဘူး..။
လင်းဖန် ထပ်ပြောလိုက်တယ်..။
"ပြသနာက ဒီလို ပါ..။ကျွန်တော်က လတ်တလောမှာ..ရှန်ဟိုင်းရဲ့ ကလေး ဂေဟာ တစ်ခုကို..လက်လွှဲယူထားတယ်..။အခု..ကလေးတွေ ကျောင်းတက် ဖို့ နီးလာပြီ ဆိုတော့ ဘားဂျက် ပိုက်ဆံက မလုံလောက် ဘူးလေ..။ကျွန်တော်က အစိုးရ ဆီကိုလည်း အကူညီ မတောင်းချင်ဘူး..ကိုယ့်အားကို ပဲ ကိူးချင်တာ..။ဒါကြောင့်...ကျွန်တော် ကလေးတွေရဲ့ အနုပညာကို ပြသဖို့ ခင်ဗျားရဲ့ ပလက်ဖောင်း တစ်ခုကို ခနလောက် ငှားချင်လို့..။ဒါပေါ့..ကျွန်တော်က ဒီအကြောင်းတွေကို သိပ်မသိဘူးလေ..ဒီတော့ ခင်ဗျားအချိန်ရရင် ကျွန်တော်နဲ့ ဆွေးနွေးဖို့ လူတစ်ချို့ လွှတ်ပေးပါလား..။ခင်ဗျားတို့ အချိန်မရှိဘူးဆိုရင် လည်း ကျွန်တော် ကိုယ်တိုင်လာခဲ့ပါ့မယ်.."
ကျန်းလောင် တစ်ချိန်လုံး ကြောက်ရွံ့နေခဲ့တာပါ..။လင်းဖန် ပြောလိုက်တဲ့ အချိန်မှာ..စကားလုံး တစ်လုံး စီတိုင်းက..သူ့ရဲ့ မှတ်ဥာဏ်ထဲ ဝင်ရောက်သွားခဲ့ပါတယ်...။
သို့ပေမယ့် စီးပွားရေး က စီးပွားရေးပါပဲ..။လင်းဖန် ဆိုလိုချင်တာ အကုန်လုံးကို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် အနေ နဲ့ သူ..နားလည်ပါတယ်..။
"မာစတာ လင်း..ခင်ဗျား ပြောတာ အကုန်လုံးကို ကျွန်တော် နားလည်ပါတယ်..။ကျွန်တော် ပြန်ရောက်တာနဲ့ မာစတာ လင်းနဲ့ ဆွေးနွေးဖို့ လူတွေ ချက်ချင်းပို့လိုက်ပါ့မယ်..။မဟုတ်ဘူး..ကျွန်တော် ကိုယ်တိုင် လာခဲ့ပါ့မယ်..။ဒီကိစ္စ အတွက် စိတ်မပူပါနဲ့ ကျွန်တော် အကောင်းဆုံး..ပံ့ပိုးပေးမှာပါ.."
ကျန်းလောင် ပြောလိုက်တာပါ. ။
လင်းဖန် ပြုံးလိုက်ပြီး..
"ကျေးဇူး အများကြီး တင်ပါတယ် အကြီးအကဲ ကျန်း..."
"ကျေးဇူး တင်ဖို့မလိုပါဘူး.."
ကျန်းလောင် နောက်ဆုံးမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။အစက ဆိုရင် သူ ကြောက်ရွံ့လို့သေတောင် သေတော့မှာပါ..။မသိရင် သူက ပြစ်မူ တစိခုခု ကျူးလွနိထားတဲ့ လူတစ်ယောက်လိုပါပဲ..။
ကျန်းကျောင်ရှန်း ဖုန်းကို ယူလိုက်ပြီး..
"အကြီးအကဲ လင်း. ဘေးဂျင်းကို ဘယ်တော့လောက် ပြန်လာမလဲ..။ကျွန်တော် တကယ် သတိရနေပြီ.."
သူတို့နှစ်ယောကိ စကား ပြောနေတာကို ကြားပြီး..ကျန်းလောင်..အံ့ဩသွားခဲ့ပါတယ်..။
လူအိုကြီးက ..မာစတာ လင်းကို အကြီးအကဲ လင်းလို့ ခေါ်လိုက်တာပါ..။
သူတို့ နှစ်ယောက်က ဒီလောက်တောင် နီးစပ်လို့လား...
ကျန်းဟိုင်ဖန်း ပြောလို်က်တယ်..။
"အကြှီးအကဲ ကျန်း..ကျွန်တော် ခင်ဗျားကို လိုက်ပို့ဖို့ တစ်ယောက်ယောက် ထည့်ပေးလိုက်မယ်လေ.."
ကျန်းလောင် ဒီမှာဆက်ပြီးရှိနေရင် ဖိအား တွေကိုပဲ ခံစားနေရပါတယ်..။သူ နည်းနည်းလောက်တောင်..စိတ်သက်သာရာ မရပါဘူး..။သူ ဖုန်းထဲမှာ ပြောခဲ့တဲ့ အရာရာတိုင်းကို မှတ်မိပြီး ဒီက ပြန်ရောက်တာနဲ့ လေယာဥ္လက်မှတ် တန်းဖြတ်မှာပါ..။
ဒီကိစ္စကို သူ့လက်အောက် ငယ်သားတွေနဲ့ ..လွှဲထားလို့ ရပေမယ့် သူ ဒီလို လုပ်မှာ မဟုတ်ပါဘူး..။အခုချိန်မှာ သူ့ကိုယ်သူကလွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်နိုင်ပေ..။တကယ်လို့ တစ်ယောက်ယောက်ကသာ..အမှားအယွင်းလုပ်မိရင်..သူတို့ရဲ့ အဆုံးသတ်က..ဆိုးရွားသွားနိုင်ပါတယ်..။
"ကျွန်တော်ကိုယ့်ဟာကို ပြန်လိုက်ပါ့မယ်.."
ကျန်းလောင် ပြောလိုက်တာပါ..။သူ့ကို တစ်ယောက် ယောက် လိုက်ပို့ရင်လည်း..ရင်တထိပ်ထိပ် ဖြစ်နေရဦးမှာပါ..။ဒါကြောင့် သူ တက္ကစီ ငှားပြီး ပြန်လိုက်တာပဲ ကောင်းပါတယ်..။
ကျန်းဟိုင်းဖန်း ရယ်မောလိုက်တယ်..။ဒီပတ်ဝန်းကျင်က မိုင် အနည်းငယ် အတွင်းမှာ..ဘယ်ကားမှ ဖြတ်သွားဖြတ်လာခွင့် မရှိကြပါဘူး..။ခွင့်ပြုချက် မရှိပဲနဲ့..ဒီလူ ကိုယ့်ဟာကို ပြန်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာပါ..။
…
ဝီချပ် နည်းပညာ ကုမ္ပဏီ ၏ အောက်တွင်..ကျန်းလောင်..စစ်တပ် ကားပေါ်ကနေ ဆင်းလိုက်တယ်..။ယင်းနောက်..သူ မတ်တပ်ရပ်ပြီး အနည်းငယ် ကြောင်အနေခဲ့ပါတယ်..။
သူ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာ..ဖုန်းကို ထုတ်ပြီး..လေယာဥ္လက်မှတ်ကို ဖြတ်လိုက်ပါတယ်..။
ဒီကိစ္စက အရေးကြီးတာကြောင့် မြန်မြနိ မဖြေရှင်း ပြီးရင်..သူ စိတ်သက်သာရာ ရမှာ မဟုတ်ပါဘူး..။
နန်ရှမ်း ကလေးထိန်း ဂေဟာ တွင်..။
လင်းဖန် ဖုန်းကို ကိုင်ထားခဲ့တယ်..။သူ့ရဲ့ စိတ်ထဲမှာတော့ တကယ် ကျေနပ်နေခဲ့ပါတယ်..။ဝီချပ်ရဲ့ ပေါ်ပြုလာ ဖြစ်မူ နဲ့ ဆိုရင်..သူ့ရဲ့ အစီစဥ်က အကောင်းမွန်ဆုံး ဖြစ်လာတော့မှာပါ..။
ပုံဆွဲသည့် အခန်းမှာတော့..ကလေးတွေ ပျော်ရွှင်စွာ ပန်ချီ ဆွဲနေခဲ့ကြပါတယ်..။
လင်းဖန် ဟန်လု ရဲ့ ဘေးနားကို လျောက်လာခဲ့ပြီး..
"ခနနေရင်..ကလေးတွေ ဆွဲထားတဲ့ ပန်ချီတွေ အကုန်လုံးကို သိမ်းထားလိုက်..။အဲတာတွေက..ကလေးတွေ ကျောင်းတက်မယ့် စားရိတ် ဖြစ်လာလိမ့်မယ်.."
ဟန်လု အံ့ဩသွားခဲ့ပြီး..
"မာစတာ လင်း..ဒီဟာတွေကနေ ပိုက်ဆံ ဝင်ဖို့က ဖြစ်နိုင်လို့လား..."
သူ မာစတာ လင်းကို မယုံကြည်လို့ မဟုတ်ပေမယ့် ဒီ ပနိချီကားတွေက တကယ်ကို ကြည့်ရဆိုးတာပါ..။ဒီ ပန်ချီကားတွေမှာ ကလေးတွေရဲ့ ထူးဆန်းတဲ့ အတွေးအခေါ်တွေ ပါဝင်နေခဲ့ပါတယ်..။
သူ ကလေးတွေ ကို ဘာပုံဆွဲထားတာလဲ လိူ့ မေးရင် တစ်ချို့အချိန်တွေမှာ ကလေးတွေဟာ သူတို့ပုံတွေကိုတောင် သူတို့ အတိအကျ မပြောနိုင်ပါဘူး..။
လင်းဖန် ပြုံးလိုက်ပြီး...
"မင်း သူတို့ကို ယုံကြည်မှ ရမယ်.."
တိမ်ဖြူလမ်း..။
နောက်ကျော ကြေးတွန်း တဲ့..အသိပညာက လင်းဖန် ရဲ့ ကြိုးစားမူကို စိန်ခေါ် နေသလိုပါပဲ..။လူသိများ ကျော်ကြားတဲ့..မာစတာ လင်း ဖြစ်လာရမှာပဲ..။
သို့ပေမယ့် ဒီမစ်ရှင်ပြီး မြောက်ဖို့က အရမ်းကြီး မခက်ခဲနိုင်ပေ..။သူ အချိန်တစ်ခုကို စောင့်ဖို့ပဲ လိုအပ်ပါတယ်..။
ရေချိုးသည့်နေရာတွင်..။
အခုအချိန်မှာ နောက်ကျော ကြေးတွန်းတဲ့ အလုပ်သမား တွေဟာ သိပ်အလုပ်မများ ကြပါဘူး..။ဒီနေ့ စီးပွားရေးက မနေ့ကလောက် သိပ်မကောင်းပေ..။သူတို့ လင်းဖန် ဘေးနားကို လာခဲ့ကြပြီး...
"သူဌေးလေး..ခင်ဗျားရဲ့..နောက်ကျော ကြေးတွန်းတဲ့..ပညာက တကယ်ကောင်းမွန်ပါလား.."
လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တယ်..။
"ဒါပေါ့..ခင်ဗျားတို့ သင်ချင်တယ် ဆိုရင် ကျုပ်သင်ပေးလို့ရတယ်နော်..."
မစ်ရှင်လုက်နေတုန်း စွယ်စုံ အမှတ်တွေ စုဆောင်းဖို့ကိုတော့ လင်းဖန် ဘယ်တော့မှ မမေ့ပါဘူး..။သူ့မ ှာစွယ်စုံ အမှတ် အတော် အသင့်ရှိပေမယ့်..လုံလောက်တယ်လို့ မဆိုနိုင်သေးပေ..။
ဒီ အလုပ်သမား သုံးယောက်လုံးက..ဒီ ရေချိူးစင်တာကပါ..။သူတို့မှာ စွယ်စုံကျမ်းရဲ့ အကူအညီ မရှိပေမယ့်လည်း..နည်းစနစ် တစ်ချို့ကိုတော့ သင်ယူနိုင်ပါသေးတယ်..။
လူမရှိတဲ့ အချိန်တွေမှာ..လင်းဖန် ဘယ်လို တိုက်ရင် သင်သောင့်သက်သာ ဖြစ်မလဲ ဆိုတဲ့ နည်းစနစ် တွေကို သင်ကြားပေးနေခဲ့ပါတယ်..။ဝန်ဆောငိမူ အပိုင်းနဲ့ ကျွမ်းကျင်မူ အပိုင်းကလည်း တကယ် အရေးပါတဲ့ အရာတွေပါ..။
တစ်ခုခုကို လုပ်တော့မယ် ဆိုရင် ဖြစ်မြောက်အေူင်လုပ်တာက အကောင်းဆံူးပါပဲ...။
နောက်တစ်ရက်..။
လင်းဖန် ကျန်းလောင် ဆီက ဖုန်းခေါ်ဆိုမူကို ရလိုက်ပါတယ်..။ဝီချပ်ရဲ့ တာဝန်ရှ်ိသူ တစ်ယောက်က ကိုယ်တိုင်ရောက်လာလိမ့်မယ် လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။သို့ပေမယ့်..သူ အကြီးအကဲ ကျန်းရဲ့ အဆင့်အတန်းကို တွေးမိတဲ့ အချိန်မှာ သိပ်ပြီးတော့ မအံ့ဩတော့ပေ..။