ပြီးပြည့်စုံတဲ့ အစီစဥ္
Vol. 34 Ch. 497
#ဘာသာပြန် = စနိုးဝှိုက်
ကျန်းလောင်ဟာ...ဝီချပ်ရဲ့ နည်းပညာ..အဖွဲ့အစည်းနဲ့ အတူ...နန်ရှမ်း ဂေဟာ ရဲ့ ဝင်ပေါက်မှာ စောင့်နေခဲ့ပါတယ်..။
ဒါရိုက်တာ ဟောင် ဟာ..သူတို့ရဲ့ ဘေးမှာ ရှိနေခဲ့တယ်.။အခုအချိန်အထိ မာစတာ လင်း ဘာတွေ လုပ်နေလဲ ဆိုတာ သူမ နားမလည်သေးပါဘူး..။
ကလေးတွေ အတွက် ကျောင်းတက်ဖို့ ကုန်ကျစရိတ် တွေက..ဝီချပ် နဲ့ ဘာဆိုင်လို့လဲ...
မာစီးတီး ကားလေးဟာ ရောက်လာခဲ့တယ်..။
လင်းဖန် ကျန်းလောင် နဲ့ ကျန်တဲ့ လူတွေကို မြင်တဲ့ အချိန်မှာ လက်ဝေ့ယမ်းပြလိုက်ပါတယ်..။
"အကြီးအကဲ ကျန်း..."
ကျန်းလောင်ဟာ..လင်းဖန် အကြောင်းကို ..ရှာဖွေထားပြီး..သူတွေ့တဲ့ မာစတာ လင်းက ..အဲဒီ မာစတာ လငိးမှန်း သိတဲ့ အချိန်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့ပါတယ်..။ဒီမာစတာ လင်းက..အင်တာနက် ပေါ်မှာ ရေပန်းစားနေတဲ့..နတ်ဆေးဆရာ လေးပါ..။
သူ့ရဲ့ ပန်ကိတ်နဲ့ တစ်ခြား ကျွမ်းကျင် မူတွေကလည်း အံ့ဩစရာပါပဲ..။
"တွေ့ရတာ ဝမ်းသာ ပါတယ် မာစတာ လင်း.."
ကျန်းလောင် ရှေ့ကို တက်ပြီး လက်ဆွဲ နှုတ်ဆက်လိုက်တာပါ..။ဒါက သူတို့ ပထမ ဆုံး လူချင်းတွေ့ဖူးတာပါပဲ..။ဝီချပ်ရဲ့ တာဝန်ရှိသူ တစ်ယောကိ အနေနဲ့ သူ မဟုတ်တာ မလုပ်ထားရင် ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်တတ်ပါဘူး..။သို့ပေမယ့် ဒီမာစတာ လင်းက..တကယ် ဒဏ္ဌာရီ ပုဂ္ဂိုလ် တစ်ယောက်လို ဖြစ်နေပြီး သူ့စိတ်ထဲမှာ သိချင်နေခဲ့ပါတယ်..။
လငိးဖန် ယဥ်ကျေးစွာ ပြောလိုက်တယ်..။
"ခင်ဗျားတို့ ဒီကို လာရအောငိ အနှောက်မယှက် ပေးမိပြီ..။လာ..အထဲဝင်ကြပါဦး..."
"အရမ်းယဥိးကျေးတာပဲ..မာစတာ လင်း.."
ကျန်းလောင် ပြောလိုက်တာပါ..။တစ်ခြား နည်းပညာ ရှင်တွေဟာ လည်း ခေါင်းညိမ့်ပြီး နန်ရှမ်း ဂေဟာ ထဲဝင်လိုက်ကြတယ်..။
လင်းဖန် ရှေ့ကို ညွှန်ပြလိုက်ပြီး..
"ဒီ နန်ရှမ်း ကလေး ဂေဟာမှာ..ကလေးအများစုက တစ်ချိန်တုန်းက လူကုန်ကူးတဲ့ လူတွေ လက်ထဲမှာ ရှိခဲ့ကြတာလေ..။တစ်ချို့က အသက်အရမ်း မငယ် ကြတော့ဘူး ဆိုတော့..သူတို့..ပညာတွေ သင်ကြားဖို့ လိူအပ်လာပြီ..။ဒါပေမဲ့ ကလေး အရေအတွကိက အရမ်းများတော့ သူတို့အကုန်လုံးကို ကျောင်းပို့ဖို့က မဖြစ်နိုင်ဘူးလေ..။ဒါကြောင့် ကျွန်တော်တို့..ကိုယ့်ဟာကို မှီခိုပြီး ကလေးတွေ စာသင်ဖို့ ဒီမှာပဲ ကျောင်းတစ်ကျောင်း အဖြစ် ပြင်ဆင်မယ် လို့ ဆုံးဖြတ်ချက်ချထားတယ်..။ဒါပေါ့..လိူအပ်တဲ့ ငွေကြေး ပမာဏ က မနည်းဘူးလေ..။ဒါကြောင့် အခုလို အကြီးအကဲ ကျန်းရဲ့ အကူညီကို တောင်းရတာ..."
ကျန်းလောင် လင်းဖန် ပြောနေတာကို ကြားမဖြတ်ပဲ ဆက်တိုက် ခေါင်းညိမ့်နေခဲ့ပါတယ်..။သူ အကုန်ကြားတဲ့ အချိန်မှာ..သက်ပြင်းချလိုက်ပြီး..
"မာစတာ လင်း တကယ် ဝန်ခံပါတယ်..။မာစတာ လင်းက တကယ်ကို လူကောင်းတစ်ယောက်ပဲ..။ဒီကလေးတွေက..တကယ် သနားဖို့ကောင်းတယ်လေ..။မာစတာ လင်းက ဝီချပ်ကို..မျှော်လင့်ချက်ကြီးတယ် ဆိုမှတော့..ကျွန်တော်တို့ အကောင်းဆုံး ကူညီပေးပါ့မယ်.."
"ဟားဟား..."
လငိးဖန် ရယ်လိုက်တယ်..။
"အကြီးအကဲ ကျန်း နောက်ကလိုက်ခဲ့ပါ.."
လျင်မြန်စွာပဲ..သူတို့ ပန်ချီဆွဲခန်းထဲကို ရောက်သွားခဲ့ကြပါတယ်..။
ကလေးတွေရဲ့ ရယ်မောသံ တွေကို လူတိုင်း ကြားနေခဲ့ရတယ်..။
လင်းဖန် ကလေးတွေရဲ့ ပန်ချီလက်ရာ တွေဆီကို ဦးတည်သွားလိုက်ပြီး...
"ကျွန်တော် ရဲ့ အစီစဥ္က ..ကလေးတွေရဲ့ ပနိချီ လက်ရာတွေကို..အကြီးအကဲ ကျန်းရဲ့..ပလက်ဖောင်းမှာ တင်ပြီး လေလံဆွဲခိုင်းဖို့ပဲ..။လုပ်ရိုးလုပိစဥ် နည်းလမ်း တွေကို တော့ အကြီးအကဲ ကျန်း ကျေးဇူးပြုပြီး ကူညီပေးပါဦး.."
ကျန်းလောင်ဟာ..တိတ်ဆိတ်သွားပြီး..ဘယ်လိုလုပ်ရင် ..သင်တော်မလဲ ဆိုတာကို တွေးတော နေခဲ့ပါတယ်..။အဲ့အချိန်မှာပဲ တစ်ခြား နည်းပညာ ရှငိတွေလည်း တွေးနေခဲ့တယ်..။
ပညာရှင်တွေ ထဲက တစ်ယောက်ဟာ ပြောလိုက်တယ်..။
"အကြီးအကဲ ကျန်း..ကျွန်တော်ကို ကလေးတွေရဲ့ ပန်ချီလက်ရာတွေကို စကန်ဖတ် ပြီး အီမိုဂျီ ပတ်ကေ့ လုပ်ကြမယ်လေ..။ပြီးမှ သုံးစွဲခကို ကောက်ခံကြမယ်..အဲတာ ဘယ်လိုထင်လဲ.."
"ငါတော့ ဒါက ဖြစ်နိုင်မယ် မထင်ဘူး..။ဒိီနည်းလမ်းက..ဒီလို..အနုပညာ တွေ အတွက် မသင့်တော်ဘူး..။ဒါပေမဲ့..ကလေးတွေ အတွက်ဆိုတော့ ငါတို့ရဲ့ ပလက်ဖောင်းကို သုံးပေးရမှာပဲလေ..။ဒီနေ့ခေတ် လူတွေ က အရမ်းကြင်နာ တတ်ပြီး..ကူညီတတ်လာကြပြီ.."
ကျန်းလောင် သဘော တူစွာ ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက်..သူ ကြည့်လိုက်ပြီး..
"ဒီလို လုပ်မယ် ဆိုရင်ရော ဘယ်လိုလဲ..။ကျွန်တော် တို့ဒီပန်ချီ ကားတွေကို စကန်ဖတ်ပြီး..ပြင်ဆင်သင့်တာတွေကို ပြင်ဆင်လိုက်မယ်..။ပြီးရင် ကျွန်တော်တို့...ပလက်ဖောင်းပေါ်တင်ပြီး ပရဟိတ အနေနဲ့ တစ်ခုကို တစ်ဒေါ်လာ နဲ့ရောင်းချမယ်လေ..။ဒီပန်ချီကားတွေက..လက်ရာမြောက်တဲ့ အနုပညာတွေ မဟုတ်သေးပေမယ့် ..ဖုန်းစခရင် တွေမှာ ပုံတင်ထားဖို့ တော့ သင့်တော်မှာပါ.."
"တစ်ဒေါ်လာ ဆိုတာက မများပါဘူး..။ကျွန်တော် တို့ တစ်ဒေါ်လာ စီ နဲ့ ရောင်းနိုင်ရင် ရလာဒ်ကအတော် ကောင်းမွန်လိမ့်မယ်.."
နည်းပညာ အဖွဲ့ကလည်း အကြီးအကဲ ကျန်းရဲ့ အစီအစဥ္ကို အသိအမှတ်ပြု လိုက်ကြပါတယ်...။ဒီတစ်ခုက သူတို့ရဲ့ နောက်ဆုံး အဖြေ ဖြစ်သင့်တာပါ..။
"အကြီးအကဲ ကျန်း..ဒါက အကြံဥာဏ်ကောင်းပဲနော်.."
"တစ်ဒေါ်လာ ဆိုတာက ဘာမှ မဟုတ်ပါဘူး..။ဝီချပ်ကို အသုံးပြုကြတဲ့ လူတိုင်း ဒီလောက် တော့ တတ်နိုင်ကြမှာပါ.."
"ထပ်ပြောရရင် ဒါက မသန်စွမ်း ကလေးတွေကို ကူညီပေးတာ လေ..။ဒါက တကယ်ကို ပရဟိတ တစ်ခုပဲ..။ကျိန်းသေ အလုပ်ဖြစ်လိမ့်မယ်.."
လင်းဖန် ဘာတစ်ခုမှ ဝင်မပြောခဲ့ပေ..။ဒီလို ကိစ္စမျိုးဆိုတာက ပရော်ဖက်ရှင်နယ် တွေကို အပ်ထားရင် အကောငိးဆုံးပါပဲ..။ယင်းနောက် သူပြောလိုက်တယိ..။
"အကြီးအကဲ ကျန်း..ကျွန်တော်တို့ အကျိူးအမြတ်ကို ဘယ်လို ခွဲသင့်တယ် လို့ထင်လဲ.."
ဒီ ကမ္ဘာကြီးမှာ အခမဲ့ ဆိုတာ ဘယ်အရာမှ မရှိပါဘူး..။လင်းဖန် အကြီးအကဲ ကျန်းရဲ့ အဆက်အသွယ်နဲ့ ကျန်းလောင်ကို ဒီနေရာ ခေါ်နိုင်ခဲ့ပေမယ့်..ဒါက ကျန်းလောင် သူ့အတွက် အခမဲ့ လုပ်ပေးမယ် လို့ မဆိုလိုပေ..။
ကျန်းလောင် ဒါကို ကြားတဲ့ အချိန်မှာ အမြန်လက်ဝေ့ယမ်း လိုက်ပြီး..
"မာစတာ လင်းက ကျွန်တော်တို့ကို အထင်သေးနေတာပဲ..။ကျွန်တော်တို့က စီးပွားရေး ကုမ္ပဏီ တစ်ခုဖြစ်ပေမယ့်လည်း..ပရဟိတ ဆိုရင် တတ်နိုင်သလောက် ကူညီပံ့ဖိုး ပေးမှာပါ..။တကယ်လို့ ကျွန်တော် တို့ အကျိုးအမြတ်ခွဲယူမိလို့ လူထုဆီပေါက်ကြားသွားရင် သေအောင် အပြစ်တင် ခံရလိမ့်မယ်.."
ဒါက ဘယ်လိုဟာသ မျိုးလဲ...
တကယ်လို့..သူသာ..အကျိုးအမြတ်ယူမိရင်..လူထုက အပြစ်တင်တာကို ခံရမှာတင် မကပဲ..စစ်သားမြင်တိုင်း ကြောက်လန့်နေရ တော့မှာပါ..။
တကယ်လို့..အကြီးအကဲ ကျန်း ကသာ..သူတို့ကို အပြစ်ပေးချင်တယ် ဆိုရင် သူလုပ်လို့ရတဲ့ နည်းလမ်းတွေက အများကြီးပါပဲ..။
လငိးဖန် ခေါင်းညိမ့်လိုက်ပြီး..
"ဒါဆိုလည်း ကျေးဇူး အများကြီး တင်ပါတယ်.."
ကျန်းလောင် အပြုံးလေးနဲ့ ပြောလိုက်တယ်..။
"လူတိုင်းက တတ်နိုင်သလောက် ပရဟိတ လုပ်သင့်တယ်လေ..။ခနနေ ကျွန်တော် ကလေးတွေရဲ့ အနုပညာ တွေကို ဘေဂျင်းကို ယူသွားပြီး စကန်ဖတ် ကွန်ပြူတာ ထဲထည့်ဖို့ တစ်ယောက်ယောက်ကိုခိုင်းလိုကိပါ့မယ်..။ဒီကိစ္စတွေက အချိန်အနည်းငယ် ကြာနိုင်ပေမယ့် စိတ်မပူပါနဲ့..။ကျွန်တော် တစ်လနဲ့ အပြီး လုပ်ပေးပါ့မယ်"
"ကောငိးပါပြီ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။တစ်လက အနည်းငယ် ကြာပေမယ့်လည်း အနည်းဆုံးတော့ သူ ဒီကိစ္စကို ဖြေရှင်းပြီးသွားပါပြီ..။ကလေးတွေရဲ့ ပညာရေး က အဓိကပါပဲ..။လတ်တလောမှာ လိုအပ်တာတွေ အကုန်ပြည့်စုံနေပေမယ့်..ပညာရေးပဲလိုအပ်နေတာပါ..။
ကျန်းလောင် အလုပ်သမား တစ်ချို့ကို ပြောလိုက်တယ်..။
"ကလေးတွေရဲ့ ပန်ချီကားတွေကို သေချာ ထုတ်ပိုးလိုက်..။ဘာ အထိအခိုက်မှ မဖြစ်စေနဲ့ဦး.."
အခု အစီစဥ္က သတ်မှတ်ပြီးသွားပြီ ဆိုတော့..သူတို့ စတင်အကောင်အထည်ဖော်ဖို့ပဲ ကျန်ပါတော့တယ်...။
ကျန်းလောင်းက ဒီလောက် ကူညီပေးနေမှတော့..လင်းဖန် ယဥ်ယဥ္ကျေးကျေးပဲ ပြောလိုက်ပါတယ်..။
"အကြီးအကဲ ကျန်း..ကျွန်တော် နေ့လည်စာ နဲ့ ဧည့်ခံပါရစေ..။ဒီကိစ္စ တစ်ခုလုံး အတွက် ကျွန်တော် အကြီးအကဲ ကျန်းကိုပဲ ကျေးဇူးတင်ရမှာပါ.."
ကျန်းလောင် ပြုံးလိုက်ပြီး..
"မာစတာ လင်း..ကျွန်တော် လိုက်မစားတော့ ပါဘူး..။ဒီကိစ္စက အချိန်ဆွဲထားလို့ မကောင်းဘူးလေ..။ကျွန်တော် တို့ အစီစဥ္ အောင်မြင်ပြီးသွားမှ စားရင်လည်း နောက်မကျသေးပါဘူး.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကောင်းပါပြီ..အကြီးအကဲ ကျန်းကို တော့ အနှောက်ယှက် ပေးမိနေပြီထင်တယ်.."
ဟန်လုဟာ ဘေးနားမှ ကြည့်နေခဲ့တာပါ..။မာစတာ လင်းမှာ ဒီလို အကြံအစည် ရှိနေမယ် လို့ သူမထင်ထားခဲ့ပါဘူး..။
သို့ပေမယ့် သူ မာစတာ လင်းကို တကယ် လေးစားမိပါတယ်..။ဒီ အကြံအစည်က တကယ် အလုပ်ဖြစ်ခဲ့တာပါ..။
အကြီးအကဲ ကျန်း နဲ့ ကျန်တဲ့ လူတွေဟာ..ကလေးတွေရဲ့ နာမည်တွေကို စစ်တမ်း ကောက်ရပါသေးတယ်..။သူတို့ အနုပညာတွေကို ပြသတဲ့ အချိန်ကြရင်..ကလေးတွေရဲ့ နာမည်တွေနဲ့ သူတို့ ဖန်တီးမူတွေကို ယှဥ္ တွဲထားရမှာပါ..။
သူတို့ ညအချိန်အထိ အတူ အလုပ်လုပ်ခဲ့ကြတယ်..။
အရာရာ အားလုံးပြီးဆုံးသွားတဲ့ နောက်မှာ..ကျန်းလောင် နဲ့ သူ့လူတွေဟာ ရှန်ဟိုင်းမှာ မနေတော့ပဲ..ဘေဂျင်းကိုပဲ ညတွင်းချင်း ပြန်သွားခဲ့ကြပါတယ်..။
လငိးဖန် အစကတော့..ကိုယ်တိုင် အစားအသောက် ချက်ပြီး ဒီလူတွေကို ဧည့်ခံဖို့ စဥိးစားထားတာပါ..။သို့ပေမယ့် ဒီ ကျန်းလောင်ဟာ ဒီလောက်ထိ ပရော်ဖက်ရှင်နယ် ဆန်လိမ့်မယ် လိူ့ မထင်ထားခဲ့ပေ..။
လင်းဖန် ဒီလို သူဌေး မျိုးကို လက်မ ထောင်ပြချင်မိပါတယ်..။ဒါက အကြီးအကဲ ကျန်း ကြောင့် ဖြစ်လာတာ ဆိုပေမယ့်လည်း ကျန်းလောင်က ဒီအကြောင်းပြချက် တစ်ခုတည်းကြောင့် ဒီလောက်အထိ ကူညီတာ မဟုတ်လောက်ပါဘူး..။
တစ်ချက်ကြည့်ရုံနဲ့ အကြီးအကဲ ကျန်းက ရိုးသားတဲ့ လူတစ်ယောက်မှန်း သိနိုင်ပါတယ်..။
အခု သူတို့ရဲ့ ပြသနာက ပြေလည်သွားပြီ ဆိုတော့ သူလည်း စိတ်သက်သာရာ ရသွားခဲ့ပါပြီ..။
သို့ပေမယ့် သူ ကလေးတွေကို အားစိုက်ပြီး ပနိချီပညာ သင်ကြားပေးရဦးမှာပါ..။
ထပ်ပြောရရင် တရုတ်အနုပညာက သူတို့အတွက်..ကြီးမားတဲ့ အကူအညီ တွေ ဖြစ်လာနိုင်ပါတယ်.။ဒီကလေးတွေဟာ ကျော်ကြားတဲ့ ပန်ချီ ပညာရှင်ကြီး တွေ မဖြစ်လာနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး..။