← Chapters

အခမဲ့ တိုက်ချွတ်မူ..

Vol. 34 Ch. 498

အခမဲ့ တိုက်ချွတ်မူ..

Vol. 34 Ch. 498

#ဘာသာပြန် = စနိုးဝှိုက်

ရေချိုးစင်တာတွင်..။

လင်းဖန် စောင့်နေတာ အတော်ကြာပါပြီ..။ညတိုင်း သူ ရေချိုးစင်တာကို လာပြီး အလုပ်လုပ် ပေမယ့် မစ်ရှင်ကတော့ မပြည့်မြောက်သေးပါဘူး..။အခြေအနေကို ကြည့်ရတာတော့..သူတို့ရဲ့ ..

ပရိုမိုးရှင်းက မလုံလောက်သေးလို့ဖြစ်နိုင်ပါတယ်..။

"နောက်ကျော ကြေးတွန်းပေးတဲ့လူ ဘယ်မှာလဲ.."

အဲ့ တက်တူးတွေ အပြည့်ထိုးထားတဲ့ လူဝကြီး တစ်ယောက်ဟာ ရောက်လာခဲ့တယ်..။သူရဲ့ မျက်နှာဟာ နီရဲနေတဲ့ အတွက်..အနည်းငယ် မူးနေတယ် ဆိုတာ သိနိုင်ပါတယ်..။

"လာပါပြီ.."

လင်းဖန် အမြန်ပြောလိုက်တာပါ..။သူ့ဆီမှာ သင်ယူနေတဲ့..ဒီက ဝန်ထမ်း သုံးယောက် ဟာလည်း အနည်းငယ် တိုးတက်လာကြပါပြီ..။သူတို့က..လင်းဖန်ရဲ့ 1 ရာခိုင်နှုန်းလောက် မမှီကြသေးပေမယ့်..0.2 လောက်တော့ ရောက်နေပြီလို့ ပြောလိုရပါတယ်..။

သူတို့သာ သေချာ ကြိုးစားရင်..နောက်ကျော ကြေးတွန်းတဲ့ မာစတာ တွေဖြစ်လာနိုင်ပါတယ်..။

လူဝကြီးဟာ..တုံးလုံး လဲလိုက်ပြီး..အထက်ဆီး ဆန်စွာ ပြောလိုက်တယ်..။

"အမြန် ကြေးတွန်းပေးစမ်း..။ဒီမှာပြီးရင်..ငါ ရွှေရောင် ဖီးနစ် ရေချိုးစင်တာကို သွားပြီး..

ပြည့်တန်ဆာ တစ်ယောက်လောက်ရှာရဦးမယ်.."

ဒီလို တစ်စုံတစ်ယောက်က..ပြည့်တန်ဆာ ဆီသွားမှာကို ပွင့်ပွင့်လင်းလင်းပြောတာ ..လင်းဖန် ပထမဆုံး မြင်ဖူးတာပါ..။

သူစတင်ပြီး တိုက်ချွတ်ပေးလိုက်တယ်...။

"မင်းရဲ့ နည်းစနစ် တွေက..ကောင်းသားပဲ.."

လူဝကြီးဟာ မျက်လုံးကို မှတ်ပြီး ဇိမ်ခံနေခဲ့တယ်..။

လင်းဖန် ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်လက် တိုက်ချွတ်နေခဲ့ပါတယ်..။

သူ ဘယ်ဘက်ကို တိုက်ချွတ်တယ်..။

ညာဘက်..။

ရှေ့ဘက်..။

အနောက်ဘက်..။

အစက..ခံစားချက်မဲ့ နေတဲ့ လူဝကြီးရဲ့ မျက်နှာဟာ ရုတ်တရက်ပြောင်းလဲ သွားခဲ့တယ်..။သူ့ခန္တာကို

်ယ်ရဲ့ အဓိက အစိတ်အပိုင်းက တစ်ခုခု မူမမှန်တော့ပါဘူး..။

"ရပ်..ရပ်.."

လူဝကြီး ရေရွတ်လိုက်တာပါ..။

လင်းဖန် ရယ်ချင်နေပေမယ့်လည်း မရယ်ခဲ့ပေ..။

"ဘာဖြစ်လို့လဲ.."

လူဝကြီးဟာ ဘာမှ မဖုံးကွယ်ထားခဲ့ပဲ...

"မင်းက ငါ့ကို ပြည့်တန်ဆာ ဆီ မသွားနိုင်အောင် လုပ်နေတာပဲ..။ရှေ့ဘက်ကို တိုက်တာ တော်လောက်ပြီ..ကျောကုန်းကိုပဲ ..တိုက်ပေးတော့..."

"ဒါပေမဲ့ ရိူးရိုးသားသား ပြောရရင် မင်းရဲ့ နည်းစနစ် တွေက တကယ် မဆိုးဘူး..။ငါ ကြေးတွန်း ခဲ့သမျှထဲမှာ ဒီတစ်ကြိမ်က အကောင်းဆုံးပဲ..။ငါ ရပ်တောင် မရပ်တန့်ချင်ဘူး.."

လူဝကြီးက ချီးကျူးလိုက်တာပါ..။

"ကျွန်တော် နောက်ကို တိုက်ပေးမယ်လေ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒီလူ ဘာလို့ ပြည့်တန်ဆာ ဆီ အရမ်းသွားချင်နေတာလဲ သူ နားမလည်တော့ပါဘူး..။ဒါပေမဲ့ သူ ခနနေရင် သိရတော့မှာပါ..။

လင်းဖန် လက်ဟာ စတင် ဆင်းသက်လာခဲ့တယ်..။

ညှင်သာမူ...ပြင်းထန်မူ..။သူ တိုက်ချွတ်တဲ့..အနေအထားပါ ပြောင်းလဲ သွားခဲ့ပါပြီ..။

ကြီးမားပြီး..ရှည်လျားတဲ့..သက်ပြင်းချသံကြီးဟာ လူဝကြီးရဲ့ ပါးစပ်ကနေ ထွက်လာခဲ့ပါတယ်..။

လင်းဖန် ပြုံးလိုက်ပြီး..

"ခင်ဗျား ဘာလို့..ပြည့်တန်ဆာ ဆီ အရမ်းသွားချင်နေတာလဲ.."

အစကတော့..လူဝကြီးဟာ ပြန်မဖြေခဲ့ပါဘူး..။သူ့ရဲ့ ခန္တာကိုယ် တစ်ခုလုံး တောင်းတင်းနေသလိုပါပဲ..။ဒါက ပုံမှန် မဟုတ်တဲ့ ခံစားချက်တစ်ခုပါ..။

"မင်းက ငါအရမ်းသွားချင်နေတယ် ထင်လို့လား..။ဒါက ငါ ငယ်ငယ် လေးထဲက ဖြစ်လာတဲ့ ပြသနာ ပဲ..."

လင်းဖန် ပျော်ရွှင်စွာ မေးလိုက်တယ်..။

"ဘယ်လို.."

လူဝကြီးဟာ ခေါင်းခါယမ်း လိုက်ပြီး..

"ငါ့ရဲ့ အရင်တုန်းက အချိန်တွေကို တကယ်မကြိုက်ခဲ့ဘူး..။တက္ကသိုလ်မှာ တုန်းက ငါ မယုံကြည်ရတဲ့ အခန်းဖော်တွေနဲ့ တွေ့ခဲ့တယ်လေ..။ငါ အရက်မူး နေတဲ့ အချိန်မှာ သူတို့က ငါ့ကို ပြည့်တန်ဆာ ဆီခေါ်သွားခဲ့ကြတယ်..။အဲ့တစ်ကြိမ်ပြီး ကတည်းက ငါစွဲလမ်းသွားတာပဲ..။ငါ ရပ်တန့်ချင်ရင်တောင် ရပ်တန့်လို့ မရတော့ဘူး..။အဲတာက..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖြစ်အပျက်လေ..။ငါ ဘာလို့များ ဒီလိူဖြစ်နေတာလဲ မသိဘူး..။ကိုယ့်ဟာကိုယ်တောင် မယုံကြည်နိုင်ဖြစ်ရတယ်.."

လင်းဖန် မေးလိုက်တယ်..။

"ခင်ဗျား ငိုချင်နေတာလား.."

"ဘာများ ငိုစရာ ရှိလို့လဲ..။ငါက ဒီတိုင်း နောင်တရပြီး..ရပ်တန့်ပစ်လိုက်ချင်တာ.."

လူဝကြီးဟာ အကူညီမဲ့စွာ ပြောလိုက်တာပါ..။သို့ပေမယ့်လည်း သူ ဘာလုပ်ရမလဲ မသိပါဘူး..။

ဘေးနားက..နောက်ကျောကြေးတွန်းတဲ့ ဝန်ထမ်းတွေဟာ လည်း အခြေအနေကို ကြည့်ပြီး ကြောင်အနေခဲ့ကြတယ်..။

သူဌေးလေး.ကြေးတွန်းပေးလိုက်တိုင်း ဘာလို့ လူတွေက ကိုယ်ရေးကိုယ်တာတွေ ထုတ်ပြောလာကြတာလဲ....

တစ်ခြား ရေချိုးပြီး..ကြေးတွန်းခံနေတဲ့ ဧည့်သည် တွေတောင် သိချင်စွာ ကြည့်နေခဲ့ကြပါတယ်..။

လင်းဖန် ဘာမှ မပြောပေ..။သူ သိမ်မွေ့စွာ ပဲ ဆက်ပြီး တိုက်ချွတ်ပေးနေခဲ့ပါတယ်..။ဒီလို..မကောင်းတဲ့ အလေ့အကျင့်ကလည်း ရောဂါတစ်ခုပါ..။ရောဂါ ဆိုမှတော့ ဒါက ကုသလို့ ရပါတယ်..။

"သက်သောင့်သက်သာ ရှိလိုက်တာ.."

လူကြီးဟာ လဲလျောင်းနေရင်းကနေ ကျေနပ်မူ တွေ ဖြစ်ပေါ်နေခဲ့တယ်..။

ရုတ်တရက် ဒီနှစ်တွေ အတွင်း သူ ပြည့်တန်ဆာတွေ ဆီ အကြိမ်ပေါင်း များစွာ သွားတာကို ပြန်သတိရလာပြီး ပင်ပန်းမူကို ခံစားလိုက်ရပါတယ်..။သူ ..နောက်​ကျော ကြေးတွန်းမူရဲ့ သက်သောင်သက်သာ ရှိတာကိုလည်း ခံစားနေခဲ့ရတယ်..။

ဒီနှစ်ခုကို ယှဥ္လိုက်ရင်..ပြည့်တန်ဆာ ဆီသွားတယ် ဆိုတာက ဘာမှ မဟုတ်တော့ပါဘူး..။တစ်ခြား တစ်ဖက်မှာ နောက်ကျော ကြေးတွန်းတာက အတော်ကို အဓိပ္ပါယ်ရှိပါတယ်..။

…

ရေချိူးစင်တာ၏ ဝင်ပေါက်တွင်..။

ငွေရှင်းပြီးနောက်တွင်..လူဝကြီးဟာ..မတ်တတ်ရပ်ပြီး သူ့ခေါင်းသူ ကိုင်နေခဲ့တယ်..။သူ ထူးဆန်းသလို ခံစားနေခဲ့ရတာပါ..။

ဒီနေ့ဘာတွေ ဖြစ်နေတာလဲ..။ငါ ရေချိုးနေတုန်း လူငယ်လေးကို မဆိုင်တာတွေ ဘာလို့ ပြောမိတာတုန်း...

ထပ်ပြောရရင် ..သူ ပြည့်တန်ဆာ ဆီသွားချင်စိတ် လုံးဝ မရှိတော့ပါဘူး..။သူ ဒီအကြောင်းကို တွေးတောင် မတွေးမိပေ..။ဒါက အတော်ကို ထူးဆန်းတာပါ..။

*ကလင် ကလင်*

ရွှေရောင် ဖီးနစ် ရေချိုးစင်တာက ဖုန်းခေါ်လာခဲ့တာပါ..။

"ညီအစ်ကို ဘယ်တော့ လာမှာလဲ..။ကျွန်တော် ပြင်ဆင်ထားလိုက်ပါ့မယ်.."

လူဝကြီးဟာ ပြောလိုက်တယ်..။

"မလိုတော့ဘူး..ဒီနေ့က စပြီး ငါလာတော့မှာ မဟုတ်ဘူး..။ငါ့ကို ထပ်ပြီး အကြောင်းမကြားနဲ့တော့.."

မန်နေဂျာဟာ ပြောလိုက်တယ်..။

"ညီအစ်ကို ဘာတွေဖြစ်နေတာလဲ..။ကလေးမလေးတွေက ဝန်ဆောင်မူ မကောင်းလို့လား..။ပြောပါ..ကျွန်တော် အဆင်ပြေအောင် စီစဥ်ပေးမှာပေါ့..."

လူဝကြီးဟာ ပြန်ပြောလိုက်တယ်..။

"မဟုတ်ဘူး..ငါ ဒီ မကောင်းတဲ့ အကျင့်ကြီးကို ရပ်တန့်လိုက်ပြီ..။ငါ ဒီအကြောင်းကို ထပ်ပြီး တွေးမနေချင်တော့ဘူး.."

မန်နေဂျာဟာ မေးလိုက်တယ်..။

"ဘယ်လို ဖြစ်နိုင်မှာလဲ ညီအစ်ကို.."

"ငါလည်း မသိဘူး..။ဒါပေမဲ့ နောက်ကျော ကြေးတွန်းလိုက်တာ..ငါ ဒီအရာတွေကို..မလုပ်ချင်တော့သလို ခံစားနေရတယ်..။ငါ ဖုန်းချလိုက်တော့မယ်.."

ရွှေရောင် ဖီးနစ်..ရေချိုးစင်တာရဲ့ မန်နေဂျာ ဟာ ကြောင်အနေခဲ့ပါတယ်..။

ဘာတွေဖြစ်နေတာလဲ..။နောက်ကျော ကြေးတွန်း တာကြောင့်လိူ့ သူပြောလိုက်တာလား...

ချီးပဲ သူ နောက်နေတာ ပဲ ဖြစ်ရမယ်..

ဂရုတစ်ခု ထဲတွင်..။

ဒီဂရုထဲမှာ လူတွေ အများကြီးဟာ..ရှန်ဟိုင်းက မတူညီတဲ့ အစားအသောက် တွေနဲ့ ထူးခြား ချက်တွေ အကြောင်းကို ပြောကြတာပါ..။ဒါက နေရာတွေအလိုက်လဲ ခွဲခြားထားပါသေးတယ်..။

အခုချိန်မှာ..တိန်ဖြူလမ်း တည်နေရာ အတွက် ပိုစ့်တွေဟာ တက်နေခဲ့တယ်..။

"တိမ်ဖြူလမ်းကို သွားဖြစ်အောင်သာ သွားဟေ့.."

"ရေချိုးစင်တာမှာ..ဆန်းကျယ်တဲ့ ဝန်ထမ်း တစ်ယောက်ရှိတယိ..။မင်းတို့ ကိုယ်တိုင် မခံစားဖူးရင် သိမှာ မဟုတ်ဘူး.."

ဒီပိုစ့်တွေက လူများစွာရဲ့ အာရုံကို ဖမ်းစားသွားခဲ့ပါတယ်..။

"ဒါတကယ်ပဲလား..။နောက်ကျော ကြေးတွန်းတာက ဒီလောက်ကြီး မဟုတ်ဘူးလေ.."

"ဘယ်သူသိမှာလဲ..ဒီလို..ပိုစ့်တွေက တက်လာနေကြ..။ဒါက ကြောက်ဖို့ကောင်းတယ်..။အလကား အရောင်းမြင့်တင်ချင်လို့ အလိမ်အညာပို့စ်တွေ တင်နေကြတာ.."

"အက်မင် တွေ ဘယ်ရောက်နေလဲ..။ဒီလို ပိုစ့်တွေကို ဖျက်ပစ်စမ်းပါ.."

ဝမ်ရွှန်း ဂျီဂျီ ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ ဝင်မန့်လိုက်တယ်..။

"ငါမနေ့က အဲ့ရေချိုးစင်တာကို သွားခဲ့သေးတယ်..။အဲတာ အမှန်ပဲ..။ငါ ကြေးတွန်းပြီးတာနဲ့ လုံးဝ လူသစ်တစ်ယောကိလိုပဲ..။ဒါက စကားနဲ့ ပြောပြဖို့က သိပ်မလွယ်ဘူး..ငါ့အတွက်တော့ အဲ့လူရဲ့ လက်တစ်စုံက ဆန်းကျယ်လွန်းတယ်..။အကုန်လုံးပဲ သွားဖြစ်အောင် သွားကြပါ.."

'မင်းတို့အဖေ တကယ်တည်ရှိတယ်' ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာလည်း စကားဝိုင်းထဲ ဝင်လာခဲ့ပါတယ်..။

"ငါ လည်း အဲ့ကို သွားဖူးတယ်..။ငါ ကတော့ အဲ့မာစတာ ကို အရမ်းကျေးဇူးတင်တာပဲ..။အစကတော့ ငါ နှစ်တွေ အကြာကြီးတွဲလာတဲ့..ကောင်မလေးကို လမ်းခွဲမိတော့မလို့လေ..။ဒါပေမဲ့ အဲ့ အစ်ကိုကြီး ကြေးတွန်းပေးပြီးတဲ့ နောက်မှာ ငါ အမြင်မှန်တွေရသွားခဲ့တယ်..။သူက ငါ့ရဲ့ စိတ်ထဲက အညစ်အကြေးတွေကိုပါ ဆေးကြောပေးလိုက်သလိုပဲ. ။ငါတော့ သူ့ကို တကယ်ထောက်ခံတယ်.."

"ချီးပဲ..မင်းတို့ တကယ်ပြောနေတာလား.."

"အက်မင်..ဖာခေါင်း ရေ..ဘယ်ရောက်နေတာလဲ.."

အဲ့အချိန်မှာပဲ..ဂရုအက်မင်..ဖာခေါင်း ဟာ ပေါ်လာခဲ့တယ်..။

ဖာခေါင်း.. "သူတို့က ကြော်ငြာ နေတာ မဟုတ်ဘူး တကယ်ဟ..။ငါ ပြည့်တန်ဆာဆီကို သွားကာနီး..ရေချိုးစင်တာကို အရင်သွားခဲ့တာ..။ငါ နောက်ကျော ကြေးတွန်းပြီး တဲ့ နောက်မှာ..ပြည့်တန်ဆာဆီကို သွားချင်စိတ် လုံးဝ ပျောက်သွားမယ်လို့ မထင်ခဲ့မိဘူး..။ငါတော့ ဒီအလေ့အကျင့်ဆိုးကြီးကို ရပ်တန့် နိုင်လိုက်ပြီ..."

"ချီးပဲ..6666..."

"အစ်ကိုကြီး ဖာခေါင်းလည်း သွားခဲ့သေးတာလား.."

"ဒါတကယ်ပဲလား အစ်ကိုကြီး ဖာခေါင်း..။အစ်ကိုက ၁၁ နှစ်လောကိ ပြည့်တန်ဆာ တွေနဲ့ ဖြတ်သန်းလာခဲ့တာလေ..။ရုတ်တရက် ရပ်တန့်လို့ ဖြစ်ပါ့မလား.."

"မယုံနိုင်စရာပဲ.."

ငါ ဘာလို့ အရမ်းချစ်ဖို့ ကောင်းနေတာလဲ :: " ငါသွားစမ်းကြည့်လိုက်မယ်..။အဲ့နေရာက ငါနေတဲ့ နေရာနဲ့ နီးနီးလေးပဲ..။ခနစောင့်နေကြ.."

တစ်နာရီ ကြာပြီးနောက်..။

'ငါ ဘာလို့ အရမ်းချစ်ဖို့ ကောင်းနေတာလဲ'..အကောင့်ပိုင်ရှင်ဟာ ပိုစ့်ပြန်လာတင်ခဲ့ပါတယ်..။

" ငါထောက်ခံတယ် တကယ်ထောက်ခံတယ်..။ငါက အင်တာနက် ပေါ်မှာ ချစ်စရာ ကောင်းတဲ့ မိန်းကလေးလို ဟန်ဆောင်ပြီး လူတွေကို လိမ်ညာ နေခဲ့တာလေ..။အခုတော့ ဒီအရာတွေက မကောင်းမှန်း ငါ နားလည်လိုက်ပြီ..။ငါက တစ်ခြားလူတွေဆီက ပိုက်ဆံ နဲ့ တစ်ခြား အရာတွေကို လိမ်ညာခဲ့တယ်..။ငါ အခု လိမ်ညာလို့ ရထားတဲ့ အရာတွေကို ပိုင်ရှင်တွေဆီ ပြန်ပေးလိုက်တော့မယ်..။အခုက စပြီး ငါက စစ်မှန်တဲ့ ယောက်ျား တစ်ယောက်ပဲ.. "

လူတိုင်း "......."

“….”

All Chapters