← Chapters

အနည်းငယ် ကြောက်ရွံ့မူ..

Vol. 34 Ch. 499

အနည်းငယ် ကြောက်ရွံ့မူ..

Vol. 34 Ch. 499

#ဘာသာပြန် = စနိုးဝှိုက်

ဒါပေါ့..လင်းဖန် ..သူ့ သတင်းတွေ..ပျံ့နှံ့နေတာကို မသိခဲ့ပါဘူး..။

သူ ညနက်လာတာနဲ့..ပစ္စည်းတွေ သိမ်းပြီး ပြန်ဖို့ လုပ်လိုကိတယ်..။

တစ်ခြား ဝန်ထမ်း သုံးယောက်ဟာ ပြုံးလိုက်ပြီး...

"သူဌေးလေး..ရောက်လာပြီးကတည်းက ကျွန်တော်တို့ ဆိုင်ရဲ့ စီးပွားရေးက ပိုကောင်းလာတာပဲ.."

ဒါက အမှန်တရားပါ...။သူဌေးလေး ရောက်လာ ကတည်းက ဆိုင်ရဲ့ စီးပွားရေး တက်လာတာကို အကုန်လုံး သိထားကြပါတယ်..။

ထပ်ပြောရရင်..သူတို့ မသိထားတဲ့ နည်းစနစ် တွေကို လည်း သူ ဌေးလေးက သင်ပေးပါသေးတယ်..။သို့ပေမယ့် သူဌေးလေး ဒီနည်းစနစ် တွေကို ဘယ်က သင်ထားသလဲ တော့ သူတို့လည်း မသိပါဘူး..။

ထပ်ပြောရရင် ..သူတို့ သူဌေးလေးရဲ့နည်းစနစ် တွေကို အသုံးပြုရင် ကာစတန်မာ အဟောင်းတွေက..ခံစားရတာ ကွဲပြားတယ်လို ​ပြောလာခဲ့ကြပါတယ်..။သူတို့ အရင်က ထက်ပိုပြီး သက်သောင့် သက်သာ ရှိလာခဲ့ကြတာပါ..။

လင်းဖန် သိချင်စွာမေးလိုက်တယ်..။

"အကြီးအကဲ ကျန်းဘယ်မှာလဲ..။ကျွန်တော် သူ့ကိုလဲ မမြင်ပါလား.."

[ အကြီးအကဲ ကျန်းက လေးယောက်လောက်ရှိတယ်နော်.. မှားနေမှာကြောင့် 😁]

"မသိဘူး..ဒါ​ပေမယ့် ကျွန်တော်ကြားတာတော့ အကြှီးအကဲ ကျန်းက တစ်ခြားလူတွေနဲ့ စီးပွားရေး ကိစ္စ စီစဥ္ နေတယ်တဲ့.."

ဝန်ထမ်း တစ်ယောက်က ပြောလိုက်တာပါ..။

"ငါ လဲ အဲတာကို ကြားထားတယ်..။ကြည့်ရတာ သူ ပရောဂျက် အသစ် စတင်တော့မယ် ထင်တယ်..။အရင်တုန်းက စီးပွားရေး မကောင်းတော့..အကြီးအကဲ ကျန်းက အဲတာကို ဒီရေချိုးစင်တာမှလည်း ထည့်သွင်းဖို့ စဥ်းစားသေးတယ်လေ.."

ဒီလူ ပြောတာ မရှင်းလင်းပေမယ့် သူတို့ အကုန်လုံး နားလည်ကြပါတယ်..။

လင်းဖန် အံ့ဩသင့်သွားခဲ့တယ်..။

"သူ မလုပ်တော့ဘူးလို့ ပြောထားတာ မလား..။ဘာလို့ ရုတ်တရက်ကြီး ဒါကို ပြန်လုပ်ချင်နေတာလဲ.."

"တစ်စုံတစ်ယောက်က သူ့ကို လာရှာတယ်လို့ ကျွန်တော်ထင်တယ်..။သူတို့က လတိုင်း အကြီးအကဲ ကျန်းကို ပိုက်ဆံတွေ အများကြီးပေးမယ် လို့ ကမ်းလှမ်းခဲ့မှာပေါ့..။ဒါက သူ့ရဲ့ လက်ရှိစီးပွားရေး တိုးတက်လာရုံတင်မကပဲ..နောက်ထပ် ငွေအရင်းအမြစ် တစ်ခုလည်း ရရှိဦးမှာလေ..။ဒါကြောင့် အကြီးအကဲ ကျန်း..ထပ်ပြီး တောငိ့မခံ နိုင်တော့တာ ဖြစ်မယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။အကြီးအကဲ ကျန်း ဒါကို မလုပ်ရင်တစ်ခြား လူတွေကို ယှဥ္ပြိုင်ဖို့ မလွယ်ဘူး ဆိုတာ သူ သိထားပြီးသားပါ..။

ဒီရေချိုးစင်တာမှာ..တစ်ခြား လူတွေကအဲ့စီးပွားရေးကို လာလုပ်ကြမှာပါ..။အရေးကြီး ဆုံး အချက်က ဒီကိုလာတဲ့ ကာစတန်မာ တွေများလာမှာ ဖြစ်ပြီး..အကြီးအကဲ ကျန်း တောင့်မခံနိုင်တာလည်း ဒါကြောင့်ပါပဲ..။

သို့ပေမယ့် အဲလို အရာတွေ မပါပဲ တကယ့် အစစ်အမှန် ရေချိုးစင်တာတွေလည်း ရှိပါသေးတယ်..။ဒီလို ရေချိုးစင်တာတွေ အောင်မြင်ဖို့ဆိုရင်..ဝန်ဆောင်မူက ကောင်းရုံတင်မကပဲ..စျေးနှုန်းလည်း သင့်တင်နေမှ ရမှာပါ..။ကာစတန်မာတွေ ဇိမ်ရှိတဲ့ ခံစားချက်ရဖို့က အရေးကြီးဆုံးပါပဲ..။

လင်းဖန် အများကြီး မတွေးတော့ပေ..။သူ လက်ဝေ့ယမ်းပြီး ပြောလိုက်ပါတယ်..။

"ကျုပ်အခု သွားတော့မယ်..မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့.."

…

နောက်တစ်ရက်..။

တိမ်ဖြူလမ်း..။

လင်းဖန်..အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာမှာ အလုပ်လုပ်နေတယ် ဆိုတဲ့ သတင်းတွေက ပျံ့နှံ့နေခဲ့ပါပြီ..။ဆိုင်ပိုင်ရှင် တွေ အကုန်လံူးလည်း အံ့ဩနေခဲ့ကြပါတယ်..။

သူဌေးလေးက သူတစ်နေ့နေ့မှာ ချီးကား မောင်းနေရင်တောင် မအံ့ဩကြနဲ့ လို့ ပြောတာ မထူးဆန်းတော့ပါဘူး..။

လင်းဖန် ကုလားထိုင် ပေါ်မှာ ထိုင်ပြီး ဖုန်းသုံးနေခဲ့တယ်..။

အဲ့အချိန်မှာပဲ သီးသန့် မက်ဆေ့ တစ်စောင်ဟာ ကျလာခဲ့ပါတယ်..။

အစ်ကိုချွင်ချွင် :" နတ်ဆေးဆရာလေး..အခုသောက်နေတဲ့ ဆေးတွေက တကယ်ရော အသုံးဝင်ရဲ့လား..."

လင်းဖန် ဒီစာကို မြင်တဲ့ အချိန်မှာ အာရုံနောက် သွားခဲ့တယ်..။

ဒါက စောက်ရေးမပါတဲ့ မေးခွန်းမဟုတ်ဘူးလား...။အသုံးမဝင်ရင် ငါက ဘာလို့ ဒီဆေးတွေ ပေးခဲ့မှာလဲ....

လငိးဖန် : " ဒါက ကျိန်းသေ အသုံးဝင်တာပေါ့..။အခု ဘာဖြစ်နေလို့တုန်း..."

အစ်ကို ချွင်ချွင်.: " အခုနောက်ပိုင်း ကျွန်တော် အသံက ပိုပြီး ညှင်သာပြီး နူးညံ့လာတယ်..။လုံးဝ မကြမ်းတမ်း တော့ဘူး..။ထပ်ပြောရရင်..ဆံပင်တွေက လည်း ပိုပိုပြီးရှည်လာတယ်..။ဒီဆေးဝါး တွေက တကယ်ပဲ ဘယ်လို အကျိုးသက်ရောက်မူ ရှိနေတာလဲ..."

လင်းဖန် ပဟေဠိဖြစ်သွားခဲ့တယ်..။

"အစ်ကို ချွင်ချွင်..မင်း စိတ်ပူလွန်နေတာ မဟုတ်ဘူးလား..။ဒီအရာ တွေက ပုံမှန်ပဲလေ..။မင်းက ကြမ်းတမ်း ခက်ထန်တဲ့ အသံနဲ့ ..ကြမ်းတမ်းတဲ့ အသားအရေကို လိုချင်နေတာ မို့လို့လား..."

အစ်ကို ချွင်ချွင် : " ဟုတ်တယ် ဟုတ်တယ် နတ်ဆေးဆရာလေး..ဒါက ကျွန်တော်လိုချင်တဲ့ ပုံစံ အတိအကျပဲ..။ကျွန်တော် အသံက ခက်ထန်ပြီး မုတ်ဆိတ်မွှေးတွေလဲ ပေါက်လာရမှာလေ..။အခုက ဘယ်လိုတွေဖြစ်နေတာလဲ ..။ထပ်ပြောရရင် ..ဟိုနေရာတွေက ပိုပိုပြီး ကြီးလာတယ်..တကယ်တော့ သေးသွားရမှာမဟုတ်ဘူးလား..."

ခနအကြာမှာပဲ နောက်ထပ် စာတစ်စောင် ထပ်ဝင်လာခဲ့ပါတယ်..။

"အထူးဆန်းဆုံးက ကျွန်တော် ကောင်မလေး တွေကိုဖက်လိုက်ရင်..စိတ်ထဲမှာ ရှုတ်ထွေးသလို ခံစားရတယ်..။ဒါက တကယ် စိတ်ရှုပ်စရာပဲ.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။ဒါက တစ်ခုခု မမှန်တော့ ဘူးလို့ သူ ခံစားလိုက်ရပါတယ်..။

"ခန.. ခနလေး နေပါဦး..မင်းခုနက ဘာပြောလိုက်တာ...။မင်းရဲ့ အသံကို ကြမ်းတမ်းလာပြီး မုတ်ဆိတ်မွေးတွေ ပေါက်ချင်တယ်လို့ ပြောလိုက်တာလား..။မင်းက အခု ယောက်ျားလေး ဖြစ်ချင်တာလား..မိန်းကလေး ဖြစ်ချင်တာလား.."

[လင်းဖန် အဲ့တုန်းက ရောဂါ အကြောင်း ပြောစရာ မလိုဘူး ဆိုပြီး ဆေးတန်းပေးခဲ့တာပါ..]

အစ်ကို ချွင်ချွင်.:" နတ်ဆေးဆရာလေး..အခု အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ မဟုတ်ဘူးလား..။ဒါပေါ့. ကျွန်တော် ယောက်ျားလေး ဖြစ်ချင်တာပေါ့..။ကျွန်တော် ရဲ့ အသွင်အပြင်တွေကို ယောက်ျားလေး တစ်ယောက်လို ပြောင်းလဲ ချင်တာလေ.."

လင်းဖန် : " ဟင် "

အဲ့အချိန်မှာတော့ လင်းဖန် ဆွံ့အနေခဲ့တယ်..။တစ်ခုခု မှားယွင်းနေတာကို သူ သိလိုက်ပါပြီ..။ကြီးမားတဲ့ ကပ်ဆိုးကြီး ဖြစ်တော့မလို သူ့စိတ်ထဲမှာ ခံစားနေရပါတယ်..။

ကျောင်းနင် မှာ ရှိနေတဲ့ အစ်ကို ချွင်ချွင် ဟာ သူတို့ရဲ့ စကားအသွားအလာက မမှန်တော့ ဘူးဆိုတာ သတိထားမိလိုက်တယ်..။သူ့ စိတ်ထဲမှာလည်း ပိုပိုပြီး သံသယ ဖြစ်လာခဲ့ပါပြီ..

"နတ်ဆေးဆရာလေး..က ကျွန်တော် ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်မူ လွဲနေတာလား..."

နတ်ဆေးဆရာလေးက သူမ ဖြစ်ချင်တဲ့ ဆန္ဒကို နားလည်မူ လွှဲနေတယ် လို့ သူမ ခံစားလိုက်ရပါတယ်..။

အဲ့အချိန်မှာတော့ လင်းဖန် ဘယ်လို စာပြန်ရမလဲ မသိတော့ပေ..။

"ဒါ..ဒါက..."

အစ်ကို ချွင်ချွင်.." နတ်ဆေးဆရာလေး..ကျွန်တော်ကို အမှန်အတိုင်းပြောပါ..။ နားလည်မူ လွဲနေတာ ဟုတ်လား မဟုတ်ဘူး...."

လင်းဖန် အကူညီမဲ့ သွားတယ်..။

"ဒါ..ဒါက...မင်းလည်း ငါ့ကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလေ.."

အစ်ကို ချွင်ချွင်..." ချီးပဲ..မင်း .မင်း နားလည်မူ လွဲနေတာလား..။မအိမ်လုံး..မင်းကရော ငါ့ကို ပြောဖို့ အခွင့်အရေး ပေးခဲ့လို့လား..။မင်းပြောတာက..မင်းက ပရော်ဖက်ရှင်နယ် တစ်ယောက်ဆို..အခုတော့ နားလည်မူ လွဲနေပြီတဲ့လား..."

လင်းဖန် : " ငါက ဘယ်လိုဖြစ်ပြီး ပရော်ဖက်ရှင်နယ် မကျပဲ နေမှာလဲ..။မင်းက ဟော်မုန်း မညီမျှလို့ ဒီလို အခြေအနေ ရောက်နေတာလေ..။ဒါပေါ့..မင်း နဂို မူလ မိန်းကလေး ဘဝကို ပြန်လိုချင်နေတယ် လို့ပဲ..ငါ ထင်တာပေါ့..။ငါ့ရဲ့ ဆေးညွှန်းက ဘာမှ မမှားဘူး..။မင်းသာ ငါ့ကို ရှင်းရှင်းလင်းလင်း မပြောတဲ့ လူပဲ.."

အစ်ကို ချွင်ချွင် စိတ်ပျက်သွားခဲ့တယ်..။

"ငါက ဘာလို့ ရှင်းရှင်းလင်းလင်း မပြောတဲ့လူ ဖြစ်သွားတာလဲ..။ငါ ရှင်းရှင်းလင်းလင်း ပြောဖို့ လုပ်တိုင်း မင်းပဲ ငြင်းနေတာလေ..။အခု မင်းက ငါ့ကို အပြစ်တင်နေတာလား..။ပရောဖက်ရှင်နယ် ဟုတ်လား...မင်းဘကြီးကို ပရော်ဖက်ရှင်နယ် ပါလား..။ငါ ဂရုမစိုက်ဘူး..မင်းငါ့ကို အခုပဲ ဆေးညွှန်းအသစ် ပြန်ပေးတာ ကောင်းလိမ့်မယ်နော်...။မဟုတ်ရင်..ငါ မင်းရဲ့ #$ ကိုဖြတ်ပစ်မယ်..."

လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။ယင် နဲ့ယန် က တကယ်ကို ရှုပ်ထွေးတဲ့ အရာပါ..။

"မိန်းကလေး..လီ..မင်းက တကယ်တော့

မိန်းမလှလေး တစ်ယောက်ဆိုတာ မင်းနားလည်သင့်တယ်..။ဘာလို့ ယောက်ျားလေး ဖြစ်ချင်နေရတာလဲ..။ထပ်ပြောရရင်..မင်း အသွင်အပြင်ကို ပြောင်းလဲ ရင်တောင် မင်းမှာ အဲတာ ရှိမှာ မဟုတ်ဘူးလေ..။ငါ ပြောတာဟုတ်တယ် မလား..။မင်းဘာလို့ မိန်းမလှလေး ဆိုတဲ့ ဘဝကို လက်မခံနိုင်ရတာလဲ..."

အစ်ကို ချွင်ချွင် စိတ်တိုသွားခဲ့ပြီး..." မိန်းကလေး လီ ဟုတ်လား..။ငါ့ကို အစ်ကို ချွင်ချွင်လို့ ခေါ်စမ်း..။ငါ မင်းကို ရွေးချယ်စရာ တစ်ခုပဲ ပေးမယ်..ငါ့အခြေအနေကို အခု ပြန်ပြောင်းပေး..."

လင်းဖန် :" ကောင်းပြီ ကောင်းပြီ..အစ်ကို ချွင်ချွင်..။ငါ မင်းကို တည့်တည့်ပဲ ပြောတော့မယ်..။ငါ မင်းရဲ့ အခြေအနေကို တကယ် ပြန်မပြောင်းနိုင်ဘူး..။မင်းငါ့ကို ပြသနာ ရှာရင် ငါ ရဲသွားတိုင်မှာနော်..။အဲ့့ချိန်ကြရင် မင်းကို မိန်းကလေးလို ပြောင်းလိုက်တာ တစ်လောကလုံး သိကုန်မှာ..."

အစ်ကို ချွင်ချွင်.. : "မင်းက ကိုယ့်အမှားကို တာဝန် မယူချင် ဘူးပေါ့..။​ေကာင်းပြီ..မင်းက ကျောင်းနင်မှာ မဟုတ်လို့ ငါ ဘာမှ မလုပ်နိုင်ဘူး ထင်နေတာမလား..။မင်း စောင့်နေလိုက်..ငါ မင်းနဲ့ အေးဆေး ပြောမှရလိမ့်မယ်..."

မက်ဆေ့ တွေ အများကြီး ပို့ပြီးတဲ့ နောက်မှာ လင်းဖန်ရဲ့ လက်ချောင်းတွေ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူး..။

ကလင်..ကလင်..."

နံပါတ်စိမ်း တစ်ခု ဝင်လာခဲ့တယ်..။ဒါက ကျောင်းနင်ကပါ..။

လင်းဖန် အရင်ဆုံး..ပြန်ဖြေသင့် မဖြေသင့် တွေးလိုက်ပါတယ်..။ယင်းနောက် သူ အကူညီမဲ့စွာ ပြန်ဖြေလိုက်တယ်..။

"ဟဲလို..နတ်ဆေးဆရာ လင်း လား မသိဘူး ခင်ဗျ.."

လင်းဖန် ခနလောက် တွေဝေသွားခဲ့တယ်..။ဘယ်သူ ခေါ်တာလဲ ဆိုတာ အခုထိသူ မသိသေးပါဘူး..။

"ခင်ဗျားက.."

"ဟိုင်း..ကျွန်တော်က လီရူ ရဲ့ အဖေ လီယွန်ပါ..။ကျွန်တော့် သမီးလေးရဲ့ အခြေအနေ အတွက် နတ်ဆေးဆရာ လေးကို တကယ် တောင်းပန်ပါတယ်...။စိတ်မပူပါနဲ့ ..ကျွန်တော် သမီး နတ်ဆေးဆရာလေးကို ပြသနာ မရှာစေရပါဘူး.."

လီယွန် ပြောလိုက်တာပါ..။သူ့ရဲ့ လူယုံတစ်ယောကိကို သူ့သမီးဘေးမှာ မသိအောင်ထည့်ပြီး စောင့်ကြည့်ခိုင်းထားတာပါ..။သူ့သမီး ပိုပိုပြီး မိန်းမသား ဆန်လာတယ် ဆိုတဲ့ တင်ပြချက်ရတဲ့ အချိန်မှာ သူ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။

ဒါကြောင့် သူ..နတ်ဆေးဆရာ လေးရဲ့ ဖုန်းနံပါတ် ရဖို့ နည်းမျိုးစုံ ကြိုးစားပြီး ကျေးဇူးတင်စကား ပြောခဲ့တာပါ..။

ပိုပြီးအ​ရေးကြီးတာက..တင်ပြချက်ထဲမှာ သူ့သမီးက နတ်ဆေးဆရာလေးကို ပြသနာရှာဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ..။ဒါပေါ့..သူမရဲ့ အဖေတစ်ယောက်အနေနဲ့..သူ့သမီးက ကျေးဇူးရှင်တစ်ယောက်ကို ပြသနာ ရှာဖို့ လုပ်နေတာကို သူခွင်မပြုနိုင်ပါဘူး..။

သူ့အတွက်တော့ နတ်ဆေးဆရာလေးက ကယ်တယ်ရှင်ပါပဲ...

လင်းဖန် ရုှုပ်ထွေးသွားခဲ့တယ်..။

ချီးပဲ ဘာတွေ ဖြစ်နေတာလဲ...

တစ်စုံတစ်ယောက်က ပြသနာ ရှာဖို့ ကြိုးစားနေတဲ့ အချိန်မှာ တစ်ခြား တစ်ယောက်က ကျေးဇူးတင်နေခဲ့ပါတယ်..။

"ဒါ...ဒါက..."

ဘဝက အတော်ကို ခက်ခဲတာပါ..။

အစ်ကို ချွင်ချွင်က သူ့ကို မိန်းမစိုး လုပ်မယ် လို့ပါ ကြိမ်းဝါးထားတာကြောင့် သူ အနည်းငယ်တော့ ထိပ်လန့်မိပါတယ်...။

All Chapters