← Chapters

သင်ရိုး ရေးသားခြင်း..

Vol. 34 Ch. 500

သင်ရိုး ရေးသားခြင်း..

Vol. 34 Ch. 500

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် သူ့ နှာဖူးသူ ထောက်လိုက်ပြီး အခြေအနေတွေကို ကြည့်လိုက်တယ်..။သူ့ရဲ့ ကံကြမ္မာမှာ လတ်တလော ဆိုးရွားတာ ဘာမှ မရှိပါဘူး..။ဒါကြောင့် သူ ဒီကိစ္စကို အများကြီး မတွေးတော့ပေ..။

အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာမှာ အလုပ်လုပ်ရတာက တကယ်ကို အပြောင်းအလဲ ကောင်းတစ်ခုပါပဲ..။အရင်နေ့က ဆိုရင် ကာစတန်မာ အရေအတွက် တိုးလာရုံတင်မကပဲ..သူ့ကို ကိုယ်တိုင်တောင်းဆိုတဲ့..လူတွေပါ ပိုပိုများလာခဲ့တာပါ...။

ကြည့်ရတာ သူ့ကို လူသိများလာတဲ့ ပုံပါပဲ...။

သူ့ရဲ့ ဂုဏ်သတင်းသာ လုံလောက်တဲ့ အဆင့်ကို ရောက်သွားရင်..မစ်ရှင်ပြည့်မြောက်သွားမှာပါ..။

ဝူယူလန် ..တိတ်တဆိတ် လျောက်လာပြီး မေးလိုက်တယ်..။

"ဘယ်သူနဲ့ စကားပြောနေတာ လဲ..။မိန်းကလေး တစ်ယောက်နဲ့ ပြောနေတာမလား..။တော်တော် ကြည်နူးနေတယ်ပေါ့.."

လင်းဖန် ရယ်မောလိုက်ပြီး...

"ဘယ်လိုလုပ်ပြီး ကြည်နူးရမှာလဲ..။ဒါကို မှတ်ထား..သူက ရှန်ဟိုင်းကို လာပြီး..ငါ့ကို မိန်းမစိုး လုပ်မယ့်သူပဲ..။ဒါကြောင့် နောက်နေ့တွေ မသိတဲ့ လူတွေက . ငါ့ကို လာရှာရင် ဒီတိုင်း မသိသလို ဟန်ဆောင်ပြိီးနေ..."

သူ အစ်ကို ချွင်ချွင် ရဲ့ ဒေါသ ဘယ်လောက်ကြီးလဲ မသိပေမယ့် ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးမယ့်ပုံ မရှိပါဘူး..။သူမက ..သူ့ ဆီကို လာပြီး ဒီကိစ္စကို ဖြေရှင်းဦးမှာပါ. ။

ဒါကြောင့် လင်းဖန် ကြိုတွေးမနေပဲ .အချိန်ရောက်မှ..ကောင်းမွန်တဲ့ အဖြေတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

ဝူယူလန် ပါးစပ်ကို လက်နဲ့ အုပ်လိုက်ပြီး..

"သူမက ရှင့်ကို မိန်းမစိုး လုပ်ချင်တာလား.."

"ဟားးဟား.."

လူလိမ် ထျန် ဘေးနားမှာ နားထောင်နေရင်း ရယ်ချင်စိတ်ကို တောင့်မခံနိုင်တော့ပါဘူး..။

"မင်းလို လူကို ဘယ်လိုလူမျိုးကများ မိန်းမစိုး လာလုပ်ချငိတာလဲ တကယ်သိချင်မိတယ်.."

ကျောက်ကျန်းယန် ဖုန်းကို ကိုင်ကာ ရောက်လာခဲ့ပြီး..

"အစ်ကိုလင်း..ပရိတ်သတ်တွေကိုသာ နည်းနည်းလောက် ငိုပြလိုက် သူတို့ ချက်ချင်း ရောက်လာပြီး ကာကွယ်ပေး ကြလိမ့်မယ်.."

လင်းဖန် ရယ်မောလိုက်ပြီး တိုက်ရိုက်ထုတ်လွင့််မူ ထဲက ပရိတ်သတ်တွေကို..နှုတ်ဆက်လိုက်ပါတယ်..။သူ တိုက်ရိုက်ထုတ်လွင့် မူမှာ ပရိသတ်တွေနဲ့ စကားမပြောတာတောင် အတော်ကြာနေခဲ့ပါပြီ..။

ပရိတ်သတ်တွေဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြတယ်။လင်းဖန်က အခုနောက်ပိုင်း

ပိုပိုပြီး ကျော်ကြားလာနေတာပါ..။

သူ့ရဲ့..အကျော်ကြားဆုံး နာမည်က တော့

နတ်ဆေးဆရာလေး ပါပဲ..။

ဒီနာမည်မှာ ဆိုရင် လေးစားမူ နဲ့ ဂုဏ်သိက္ခာ ရှိမူ တွေလည်း ပါဝင်နေခဲ့ပါတယ်..။ဒီနာမည်ကို ကြားလိုက်တာနဲ့..ဘယ်သူကမှ အပြစ်ပြုချင်မှာ မဟုတ်ပေ..။

*ကလင် ကလင်*

ဖုန်းဝင်လာခဲ့တယ်..။

"အားလုံးပဲ..နောက်မှပဲ အေးဆေးပြောရအောင်..။အခုက ဖုန်းဝင်လာလို့. "

လင်းဖန် ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ သူ့တပည့် ကျိုးမင်ချင်း ခေါ်တာပါ..။

သူတို့ ပရိဟိတ လုပ်ပြီး ပြန်လာကတည်းက ကျိုးမင်ချငိးက အလုပ်ရှုပ်နေခဲ့တာပါ..။သူက ဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ ဆိုတော့ အလုပ်များတာက သိပ်တော့ မဆန်းပါဘူး..။

"မင်ချင်း ဘာဖြစ်လို့လဲ..."

လင်းဖန် သူ့တပည့်ကို မေးလိုက်တာပါ..။သူ

တတ်ထားတဲ့ ဆေးပညာတွေကို တစ်ယောက်တည်း သိနေတာမျိုး မဖြစ်ချင်ပါဘူး..။ဘာပဲဖြစ်ဖြစ် ဒီလို အတွေ့အကြုံရင့်တဲ့ သမားတော် တစ်ယောက်က သူ့ဆီမှာ မရှက်မကြောက် ပညာသင်ယူနိုင်ဖို့ဆိုတာက ရှားပါးပါတယ်..။

ကျိုးမင်ချငိး ဒီနောကိပိုင်းမှာ သတင်းထောက်တွေကြောင့် အလုပ်များနေခဲ့တာပါ..။တရုတ်ဆေးပညာ အကယ်ဒမီ ရဲ့ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ..သူ ဒီအင်တာဗျူး တွေကို ငြင်းပယ်လို့ မရပါဘူး..။

သူ ငြင်းပယ်လိုက်ရင် တရုတ်ဆေးပညာကို ဘယ်သူက..ကျော်ကြားအောင် လုပ်ပေးတော့ မှာလဲ..

"ဆရာ..ကျွန်တော် ဝိတ်ကျရောဂါ ဆေးညွှန်းကို နိုင်ငံ ဆေးဝါးကုသမူ အဖွဲ့အစည်းနဲ့ ဆွေးနွေးပြီးသွားပြီ..။အကျိုးအမြတ်ကိုတော့ များများရအောင် ခွဲဝေပေးလိမ့်မယ်..။ဒီဆေးညွှန်းကို ဆရာ ရှာတွေ့တာဖြစ်ပေမယ့် အကုန်လုံးတော့ ထိန်းချုပ်နိုင်မှာ မဟုတ္ဘူး..။ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်တော် နိုင်ငံ ဆေးဝါး ကုသမူ အဖွဲ့အစည်းနဲ့ သေချာဆွေးနွေး ပြီးသွားပါပြီ.."

ကျိုးမင်ချင်း သူ့ဆရာ မပျော်မရွှင်ဖြစ်မှာကြောင့် ဆက်တိုက် ရှင်းပြနေခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် ဒီဆေးညွှန်းက သူ့ဆရာသွေးတွေ ချွေးတွေ ရင်းပြီး ဖော်စပ်ထားရတာပါ. ။ကျိုးမင်ချင်း ဒီလို လုပ်တာက..လူအများရဲ့ အသက်ကိုကယ်တင်နိုင်တာကြောင့် တစ်စုံတစ်ယောက်ကို လက်ဝါးကြီး မအုပ်စေသလို သူ့ဆရာကိုလည်း မနစ်နာ စေချင်ပါဘူး..။ဒါကြောင့် သူ့ဆရာ နားလည်အောင် သူ သေချာ ရှင်းပြနေခဲ့တာပါ. ။

နိုင်ငံကလည်း ဝိတ်ကျရောဂါကို ပျောက်ကင်းနိုင်တဲ့ ဆေးဝါးမျိုးကို တစ်စုံတစ်ယောက်က ထိန်းချုပ်နေတာကို ကြိုက်နှစ်သက်မှာ မဟုတ်ပေ။သင့်တော် တဲ့ အဖြေက အတူတကွ စုစည်းပြီး လုပ်ကိုင်ကြဖို့ပါပဲ..။

လင်းဖန်ကတော့ ဒီကိစ္စကို လုံးဝ စိတ်မဝင်စားပေ..။သူ သာ ချမ်းသာမူကို တကယ်လိုချင်ရင်..ဒီလို အေးအေးဆေးဆေး နေနေမှာ မဟုတ်ပါဘူး..။တစ်စုံတစ်ယောက်ဟာ ပိုက်ဆံ နောက်ကို အတင်းလိုက်မနေသင့်ပေ..။

လင်းဖန်က ကိုယ့်ကိုကို သိတဲ့ လူတစ်ယောက်ပါ..။သူက သင့်တော်တဲ့ စီးပွားရေး သမားတစ်ယောက် မဟုတ်ပါဘူး..။

"ဒီအကြောင်းမပြောနဲ့တော့..။ကျုပ်ခင်ဗျားကို အစောကြီးကတည်းက ပြောပြီးသွားပြီလေ..အကုန်လုံး ခင်ဗျားကိုပဲ ကိုင်တွယ်ခိုင်းထားတာ..။ခင်ဗျား အကုန်လံူးကို အခမဲ့ပေးလိုက်ရင်တောင် ကျုပ်ဘာမှ ပြောစရာမရှိဘူး..။ဘာပဲဖြစ်ဖြစ် ဒီဆေးကို ဖော်ထုတ်ခဲ့တာက ခင်ဗျားပဲ.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ဒါကို ကြားတဲ့ အချိန်မှာ စိတ်ခံစားချက်ဖြစ် သွားခဲ့ရတယ်..။ဒီလိုမျိုး အကြောင်းအကျိုး မျှတပြီး သင့်တော်တဲ့..ဆရာမျိုး ဆိုတာက တကယ်ကို ရှားပါးတာပါ..။

"ခင်ဗျား ဆေးဝါးကုသမူ ..အဖွဲ့အစည်း နဲ့ ပူးပေါင်းထားတယ် ဆိုတော့. အကျိုးအမြတ်တော့ များမှာပဲ မလား.."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချငိး ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ကျွန်တော် အကောင်းဆုံး ကြိုးစား ထားပေးပါတယ်..။ရလာမယ့် ပိုက်ဆံ ပမာဏက တော်တော် များတယ်လို့ ပြောလိူ့ရတယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပြီ အဲ့က ရတဲ့ပိုက်ဆံကို ဆေးပညာသင်ဆုတွေ လုပ်ပြီး တရုတ်ဆေးပညာကို တကယ်စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ထောက်ပံ့ပေးလိုက်ပေါ့..။လိုအပ်တာတွေကို ခင်ဗျားပဲ စီစဥ္လိုက်တော့..ကျုပ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်တင်ပြစရာ မလိုတော့ဘူး.."

"အာ..."

ကျိုးမင်ချင်း ကြောင်အသွားခဲ့တယ်..။

"ဆရာ တကယ်ပြောနေတာလား.."

သူ ဒါကို မယုံကြည်ရဲတာ မဟုတ်ပေမယ့်..သူ့ဆရာ ဒီလောက် ပိုက်ဆံ အများကြီးကို တရုတ်ဆေးပညာကို ကုသဖို့ အသုံးပြုလိမ့်မယ်လိူ့ မထင်ထားခဲ့ပါဘူး..။

လင်းဖန် ရယ်လိုက်တယ်..။

"ကျုပ် ခင်ဗျားကို ဘယ်တုန်းက စနောက်ဖူးလို့လဲ..။တစ်ခုခု ရှိသေးလား..။မရှိရင် ကျုပ်ဖုန်း ချလိုက်တော့မယ်..။အခုနောက်ပိုင်း ကျုပ်က အလုပ်ရှုပ်ပြီး ပြသနာ တက်နေတာ.."

ကျိုးမင်ချင်း အနည်းငယ် တွန်းဆုတ်နေပြီးမှ..

"ဆရာ ဘာပြသနာ ရှိလို့လဲ..။ကျွန်တော် ကူညီပေးနိုင်တာ တစ်ခုခု ရှိလား.."

"ခင်ဗျား မကူညီနိုင်ပါဘူး..။တစ်ယောက်ယောက်က ကျုပ်ကို မိန်းမစိုး ဖြစ်အောင် လုပ်ချင်နေတာလေ.."

လင်းဖန် နောက်ပြောင်ပြီး ပြောလိုက်တာပါ..။

ကျိုးမင်ချင်း လေးနက်သွားခဲ့ပြီး..

"ဘာ..ဘယ်သူက ဒီလောက် သတ္တိရှိနေတာလဲ..။ဆရာ ကျွန်တော် အခုပဲ ရဲခေါ်လိုက်မယ်..ဘာမှ မဖြစ်စေရဘူး.."

လင်းဖန် ..သက်ပြင်းချလိုက်တယ်..။အသက်ကြီးကြီး ကျောင်းသား တစ်ယောက်လက်ခံထား ရတာက တကယ် မကောင်းတာပါ..။ဒီလူက ဟာသကို ဟာသမှန်းတောင် မသိပါဘူး..။

"ကောင်းပြီ..ကောင်းပြီ ..ကျုပ်က ဒီတိုင်း နောက်နေတာ..။တစ်ခြား တစ်ခုခု ရှိသေးလား..."

ကျိုးမင်ချငိး တစ်ခုခု ပြောချင်ပေမယ့် တွေဝေနေခဲ့ပါတယ်..။သူ ပြောဖို့ကို ရှက်ရွံ့နေခဲ့တာပါ..။

"ပြော.."

လင်းဖန် ကျိုးမင်ချင်းရဲ့ အမူအရာကို မမြင်ရပေမယ့် တစ်ခုခု ပြောစရာ ရှိနေမှန်း သိလိုက်တယ်..။

"ဆရာ ဒါက ဒီီလိုပါ ကျွန်တော် သေချာ တွေးမိတာ..တစ်ခုက..တရုတ်ဆေးပညာ အကယ်ဒမီရဲ့ သင်ကြားမူ အခြေခံတွေမှာ ဂယ်ပေါက် တစ်ပေါက်ရှိနေတယ်..။တစ်ချို့ သင်ရိုးတွေက ရှေးဟောင်းစာအုပ်တွေကနေ ကူးယူထားရတာလေ..။စပြီးလေ့လာတဲ့ သူတွေက..ဒါတွေကို နားမလည်ပဲ အဓိကကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူး..။ဒါကြောင့် ကျွန်တော်..ဆရာကို အကူညီတောင်းပြီး ကျောင်းသားတွေ အတွက် သင်ရိုးတစ်ခုလောက် ရေးပေးစေချင်လို့..."

ကျိုးမင်ချငိး ရှက်ရွံ့စွာ ပြောလိုက်တာပါ..။သူက အမြဲတမ်း သူ့ဆရာကို ဒုက္ခပေးနေမိသလို တောင် ခံစားရပါတယ်..။

လင်းဖန် ရယ်မောလိုက်ပြီး..

"မင်ချင်း..ခင်ဗျား အရင်တုန်းက ဘာလို့ ဒီလို မတွေးမိတာလဲ.."

ကျိုးမင်ချင်း ရှက်ရွံ့စွာဖြင့်...

"ဆရာ..ကျွန်တော်က အရင်တုန်းက ရေအိုင်ထဲက ဖားသူငယ်လို အမြင်ကျဥ်းနေခဲ့တာလေ..။ဆရာရဲ့ သင်ကြားပြသမူတွေကြောင့်သာ နက်နက်ရှိုင်းရှိုင်းသိလာပြီး..ဒီလို လစ်ဟာမူ တွေကို မြင်လာခဲ့တာ..။ကျောင်းသားတွေ လေ့လာရင်း တိုးတက်နှုန်းက တကယ် စိတ်ပျက်စရာပဲ..။ဆရာရဲ့ အရည်အချင်းနဲ့ ဆိုရင် သင်ရိုးတစ်ခု အေးဆေး ရေးနိုင်ပြီး..ဒါကလည်း လက်ရှိ အဟောင်းထက်ကောင်းမှာလည်း အသေအချာပဲ..။ဆရာသာ ကူညီပေးရင် အကျိုးသက်ရောက်မူက မမျှော်မှန်းနိုင်လောက် အောင် ကောင်းမွန်မှာ အသေအချာပဲ.."

"ကောင်းပြီ မြှောက်ပင့်နေတာ တော်လောက်ပြီ ..။ကျုပ်ကူညီပေးမယိ..။ဘာပဲဖြစ်ဖြစ် သင်ရိုး တစ်ခု ရေးတာက လွယ်ကူတဲ့ အရာတော့ မဟုတ်ဘူး..။ကျုပ် အင်အားတွေ မွေးထားဖို့ လိုသေးတယ်.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း သူ့ ဆရာ သဘောတူတာကြောင့် ပျော္ရွှင်သွားခဲ့ပြီး..

"ကျေးဇူးပါ ဆရာ..။ကျေးဇူးပြုပြီး ကောင်းကောင်းနားပါ..ကျွန်တော် မနောက်ယှက်တော့ ပါဘူး..."

"အင်း..."

သင်ရိုး တစ်ခု ရေးရမှာ...

တကယ်လို့ သူသာ သေချာရေး ပေးမယ့် ဆိုရင် သူ့ရဲ့ နာမည်က နှစ်တစ်ရာ လောက်တောင် တည်ရှိနေနိုင်ပါတယ်..။

အံ့ဩစရာပဲ..

ဒါကို တွေးကြည့်ယုံနဲ့တင်..သူ စိတ်လှုပ်ရှားနေခဲ့ပါပြီ..။

All Chapters