← Chapters

ကိုယ်ဝန်...

Vol. 34 Ch. 501

ကိုယ်ဝန်...

Vol. 34 Ch. 501

#ဘာသာပြန် = စနိုးဝှိုက်

ကျိုးမင်ချင်း သူ့ဆရာကို လုံးဝ ယုံကြည်ထားပြီးသားပါ...။သူဆရာ..သာ သင်ရိုးရေး မယ်ဆိုရင်

လုံးဝ အောင်မြင်မှာ အသေအချာပါပဲ..။

တရုတ်ဆေးပညာ....တရုတ်ဆေးပညာ..

ကျိုးမင်ချင်း တစ်ဘဝလုံးကို ဒီအတွက်ပဲ ပေးဆပ်ပြီး နေထိုင်ခဲ့တာပါ..။အရင်ကတော့..သူ အသက်ကြီးလာပေမယ့်..သူ့ရဲ့ ဆေးပညာက ဘာမှ ထွေထွေးထူးထူး မတိုးတက်လာတော့ သူ တရုတ်ဆေးပညာ အပေါ်မှာတောင် သံသယဝင်မိပါသေးတယ်..။

တစ်ခြားလူတွေရဲ့ ဝေဖန်မူ တွေက အမှန်ပဲ ဖြစ်နေမလား ဆိုပြီးတော့တောင် သူ တွေးမိခဲ့ဖူးပါတယ်..။

သို့ပေမယ့်..သူ့ဆရာနဲ့ တွေ့ပြီးတဲ့ အချိန်မှာ ဒါတွေက ဘယ်လောက် တောင် အဓိပ္ပါယ် မရှိလဲ ဆိုတာ နားလည်သွားခဲ့တယ်..။

ရှုပ်ထွေးတဲ့ ရောဂါဆိုရင် လည်း ဘာဖြစ်လဲ..။လူရဲ့ ခန္တာကိုယ်ဟာ ယင် ယန် ခွဲခြား ထားပြီး..ဓာတ်ငါးပါး နဲ့ ဖွဲ့စည်းထားတာပါ..။ကုသလို့ မရတဲ့ရောဂါ ဆိုတာ မရှိပါဘူး..။

ဒါပေါ့ အရင်ကဆိုရင် သူဒီလို ပြောရဲမှာ မဟုတ်ပေ..။သို့ပေမယ့် သူ့ဆရာရဲ့ ဆေးပညာက အခု သက်သေ ပြနေခဲ့ပါတယ်.။

ဒါက ကျိုးမင်ချင်းကို ယုံကြည်မူ ရှိလာစေ ခဲ့တယ်..။သူ ဆေးပညာ နဲ့ပတ်သက်ပြီး အကြီးမားဆုံး ဆန္ဒက ဒီထက်မက တိုးတက်လာဖို့ပါ..။သူမသေခင်..ရှုပ်ထွေးတဲ့ ရောဂါ တွေကို ကုသနိုင်တယ် ဆိုရင်ပဲ ကျေနပ်ပါပြီ..။

ကလင် ကလင်..

ကျိုးမင်ချင်း သူ့ဆရာ နဲ့ ပြောပြီးတဲ့ နောက်မှာပဲ..နောက်ထပ်ဖုန်းတစ်ကောဟာ ဝင်ရောက်လာခဲ့တယ်..။

"အကြီးအကဲ ကျိုး ဒီမှာ ကျွန်တော် ကုသလို့ မရတဲ့ လူနာ တစ်ယောက်ရှိနေလို့ ကူညီပါဦး..။ခင်ဗျားဆရာကို ပင့်ပေးလို့ ရနိုင်မလား.."

လင်းဖန်တို့နဲ့ အတူ ပရဟိတ မလိုက်နိုင် ခဲ့တဲ့..ကျို့ချင်းချင်ဟာ ..မေးလိုက်တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"အကြီးအကဲ ကျို့..ကျွန်တော် အရင်လာကြည့်ပေးမယ်..။ကျွန်တော် မကူညီနိုင်ဘူးဆိုမှ..ကျုပ်ဆရာကို ခေါ်ပေးမယ်လေ.."

…

တိမ်ဖြူလမ်း..။

လင်းဖန် မနက်ခင်းတိုင်း ပန်ကိတ်ကို ပုံမှန်ရောင်းချလေ့ရှိပါတယ်..။ယင်းနောက် သူ နေ့လည်ပိုင်းကို နန်ရှမ်းကလေး ဂေဟာကို သွားပြီး ကလေးတွေကို ပန်ချီပညာသင်ပေးလေ့ရှိတယ်..။

ကလေးတွေကို နေ့တိုင်း ပန်ချီဆွဲခိုင်းရတာဟာ မလွယ်ကူပဲ သူတို့ကို..စိတ်ဝင်စားအောင် နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်ရပါသေးတယ်..။

သူ့ရဲ့ ၁၁ ခုမြောက် အသိပညာကတော့ သိပ်မခက်ခဲပေ..။သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒါက မကြာခင်ပြည့်တော့မှာပါ..။

ဒါကြောင့် သူ့ရဲ့ စွယ်စုံအမှတ်တွေကို ဘာမှ မသုံးမပြုသေးပဲ သေချာ သိမ်းထားဖို့သာ ဆုံးဖြတ်ထားခဲ့ပါတယ်..။

"ဝုတ် ..ဝုတ်.."

အကြီးအကဲ ခွေးနီကိုးလပ် ဟောင်လိုက်တယ်..။

"အကြီးအကဲ ခွေး..မင်းဒီနောက်ပိုင်း တစ်ခုခု တွေ့ထားလို့လား...။ဘယ်လိုဖြစ်ပြီး..ဒီလောက် တက်ကြွနေတာလဲ.."

လင်းဖန် ပြုံးပြီး မေးလိုက်တာပါ ။သို့ပေမယ့်..တကယ်တော့ အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ အမူအကျင့်က အများကြီး ပြောင်းလဲ သွားခဲ့ပါပြီ..။

ထပ်ပြောရရင် အကြီးအကဲ ခွေးက အရင်ကလို ခွေးသေးသေးလေး မဟုတ်တော့ပါဘူး..။သူက ကြီးထွားလာပြီ ဆိုပေမယ့် ချစ်ဖို့တော့ ကောင်းနေပါသေးတယ်..။

"သူဌေးလေး ဂုဏ်ပြုပါတယ်..။အခုက စပြီး ကျွန်မတို့က ဆွေမျိုးတွေလို့တောင် ပြောလို့ရပြီ.."

အစ်မဟောင် ဟာ အပြုံးလေးနဲ့ လျောက်လာခဲ့တယ်..။

"ဗျာ.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။

"ကျွန်တော်ကို ပြောတာလား အစ်မဟောင်.."

အစ်မဟောင် အကြီးအကဲ ခွေး နီကိုးလပ်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး..

"မာစတာ လင်း ..အကြီးအကဲ ခွေး နီကိုးလပ်ကို ဒီအကြောင်း ​မေးသင့်တယ်..။အကြီးအကဲ ခွေးက..ပန်းပွင့်လေးကို ကိုယ်ဝန်ရအောင် လုပ်လိုကိတယ်လေ.."

လင်းဖန် အံ့ဩသွားခဲ့ပါတယ်..။ယင်းနောက် သူ အကြီးအကဲ ခွေးကို ကြည့်လိုက်ပြီး...

"မင်း တစ်ယောက်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်လိုက်တာလား.."

"ဝုတ်ဝုတ်.."

အကြီးအကဲ ခွေးနီကိုးလပ်ဟာ အကြိမ်အနည်းငယ် ဟောင်ပြီး အစ်မ ဟောင်တို့ရဲ့ ဆိုင်ကို သွားလိုက်တယ်..။ယင်းနောက် သူ ပန်းပွင့်လေးကို ခေါ်ပြီး ရပ်ကွပ်ထဲကို လျောက်သွားလိုက်ပါတယ်..။

တစ်ခြားလူတွေဟာ ဒါကိုမြင်ရင် အဓိပ္ပါယ် မရှိဘူးလို့ ထင်ကြမှာပါ..။သို့ပေမယ့် အကြီးအကဲ ခွေး ဘယ်လောက် လည် လဲဆိုတာကတော့ တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေ အသိဆုံးပါပဲ..။

"ကြည့်ရတာ ကျွန်တော်တို့ တစ်ရက်လောက် တမင်း အတူ စားမှထင်တယ်.."

လင်းဖန် ရယ်ပြီး ပြောလိုက်တာပါ..။

အစ်မဟောင် ပြုံးလိုက်ပြီး..

"သူဌေးလေး ပန်းပွင့်လေး ဆိုတာက ကျွန်မရဲ့ ..ဒုတိယ သမီးလေးနော်..။အခု အကြီးအကဲ ခွေး က ယူသွားပြီ ဆိုတော့ သေချာဆက်ဆံရမယ်.."

"ဒါပေါ့ ဒါပေါ့.."

လင်းဖန် ပြန်ဖြေလိုက်တာပါ..။

ဒီမှာ ရှိတဲ့ ဆိုင်ပိုင်ရှင်တွေဟာ ရင်ထဲမှာ မျိုးစေ့တွေ ဖြစ်ပေါ်နေခဲ့ပါပြီ ။လူတိုင်းက မိသားစုလို ဖြစ်ပြှီး ဘယ်သူပဲ ပြသနာ ကြုံရကြုံရ..သူတို့..ပြသနာလို့ သဘောထားပြီး အကောင်းဆုံး ကူညီဖြေရှင်းပေးကြမှာပါ..။

အစကတော့. ဒီလို ရင်းနှီးမူ ဆိုတာက မဖြစ်နိုင်တဲ့ အရာတစ်ခုလို ဖြစ်ပေမယ့် အခုကတော့ မဖြစ်နိုင်တာ ဘာမှ မရှိတော့ပါဘူး..။

ညအချိန်..။

အကြီးအကဲ ကျန်း၏ ရေချိုးစင်တာတွင်..။

ဝန်ထမ်းသုံးယောင်ဟာ သူဌေးလေးရဲ့ နည်းစနစ်တွေကို ဘေးနားကနေကြည့်နေခဲ့တယ်. ။

"ဒီမှာ တွေ့တယ်မလား..။ဒီအချိန်မှာ ရောက်ရင်

ညှင်သာစွာပွတ်တိုက်မူနဲ့ ကြမ်းတာစွာ ပွတ်တိုက်မူကို အလှည့်အပြောင်းလုပ် ပေးရမယ့် အချိန်ပဲ.."

ဝန်ထမ်းတွေ အကုန်လုံး ခေါင်းညိမ့်လိုက်ကြပါတယ်..။

"သူဌေးလေးရဲ့ နည်းစနစ်တွေက အံ့ဩစရာပဲ. ငါ့ဘဝတစ်လျောက်လုံး မမြင်ဖူးဘူး..။ပြီးတော့..ဒီအမှတ်တွေ ဆိုတာကရော..ကြေးတွန်းတာမှာ တကယ်အသုံးဝင်တာလား။ဒါမျိုး ပထမဆုံးကြားဖူးတာပဲ. "

"ဟီးဟီး သူဌေးလေး သင်ပေးထားတာ ဆိုတော့ ငါ ကိုယ့်ကိုကိုယုံကြည်မူ ရှိနေပြီ..။နောက်​ကျောကြေးတွန်းတဲ့ အလုပ်က..ဒီ​ေလာက်အံ့ဩစရာ ကောင်းမယ်လို့ မထင္ထားခဲ့ဘူး.."

လူတိုင်း အံ့ဩသွားခဲ့တယ်..။

သူတို့ အစက နောက်​ကျော ကြေးတွန်းတာဟာ

ရိုးရှင်းတဲ့ အလုပ်လို့ပဲ သိထားခဲ့ကြတာပါ.။သိုပေမယ့် သူဌေးလေးရှင်းပြလိုက်မှ သူတို အဆင့်တစ်ခု မြင့်တက်သွားလို ခံစားလိုက်ပါတယ်..။

ဒီလောက် နှစ်တွေကြာပြီးတဲ့ နောက်မှာ သူတို့ နောက်​ကျော ကြေးတွန်းတဲ့ မာစတာ တစ်ယောက်နဲ့ တွေ့ခွင့်ရခဲ့ပါပြီ..။ဒီပညာရပ်က သူတို့ ထင်ထားသလို..ရိုးရှင်းလွယ်ကူ တဲ့ နည်းစနစ်တစ်ခု မဟုတ်ခဲ့ပါဘူး..။

"ဖြည်းဖြည်း နဲ့ မှန်မှန်သာ လေ့ကျင့်ကြ..။အနာဂတ်မှာ ခင်ဗျား တို့လည်း ကျုပ်လို ဖြစ်လာလိမ့်မယ်...။ဒီနေ့အတွက်တော့ ဒီလောက်ပဲ.."

လင်းဖန် ပြောလိုက်တာပါ...။

အပြင်ဘက်တွင်..။

"ဒီ ရေချိုးစင်တာ ပဲ..။လတ်တလော ဖိုရမ်မှာ အတော်ကျော်ကြားနေတာ လေ.."

"ဒီက နောက်ကျောကြေးတွန်းတဲ့ လူက အဲလောက်တောင် ဆန်းကျယ်လို့လား..။ငါ ဒီနေ့ စမ်းကြည့်မှ ရမယ်..."

ဆိုင်ထဲက ပြန်ထွက်လာတဲ့ တစ်ချို့ ဧည့်သည်တွေဟာ ပြောလိုက်တယ်..။

"ငါ ဒီကို ရေချိုးဖို့ နေ့တိုင်းလာတယ်..။ဒီက ဝန်ထမ်းတွေရဲ့ နည်းစနစ် တွေက အံ့ဩစရာပဲ.."

"ညီအစ်ကို ဒီက နောက်ကျောကြေးတွန်းတဲ့ လူငယ်လေးက..အတော် ဆန်းကျယ်တယ် ဆိုတာ အမှန်ပဲလား..."

"ဒါအမှန်ပဲ..ဒါပေမဲ့ တစ်ခြား လူတွေလည်း ကျွမ်းကျင်ကြပါတယ်..။သူတို့က အရင်ကထက် ​ေကာင်းမွန်လာကြပြီ..။နောက်ကျော ကြေးတွန်းတယ် ဆိုတာ ဒါမျိုးပဲ ဖြစ်သင့်တယ်..."

အဲ့့အချိန်မှာ ပဲ ဒီရေချိုးစင်တာ ဘေးနားက ဖြတ်လျောက်သွားတဲ့.. သက်လတ်ပိုင်း အရွယ်လူကြီးဟာ..ဒီစကား တွေကို ကြားသွားပြီး ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်..။သူက ရှန်ဟိုင်းက မဟုတ်ပါဘူး..။သူဒီကို ရသစာပေ ဖလှယ်တဲ့ အစီအစဥ် အတွက်လာခဲ့တာပါ..။

သူ ညဘက်မှာ ဒီတိုင်း လှည့်ပတ်သွားလာ နေခဲ့တာပါ..။သူ ဒီစကား တွေကို ကြားတဲ့ အချိန်မှာ..စိတ်ဝင်စားသွားခဲ့တယ်..။

သူ့မှာ ဘာမှ လုပ်စရာ မရှိမှတော့..တစ်ချက်လောက် သွားကြည့်တာက ဘာမှ မမှားပါဘူး..။

All Chapters