← Chapters

ငါ ကိုယ့်ကိုကို ဝန်ခံချင်တယ်..

Vol. 34 Ch. 502

ငါ ကိုယ့်ကိုကို ဝန်ခံချင်တယ်..

Vol. 34 Ch. 502

#ဘာသာပြန် = စနိုးဝှိုက်

ဧည့်ကြိုကောင်တာမှာ ရှိနေတဲ့ ဝန်ထမ်းလေး

ရှောင်ဟီဟာ..ဒီရက်ပိုင်း စီးပွားရေး ကောင်းနေတာကို သတိထားမိပါတယ်..။အရင်တုန်းက ဆိုရင် ညဘက်တွေ လူအများကြီး မရှိပါဘူး..။

ရေချိုးသည့် နေရာတွင်..။

သက်လတ်ပိုင်း လူကြီး ရေချိုးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ..နောက်ကျောကြေးတွန်းပေးတဲ့ ဝန်ထမ်းဟာ အနားကို ရောက်လာခဲ့ပြီး..

"သူဌေး..နောက်ကျော ကြေးတွန်းချင်သေးလား.."

ရုတ်တရက်..ကာစတန်မာ တွေ များလာတာက သူတို့ကို..အလုပ်ရှုပ်စေပါတယ်..။အခုလည်း လူအနည်းငယ် ဝင်လာတာကြောင့် သူ တစ်ယောက်ချင်း လိုက်မေးနေခဲ့တာပါ..။တကယ်လို့ ဘယ်သူမှ နောက်ကျော ကြေးတွန်းတာ မလုပ်ချင်ရင် သူတို့ အေးဆေး..နားနေရုံပါပဲ..။

"အင်း..ငါ နောက်ကျော ကြေးတွန်းချင်တယ်..။ဒီမှာ..နည်းစနစ် အကောင်းဆုံးက လူငယ်လေး တစ်ယောက်လား.."

အလုပ်သမား ပြန်ပြောလိုက်တယ်..။

"ဒါပေါ့..သူ့ရဲ့ နည်းစနစ် တွေက မယုံနိုင်စရာပါပဲ..။ကျွန်တော် တို့ အကုန်လံူး သူနဲ့ မယှဥ္နိုင်ဘူး.."

"ဒါဆိုလည်း..ငါ သူအားတဲ့ အချိန်အထိ စောင့်ပြီး နောက်ကျော ကြေးတွန်း တော့မယ်.."

သက်လတ်ပိုင်း လူကြီး မေးလိုက်တာပါ..။

ဝန်ထမ်းဟာ ခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပါပြီ..သူဌေးကြည့်ရတာ မရင်းနှီး သလိုပဲ..။ဒီကို ပထမ ဆုံးရောက်ဖူးတာပဲ ဖြစ်ရမယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့..ကျွန်တော်တို့ တစ်သက်တာ မမေ့နိုင်အောင် ဝန်ဆောင်မူ ပေးမှာပါ.."

သက်လတ်ပိုင်း လူကြီးဟာ အပြုံးလေး နဲ့ ပြန်ဖြေလိုက်တယ်..။

"ငါလည်း ဒီလိုပဲ မျှော်လင့်ပါတယ်.."

သိပ်မကြာခင်မှာပဲ..လင်းဖန် အလုပ်ပြီးသွားလို့ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။

"သူဌေးလေး..ဒီက ဧည့်သည်က သူဌေးလေးနဲ့ နောက်ကျော ကြေးတွန်းချင်လို့တဲ့.."

ဝန်ထမ်းက ပြောလိုက်တာပါ..။

လင်းဖန် လှမ်းကြည့်လိုက်တယ်..။သူ အခုမှ တစ်ယောက် ပြီးရုံ ရှိသေးတယ် နောက်ထပ် တစ်ယောက် ကြေးတွန်း ရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

သို့ပေမယ့် ဒါက ပြသနာ မရှိပေ..။ဒီနေ့က..ကာစတန်မာ တွေလည်း..အများကြီးလာနေပြီး..သူ့ကို တောင်းဆိုတဲ့ လူတွေလည်း အများကြီး ရှိပါတယ်..။ဒါက အကူညီမဲ့တယ် ဆိုပေမဲ့လည်း..သူ့ရဲ့ ကျွမ်းကျင်မူတွေကို ပြသပြီး လူသိများလာဖို့ အခွင့်အရေးပါပဲ..။

"သူဌေး..ကျေးဇူးပြုပြီး ဒီဘက်ကို လာလိုက်ပါလား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

လီဘောင်..လင်းဖန်ကို သတိထားမိနေတာ ကြာပါပြီ..။ဒီလူငယ်လေးရဲ့ နည်းစနစ် တွေက တစ်ခြား လူတွေ နဲ့ တကယ်ကွာခြား တာပါ..။ဒါက ဘယ်လိုခံစားရလဲ ဆိုတာ သူတကယ် သိချင်မိပါတယ်..။

လူတွေက သူ့ကို အရမ်းချီးကျူးနေတာကြောင့် သူသိချင်မိတာကလည်း အထူးအဆန်းတော့ မဟုတ်ပေ..။

"ဟငိ..."

လင်းဖန် လီဘောင်ရဲ့ မျက်နှာကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။ကြည့်ရတာ တစ်ခုခု အရေးကြီးတာတော့ ဖြစ်တော့မယ့် ပုံပါပဲ...။

လီဘောင်လည်း ကြောင်အသွားခဲ့ပြီး..

"ဘာဖြစ်လို့လဲ.."

လငိးဖန် ပြုံးလိုက်ပြီး..

"ဘာမှ မဟုတ်ပါဘူး..ဒီတိုင်း စာပေပညာရှင် နဲ့တူနေလို့ပါ.."

လီဘောင် ရယ်မောလိုက်ပြီး ဘာမ မပြောတော့ပေ..။သူ အလာပ သလာပ မပြောချင်တာ ထင်ရှားပါတယ်..။ယင်းနောက် သူ တုံးလုံးလဲပြီး မျက်လုံးမှိတ်လိုက်တယ်..။

လင်းဖန်ကတော့ နှလုံးခုန်သံ မြန်နေခဲ့တယ်..။ဒီငနဲက အတော်အံ့ဩစရာပါပဲ..။ယင်းနောက် သူ တိုက်ချွတ်ဖို့ စတင်လိုက်ပါတယ်..။

အချိန်အနည်းငယ် ကြာလာခဲ့တယ်..။အခုချိန်အထိ သူ ရှေ့ဘက်ကို ကြေးတွန်းပေးရင်..ဒီလူလောက် တည်တည်ငြိမ်ငြိမ် ထိန်းနေနိုင်တဲ့ လူကို လင်းဖန် မမြင်ဖူးသေးပါဘူး..။

လီဘောင် နောက်ဆုံးမှာ ..သည်းမခံ နိုင်တော့ပဲ.

"နောက်ကျောကို တိုက်..နောက်ကျောကို.."

ရှက်ရွံ့မူ..

လီဘောင် သူ့ရဲ့..အဓိက အစိတ်အပိုင်း ရဲ့ တုန့်ပြန်လာမူ ကြောင့် ဖုန်းကွယ်ဖို့ လုပ်လိုက်တာပါ..။မဟုတ်ရင်..သူ အဖြစ်က လူရယ်စရာ ဖြစ်သွားပါလိမ့်မယ်..။

လင်းဖန် သူ့နောက်ကျောကို တိုက်ပေးလိုက်တယ်..။အဲ့အချိန်မှာတော့..လီဘောင် သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်..။

မသိရင်..စွမ်းအင်လှိုင်း တစ်ခုက သူ့ခန္တာကိုယ်ထဲမှာလှုပ်ခတ်နေသလိုပါပဲ..။

သူ့နှလုံးသား ထဲမှာ..ပြောင်းလဲ မူတွေ ဖြစ်လာခဲ့တယ်..။ပြောင်းလဲမူ က ဆန်းကျယ်ပြီး..သူ ဘယ်လို ဖော်ပြရမလဲ မသိပေ.။

ယင်းနောက် လီဘောင် ပါးစပ် လှုပ်လာခဲ့တယ်..။

"ခုနက ငါ့အသွင်အပြင်ကို ကြည့်ပြီး စာပေပညာရှင် တစ်ယောက်နဲ့ တူတယ် လို့ပြောလိုက်တယ်မလား..။မင်းရဲ့ ခန့်မှန်းချက်က ကွက်တိပဲ..ငါတကယ် အဲ့နယ်ပယ်မှာ အလုပ်လုပ်တာ.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ဟီးဟီး ကြည့်ရတာ ကျွန်တော်က ခန့်မှန်းတာ တော်တယ်ထင်တယ်..။ခင်ဗျားရဲ့ စိတ်ထဲမှာ ​အတွေးတွေ အများကြီး ရှိနေမယ် ဆိုတာ ကျွန်တော် ပြောနိုင်တယ်..။ဒါတွေကို စိတ်ထဲမှာပဲ ထားမယ် ဆိုရင် သက်သောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူးနော်.."

လီဘောင် သက်ပြင်းချလိုက်ပြီး..

"ငါ ပင်ပန်းနေပြီ..။ငါ တကယ်ကို ပင်ပန်းနေပြီ..။မင်းကတော့ သိမှာ မဟုတ်ဘူး..ဒါပေမဲ့..ငါ အိပ်ကောင်းချင်း မအိပ်ရတာ ဆယ်စုနှစ် တစ်ခုလောက် ရှိတော့မယ်..။ငါ ညတိုင်း အိပ်မက်ဆိုးတွေ မက်တယ်..။ယောက်ျားကောင်း တစ်ယောက် ဆိုတာက သူ့ရဲ့ ဘဝမှာ ဆိုးယုတ်တဲ့ အရာကို လုပ်ဖို့ ခွင့်မပြုသင့်ဘူး..။မဟုတ်ရင်..ဒီ အမဲစက်ကြီး ကြောင့် တစ်သက်လုံး မလွတ်မြောက်နိုင် ဖြစ်နေရလိမ့်မယ်.."

"အမှန်ပဲ.."

လင်းဖန် ခေါင်းညိမ့်လိုက်တာပါ..။

* ငိုကြွေးသံ*

ရုတ်တရက် လီဘောင် ငိုကြွေးလာခဲ့ပါတယ်..။

ဘေးနားက ဝန်ထမ်းတွေဟာ ကြောင်အသွားခဲ့ကြတယ်..။သူဌေးလေးက နောက်ထပ်ကာစတန်မာ တစ်ယောက်ကို ငိုအောင် လုပ်နေခဲ့ပြန်ပါပြီ..။

ကာစတန်မာ တိုင်းကို ငိုအောင် လုပ်နိုင်လောက်အောင် သူဌေးလေးမှာ ဘယ်လို စွမ်းအင်တွေ ရှိနေတာလဲ..

"အရင်တုန်းက ငါ ဒီနယ်ပယ်မှာ လုပ်တာ မဟုတ်ဘူး..။ဒါပေမဲ့ ရွေးချယ်စရာ မရှိပဲ ..ကိုယ့်ကိုကို ဖုံးကွယ်ဖို့ လုပ်ခဲ့ရတယ်လေ..။အခုမင်း ကြေးတွန်းပေးနေရင်း အတိတ်က မတော်တဆမူ တွေကို ပြန်တွေးမိသွားပြီ..။ငါ တကယ်နောင်တရမိတယ်..တကယ် နောင်တ ရမိတယ်..."

"ယောက်ျား တစ်ယောက်က..မှားယွင်းတဲ့ အရာတွေကို လုပ်ထားမိရင်..အဲ့အမှားတွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲဖို့ သတ္တိရှိသင့်တယ်လေ..။ကိုယ်လုပ်ခဲ့တဲ့ အမှားကို .. ရင်ဆိုင်ရဲမှသာ အဲ့အမှားကနေ အမှန်တကယ် လွယ်မြောက်သွားတာ.."

လင်းဖန် ပြောလိုက်တာပါ..။

လီဘောင် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်...မင်းပြောတာ တကယ်မှန်တယ်.."

စွယ်စုံကျမ်းရဲ့ စွမ်းအင်တွေဟာ..လီဘောင်ရဲ့ ခန္တကိုယ်ထဲကို တဖြည်းဖြည်း ဝင်လာနေခဲ့တယ်..။လင်းဖန် ပိုပြီး ကြေးတွန်းလေလေ..ပိုပြီး အားကောင်းလာလေ ပါပဲ..။လီဘောင် ရဲ့ စိတ်ထဲမှာ ရှိတဲ့ အမှောင်ထုတွေနေရာမှာ..အလင်းရောင် တွေ ဖြစ်ပေါ်

လာခဲ့ပါပြီ..။

လီဘောင် ရုတ်တရက် ပြောလိုက်တယ်..။

"ငါသွားပြီး ဝန်ခံမှရမယ်.."

လင်းဖန် ခနရပ်တန့်သွားပြီးမှ..ဆက် တိုက်ချွတ်လိုက်ပါတယ်..။သူ လီဘောင်ကို စမြင်တုန်းက အနည်းငယ် ထူးဆန်း နေတယ် လို့ ခံစားရပြီး..သေချာ ကြည့်လိုက်မှ တကယ်ကို ပြသနာ ရှိနေတာ သိလိုက်ရပါတယ်..။

ှဘေးနားက နောက်ကျော ကြေးတွန်းတဲ့ ဝန်ထမ်းတွေဟာ ကြောင်အသွားကြပြီး..သိချင်စွာ မေးလိုက်တယ်..။

"သူဌေး..ဘာ ပြစ်မူကို ကျုးလွန်ခဲ့လို့လဲ..။ဘာလို့ သွားပြီး ဝန်ခံရမှာတုန်း.."

လက်ရှိအခြေအနေ တွေက သူတို့ အတွက်တော့အတော် ထူးဆန်းပါတယ်..။သူဌေးလေးရဲ့ တိုက်ချွတ်မူကို ခံရတဲ့ လူတိုင်းက မသိရင် ဦးနှောက် ထိန်းချုပ်ခံလိုက်ရသလိုပါပဲ..။

"လူသတ်ခဲ့တာ.."

လီဘောင် လှည့်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်..။

"ငါ လူအနည်းငယ်ကို သတ်ခဲ့တာ.."

ဝန်ထမ်း တွေဟာ အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူတို့ ခေါင်းခါယမိး လိုက်ပြီး..

"သူဌေးက..တကယ်နောက်​ပြောင်တတ်တာပဲ..။ဘယ်လိုလုပ်ပြီး..လူသတ်တယ် ဆိုပြီး နောက်ပြောင် ရတာလဲ.."

လီဘောင် ဘာမှ မပြောပဲ..အတော်နောင်တရနေတဲ့ ပုံစံသာ ဖြစ်သွားခဲ့တယ်..။

လင်းဖန် ရဲ့ နှလုံးကတော့..ဆက်တိုက်ခုန်နေခဲ့ပါတယ်..။သူ့ရဲ့ စွယ်စုံကျမ်းက အတော်ကို အစွမ်းထက်တဲ့ အရာတစ်ခုပါ..။

မယုံနိုင်စရာပဲ.တကယ်ကို မယုံနိုင်စရာပဲ..

တစ်ခြား လူတွေက မယုံကြည်ကြပေမယ့် သူကတော့ ဒါက အမှန်တရားဆိုတာကို သိထားပြီးသားပါ..။

လင်းဖန် ပြောလိုက်တယ်..။

"စိတ်မပူပါနဲ့..ကျွန်တော် ခင်ဗျားကို ကောင်းကောင်းမွန်မွန် ကြေးတွန်းပေးပါရစေ..။ခင်ဗျား ဘယ်ချိန်မှ ဒီကို ပြန်လာနိုင်မလဲ မသိဘူးလေ..။ဒါပေမဲ့ လဲ မျှော်လင့်ချက်တော့ ရှိပါသေးတယ်..."

လီဘောင် ခေါင်းညိမ့်လိုက်တယ်..။

"အင်း..နောက်ဆံူးတော့ ငါအဖြေကို ရှာတွေ့ခဲ့ပြီ..။ငါက ပြသနာကို ရင်ဆိုင်ဖို့ထက် ရှောင်ပြေးဖို့ ကြိုးစားချင်နေတာပဲ..။ဒီကိစ္စကြောင့် ဆယ်စုတွေ ကြာအောင်..မလွတ်မြောက်နိုင်ဖြစ်ခဲ့ရတာ...။ငါ ကိုယ်တိုင်သွားပြီး အဖမ်းခံလိုက်တော့မယ်..။အနည်းဆုံးတော့ ငါ့ရဲ့ လက်ကျန် ဂုဏ်သိက္ခာလေးကို ထိန်းသိမ်းထားသင့်တယ်လေ.."

ဒီစကားက လေးနက်ပြီး..သူ့အသံက ကြောက်ဖို့ ကောင်းနေခဲ့ပါတယ်..။

ဘေးနားက ဝန်ထမ်းတွေ ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပေ..။ဒီကာစတန်မာက တစ်ကယ် ထူးဆန်းတယ် လို့ သူတို့ တွေးမိလိုက်ပါတယ်..။

သို့ပေမယ့် သူဌေးလေးရဲ့ ပုံစံက လုံးဝ အံ့ဩနေတဲ့ ပုံစံ မရှ်ိပါဘူး..။သူ့ကြည့်ရတာ ဒီလူပြောတာကို ယုံကြည်နေတဲ့ ပုံပါပဲ..။

ဒါက လည်း မဟုတ်သေးပေ..။

တကယ်လို သူဌေးလေးက ယုံကြည်တယ် ဆိုရင် ဘာလို့ မကြောက်ရွံ့တာလဲ..

…

ရေချိုးစင်တာ အပြင်ဘက်..။

လီဘောင် ဖုန်းကို ထုတ်ပြီး သူမခေါ်တာ ကြာပြီဖြစ်တဲ့ နံပါတ်ကို ခေါ်လိုကိတယ်..။

ဖုန်းဝင်သွားခဲ့ပါတယ်..။

"မင်းဘာလိုချင်လို့လဲ..မင်းကို မကြာခန ဖုန်းမခေါ်နဲ့လို့ ငါမပြောထားဘူးလား..."

မကျေမနပ်ဖြစ်နေတဲ့ အသံဖုန်းထဲက ထွက်လာခဲ့ပါတယ်..။

"ဟွန်ဂျင်..အဲတာက အနှစ်နှစ်ဆယ်တောင် ရှိခဲ့ပြီလေ..။ငါ ရေချိုးစင်တာ တစ်ခုမှာ နောက်ကျောကြေးတွန်း နေရင်း..ငါတို့ ဒီလို မနေသင့်ဘူးလို့ ခံစားနေရတယ်.."

လီဘောင် ပြောလိုက်တာပါ..။

ဟွန်ဂျင် ပြောလိုက်တယ်..။

"လီဘောင်..မင်း ငတုံး ဖြစ်အောင်များ ရေသွားချိုးလိုက်တာလား..။မင်း ငါ့နာမည်ကို ထပ်ပြီး မသိတော့ဘူး..။ဟွန်ဂျင် ဆိုတဲ့ လူက သေသွားပြီ..။မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ.."

လီဘောင် တည်ငြိမ်စွာပဲ ..ပြောလိုက်တယ်..။

"ငါ့ကို လီဘောင်လို့ ထပ်မခေါ်နဲ့တော့..လီဘင် လို့ပဲ ခေါ်..။ဒါက ငါ့ရဲ့ နာမည်အရင်းပဲ..။ငါတို့ ထပ်ပြီး ပုန်းနေဖို့ မလိုတော့ဘူး..။ငါ ကိုယ့်ကိုကို ဝန်ခံလိုက်ဖို့ ပြင်ဆင်ပြီးသွားပြီ..။ကောင်းပြီ ငါ ဖုန်းချလိုက်တော့မယ်..။အခုငါဖုန်းဆက်လိုက်တာက..မင်းပြသနာကို ရှောင်ပြေးနေလို့ မရဘူး..မျက်နှာဆိုင် တွေ့မှ အမှန်တကယ် လွတ်မြောက်မယ် ဆိုတာ ပြောချင်လို့ပဲ.."

"ဟေး..ဟေး..."

*တီ.*

ယင်းနောက် လီဘောင် ဖုန်းထပ်ခေါ်လိုက်တယ်..။ဒါက သူ့ကို ခုနက နောက်ကျော ကြေးတွန်းပေးတဲ့ ညီအစ်ကို ပေးခဲ့တဲ့ ဖုန်းနံပါတ်ပါ..။

"ဒါက စစ်ဆေးရေးမှူးလီ ဟုတ်ပါသလား.."

လီဘောင် မေးလိုက်တာပါ..။

လီရှောင်ရှမ်းဟာ အမူတွဲ ဖိုင်တွေကို စစ်ဆေး နေရင်းကနေ ရပ်တန့်လိုက်ပြီး ..ပြန်ဖြေလိုက်တယ်..။

"ဟုတ်ပါတယ် ခင်ဗျားက..."

"ဟဲလို စစ်ဆေးရေးမှူးလီ..ကျွန်တော်က လီဘောင် ဒါပေမဲ့ နာမည်အရင်းကတော့ လီဘင်ပါ..။လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလေ..ကျွန်တော်တစ်စုံတစ်ယောက်ရဲ့ ပစ္စည်းတွေကို ခိုးယူပြီး သူ့ရဲ့ မိသားစု လေးယောက်ကို ဟော်တယ် တစ်ခုမှာ သတ်ခဲ့မိတယ်..။အခု..ကျွန်တော် အပြစ်တွေကို ဝန်ခံချင်လို့ပါ.."

လီရှောင်ရှမ်း : "....."

All Chapters