← Chapters

ဒီမှာ လူတွေ အများကြီးပဲ..

Vol. 34 Ch. 503

ဒီမှာ လူတွေ အများကြီးပဲ..

Vol. 34 Ch. 503

#ဘာသာပြန် = စနိုးဝှိုက်

သတင်းထူး..သတင်းထူး..

သတင်းကြီး..

နောက်တစ်ရက်..

သတင်းကြီး တစ်ခုဟာ..များပြားလှတဲ့ ဝက်ဆိုက်တွေ မှာတက်လာခဲ့တယ်..။မရေမတွက် နိုင်တဲ့ လူထုဟာ ဒီသတင်းကို ဖတ်ပြီး အံ့ဩသင့်သွားခဲ့ကြပါတယ်..။

"ရှန်ဟိုင်း ရဲဌာနဟာ..နောက်ဆုံးမှာ '၁၉၉၇ မိသားစုလိုက် အသတ်ခံရမူ' အမူတွဲကို ဖော်ထုတ်နိုင်ခဲ့သည်..။သံသယ ရှိသူ နှစ်ယောက်ဟာ..ဟိုတယ် ပိုင်ရှင် သူဌေး နှင့် သူ့မိသားစုအား..ပိုက်ဆံ ကြောင့် သတ်ခဲ့သည်ဟု ယူဆရသည်..။အဲ့အချိန်တုန်းက ..ဒီကိစ္စကြောင့် အတော်ဂယက် ရိုက်ခဲ့ပေမယ့် နောက်ဆုံး တွင်..ဒီအမူကြီး ဖြေရှင်းပြီးသွားပြီ ဖြစ်သည်..။စစ်ဆေးရေးမှူးလီ ၏ ပြောဆိုချက်အရ..သံသယ ရှိသူ..လီဘင် ( လီဘောင် ) ဟာ သူ့ကိုသူ ဝန်ခံ လာယုံတင်မက..သူ့၏ အပေါင်းအပါ ဟွန်ဂျင် ကိုပါ ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်..။ဟွန်ဂျင်အား လိန်ကျိုး ရှိ ရဲဌာနက ဖမ်းဆီးထိန်းသိမ်း နိုင်လိုက်ရာ..အခု အမူလုံးဝ ပြီးဆုံးသွားပြီ ဖြစ်သည်..။ဒါအပြင်..သတင်းထောက် တွေ လီဘောင်ကို အင်တာဗျူးကြရာတွင်လည်း..အံ့ဩစရာ ..တွေကို သိခဲ့ရသေးသည်..."

သတင်းအကြောင်းအရာက ရှည်လျားပေမယ့်..လူအများရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့ပါတယ်..။

မြို့သားတွေဟာ ဆွေးနွေးနေခဲ့ကြတယ်..။

"ချီးပဲ..အံ့ဩစရာပဲ..နှစ်နှစ်ဆယ် လောက်ထွက်ပြေးအပြီးမှာ တစ်ယောက်က..စာရေးဆရာ ဖြစ်လာပြီး တစ်ယောက်က..ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာတယ်..။ကမ္ဘာကြီး ပေါ်မှာ ဒီလိူ အရာလည်း ရှိသေးတာပဲ.."

"ဒါက အဓိက အချက် မဟုတ်သေးဘူး..။အဓိက အချက်က လီဘောင် ပြီးခဲ့တဲ့ ညတုန်းက..ရေချိုးစင်တာ တစ်ခုမှာ ရေချိုးပြီး နောက်ကျော ကြေးတွန်းခဲ့တယ်တဲ့..။အဲဒိီကနေတဆင့် သူ..အသိစိတ်ဝင်ပြီး နောင်တ တရားတွေ ရလာခဲ့တာ..။သူ စစ်ဆေးရေးမှူး လီကို ဖုန်းဆက်ဖို့ နံပါတ်ကိုတောင်..နောက်ကျော ကြေးတွန်းတဲ့ ဝန်ထမ်းက ပေးလိုက်တာတဲ့နော်.."

"ချီးပဲ..ဒါက ဘာလို့ ဇာတ်လမ်းတစ်ခု နဲ့ တူနေရတာလဲ.."

"ဘယ် ရေချိုးစင်တာရဲ့ နောက်ကျောကြေးတွန်း..တဲ့ဝန်ထမ်းက ဒီလောက်ထိ အံ့ဩဖို့ကောင်းတာလဲ..။နှစ်နှစ်ဆယ် လောက် ထွက်ပြေးတိမ်းရှောင်နိုင်တဲ့ လူတစ်ယောက်ကို နောင်တ ရအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးနော်...ဟုတ်တယ်မလား.."

"အံ့ဩစရာပဲ.."

"အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာ မလား.."

မြို့သားတွေဟာ ဒီကိစ္စကို ဆက်တိုက် ဆွေးနွေးနေခဲ့ကြပါတယ်..။ဒီကိစ္စက သူတို့ရဲ့ ..အံ့ဩမူ အကန့်အသတ်ကိုတောင် ကျော်လွန်သွားခဲ့ပါပြီ..။ရဲတွေ နှစ်နှစ်ဆယ် လောက် စုံစမ်းနေတာ တောင် ဘာ သဲလွန်စမှ မရခဲ့တာကို..နောက်ကျောကြေးတွန်းတဲ့ ဝန်ထမ်းတစ်ယောက်က..နားချနိုင်ခဲ့တာပါ...။

ဘယ်သူက ဒီလို အရာမျိုးကို ယုံကြည်နိုင်မှာလဲ....

…

ထိန်းသိမ်းသည့် အခန်းထဲတွင်..။

လီဘောင်ဟာ..လွတ်လပ်တဲ့ အမူအရာ နဲ့ ထိုင်နေခဲ့တယ်..။

ရဲတစ်ယောက်ဟာ မေးလိုက်ပါတယ်..။

"ခင်ဗျားအခု..စိတ်ထဲမှာ ပေါ့ပါးသွားပြီလား.."

လီဘောင်..ခေါင်းညိမ့်လိုက်တယ်..။

"အင်း..အတော်ကို ပေါ့ပါးသွားပြီ..။လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် တုန်းကလို လေးလံမူတွေ မရှိတော့ဘူး.."

ဒီအမူက အချိန်အတော်ကြာအောင် မဖြေရှင်းနိုင်ခဲ့တဲ့ အမူ တစ်ခုပါ..။အခု ဖြေရှင်းနိုင်သွားပြီ ဆိုတော့..အကုန်လံူးအတွက် ပျော်ရွင်စရာပါပဲ..။တရားခံ ကလည်း ကိုယ့်အမှားကို သိရှိယုံတင်မကပဲ..နစ်နာသူ တွေလည်း..တမလွန်မှာ အေးအေးဆေးဆေး အနားယူနိုင်ကြတော့မှာပါ..။

ရဲအရာရှိ ပြောလိုက်တယ်..။

"ခင်ဗျား အနှစ်နှစ်ဆယ်လောက်တောင် ပြေးလာပြီးပြီးလေ..။ဘယ်လိုဖြစ်ပြီး အခုမှ စိတ်ပြောင်းသွားတာလဲ.."

လီဘောင် ခေါင်းခါယမ်း လိုက်ပြီး..

"ငါလည်း မသိတော့ဘူး..။တကယ်တော့ ဒီလို အဖမ်းခံ ဖို့အတွေးက ငါ့မှာ အစတုန်းက မရှိခဲ့ဘူး..ဒါပေမဲ့. မနေ့က ရေချိုးစင်တာ တစ်ခုမှာ နောက်​ကျော ကြေးတွန်းတာ..အဲ့မှာ ညီအစ်ကို တစ်ယောက် ရှိခဲ့တယ်..။သူ ကြေးတွန်းပေးရင်းနဲ့ ..ငါ အတိတ်အကြောင်းတွေ ပြန်တွေးမိပြီး..အမှားတွေကို နောင်တရလာတာပဲ..။ဒါကြောင့် ငါ ဝန်ခံခဲ့တာ..."

ရဲအရာရှိတွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး..ထူးဆန်းသလို ခံစားလိုက်ရတယ်..။

ဘယ်သူက ဒီလို အရာကို ယုံကြည်နိုင်မှာလဲ..

ရဲအရာရှိဟာ ထပ်မေးလိုက်ပါတယ်..။

"ခင်ဗျား သေချာရဲ့လား..."

လီဘောင် ခေါင်းညိမ့်လိုက်ပြီး..

"အင်း..သေချာတယ်..။တကယ်ပဲ အဲလိုဖြစ်ခဲ့တာ.."

တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ လီရှောင်ရှမ်းဟာ ပြောလာခဲ့ပါတယ်..။

"ကျုပ်ဖုန်းနံပါတ်ကို ဘယ်သူ ပေးလိုက်တာလဲ.."

လီဘောင် ပြန်ဖြေလိုက်တယ်..။

"အဲက နောက်ကျော ကြေးတွန်းပေးတဲ့ ညီအစ်ကို ပေါ့..။သူ့ရဲ့ မျိုးရိုးနာမည်က လင်း..."

မျိုးရိုးနာမည် လင်း လို့ ကြားလိုက်တဲ့ အချိန်မှာ..လီရှောင်ရှမ်း ဘယ်သူလဲ ဆိုတာ ချက်ချင်းသိလိုက်တယ်..။

ဘေးနားက ရဲအရာရှိတွေလည်း ချက်ချင်းတွေးမိလိုက်ကြပါတယ်..။စစ်ဆေးရေးမှူးနဲ့ ရင်းနှီးတဲ့..မျိုးရိုးနာမည် လင်း နဲ့ လူက မာစတာ လင်းတစ်ယောက် တည်းရှိတာပါ..။

သို့ပေမယ့် ဒါက အတော် ထူးဆန်းပါတယ်..။

မာစတာ လင်းက ရေချိုးစင်တာမှာ ဘာလုပ်နေတာလဲ...

…

လင်းဖန် ဒီနေ့ အတွက် သတင်းတွေကို ကြည့်ပြီး ပြုံးလိုက်တယ်..။ဒါက ဒီလိုမျိုး သတင်းကြီးသွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သူ့နာမည်ကို ဘယ်သူမှ မပြောပဲ..ဘယ်သူမှ.. မသိကြပေမယ့်..သူသိနေတာနဲ့တင် ဒါက လုံလောက်ပါပြီ..။

လီရှောင်ရှမ်းရဲ့ ဖုန်းဟာ ဝင်လာခဲ့တယ်..။

"မာစတာ လင်း..တကယ်ကို အံ့ဩစရာပဲနော်.."

လီရှောင်ရှမ်း သက်ပြင်းချပြီး ပြောလိုက်တာပါ..။

သူမနေ့က အမူကို ကူညီခဲ့တဲ့ လူက မာစတာ လင်းမှန်း သေချာ သွားခဲ့ပါပြီ..။လီရှောင်ရှမ်းဟာ ဒီအမူကို .. သေချာ ကိုင်တွယ်ရပြီး..နောက်ထပ် တရားခံတစ်ယောက်ကို ..လေဆိပ်မှာ မိအောင်ဖမ်းဖို့ လည်း အတော်ကြိုးစားခဲ့ရတာပါ..။ဒါက ဒီအမူရဲ့ အဆံူးသတ်ပါပဲ..။

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါ အမှန်ပဲ..။ခင်ဗျား နောက်တစ်ယောက်ကို ဖမ်းပြီးပြီမလား..."

လီရှောင်ရှမ်း ပြန်ဖြေလိုက်တယ်..။

"ဟုတ်တယ်..ကျွန်တော် ဖမ်းပြီးပါပြီ..။ဒါပေမဲ့..ကျွန်တော်မေးချင်တာက..မာစတာ လင်း ဘာလို့..ရေချိုးစင်တာမှာ နောက်ကျောကြေးတွန်းတဲ့ အလုပ်သွားလုပ်နေရတာလဲ..."

ဒါပေါ့..လင်းဖန် သူ မစ်ရှင် လုပ်နေတာလို့ ပြောမှာ မဟုတ်ပေ..။ဒါကြောင့် သူ ပျော်ရွှင်စွာ ဖြင့်..

"ဘာရယ်လို့တော့ မဟုတ်ပါဘူးဗျာ..။ကျွန်တော် ..ဒီတိုင်း..အတွေ့အကြုံ ရှာနေတာပါ..။ဘယ်လိုလဲ..ကျုပ် ဒီလူက လူသတ်သမားမှန်း သိတာနဲ့..သူ့ကို ဝန်ခံလာအောင် နားချပေးခဲ့တာလေ..။ကျုပ်က နိုင်ငံသ​ားကောင်း ဆု နဲ့ ထိုက်တန်တယ်မလား.."

လီရှောင်ရှမ်း ရယ်မောလိုက်ပြီး..

"ဒါက ပြသနာ မဟုတ်ပါဘူး..။နောက်မှ ဖုန်းဆက်လိုက်မယ်..ဌာန ခေါင်းဆောင်က ကျွန်တော်ကို ဖုန်းခေါ်နေလို့..."

ဖုန်းချပြီး နောက်မှာ လီရှောင်ရှမ်း ခေါင်းခါယမ်း လိုက်ပါတယ်..။ဒီ မာစတာ လင်း က တကယ်ကို ဆန်းကျယ် တဲ့ လူတစ်ယောက်ပါ..။

…

ဂရု ထဲမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တယ်..။

"ချီးပဲ..သူ တကယ် ကျော်ကြားနေပြီ..။မင်း တို့အကုန် ဒီနေ့သတင်းကို ကြည့်လိုက်ကြလား..။တရားခံက အဲ့ရေချိုးစင်တာမှာ နောက်ကျော ကြေးတွန်းခဲ့တာ..။ပြီးတာနဲ့..သူ့ဘဝကို အပြောင်းအလဲ လုပ်တော့တာပဲ..။တကယ်ကို ထူးဆန်းတယ်.."

"ငါတော့ အခု တကယ်သိချင်နေပြီ..။ငါတော့ အဲ့ရေချိုးစင်တာက နောက်ကျော ကြေးတွန်းတဲ့ ဝန်ထမ်းကို သွားတွေ့ရမယ်.."

"ပြောတာလုံလောက်ပြီ..။ဒီညတော့.. သူ့မှာ ကာစတန်မာတွေ အများကြီး ရှိနေမှာပဲ..။အဲ့ ရေချိုးစင်တာရဲ့ ညီအစ်ကို က တကယ်ကို အောင်မြင်နေပြီ..။ငါလည်း သွားရမယ်.."

ညအချိန်..။

ဧည့်ကြိုကောင်တာမှာ ရပ်နေတဲ့ ရှောင်ဟီဟာ..သူ့ရှေ့က အခြေအနေကို ကြည့်ပြီး ကြောင်အနေခဲ့တယ်..။

သူတို့ရဲ့ ရေချိုးစင်တာက..စူပါမားကတ် တစ်ခုလို လူစည်ကားနေပြီး..သီးသန့်အခန်းတွေ ဆိုရင် လွတ်တောင် မလွတ်တော့ပါဘူး..။လူတစ်စုဟာ ဧည့်ခန်းထဲက ဆိုဖာတွေ ပေါ်မှာ ထိုင်နေခဲ့တယ်..။

"သီးသန့်ခန်း မရှိတော့ဘူးလား..။ငါတို့ ဒီမှာပဲ စောင့်နေတော့မယ်.."

"ဟုတ်တယ်..အခန်းတွေက ဘာလို့ ဒီလောက် နည်းနေတာလဲ."

"ခင်ဗျားတို့က..ဘယ်ကလာကြတာလဲ..။ကျွန်တော်က ဒီက ဖောက်သည်တစ်ယောက်ပါ..။ဒီက နောက်ကျော ကြေးတွန်းတဲ့ ဝန်ထမ်းတွေ အရမ်းကောင်းတယ် ဆိုပေမယ့် ဒီလောက်မြန်မြန် လူတွေ မသိသင့်ဘူးလေ.."

ရှောင်ဟီ ဘေးနားကနေသာ ကြည့်နေပြီး.

"အခန်း လွတ်သွားတာနဲ့ ..ကျွန်မတို့ ချက်ချင်း စီစဥ္ပေးပါ့မယ်.."

လမ်းဘေးတစ်နေရာ..။

ဆိုင်တစ်ဆိုင်တွင်..။

"သူဌေး ကျန်း ကျွန်တော် ပြောတာ စဥ်းစားပြီးသွားပြီလား..။ကျွန်တော် လူတွေ စီစဥ္ ပေးလို့ရတယ်..။ကျွန်တော်တို့ အကျိုးအမြတ်ကို ၉ : ၁ ခွဲကြမယ်လေ..။ကျုပ်က ကိုး.. ခင်ဗျားက တစ် ပေါ့..။ခင်ဗျားရတာ မလုံလောက်ဘူးလို့တော့ မပြောနဲ့နော်..။အလုပ်သမား တွေ အကုန်လံူးက ကျွန်တော့်လူတွေ ဖြစ်ပြီး ကျွန်တော်ကပဲ ရင်းနှီးရမှာ..။ထပ်ပြောရရင်..ခင်ဗျားရဲ့ ရေချိုးစင်တာလည်း တိူးတက်လာလိမ့်မယ်.."

ပိန်ပိန်ပါးပါး လူတစ်ယောက်က ပြောလိုက်တာပါ..။

သူက ပြည့်တန်ဆာ လုပ်ငန်းရဲ့ ခေါင်း တစ်ယောက်ပါပဲ..။ပြီးတော့..သူအခု အကြီးအကဲ ကျန်းနဲ့ ဒီကိစ္စကို ဆွေးနွေးနေခဲ့တာပါ..။

အကြီးအကဲ ကျန်း တွေဝေ နေခဲ့တယ်..။လတ်တလော သူ့စိတ်က..ဒီကိစ္စကြောင့် ရှုပ်ထွေးနေခဲ့တာပါ..။သူ လုပ်သင့်လား မလုပ်သင့်လားကို ဆက်တိုက် တွေးတော နေခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် သူ ဆုံးဖြတ်ပြီးရင် ပြန်လှည့်လို့ ရတော့မှာ မဟုတ်ပါဘူး..။

ပိန်ပိန်ပါးပါး လူဟာ အကြီးအကဲ ကျန်း စဥ်းစားရခက်နေတာကို မြင်ပြီး ပြုံးလိုက်ကာ..

"သူဌေးကျန်း ခင်ဗျားစဥ္းစားလို့ ရပါတယ်..ဒါပေမဲ့ ခင်ဗျား သိထားဖို့က..ဒီလောက မှာ ကျွန်တော်တို့က အမြဲ အလုပ်များနေတာနော်..။ကျွန်တော် တို့နဲ့တွဲလုပ်ချင်တဲ့ ရေချိုးစင်တာ တွေဆိုတာ အများကြီးပဲ..။ခငိဗျား တစ်ကြိမ် အခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ခါ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး.."

အကြီးအကဲ ကျန်း ခေါင်းညိမ့်လိုက်တယ်..

"ငါ ဒါကို သိပါတယ်..ဒါပေမဲ့ ငါ.. .ဟင်း..လုပ်မယ်ကွာ..."

ပိန်ပိန်ပါးပါး လူဟာ ဒါကို ကြားတဲ့ အချိန်မှာ ပြုံးလိုက်ပြီး..

"ကောင်းပြီ ခင်ဗျားရဲ့ ရေချိုးစင်တာကို..အရင်သွားကြည့်ရအောင်..။တစ်ချို့ အလှပြင်ဆင်မူ တွေ ပြုလုပ်ဖို့ လိုပြီး လျို့ဝှက်တံခါး အနည်းငယ်လည်း တပ်ဆင်ဖို့ လိုတယ်လေ..။ဒီလိုအလုပ်မျိုး မလုပ်တဲ့ ရေချိုးစင်တာ ဘယ်နှစ်ခုများ ရှိလိမ့်မယ် လို့ ခင်ဗျားထင်လဲ..။အဲလို ရေချိုးစင်တာမျိုးက အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး.."

ကျန်းဝေ ဘာမှ ပြန်မပြောခဲ့ပေ..။ဒီ လူ ပြောတာက တကယ့်အမှန်တရားပါပဲ..။လက်ရှိအခြေအနေကိုက အဲလိုဖြစ်နေတာပါ..။

ကျန်းဝေ ဒီလို အရာမျိူး မလုပ်ချင်ပေမယ့် ရွေးချယ်စရာ မရှိပါဘူး..။သူ ဒါမျိုး လုပ်ဖို့ တွန်းအားပေး ခံနေရသလိုပါပဲ..။

တကယ်လို့ သူသာ ရဲအဖမ်းခံရရင်..လုံးဝ အဆုံးသတ်ပါပြီ..။

သို့ပေမယ့် သူ ဒီလို အရာမျိုး မလုပ်ပြန်ရင်လည်း..လက်ရှိ စီးပွားရေး အခြေအနေနဲ့ဆို..အဆုံးသတ်ဦးမှာပါပဲ..။

အဲအချိန်မှာတော့..သူလုပ်နိုင်တာ ဆိုလို..လူဆိုး လူညစ်တွေရဲ့ လမ်းကိုလျောက်ပြီး..သူ့မှာရှိတာ အကုန် လောင်းထားဖို့ပါပဲ...။

All Chapters