← Chapters

ဆိုးယုတ်မူနဲ့..အယူဝါဒ..

Vol. 34 Ch. 504

ဆိုးယုတ်မူနဲ့..အယူဝါဒ..

Vol. 34 Ch. 504

#ဘာသာပြန် = စနိုးဝှိုက်

ကာစတန်မာ တွေကို နောက်ကျော ကြေးတွန်းပေးနေတဲ့ အလုပ်သမားတွေဟာ အံ့ဩသွားခဲ့ကြတယ်..။

"ဒီနေ့ ဘာဖြစ်နေတာလဲ..။ဘာလို့..ကာစတန်မာ တွေ အများကြီး ရှိနေရတာလဲ..."

"တန်းစီ နေတဲ့ လူတွေကိုလည်း ကြည့်ပါဦး..တကယ်ကို ကြောက်စရာပဲ..."

အဲ့အချိန်မှာပဲ..ရေချိုးတဲ့ နေရာမှာ လူတွေ အများကြီး ရှိနေခဲ့တယ်..။သူတို့ အကုန်လုံးဟာ ဆွေးနွေးနေကြပြီး..လင်းဖန်ရဲ့ နည်းစနစ် တွေကို သိချင်နေခဲ့ပါတယ်..။ကျော်ကြားနေတဲ့ လူငယ်လေးက တကယ် ဆန်းကျယ်ရဲ့လား သူတို့ မြင်ချင်နေကြတာပါ ။

"ဘုရားရေ..ဒါက ဆန်းကျယ်လှပါလား.."

"ဟုတ်တယ် ဟို ငနဲ ရဲ့ အဓိက အစိတ်အပိုင်းက တစ်ခုခုတော့ မူမမှန်တော့ဘူး.."

"ငါတို့ အလှည့်ကို ရောက်ဖို့ ဆိုရင် ဘယ်လောက် တောင် စောင့်ရမှာလဲ မသိဘူး.."

"သူ့ရဲ့ အမူအရာကိုကြည့်ပါဦး..ချဲကားနေသလို ဖြစ်မနေဘူးလား..."

သူတို့ဟာ ...လင်းဖန်ရဲ့ နည်းစနစ်တွေကို အံ့ဩနေခဲ့ကြတယ်..။သို့ပေမယ့်..သူတို့ရဲ့ ..အလှည့်ကို ရောက်လာရင် ကိုယ်တိုင်ခံစားကြရတော့မှာပါ..။

အဲ့အချိန်မှာတော့..လင်းဖန်ဟာ အလှုပ်ရှုပ်နေခဲ့ပါတယ်..။လူငယ်လေး တစ်ယောက်ဟာ ရှေ့ကို တက်လာပြီး သိချင်စွာဖြင့်...

"အစ်ကိုကြီး..အဲ့ တရားခံ ကိုလေ...သူ့ကို ပြောင်းလဲ အောင် အစ်ကိုကြီး အကြံဥာဏ် ပေးခဲ့တာလား.."

"အဲတာ ငါ. မဟုတ်ဘူး.. ။သူကိုယ်တိုင်က..အမှန်တရားကို ..လာရှာတာလို့ ပြောလို့ရတယ်.."

လင်းဖန် အပြုံးလေးနဲ့ပြောလိုက်တာပါ..။ဒီလူတွေ အကုန်လုံး အဲ့မတော်တဆ မူကြောင့် ဒီကို လာကြည့်ကြတာမှန်း သူသိထားပြီးသားပါ..။

လူငယ်လေး..အံ့ဩသွားပြီး..

"တကယ် အဲလို ဖြစ်ခဲ့တာလား..."

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဒီကိစ္စမှာ..ဘာမှ ထူးဆန်းတာ မရှိပါဘူးကွာ.."

ဘေးနားက နောက်ကျောကြေးတွန်းတဲ့ ဝန်ထမ်းဟာ ချီးကျူးလိုက်ပါတယ်..။

"သူဌေးလေးက အရမ်းဆန်းကျယ်တယ်..။မင်းတို့ တိမ်ဖြူလမ်းနားမှာ နေတယ်ဆိုရင် . သူဌေးလေးကို မသိစရာ အကြောင်း မရှိပါဘူး..."

လူငယ်လေးဟာ ခေါင်းခါယမ်း လိုက်တယ်..။

"ကျွန်တော်က ဒီနားမှာ နေတာ မဟုတ်ဘူး..။ကျွန်တော် နေတဲ့ နေရာက တော်တော် ဝေးတယ်..။ဂရုတစ်ခုမှာ ဒီနေရာအကြောင်း လူပြောများနေလို့သာ လာခဲ့တာ..."

တစ်ခြားရေချိုး နေတဲ့ လူတွေဟာ အော်လိုက်ကြတယ်..။

"သူဌေးလေး ပန်ကိတ်ကြတော့ ပိုမရောင်းပေးချင်ဘူး..။ဒီနေရာကို တော့ နေ့တိုင်းလာပြီး အလုပ်လုပ်တယ်နော်..။ဘာပဲဖြစ်ဖြစ် ငါတို့လည်း ဒီအတွေ့အကြုံကိုတော့ ခံစားရမယ်.."

တစ်ခြား ဝန်ထမး် တွေရဲ့ နောက်ကျော ကြေးတွန်းတဲ့ စကေးတွေဟာလည်း လင်းဖန် ရဲ့ လမ်းညွှန်မူအောက်မှာ ပိုပြီး တိုးတက်လာခဲ့ကြပါတယ်..။အရင်တုန်းက နဲ့ ယှဥ္ရင် နှိုင်းယှဥ္လို့တောင် မရတော့ပါဘူး..။

ကာစတန်မာ တွေဟာလည်း ကျေနပ်နေခဲ့ကြတယ်..။ဒီမှာက..ဝန်ဆောင်မူ ကောင်းမွန်ပြီး..အချိန်လည်း လုံးဝ မနည်းပါဘူး..။သူတို့ လင်းဖန် ရဲ့ ကြေးတွန်းပေးတဲ့ အတွေ့အကြုံကို မခံစားရရင်တောင် ကျေနပ်ကြပါတယ်..။

စျေးကလည်း ချိုသာပြီး အတော်လည်း သက်သောင့်သက်သာ ရှိပါတယ်..။ဒီလို..နောက်ကျောကြေးတွန်း တဲ့ နည်းစနစ် တွေကို သူတို့ ဘယ်မှာမှ မခံစား ခဲ့ရပေ..။

…

အပြင်ဘက်..။

လီရှောင်ရှမ်း လည်း သတင်းတွေကြောင့် ..မာစတာ လင်းရဲ့ ရေချိုးစင်တာကို ရောက်လာခဲ့ပါတယ်..။သူ ဒီတစ်လောမှာ လုပ်စရာ တွေ အများကြီး ရှိနေတာကြောင့်..မာစတာ လင်းနဲ့ မတွေ့တာတောင် အတော်ကြာနေပါပြီ..။ရှန်ဟိုင်းက လုံခြုမူ အပြည့်ရှိတဲ့ မြို့ကြီး တစ်မြို့ဖြစ်ပေမယ့်..ပြစ်မူ ကျူးလွန်တာတွေလည်း ရှိနေပါသေးတယ်..။ဒီမှာ..လူသတ်မူ တွေ အများကြီး မရှ်ိတော့ပေမယ့်..တိုက်ခိုက်မူတွေ. အရှုပ်အထွေးတွေ အင်တာနက် လိမ်မူတွေ အများကြီး ရှိနေပါသေးတယ်..။သူ အလုပ်ရှုပ်နေတဲ့ အချိန်တွေဆိုရင် နားရတယ်လို့ကို မရှိပါဘူး..။

"မာစတာ လင်း အထဲမှာ ရှိလား.."

လီရှောင်ရှမ်း မေးလိုက်တာပါ..။

ရှောင်ဟီဟာ..သီးသန့်ခန်းတွေ ရဲ့ အခြေအနေတွေကို စစ်ဆေးရင်း အလုပ်များနေခဲ့တာပါ..။အဲ့အချိန်မှာ သူမ ပြန်မကြည့်ပဲ..ပြန်ဖြေလိုက်တယ်..။

"သူ ဒီမှာ ရှိပါတယ်..ဒီမှာ ရှိပါတယ်..။ဒိီလူတွေ အကုန်လုံး မာစတာ လင်းကို..လာစောင့်နေကြတာပါ. ။သီးသန့်ခန်းလွတ်ရင် အကြောင်းကြားပေးမှာ မို့ လို့ ခနစောင့်နေပေးပါ.."

လီရှောင်ရှမ်း သူ့ရဲ့ ID ကတ်ပြားကို ထုတ်လိုက်ပြီး..

"ငါက ရဲအရာရှိပဲ..။ငါက မနေ့က မတော်တဆမူကြောင့်. မာစတာ လင်းကို မေးစရာရှိလို့..."

ရှောင်ဟီ ပဟေဠိဖြစ်သွားတယ်..။

"မနေ့ကလား...မနေ့က ဘာဖြစ်လို့လဲ.."

လီရှောင်ရှမ်း ဆွံ့အသွားခဲ့ပါတယ်..။ဒီမိန်းကလေး မနေ့က သတင်းတွေ မဖတ်ဘူးလား..။လူတိုင်း မနေ့က မတော်တဆ မူကို သိထားကြပေမယ့် ဒီ ရေချိုးစင်တာ ရဲ့ ဝန်းထမ်း တစ်ယောက်ဖြစ်နေ​ြ့ပီး သူမကမသိဘူးလို့ ပြောနေခဲ့တာပါ..။ယင်းနေုာက်လီရှောင်ရှမ်း အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်ပြီး..

"သူ့ကို သွားရှာပြီး လီရှောင်ရှမ်း ရောက်နေတယ် လို့ သာ ပြောလိုက်.."

ရှောင်ဟီဟာ ..တကယ် ရဲအရာရှိ ဖြစ်နေတာကြောင့် ဘာမှ ထပ်မပြောတော့ပေ..။သို့ပေမယ့် ယောကျာ်းလေး ရေချိုးစင်တာထဲ သူမ ဝင်လို့ မရတာကြောင့်..တစ်စုံတစ်ယောက်ကိုပဲ ခေါ်ခိုင်းလိုက်ပါတယ်..။

…

လင်းဖန် ကာစတန်မာ တစ်ယောက်ကို..ဝန်ဆောင်မူ ပေးပြီးတဲ့ နောက်မှာ..ဝန်ထမ်းတစ်ယောက်က ဘယ်သူစောင့်နေတာလဲ ဆိုတာ လာပြောခဲ့တယ်..။ဒါကြောင့် သူ အဝတ်အစားလဲတဲ့ အခန်းမှာ အဝတ်လဲပြီး လီရှောင်ရှမ်းနဲ့ တွေ့ဖို့ ထွက်လာခဲ့ပါတယ်..။

"စစ်ဆေးရေးမှူးလီ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ.."

လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။

လီရှောင်ရှမ်းဟာ..လင်းဖန်ကို မတွေ့တာ ကြာပြီ ဖြစ်တာကြောင့် အနည်းငယ် သတိရနေခဲ့တယ်..။

"ဘာလို့လဲ. ငါလာလို့တောင် မရတော့ဘူးလား..။မင်းလိုချင်တာကို ငါယူလာခဲ့တယ်.."

လင်းဖန် လှမ်းယူလိုက်ပြီး..နိုင်ငံသားကောင်းဆုကို ဖွင့်ကြည့်လိုက်ပါတယ်..။သူ ကျေနပ်သွားခဲ့ပြီး

"ဒီကို ကိုယ်တိုင် လာပို့ပေးတဲ့ အတွက် တကယ် ကျေးဇူးတင်ပါတယ်.."

လီရှောင်ရှမ်း ခေါင်းခါယမ်း လိုပ်ပြီး..

"မင်းဘာလို့ ထပ်လိူ ချင်တာလဲ ငါ နားမလည်တော့ဘူး..။မင်းမှာ ဒီလို ဆုတံဆိပ်တွေ များနေပြီလေ.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါက ကောင်းတဲ့ အရာပဲ ..။တစ်ခုစီတိုင်းက ကျွန်တော်ရဲ့ စွမ်းဆောင်မူ တွေကို ကိုယ်စားပြုတယ်လေ..။ဒါပေမဲ့ စစ်ဆေးရေးမှူး လီ...ခင်ဗျား ..ဒါကြောင့်ချည်းသက်သက်တော့ လာတာ မဟုတ်ပါဘူးနော်.."

လီရှောင်ရှမ်း လင်းဖန်ကို ကြည့်လိုက်ပြီး..

"ဘာလို့လဲ..ဒီတစ်လော ငါ အလုပ်တွေ များနေလို့ ..တစ်ခေါက်မှတောင် ..မလာနိုင်ခဲ့ဘူးလေ..။ကြည့်ရတာ မာစတာ လင်းက ငါ့ကို မတွေ့ချင်တော့ဘူးထင်တယ်..။ ငါတို့ ဘယ်တော့မှ ဘီယာ တစ်ခွက် နှစ်ခွက်လောက် အတူတူ သောက်ရမှာလဲ.."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"အခုတော့ မရသေးဘူးလေ..။ကျုပ်က..ဒီမှာ အလုပ်ရှုပ်နေတာ..။နောက်တစ်ခါမှ ကျွန်တော် ဖုန်းခေါ်လိုက်ပါ့မယ်.."

လီရှောင်ရှမ်း လက်လျော့လိုက်တယ်...။မာစတာ လင်းဘာလို့ ရုတ်တရက် ကြီး ဒီအလုပ်တွေ လုပ်နေတာလဲ သူနားမလည် တော့ပါဘူး..။သို့ပေမယ့် သူ ဘာမှ ဝင်ပြောမှာ တော့မဟုတ်ပေ..။ထပ်ပြောရရင် ..သူ အခု ဒီရာထူးကို ရနေတာက..မာစတာ လင်းရဲ့ အကူအညီတွေ အများကြီး ပါပါတယ်..။

သိပ်မဝေးတဲ့ နေရာတစ်ခုတွင်..။

ကားတစ်စီးဟာ ရပ်တန့်သွားခဲ့တယ်..။

အကြီးအကဲ ကျန်း..တွေဝေနေပြီး ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်နေခဲ့ပါတယ်..။သူ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး..။သူက တကယ်ကို ကျဥ်းထဲကျပ်ထဲ ရောက်နေခဲ့တာပါ..။သူတွေးနေတာက တကယ်လို့ တစ်ယောက်ယောက်က ရဲတိုင်လိုက်ရင် သူဘာဆက်ဖြစ်မလဲ ဆိုတာပါပဲ..။

ငါ ထောင်ထဲ ရောက်သွားမှာလား...

ဒါမှမဟုတ်..ဆိုင်ကို ပိတ်လိုက်ရမှာလား..

အဲ့အချိန်မှာ သူ အနည်းငယ် ..ကြောက်ရွံ့နေခဲ့ပါတယ်..။သို့ပေမယ့်..သူ့ စီးပွားရေးကိုသာ ပိုကောင်းအောင် တစိခုခု မလုပ်နိုင်ရင်..မကြာခင်မှာ ကျိန်းသေ ပိတ်ရတော့မှာပါ..။

"ဒီနေရာ ဟုတ်တယ်မလား..အကြီးအကဲ ကျန်း.."

ပိန်ပိန်ပါးပါးနဲ့ လူဟာ ပြုံးပြီး ပြောလိုက်တာပါ..။

ကျန်းဝေ ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ငါတို့ ရောက်ပြီ.."

ပိန်ပိန်ပါးပါး နဲ့လူဟာ.. ဆိုင်ကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းခါယမ်း လိုက်ပြီး..

"နာမည်က သိပ်မကောင်းဘူး..။ဝင်ပေါက်ကလည်း..ကလည်း..ဇိမ်ခံတဲ့နေရာပုံ မပေါက်တော့..ပထမဆုံး အမြင်မှာတင် ဒီနေရာက ဝန်ဆောင်မူ မကောင်းဘူးလို့ ထင်သွားမှာပေါ့. ။ဒါကြောင့်လည်း လူတွေကို ဆွဲဆောင်ဖို့ ခက်ခဲနေတာ.."

ကျန်းဝေ..အနည်းငယ် အံ့ဩသွားပြီး..

"နာမည်က ဘာဖြစ်နေလို့လဲ.."

ပိန်ပိန်ပါးပါးလူဟာ ပြုံးလိုက်ပြီး..

"ဒါပေါ့ ခင်ဗျား..'ရေနွေးချိုးခန်း.' ဒါမှမဟုတ်..'ကလပ် ဆိုတဲ့..နာမည်ကို ထည့်ထားသင့်တာပေါ့..။'အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာ'

ဆိုတာကြီးကတော့ ခံစားလို့ ဘယ်ကောင်းမှာလဲ..။ဒါပေမဲ့ ပြသနာတော့သိပ်မရှိပါဘူး..ကျုပ်ရဲ့ ဖောက်သည်တွေကို အကြောင်းကြားထားလိုက်ရင် သူ့ဟာသူ အဆင်သွားလိမ့်မယ်..."

ပိန်ပိန်ပါးပါးနဲ့ လူဟာ ကျန်းဝေ..အခုထိ တွေဝေ နေသေးတာကို သတိထားမိလိုက်ပြီး..အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"သူဌေးကျန်း..ခင်ဗျား ဘာမှ ဝန်ထုတ်ဝန်ပိုး တစ်ခုလို ခံစားဖို့ မလိုပါဘူး..။အစိုးရက တရားဝင်ခွင့် မပြုထားပေမယ့်.. ဒါက အရမ်းယုတ်ညံ့နေတဲ့ အလုပ်တစ်ခု မဟုတ်ဘူးလေ..။ဒါက စိတ်အပန်းဖြေစရာ နေရာတစ်ခုလို့ပဲ တွေးလိုက်စမ်းပါ. ဟုတ်တယ်မလား..။အခု..ရှန်ဟိုင်းမှာ..မရပ်တည်နိုင်တော့တဲ့..ရေချိုးစင်တာတွေမှာ အများကြီးပဲ.. ။အဲတာက ခင်ဗျားလို စည်းမျဥ္းစည်းကမ်းကို လိုက်နာနေတဲ့ နေရာတွေချည်းပဲလေ..။ထပ်ပြောရရင် လအနည်းငယ်နဲ့တင် ခင်ဗျား ပိုက်ဆံတွေ အများကြီး ဝင်လာဦးမှာ..။ခင်ဗျား မလုပ်ချင်တော့ဘူး ဆိုရင် တဲ့အချိန်မှာ ကျုပ်ရပ်တန့်ပေးမယ်..။တကယ်တော့..ဒီအလုပ်ဆိုတာက ကောင်းတဲ့ အလုပ်တစ်ခုပါပဲဗျာ..."

ကျန်းဝေ..ဒီလူကို ကြည့်လိုက်တယ်..။တစ်စုံတစ်ယောက်က ဒီလို အလုပ်ကို ကောင်းမွန်တဲ့ အလုပ်လို့ ပြောတာကို သူ ပထမဆုံး ကြားဖူးတာပါ..။

ပိန်ပိန်ပါးပါး နဲ့လူဟာ ပြောလိုက်တယ်..။

"ခင်ဗျား သတင်းတစ်ခုကို ဖတ်လိုက်ရလား..။ပြောင်းရွှေ့ အလုပ်သမား တစ်ယောက်က..ပြည့်တန်ဆာ အကြောင်းကို ဘာမှ မသိပဲ..သူ့ကိုသူ ထိန်းချုပ်ထားရတာ အရမ်းကြာပြီး ဖြတ်သွားဖြတ်လာ မိန်းကလေး တစ်ယောက်ကို အဓမ္မပြုကျင့် မိခဲ့တယ်လေ..။အဆုံးမှာတော့ အဲ့မိန်းကလေးကို မတော်တဆ သတ်မိခဲ့တယ်..။သူ အဖမ်းခံရမှ ပြည်တန်ဆာ ဆိုတာ ရှိမှန်း သိသွားပြီး နောင်တတွေ ရနေခဲ့တာ​ေ့လ..။သူသာ စောစောက သိခဲ့ရင် ဒီကိစ္စကို ဒေါ်လာ ရာဂဏန်းလောက် နဲ့ ဖြေရှင်းနိင်ခဲ့မှာ..။တစ်စုံတစ်ယောက်ရဲ့ အသက်ကို သတ်စရာ လိုတော့မှာ မဟုတ်ဘူး..။ကျုပ်တို့ရဲ့ အလုပ်က..လူထု ပတ်ဝန်းကျင်ကို တကယ် အကျိုးမပြုနိုင်ဘူးလို့ ခင်ဗျား ထင်နေတာလား.."

ကျန်းဝေ ဒါကို ကြားတဲ့ အချိန်မှာခေါင်းကိုသာ ခါယမ်း လိုက်ပြီး..ဘာမှ ထပ်မပြောတော့ပေ..။သူ ဒီလူ နဲ့ ပြိုင်ပြီး ငြင်းမနေချင်တော့ ပါဘူး..။

သူ့ စီးပွားရေးက ဒီလို လုပ်တော့မှာဆိုတော့ သူလည်း ဒီလိုပဲ သဘောထားရတော့မှာပါ..။

သူ အကုန်လုံး အလောင်းအစား လုပ်ထားပြီးပြီဆိုတော့..ဒီလူပြောနေတာကို နားထောင် နေဖို့သာ တတ်နိုင်ပါတော့တယ်..။

All Chapters