← Chapters

အသိပညာ အသစ် ပွင့်သွားခြင်း

Vol. 34 Ch. 506

အသိပညာ အသစ် ပွင့်သွားခြင်း

Vol. 34 Ch. 506

#ဘာသာပြန် = စနိုးဝှိုက်

ကျန်းဝေ ..ကျေးဇူးတင်စွာ ပြောလိုက်တယ်..။

"သူဌေးလေး ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်.."

သူ ဘာထပ်ပြောရမှန်း တောင် မသိတော့ပါဘူး..။သူရဲ့ ရေချိုးစင်တာက..အသစ်ပြန်လည် မွေးဖွားလာပြီး စီးပွားရေးလည်း ကောင်းမွန်လာနေခဲ့တာပါ..။

"ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..။ကျုပ်တို့က အိမ်နီးချင်းတွေ ဆိုတော့..တစ်ယောက်ကို တစ်ယောက်ကူညီ ကြရမှာပဲ လေ..."

လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..

"ဒါပေမဲ့ အနာဂတ် မှာ ဒီလို အလုပ်မျိူးလုပ်ဖို့ ထပ်ပြီး မတွေးနဲ့တော့နော်..။ကျွန်တော်ကလည်း ဒီမှာ လာလုပ်နေတာ ဆိုတော့...ခင်ဗျား အဲလို အရာတွေ လုပ်ရင် အဆင်ပြေမှာ မဟုတ်ဘူး.."

ကျန်းဝေ ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပါပြီ ကောင်းပါပြီ..ကျွန်တော် မလုပ်တော့ပါဘူး..။ကျွန်တော် တကယ် မလုပ်တော့ပါဘူး.."

နောက်တစ်ရက်..။

သတင်းတွေဟာ..ထပ်ပြီး ပျံ့နှံ့နေခဲ့တယ်..။

အတွေ့အကြုံ ရှိတဲ့ သတင်းထောက် တွေဟာ ဒီသတင်းတွေကို ဆက်ပြီး အစစွဲထုတ်နေခဲ့ပါတယ်။

"ချီးပဲ..ဒါက အံ့ဩဖို့ ကောင်းတဲ့ နောက်ကျော ကြေးတွန်းတဲ့ အစ်ကိုကြီးက မာစတာ လင်းဟ.."

"မာစတာ လင်းက ဘယ်သူလဲ.."

"မာစတာ လင်းကို မသိရအောင် မင်းတို့ တစ်မိသားစု လုံး အင်တာနက် မသုံးပဲ နေနေတာလား..။မင်းဘယ် ကမ္ဘာမှာ နေနေတာလဲ..။မာစတာ လင်း ဆိုတာ နတ်ဆေးဆရာ လေးပဲ..အခုသိပြီလား..."

"မင်းဘာလို့ စောစောက မပြောတာလဲ..။ဒါပေါ့..နတ်ဆေးဆရာ လေးကို ငါသိတာပေါ့..။သူက..တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ လူတစ်ယောက်ပဲ..။နတ်ဆေးဆရာလေးက..ဘာလို့ ရုတ်တရက်ကြီး သူများ နောက်ကျောကို ကြေးတွန်း ပေးနေတာလဲ.."

"မင်းဘာမှ မသိပါဘူး..။ဒါကို အကုန်တတ်ကျွမ်း တယ်လို့ ခေါ်တယ်..။အံ့ဩစရာ လူ တွေက အလုပ်အကိုင် အမျိုးမျိုးကို တတ်ကျွမ်းကြတယ်လေ.။သူ အိမ်သာ သန့်ရှင်းရေး လုပ်နေရင် တောင်..ငါကတော့ အံ့ဩမှာ မဟုတ်ဘူး.."

"ဒါအဓိပ္ပါယ် ရှိတယ်.."

တိမ်ဖြူလမ်း..။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"လာ..."

ဘေးနားက ဆိုင်ပိုင်ရှင် တွေဟာ သူဌေးလေးကို အံဩပြီး ကြည့်နေခဲ့ကြပါတယ်..။

သူ ဦးနှောက် လွတ်သွားတာ များ ဖြစ်နိုင်မလား...

ဝူယူလန်..နဲ့ လူလိမ် ထျန်ဟာ သူတို့ မျက်နှာ တွေကို ရှက်ရွံ့စွာ ဖုံးကွယ်ထားကြတယ်..။

ဒီကောင် ဆေးမှား သောက်လာတာလား...။ဘာလို့ ကလေး တစ်ယောက်လို ပြုမူ နေတာလဲ...

သို့ပေမယ့် လင်းဖန် အသာယာ ဆုံး အသံကို ကြားနေရတာကို ဘယ်သူမှ မသိပါဘူး..။

"၁၁ ခု မြောက် မစ်ရှင် ပြည့်မြောက် သွားပါပြီ..။စွယ်စုံ အမှတ် ၂၀ ရရှိပါတယ်.."

"၁၂ ခု မြောက် အသိပညာ အတွက်ကတော့..ပိုင်ရှင် နဲ့ အနီးအနားက လူတစ်ယောက်ကို ရွေးချယ်ပေးသွားမှာပါ.."

တစ်မိနစ်....

ဒါမဟုတ်သေးပါဘူး..။

စွယ်စုံကျမ်းက..ချွတ်ယွင်းသွားတာလား..။ဘာလို့ အရင်က နဲ့ မတူပဲ ကြာနေတာလဲ..။

"ပိုင်ရှုင် အရင်က..ငှားရမ်းထားတဲ့..အသိပညာ တွေထဲက..တစ်ခုကိုသာ..ရွေချယ်ပေးလိုက်သည်..."

"ပိုင်ရှင် အရင်က..အသိပညာ နှစ်ခုကို ငှားရမ်းခဲ့ဖူးသည်..။ကွန်ပြူတာ မေဂျာ ရဲ့ အကိုင်းအခွဲ ::

ကွန်ပြူတာ ဟတ်ခြင်း..."

"မစ်ရှင် : လူသိများတဲ့ ..မာစတာ လင်း ဖြစ်လာရန်.."

"ဆုလာဒ် : စွယ်စုံအမှတ် ၂၀ နှင့် ၁၃ ခုမြောက် အသိပညာကို..ဖွင့်လှစ်နိုင်မည်..."

မှတ်ချက် : အကိုင်းအခွဲ ပညာရပ် ဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ် ကျရန် မလိုအပ်ပေ.."

လင်းဖန် မူလ နေရာမှာ သာတိတ်ဆိတ်စွာ ရပ်နေပြီး.. ကောင်းကင်ကို ကြည့်နေခဲ့ပါတယ်..။

စွယ်စုံကျမ်းက နှေးနေတာလား...

"အာ..ကျေးဇူးပဲ..ဘုရားသခင်..။နောက်ဆုံးတော့ လက်ခံလို့ရတဲ့..အသိပညာ ရပြီ..။ဒီနေ့ ခေတ်က ဘာခေတ်ကြီးလဲ..။အင်တာနက် သတင်းအချက် အလက် တွေရဲ့ခေတ်လေ..။ငါက နတ်ဘုရား တစ်ပါး ဖြစ်လာပြီ..။စွယ်စုံကျမ်း ဆိုတာ ဒီလို အသုံးဝင်တာလေးတွေပဲ ဖြစ်သင့်တာ.."

လင်းဖန် စိတ်ထဲကနေ..ဂုဏ်ယူနေခဲ့ပါတယ်..။

တကယ်ကောင်းတယ်..

ချစ်ဖို့ကောင်းတဲ့ စွယ်စုံကျမ်း..

"ဟီးဟီး.."

လင်းဖန် မတ်တတ်ရပ်ရင်း ရယ်မောနေခဲ့တယ်..။သူပျော်ရွှင်စွာ ရယ်မောနေခဲ့တာပါ..။

လူလိမ် ထျန် ရေရွတ်လိုက်တယ်..။

"ဲဒီကောင် တစ်ခုခုတော့ ထူးဆန်းနေပြီ..။ဆိုင်ရှေ့မှာ ရပ်ပြီး အကြောင်းအရင်း မရှိပဲ ဘာလို့ ရယ်နေတာလဲ.."

ဝူယူလန်ဟာ..စိတ်ပူစွာဖြင့် ဖုန်းကို ထုတ်လိုက်ပြီး..စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့ အကောင်းဆုံး ဆရာဝန်..ကို ရှာလိုက်တယ်..။

"ငါတို့ အချိန်ရှိရင် ..သူ့ကို စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဆီ ဆွေးနွေးဖို့ ခေါ်သွားကြမယ်.."

ကျောက်ကျန်းယန် နာကျင်တဲ့ လေသံနဲ့..

"ငါ့ အိုင်ဒေါ ဘာဖြစ်သွားတာလဲ..."

လူလိမ် ထျန်. ..စိတ်တင်းပြီး မေးလိုက်ပါတယ်..

"မင်း..မင်း အဆင်ပြေရဲ့လား.."

လင်းဖန် အသိစိတ်ပြန်ဝင်လာပြီး..အပြစ်ကင်းစွာ ပြောလိုက်တယ်..။

"ကျုပ်အဆင်ပြေပါတယ်..ဘာမှ မဖြစ်ပါဘူး..။ဒီတိုင်း ပျော်စရာ တစ်ခုကို တွေးမိလို့ပါ..။လူလိမ် ဒီရက်ပိုင်း ခင်ဗျား လုပ်ကိုင်တာတွေ တကယ်ကောင်းလာတယ်..။ကျုပ် ခင်ဗျားကို ..ဒီလကစပြီး ဒေါ်လာ တစ်ရာ တိုးပေးမယ်.."

လူလိမ် ထျန် ဒါကို ကြားတဲ့ အချိန်မှာ..ကျေနပ်သွားခဲ့တယ်..။

"အာ..ညီအစ်ကို လင်း..။မင်းက တကယ် ကောင်းတာပဲ..။မင်းက ငါ့ရဲ့ အိုင်ဒေါပဲ.."

လင်းဖန် ပြုံးလိုက်တယ်..။ဒေါ်လာ တစ်ရာ လောက်နဲ့ တစ်ဖက်လူကို ပျော်ရွှင်အောင် လုပ်လို့လည်း ရပါတယ်..။ဘယ်လောက် ကောင်းလိုက်လဲ.. ။

အဲ့အချိန်မှာတော့ လူလိမ် ထျန်ဟာ ဘေးနားက လူတွေ ဆီလှည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။သူ့ ရဲ့ ဆိုလိုချက်ကတော့ ရှင်းလင်းပါတယ်..။လင်းဖန် မှာ တကယ် ပြသနာ ရှိနေပါပြီ..။ဒီကောင့်လို ကပ်စေးနဲက လစာတွေ ဘာတွေ တောင် တိုးပေးနေခဲ့တာပါ..။

…

လင်းဖန် ကျေနပ်နေခဲ့တယ်..။၁၂ ခု မြောက် အသိပညာက သင့်တော် ပြီး အသုံးဝင်တဲ့ ပညာ ဖြစ်နေခဲ့တာပါ..။သူ့လက်ထဲမှာ သာ ကွန်ပြူတာ ရှိရင် သူ အကုန်လုံးကို ထိန်းချုပ်နိုင်တော့မှာပါ..။

ဒါပေမဲ့ ခနနေပါဦး.

မစ်ရှင်က..ကျော်ကြားတဲ့ မာစတာ လင်း ဖြစ်ဖို့ ဆိုပါလား...။ဒါက တစ်ခုခု မှားနေတာ မဟုတ်ဘူးလား.

ကျွမ်းကျင်တဲ့ ဟတ်ကာ တွေ အများစုက..အရိပ်ထဲကနေပဲ အလုပ်လုပ်ပြီး သူတို့ကို သူတို့ လူသိမခံကြပေ..။သူတို့က ဘယ်သူတွေလဲ ဆိုတာလည်း ဘယ်သူမှ မသိကြပါဘူး..။

ငါ့ ကြမှ ဘယ်လိုဖြစ်ပြီး..ကျော်ကြားတဲ့ မာစတာလင်း လဲ...

ဘာပဲဖြစ်ဖြစ်..ဒါက..အရေးကြီးတဲ့ မစ်ရှင် တစ်ခုတော့ မဟုတ်ပေ..။သူ ဖြည်းဖြည်းချင်း လုပ်လို့လည်း ရပါတယ်..။

ခနအကြာတွင်..။

လင်းဖန် အနီးနားက ဆိုင်တစ်ဆိုင်ကို ကွန်ပြူတာ တစ်လုံးဝယ်ဖို့ ထွက်လာခဲ့ပါတယ်..။ကွန်ပြူတာ နတ်ဘုရား တစ်ယောက် အနေနဲ့ ကွန်ပြူတာ မရှိလို့မရပါဘူး..။

ဆိုင်ထဲတွင်..။

ကွန်ပြူတာ ရောင်းတဲ့ လီဝမ်ဟာ ကွန်ပြူတာ တစ်ခုကို ခင်းကျင်းနေခဲ့ပါတယ်..။လင်းဖန် ပြောလိုက်တယ်...

"လီဝမ်.. ဒီကွန်ပြူတာ အဆင်ပြေရဲ့လား...။လေးလံ တာတွေ ဘာတွေ ရှိလား.."

လီဝမ် ပြုံးလိုက်ပြီး...

"သူဌေးလေးက..ရောင်းတဲ့လူက ကျွန်တော် ဖြစ်နေတာတောင် စိတ်ပူနေသေးတယ်..။တစ်ခြား လူတွေကို ရောင်းရင် ဒါက ဒေါ်လာ သောင်းနှစ်ထောင် ကျတယ် ဒါပေမဲ့ သူဌေးလေး ဝယ်မယ် ဆိုရင်တော့ ဒေါ်လာ ရှစ်ထောင် ပဲပေး..။ဒီမှာ တပ်ထားတဲ့ ပစ္စည်းတွေကလည်း..အရမ်းကောင်းတယ်..။တစ်ချိန်တည်းမှာ ဂိမ်းအများကြီး ဖွင့်ထားရင်တောင် ဘာပြသနာ မှ မရှိဘူး.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..ငါက ကောင်းတဲ့ဟာ တစ်ခုပဲ လိုချင်တာ ဇိမ်ကျတဲ့ဟာ မဟုတ်ဘူး..။ဒါပေမဲ့ ဒါက ဒေါ်လာ သောင်းနှစ်ထောင် တန်ဆိုရင် ငါ ဒေါ်လာ သောင်းနှစ်ထောင် ပေးပါ့မယ်..။မင်းဆိုင်ဖွင့်ထားတယ် ဆိုတာ အမြတ်ရဖို့လေ..။အမြတ်မရရင် ဆိုင်ဖွင့်တာ အလကားဖြစ်သွားမှာပေါ့.."

ငယ်ရွယ်တဲ့ လီဝမ်ဟာ လင်းဖန်ကို လေးစားသွားခဲ့တယ်..။တိမ်ဖြူလမ်းမှာ ဆိုင်တစ်ဆိုင်ဖွင့်ထားရတာ တကယ်လုံခြုံတယ်လို့ ခံစားရပါတယ်..။အထူးသဖြင့်..ဆိုင်တွေက တစ်ခုနဲ့တစ်ခု အတော်စည်းလုံးကြတာပါ..။

ဒီမှာ ကောင်မလေး တွေနဲ့ သူ့ကို မိတ်ဆက်ပေးချင်တဲ့...အိမ်နီးချင်း တွေရှိတာကလည်း သူ့ကို ..ရှက်ရွံ့စေခဲ့ပါတယ်..။

လူလိမ် ထျန်နဲ့ ကျန်တဲ့လူတွေဟာ ဆွေးနွေးနေခဲ့တယ်..။

"တစ်ခုခုတော့ မှားနေပြီ..။တကယ် မှားနေပြီ...။ဒီကလေးက ဒီနေ့ အတော် မှားယွင်းနေတာ.."

ကျောက်ကျန်းယန်.. ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော်လည်း ဒီလိုပဲ စဥ်းစားနေတာ..။သူဌေးလေး.က အများအားဖြင့်..ကွန်ပြူတာ ဂိမ်းတွေ မဆော့ဘူးလေ...။အခု ပိုက်ဆံ တွေ အများကြီး သုံးပြီး ကွန်ပြူတာ ဝယ်ဖို့ လုပ်နေတယ်..ဒါက တစ်ခုခု မှားနေတာ မဟုတ်ဘူးလား.."

ဝူယူလန် စိတ်ပူစွာဖြင့်..

"သူ လတ်တလော ဖိအားတွေ အရမ်းများလို့ လွတ်သွားတာ မဖြစ်နိုင်ဘူးလား..."

ဝူတန်ဟီ ခေါင်းခါယမ်း လိုက်တယ်..။

"ငါတော့ ဒီလို မထင်ပါဘူး..။သူ ကွန်ပြူတာ ဝယ်တာ..ဒီတိုင်း သံူးစရာ လေးတွေ ရှိလို့ နေမှာပေါ့.."

"ဒီလိုပဲ မျှော်လင့်တာပဲ.."

ကွန်ပြူတာ တပ်ဆင်ပြီးတဲ့ နောက်မှာ လင်းဖန် အတော်ကျေနပ်သွားခဲ့ပါတယ်..။ဒါက အတော်ကို ကောင်းမွန်တာပါ..။

"ဒီကွန်ပြူတာက..ငါ့ရဲ့ဟာနော်..။ငါဘယ်သူ့ကိုမှ

ဂိမ်းဆော့ဖို့ ငှားမှာ မဟုတ်ဘူး.."

လင်းဖန် ကွန်ပြူတာ ပေါ်မှာ လျိုဝှက်ကုဒ်ကို ရေးပြီး..အပြုံးလေးနဲ့ ပြောလိုက်ပါတယ်..။

လူလိမ် ထျန် လက်ဝေ့ယမ်းလိုက်ပြီး..

"ငါတို့ ကစားမှာ မဟူတ်ဘူး..။ငါတို့ ဒါကို ထိတောင် ထိမှာ မဟုတ်ဘူး..။မင်းသာ ​ပျော်ရွှင်မယ် ဆိုရင်ပေါ့.."

"ကောင်းပြီ ..ကောင်းပြီ.."

ကျောက်ကျန်းယန်..လင်းဖန် တစ်ခုခု မှားနေတာ ကို သတိထားမိပြီး အနည်းငယ် စိတ်ပူသွားခဲ့ပါတယ်..။

ရက်အနည်းငယ် ကုန်သွားခဲ့တယ်..။

လင်းဖန် ၁၂ ခုမြောက် အသိပညာကို ဘာမှ အသုံးမပြုရသေးပါဘူး.။သို့ပေမယ့် စိတ်မပူခဲ့ပေ..။

ကျိုးမင်ချငိး သူ့ကို ဆေးပညာသင်ရိုး စာအုပ် ရေးဖို့ အကူညီတောင်းထားတာ ရှိပါသေးတယ်..။ဒါက ကျိူးမင်ချင်း အတွက် အ​ရေးကြီးသလို သူ့အတွက် လည်း အရေးကြီးတဲ့ အရာတစ်ခုပါ..။တစ်ကယ်လို့ သူသာ အမှားမယွင်း တစ်ခုခု လုပ်ရင် ပြသနာ တက်သွားနိုင်ပါတယ်..။

လင်းဖန် စားပွဲခုံရှေ့မှာ..ဘောပင် တစ်ချောင်းကိုင်ပြီး..အတွေးနက်နေခဲ့တယ်..။

သူ စွယ်စုံကျမ်းထဲက ဆေးပညာ အသိပညာတွေကို ကြည့်နေခဲ့တာပါ..။တစ်ချိန်တည်းမှာ အခုမှသင်ယူမယ့် လူတွေ အတွက် သင့်တော်သလို စီစဥ္ နေခဲ့တယ်..။

အတော်ကြာအောင် စဥ်းစားပြီး နောက်မှာ..သူ သင့်တော်တဲ့ ပလန်တစ်ခု စီစဥ္ နိုင်ခဲ့ပါတယ်..။

တရုတ်ဆေးပညာ..ဝင်ခွင့် စာအုပ်...။

"အခြေခံ တရုတ် ဆေးပညာ " "တရုတ်ဆေးပညာ မူလ လေ့လာမူ.." " ဆေးညွှန်း လေ့လာမူ.." "ဆေးပညာ အခြေခံ.."

ဒါက စတင်လေ့လာ မယ့် လူတွေအတွက် အခြေခံ စာအုပ်တွေပါ..။

သူ ဒီလေးအုပ်ကို ရေးသားပြီး သူ့ရဲ့ အတွေးအခေါ်တွေကိုပါ ထည့်သွင်းသွားဦးမှာပါ..။စတင်လေ့လာတဲ့ လူငယ်လေးတွေ သေချာ နားလည်နိုင်ဖို့က အဓိကပါပဲ..။

သူ ဆင်တူတဲ့ စာအုပ်တွေကို ဖန်တီးမှာ ဖြစ်ပြီး..စာဖတ်သူတွေ အာရုံစိုက် ဖတ်သ၍ သူ ဆုလာဒ်ကို ပြန်ရမှာပါ..။

တရုတ်သမားတော် တွေအတွက် ဒါတွေက အကူညီ ကောင်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး..လင်းဖန် အတွက်ကလည်း..စွယ်စုံ အမှတ်ရဖို့ သော့ချက်တစ်ခု ဖြစ်လာမှာပါ..။စာအုပ်တွေ ထုတ်ဝေပြီးသွားရင်..သူ စွယ်စုံအမှတ်တွေရဖို့..​စိုးရိမ်နေစရာ မလိုတော့ပေ..။

All Chapters