← Chapters

ငါးအသေးတစ်ကောင် ဖမ်းခြင်း..

Vol. 34 Ch. 505

ငါးအသေးတစ်ကောင် ဖမ်းခြင်း..

Vol. 34 Ch. 505

#ဘာသာပြန် = စနိုးဝှိုက်

"အာ.."

အကြီးအကဲ ကျန်း.ပိန်ပိန်ပါးပါးနဲ့ လူကိုခေါ်ပြီး သူ့ဆိုင်ဝင်ပေါက်ကို လျောက်သွားတဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အသွားခဲ့တယ်..။သူ့မျက်လုံးတွေ ..ကျယ်သွားပြီး ယုံတောင် မယုံနိုင်တော့ပေ..။

ဒါက ငါ့ဆိုင်လား..။

ကျန်းဝေ သူ့မျက်လုံးတွေကို တောင် သံသယ ဖြစ်နေခဲ့ပါတယ်..။သူ ခေါင်းကို မော့ပြီး..ဆိုင်းဘုတ်ကို ကြည့်လိုက်တော့လဲ...သူ့ရဲ့ ရေချိုးစင်တာ အမှန်ပါပဲ..။

ပိန်ပိန်ပါးပါး လူကြီးဟာ အခြေအနေကို ကြည့်ပြီး ကျေနပ်သွားခဲ့တယ်..။သူ အနည်းငယ် အံ့ဩသင့်စွာဖြင့်.

"သူဌေး ကျန်း..က အတော် လောဘ ကြီးတာပဲ ဟုတ်တယ်မလား...။ခင်ဗျားရဲ့ စီးပွားရေးက ဒီလောက် ကောင်းကောင်း ဖြစ်နေတာတောင်..ဆိူးရွားနေတယ် လို့ပြောနေသေးတယ်..။ခင်ဗျားက ကျွန်တော်ကို ကစားနေတာ ပဲဖြစ်ရမယ်..။ကျုပ်အခု နားလည်သွားပြီ..အကျိုးအမြတ်ကို ခင်ဗျား စိတ်ကျေနပ်အောင် ခွဲပေးပါ့မယ်.."

ဒီမှာ ရှိတဲ့ လူတွေ ကတင်အတော်များ နေခဲ့ပါပြီ..။ဒါက အတော်ကို အံ့ဩစရာပါပဲ..။တကယ်လို့..ဒါသာ စျေးတစ်ခု ဆိုရင် အကျိုးအမြတ်က အတော်ကြီးမားမှာပါ..။

တကယ်ကို မယုံနိုင်စရာပဲ

ပိန်ပိန်ပါးပါး လူရဲ့ ပြည့်တန်ဆာ တွေက အရမ်းကို လှပကြတာပါ ။

ဒီမှာ ယောက်ျားတွေ ရှိနေသ၍ ဆွဲဆောင်ခံရမှာ အသေအချာပါပဲ..။

ယောက်ျား အချင်းချင်း အသိဆုံးပါ..။ဒီလို ရေချိုးစင်တာမှာဆိုရင်..အဲတာကို လာရှာတဲ့လူတွေ အပြင်..အရက်အနည်းငယ် သောက်ထားတဲ့ လူတိုင်း ဆွဲဆောင်ခံရမှာ အသေအချာပါပဲ..။

တစ်ချို့ လူငယ် လေးတွေဟာ..အစပိုင်းမှာတော့..အနည်းငယ် ရှက်ရွံ့တတ်ကြပေမယ့်..သူ့ ကလေးမလေး တွေ နည်းနည်း ကြိုးစားပြိီး ဆွဲဆောင်လိုက်ရင် ဒါက ပြသနာ မဟုတ်တော့ပေ..။

ကျန်းဝေ အံ့ဩနေခဲ့ပြီး...

"ဒါက..."

ဘာတွေဖြစ်နေလဲ သူ မသိတော့ပါဘူး..။ဘယ်လို ဖြစ်ပြီး ဒီလောက်အထိ စည်ကားနေတာလဲ...။

ဒါက လုံးဝ အဓိပ္ပါယ် မရှိပေ..။

"အကြီးအကဲ ကျန်း..."

လင်းဖန် လီရှောင်ရှမ်းနဲ့ စကားပြောနေရင်းကနေ ..ကျန်းဝေကို လှမ်းမြင်ပြီး လှမ်းခေါ်လိုက်ပါတယ်..။

"ခင်ဗျား ဘယ်တွေ သွားနေတာလဲ..။ဆိုင်မှာ မတွေ့တာတောင် အတော်ကြာပြီ.."

ကျန်းဝေ ရှေ့ကို အမြန်တက်လာခဲ့ပြီး..

"သူဌေးလေး..ဒီအခြေအနေက.."

ရှောင်ဟီဟာ သူတို့ သူဌေး ပြန်လာတာ မြင်တဲ့ အချိန်မှာ သူမ မျက်နှာမှာ စိတ်လှုပ်ရှား မူတွေ ပေါ်လာခဲ့တယ်..။

"သူဌေး..ဒီရက်ပိုင်း စီးပွားရေးက တကယ်ကောင်းနေတာ။သူဌေးလေးရဲ့ နောက်ကျော ကြေးတွန်းတဲ့ နည်းစနစ် တွေက တကယ်ကို အံ့ဩစရာပဲ..။ဒီလူတွေ အကုန်လုံး သူဌေးလေး ဆီကို လာကြတာ.."

သူမက ဒီက အလုပ်သမား ဖြစ်တာကြောင့် စီးပွားရေး ကောင်းလို့ ပျော်ရွှင်တာဟာ ပုံမှန်ပါပဲ..။ဒါက နှစ်ကုန် ဘောနပ် ကောင်းပြီလို့ ဆိုလိုတာပါ..။

ကျန်းဝေ လင်းဖန်ကို ​အံ့ဩစွာ ကြည့်လိုက်ပြီး..

"သူဌေးလေး..ဒါက..."

လင်းဖန် ပြုံးပြီး ကျန်းဝေ ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။

"ဘယ်လိုလဲ..အံ့ဩဖို့ ကောင်းတယ်မလား..။အရင်တုနိးက ကျုပ်ဒီမှာ လုပ်ရင် ခင်ဗျားရဲ့ စီးပွားရေး ပိုကောင်းလာမယ် လိူ့ပြောခဲ့တယ်လေ..။ဒါက ရက်အနည်းငယ် ရှိသေးတယ် ခင်ဗျားရဲ့ စီးပွားရေး အခြေအနေကို ပြန်ကြည့်လိုက်ဦး..။ခင်ဗျား တစ်ခုခု စိတ်ကူးထားတာ ရှိလား.."

စိတ်ကူးလား..

ငါ့ဖင်ကြီးကို စိတ်ကူး ကြည့်ပါလား..

ကျန်းဝေ အတွက်တော့ ဒါက..ပုံရိပ်ယောင်တွေဖြစ်ပြီး ယုံတောင် မယုံကြည်နိုင်ခဲ့ပါဘူး..။

အဲ့့အချိန်မှာပဲ..ဧည့်သည် အချို့ဟာ..အပြင်ကို ထွက်လာကြပြီး..ကောင်တာမှာ ငွေရှင်းဖို့လုပ်နေကြပါတယ်..။

"မိန်းကလေး..မင်းတို့ရဲ့ ဝန်ထန်းတွေက ဝန်ဆောင်မူ နည်းစနစ် တွေက တကယ်ကောင်းတာပဲ..။နောက်ကျော ကြေးတွန်းတာ တကယ် သက်သောင့်သက်သာ ရှိတယ်..။တစ်ခြား လူတွေက..ဟို ညီအစ်ကို လေးကို မယှဥ္နိုင်ပေမယ့်လည်း..ရှန်ဟိုင်းမှာတော့ အကောင်းဆုံးပဲ.."

"အမှန်ပဲ..ငါတော့ မကြာခန လာဖြစ်တော့မယ် ထင်တယ်..။ပတ်ဝန်းကျင်ကလည်း တကယ် မဆိူးဘူး..ပြီးတော့ သန့်လည်း သန့်ရှင်းတယ်.."

"ဒိီနေ့ခေတ်မှာ ဒီလို သန့်ရှင်းပြီး..နည်းစနစ် ကောင်းတဲ့ နောက်ကျောကြေးတွန်း တဲ့လူတွေ ရှိတဲ့..ရေချိူးစင်တာ ဆိုတာ ရှာရခက်သွားပြီ..။နောက်တစ်ခါ ငါ့သူငယ်ချင်းတွေကိုလည်း ခေါ်လာရမယ်..။နောက်ကျော ကြေးတွန်းတယ် ဆိုတာ ဒီလိုမျိုးပဲ ဖြစ်သင့်တာ.."

ရှောင်ဟီ ​ပျော်ရွှင်စွာ ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ချီးကျုးမူ အတွက် ကျေးဇူးတင်ပါတယ်..။ကျွန်မတို့ ဆက်ပြီး ကြိုးစားသွားမှာပါ.."

အကြီးအကဲ ကျန်းရဲ့ ရေချိုးစင်တာမှာ..အနိမ့်ဆုံးက ၆၈ ဒေါ်လာဖြစ်ပြီး..သီးသန့်အခန်းလည်း ပါဝင်ပါတယ်..။ရေးချိုးပြီးရင် တစ်စုံတစ်ယောက်က..နောက်ကျော ကြေးတွန်းလို့ရသလို..အနိပ်ခံ လို့လည်းရပါသေးတယ်..။ဒါကြောင့် ဒါက အရမ်းတန်တယ်လို့ တောင် ပြောလို့ရတာပါ..။

လင်းဖန် ဒီရက်ပိုင်းတွေမှာ..နိပ်နယ် တဲ့ ..လူတွေကို ပါ သင်ကြားပေးခဲ့ပါသေးတယ်..။သူက နောက်ကျောကြေးတွန်းတဲ့..လူဖြစ်ပေမယ့်လည်း နည်းစနစ် တွေကတော့ အလုပ်ဖြစ်နေခဲ့တာပါ..။

ဒါကတော့...အကြီးအကဲ ကျန်းရဲ့ စီးပွားရေး ပထမဆုံး အကြိမ်ကောင်းမွန်လာခဲ့တာပါပဲ..။သူ မူလကအတိုင်း ရပ်နေပြီး အံ့ဩစင့်နေခဲ့ပါတယ်..။ဒါတွေကို သူ့မျက်လုံးနဲ့ မြင်နေတာသာ မဟုတ်ရင် သူ ယုံကြည်နိုင်မှာတောင် မဟုတ်ပေ..။

လင်းဖန် အကြီးအကဲ ကျန်းရဲ့ ဘေးနားက လူကို ကြည့်လိုက်ပြီး.

"အကြှီးအကဲ ကျန်း..ဒါကတော့ မဟုတ်သေးဘူးနော်.."

ကျန်းဝေ ကြောင်အသွားပြီး..

"ဘာဖြစ်လို့လဲ သူဌေးလေး.."

လငိးဖန် အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"ခင်ဗျား အဲတာကို လုပ်ဖို့ စဥ္းစားနေတာလား.."

.

"ကျွန်တော်.."

ပိန်ပိန်ပါးပါး နဲ့ လူကတော့ ဘာတွေ ဖြစ်နေလဲ မသိသေးပဲ..ဒီနေရာကို အတော် သဘောတွေ ကျနေခဲ့ပါတယ်..။

"သူဌေး ကျန်း ခင်ဗျား စဥ္းစားပြီးသွားပြီလား..။ခင်ဗျား နေ့တိုင်း ကာစတန်မာ ဒီလိုဖြစ်နေတာ အာမခံနိုင်ရင် ..၅၀ ၅၀ ခွဲကြမယ်ဗျာ.."

လူကြီးဟာ စိတ်လှုပိရှားစွာ ပြောလိုက်တာပါ..။ပြည်တန်ဆာအိမ် စစ်စစ်တောင် ဒီလောက် ကာစတန်မာ မများပါဘူး..။

.

တကယ်လို့ နေတိုင်း ဒီလိုသာ ကာစတန်မာ ရှိနေရင် ..ချမ်းသာဖို့ဆိုတာက အိပ်မက်တစ်ခု မဟုတ်တော့ပေ..။

ကျန်းဝေ ရှက်ရွံ့စွာ ပြုံးပြီး ..ဘာမှ ပြန်မပြောခဲ့ပေ..။သူ သူဌေးလေးရဲ့ မျက်လုံးကိုသာ ရှက်ရွံ့စွာ တစ်ချက်ကြည့်လိုက်ပါတယ်..။

လင်းဖန် ပုခံူးတွန်းလိုက်ပြီး...

"အကြီးအကဲ လီ..နှုတ်ဆက်လိုက်ပါဦး.."

လီရှောင်ရှမ်းဟာ စစ်ဆေးရေးမှူး တစ်ယောက် အနေနဲ့ ဒီလို အခြေအနေတွေ အများကြီး ကြုံးဖူး ပြီးသားပါ..။တစ်ချက်ကြည့်တာနဲ့..ဒီလူက လူကောင်း မဟုတ်ဘူး ဆိုတာ သူ ပြောနိုင်ပါတယ်..။

"ဟေး..မင်း...ငါ့ကို သိလား..."

ပိန်ပိန်ပါးပါး လူဟာ..လီရှောင်ရှမ်းကို ကြည့်ပြီး ခေါင်းခါယမ်း လိုက်ကာ..

"ကျုပ် ခင်ဗျားကို မသိဘူး..ဒါပေမဲ့ သူဌေးကျန်း ရဲ့ သူငယ်ချင်းဖြစ်မယ်..။ကျွန်တော် သူဌေး ကျန်းနဲ့းစီးပွားရေး..ကိစ္စဆွေးနွေး နေတာ..အဆင်ပြေသွားရင် တစ်ခွက်လောက် သောက်ကြရအောင်လေ.."

"ဘာစီးပွားရေး တွေ ဆွေးနွေးနေတာတုန်း.."

လီရှောင်ရှမ်း အပြုံးလေးနဲ့ မေးလိုကိတာပါ..။

ပိန်ပိန်ပါးပါးနဲ့လူဟာ..အများကြီး မတွေးပဲ ပြန်ဖြေလိုက်တယ်..။

"ရေချိုးစင်တာမှာ ဘာစီးပွားရေး များရှိရဦးမှာလဲ..။ယောက်ျားတွေ အကုန်သိနေတာပဲ..။ခင်ဗျား လည်းသိပါတယ်.."

လီရှောင်ရှမ်း ခေါင်းခါယမ်း လိုက်ပြီး..

"ငါလည်း မသိပါလား..ရှင်းပြပါဦး..."

လူကြီးဟာ အနည်းငယ် မကြည်မလင်ဖြစ်သွားခဲ့ပေမယ့် သူ သူဌေးကျန်း နဲ့ တကယ် စီးပွားရေး လုပ်ချင်နေတာပါ..။သူ ပြောလိုက်တယ်..

"ကျုပိ..အဲတာကို ပြောနေတာလေ..။ပြည်တန်ဆာ.."

"အိူး..."

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။

"ငါ့ကို တကယ်မသိဘူးပေါ့..."

"အစ်ကိုကြီး..ကျုပ်တို့က အခုမှ တွေ့ဖူးတာလေ.."

ပိန်ပိန်ပါးပါးနဲ့လူဟာ ပြောလိုက်တာပါ..။ဒီလူ ဘာဖြစ်နေလဲ သူမသိတော့ပါဘူး..။ဘာလို့ သူ့ကို အတင်းသိခိုင်း နေတာလဲ မစဥ္းစား တတ်တော့ပေ..။

လီရှောင်ရှမ်း သူ့ရဲ့ အိုင်ဒီ ကတ်ကို ထုတ်ပြလိုက်တယ်..။

"အခု သိပြီလား ကြည့်ကြည့်ပါဦး.."

ပိန်ပိန်ပါးပါး နဲ့..လူဟာ..ကတ်ပြားကိုကြည့်ပြီး အမူအရာ ပြောင်းသွားခဲ့တယ်..။

ရှန်ဟိုင်း ရဲဌာနက စစ်ဆေးရေးမှူး လီ..ဆိုပါလား

ချီးပဲ..

ပိန်ပိန်ပါးပါးနဲ့လူ ဟာ ကြောင်အနေပြီး နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်ကာ...

"စိတ်မကောင်းပါဘူး သူဌေးကျန်း..ကျွန်တော် သွားစရာ ရှိသေးတယ်..အခုသွားမှ ရမှာ..."

သူ့ခြေထောက်တွေ လှုပ်ရှားဖို့ လုပ်လိုကိတဲ့ အချိန်မှာ လီရှောင်ရှမ်း ရှေ့ကိုတက်ကာ..ဆွဲလှဲပြီး..လက်ထိပ်ခတ်လိုက်ပါတယ်..။

"မင်းက တကယ်မဆိုးဘူးပဲ..ငါတစ်ယောက်လုံးရှိနေတာတောင် ဒီလို အလုပ်ကို လာကြော်ငြာ နေသေးတယ်..။မင်း ငါမေးတာကို ဖြေဖို့ စခန်းလိုက်ခဲ့ရမယ်.."

"အား..."

ပိန်ပိန်ပါးပါး နဲ့လူဟာ ဆွဲလှဲ ခံရတဲ့ အတွက် နာကျင်စွာ အော်ဟစ်လိုကိပါတယ်..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"စစ်ဆေးရေးမှူး လီက တကယ်အံ့ဩစရာပဲ..ကျွန်တော် နဲ့ စကားလာပြောနေရင်းနဲ့တောင် ငါးအသေးတစ်ကောင် ဖမ်းလိုက်နိုင်တာပဲ..။တစ်ခြား အရာရှိတွေ တော့ တကယ် မနာလို ဖြစ်တော့မယ်..။ခင်ဗျား အလုပ်ကို မနှောက်ယှက် တော့ဘူး..။ဒါပေမဲ့..ဒီ ရေချိုးစင်တာမှာ တရားမဝင် ဘာမှ မလုပ်ကိုင်ပါဘူး လို့ ကျွန်တော် အာမခံပါတယ်..။အကြီးအကဲ ကျန်း..ကလည်း..တရားဥပဒေ အတိုင်း လိုက်နာတဲ့ လူတစ်ယောက်ပါ..။ကျွန်တော် အာမခံပါတယ်..။

ကျန်းဝေ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်..ဟုတ်ပါတယ်.."

"မာစတာ လင်းက..အာမခံနေမှတော့..အကြီးအကဲ ကျန်း ..ဥပဒေ ဘောင်အတွင်းက စီးပွားရေး လုပ်ကိုင်မယ် လို့ ကျွန်တော် ယုံကြည်ပါတယ်..။မကောင်းတဲ့ နည်းလမ်း တွေနဲ့ တော့ ငွေမရှာချင်ပါနဲ့..။ခင်ဗျား မကောင်းမူ တွေကနေ ခနတော့ ရှောင်ပုန်းလို့ ရပေမယ့် တသက်လုံး ရှောင်ပုန်းနေလို့တော့ မရဘူးလေ.."

ကျန်းဝေ မတ်တတ်ရပ်ပြီး ခေါင်းသာ ဆက်တိုက် ညိမ့်နေခဲ့ပါတယ်..။

"ဟုတ်..ဟုတ်..ကျွန်တော်..အမြဲတမ်း. ဥပဒေဘောင် အတွင်းကပဲ စီးပွားရေး လုပ်မှာပါ.."

All Chapters