တရုတ်ဆေးပညာ..
Vol. 34 Ch. 507
#ဘာသာပြန် = စနိုးဝှိုက်
'အခြေခံ တရုတ်ဆေးပညာ'
တရုတ်ဆေးပညာကို မိတ်ဆက်ဖို့..စွယ်စုံကျမ်းထဲမှာ ရေးထားပုံအရဆိုရင်..အခြေခံ သီအိုရီ တွေ ရှိပါတယ်..။ပထမ ဆုံး သင်ခန်းစာ စာမျက်နှာက မိတ်ဆက်ဖြစ်ပေမယ့်..လင်းဖန် တရုတ်ဆေးပညာရဲ့ နှစ်ပေါင်း ထောင်ကျော် သမိုင်းကိုပါ တည့်သွင်းထားခဲ့တယ်..။တကယ်လို့..တစ်စုံတစ်ယောက်က..တရုတ်ဆေးပညာ သမိုင်းကြောင်းကို မသင်ကြားရင်..ဆေးပညာကို လေ့လာဖို့ မလွယ်ကူပေ..။
ဒါကြောင့် ပထမဆုံး သင်ခန်းစာမှာ လင်းဖန် တရုတ်ဆေးပညာ သမိုင်းကြောင်းကို ထည့်သွင်းထားခဲ့ပါတယ်..။
သူ သေချာ အာရုံစိုက်ပြီး ရေးနေခဲ့တယ်..။ယင်းနောက် သူ ခနရပ်လိုက်တယ်..ဒါက သူဘာဆက်ရေး ရမှန်း မသိလို့ မဟုတ်ပါဘူး..။သူရေးထားတာ တွေက အရမ်းကောင်းနေလို့..ကိုယ့်ဟာကို ပြန်လေးစား နေခဲ့တာပါ..။
ပထမ စာပိုဒ်...ဒုတိယ စာပိုဒ်...ဒုတိယ သင်ခန်းစာ..ပထမ စာပိုဒိ..။ယင် နှင့် ယန် ၏ သီအိုရီ...။
စွယ်စုံကျမ်း မှာက စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေသာ ပါဝင်ပြီး..ဘာပုံမှ မပါဝင်ပါဘူး..။
ကမ္ဘာကြီးဟာ..ယင်..ယန် နဲ့ ဖွဲစည်းထားပြီး..လူ့ခန္တာကိုယ်က..ဒြပ်စင် ငါးခု ကလည်း အတူတူ ပါပဲ..။ဒါကြောင့်..လူ့ခန္တာကိုယ်ထဲက..ဒြပ်စင် ငါးခုကို..ရှင်းပြတာကလညိး..သိပ်မဆိုးရွားပေ..။
*စာရေးသည့်အသံများ..*
ဆိုင်ထဲမှာ ဘောပင် နဲ့စာရွက် ထိတဲ့ အသံတွေ နဲ့သာ ပြည့် နှက်နေခဲ့ပါတယ်..။
လူလိမ် ထျန်..နဲ့ ကျန်တဲ့ လူတွေဟာ..လင်းဖန် ဘာတွေ လုပ်နေလဲ ဆိုတာ အနည်းငယ် သိချင် နေခဲ့ကြပါတယ်..။
လင်းဖန် က ဒီရက် ပိုင်းအနည်းငယ် ထူးဆန်းနေတာ ဆိုတော့ ဝူယူလန် စိတ်ပူသွားခဲ့ပြီး..
"အစ်ကိုလင်း..ဘာတွေ လုပ်နေတာလဲ.."
လင်းဖန် ကြည့်တောင် မကြည့်ပေ..။သူ ပြုံးပြီးသာ ပြန်ပြောလိုက်တယ်..။
"မင်ချင်းက..ကျောင်းသားတွေ အတွက်..သင်ရိုး အသစ် ရေးခိုင်းထားလို့လေ..."
"အာ..."
ဆိုင်ထဲက လူတိုင်းဟာ..လင်းဖန်ရဲ့ ဆေးပညာ အရည်အချင်းကို သိနေတဲ့ အတွက် ဘာမှ မနှောက်ယှက်တော့ပါဘူး..။သို့ပေမယ့်..လင်းဖန် သင်ရိုးစာအုပ် တစ်ခု ရေးနေတာလို့ သူတို့ မထင်ထားခဲ့ပေ..။ဒါက အတော် အံ့ဩစရာပါပဲ..။
တရုတ်ဆေးပညာ ဆိုတာက..ကျယ်ပြန့်တဲ့ အသိပညာ နယ်ပယ်တွေ ရှိပါတယ်..။အခြေခံ သင်ရိုးကို ရေးနိုင်တဲ့ လူတွေ အကုန်လုံးက အသက် ၇၀..၈၀ အရွယ် ကျွမ်းကျင်သမား တော်ကြီးတွေပါ..။သိုပေမယ့် လင်းဖန် က ဒီအသက်အရွယ်နဲ့ ရေးနိုင်တယ် ဆိုတာကတော့ အံ့ဩစရာပါပဲ..။
…
ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီတွင်..။
ကျိုးမင်ချင်းလည်း အလုပ်ရှုပ်နေခဲ့တယ်..။အကယ်ဒမီ ရဲ့ အခြေခံ သင်ရိုးတွေ အကုန်လုံးကို အသစ်တစ်ခု နဲ့ အစားထိုးမယ် လို့...သူ ကြေညာ ပြီးထားပြီးပါပြီ..။
ဒီသတင်းကတော့..အကယ်ဒမီ အတွင်းမှာ မီးတောင် တစ်ခုလို ပျံ့နှံ့သွားခဲ့ပါတယ်..။လူတိုင်းက မယုံကြည်နိုင်ကြပါဘူး..။
လက်ရှိ သင်ကြားနေတဲ့ သင်ရိုးတွေက. လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းက ကျွမ်းကျင်တဲ့..သမားတော်ကြီးတွေ စုပေါင်းပြီး ရေးထားခဲ့ကြတာပါ..။အခုလို အသစ်တစ်ခုနဲ့ အစားထိုးမယ် ဆိုတော့..ကျောင်းသားတွေဟာ အဆင်မပြေသလို ခံစားနေကြရပါတယ်..။ဘာပဲဖြစ်ဖြစ် လက်ရှိသူတို့သင်းကြားနေတဲ့ သင်ရိုးထက် ကောင်းတဲ့ စာအုပ်က စျေးကွက်ထဲမှာတောင် မရှိသေးပါဘူး..။
တစ်ချို့ ကျောင်းသားတွေဟာ..ကန့်ကွက်ချင်လာကြတယ်..။
ဒါပေါ့. သူတို့ ပေါ်တင်တော့..မေးခွန်းမထုတ်ရဲကြပါဘူး..။သူတို့က အင်တာနက် ပေါ်မှာသာ သူတို့ရဲ့ မပျော်ရွှင်မူ တွေကို ဖော်ထုတ်ရဲကြတာပါ. ။
ကျောင်းသား တစ်ယောက်ဟာ..ဒီသတင်းကြောင့် ဒေါသထွက်သွားပြီး..အင်တာနက်ပေါ်မှာ ပို့စ်တစ်ခုတင်လိုက်ပါတယ်..။
"ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီးရဲ့ ဒါရို်က်တာ ကျိုးမင်ချင်း..ဝိတ်ကျရောဂါ ဆေးညွှန်း ရှာတွေ့ပြီးတာနဲ့ ရူးသွားပြီထင်တယ်..။အခုလည်း ငါတို့ ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာတဲ့..သင်ရိုးကို သူက ပြောင်းလဲပစ်ချင်နေတယ်........."
ပို့စ်က အတော်ကို ရှည်ပါတယ်..။ပထမ ပိုင်းကတော့ ပုံမှန်ဖြစ်ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ အမြင်တွေပါလာခဲ့တယ်..။သူက တရုတ်ဆေးပညာ ကျဆင်းလာရခြင်း အကြောင်းနဲ့ တရုတ်သမားတော် တွေ အကုန်လုံးကို အပြစ်တင်ထားခဲ့တာပါ..။
ဒီကိစ္စက အစပိုင်းမှာ လူအများရဲ့ အာရုံစိုက်မူ ကို မရခဲ့ပေ..။သို့ပေမယ့် တစ်ချို့လူတွေဟာ မီးစာ ပေါ်ကို ဆီလောင်းခဲ့ကြပါတယ်..။ဒီပို့စ်က..ဝိုက်ဘိုပေါ်ကိုပါ ရောက်သွားပြီး ပျံ့နှံသွားခဲ့တယ်..။
နောက်တစ်ရက်..။
ကျိုးမင်ချင်း ဒီသတင်းကို မြင်တဲ့အချိန်မှာ အနည်းငယ် ဒေါသထွက်သွားခဲ့တယ်..။တစ်စုံတစ်ယောက်ရဲ့ အမြင်အတွက်နဲ့တော့ တရုတ်ဆေးပညာရဲ့ တိုးတက်မူကို သူ တားဆီးခံမှာ မဟုတ်ပါဘူး..။
သတင်းထောက်တွေဟာ..တရုတ်ဆေးပညာ အကယ်ဒမီရဲ့ဝင်ပေါက်ကို ရောက်လာခဲ့ကြပါတယ်..။
ကျိုးမင်ချင်း ထွက်လာတာနဲ့ သတင်းထောက်တွေ ဝန်းရံ လာခဲ့ကြတယ်..။
သတင်းထောက် တွေ ဒီကိစ္စကို အပြည့်အဝ နားမလည်ပေမယ့်...ဒါက သတင်းကြီး တစိခုဖြစ်မယ် လို့တော့ သူတို့ ခံစားနေမိခဲ့ပါတယ်..။
"ဒါရိုက်တာ ကျိူး အင်တာနက် က ပို့စ်အတွက် ပြောစရာ တစိခုခုများရှိပါသလား.. "
"တရုတ် ဆေးပညာ အကယ်ဒမီက..လက်ရှိ သင်ရိုးကို သင်ရိုးအသစ်နဲ့ ပြောင်းတော့မယ်ဆို..။ကျုပ်တို့ သိထားတာ အရကတော့ လက်ရှိသုံးနေတဲ့ သင်ရိုးထက်ကောင်းတာက စျေးကွက်ထဲမှာတောင် မရှိသေးဘူးမလား.."
"တစ်နိုင်ငံလုံးက ဆေးပညာ အကယ်ဒမီ ကျောင်းတွေက အကြီးအကဲ ကျိုးရဲ့ ဆုံးဖြတ်ချက်ကြောင့် မပျော်မရွှင်ဖြစ်နေကြတာ တွေ့ရပါတယ်..။သူတို့က ဒါက စည်းမျဥ္းတွေကို ဆန့်ကျင်တယ်လို့ ထင်နေကြတယိ.."
သတင်းထောက်တွေ မေးခွန်းတစ်ခုပြီး တစ်ခုမေးနေခဲ့ကြပါတယ်..။
ဘေးနားမှာတော့ ကြောင်းသားတွေဟာ မြင်ကွင်းကိုကြည့်နေခဲ့ကြတယ်..။သင်ရိုး အသစ်ပြောင်းမှာကို သူတို့ အကုနိသိပြီး ထားကြပါပြီ..။
အပြင်လူတွေ အတွက်ကတော့ ဒီကိစ္စက အရေးကြီးတဲ့အရာ မဖြစ်နိုင်ပေမယ့်..သူတို့အတွက်ကတော့ အတော်ကို အရေးကြီးပါတယ်..။
ဒီနေ့ခေတ် ဆေးပညာ တက္ကသိုလ် တိုင်းကို ပညာရေး ဌာန က..သင်ရိုး ရွေးချယ်ပေးတာဖြစ်ပြီး..ဘယ်သူမှ ကိုယ့်သဘောနဲ့ကို ပြောင်းလဲလို့မရပေ..။
မဟုတ်ရင် စီမံရေးမှာ ခက်ခဲမူတွေ ကြုံတွေ့လာနိုင်ပါတယ်..။ကျောင်းတိုင်းက..သင်ရိုးတွေလိုက်ပြောင်း နေရင် ဒါက ကောင်းတဲ့အရာ မဟုတ်ပေ..။
"အားလုံးပဲ ခနလောက် ညိမ်ပေးကြပါ.."
ကျိုးမင်ချင်း တည်ငြိမ်စွာ ပြောလိုက်တာပါ..။
"ဒီကိစ္စက ဂယက်ရိုက်မူ တွေဖြစ်နေတာကို သိပေမယ့်လည်း..မဖြစ်ဖြစ်အောင် ဆက်လုပ်ရဦးမှာပါပဲ..။တရုတ်ဆေးပညာ..လက်ရှိနိမ့်ကျ နေတယ် ဆိုတာ က ဘယ်လို ရောဂါမျိုးကိုပဲ ကုသ နိုင်လို့ပါ ဆိုတာနဲ့ ဘာမှ မဆိုင်ပါဘူး..။ဒါက လူအင်အား နဲ့ အရင်းအမြစ် တွေ လျော့နည်းနေလို့ပါ..။အရင်သင်ရိုးကလည်း တကယ်ကောင်းပါတယ် ဒါပေမဲ့ အချိန်တွေ က ပြောင်းလဲ လာနေပြီ ဖြစ်တာကြောင့်.. တရုတ်ဆေးပညာလည်း ပြောင်းလဲ ရမယ်လေ..။ဒါကြောင့် ကျွန်တော် သင်ရိုးအသစ်နဲ့ အစားထိုးဖို့ စီစဥ္နေတာပါ "
သတင်းထောကိတစ်ယောက်ဟာ ပြောလိုက်တယ်..။
"ဒါရိုက်တာ ကျိုး တရုတ်ဆေးပညာ နယ်ပယ်က ကျယ်ပြန့်တယ်လေ..။သူက..သိပ္ပံပညာကို..မဆန့်ကျင်ဘူး..ပြီးတော့ နည်းပညာ တွေရောပဲ..။အခု ဒီလို အပြောင်းအလဲက..အမှားအယွင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မထင်မိဘူးလား.."
"ဒါရိုက်တာ ကျိုး..ဘယ်စာအုပ်တွေကို သင်ရိုးသစ် အနေနဲ့ ရွေးချယ်ထားလဲဗျ.."
"ဒါရိုက်တာ ကျိုး.."
သတင်းထောက် တွေဟာ စိတ်လှုပ်ရှားစွာနဲ့ တစ်ခုပြီး တစ်ခု မေးနေခဲ့ကြပါတယ်..။ဒါက ကျိုးမင်ချင်းကို ဘာပြောရမှန်း မသိအောင် ပါပဲ..။
ယင်းနောက် ကျိုးမင်ချင်း လက်ဝေ့ယမ်းလိုက်ပြီး..
"ဒီအင်တာဗျူး ဒီမှာ ပြီးသွားပြီနော်..။ဒါပေမယ့် ကျုပ် ဒီအကယ်ဒမီ ရဲ့ ဒါရိုက်တာ တစ်ယောက်အနေ ကျောင်းသားတွေရဲ့ တိုးတက်မူကို အလေးထားတယ်..။ဒါကြောင့် ဒီပြောင်းလဲမူ တွေကိုလည်း လိုအပ်တယ်လို့ ခံစားရတယ်..။ဘယ်စာအုပ်ကို ရွေးမယ် လို့တော့ မပြောနိုင်သေးဘူး..ဒါပေမဲ့ သမိုင်းတစ်လျောက် ကျောင်းတိုင်း သင်ကြားခဲ့တဲ့ သင်ရိုးတွေ ထက်တော့ သာစေရမယ်..လို့ ပြောပါရစေ.."
ဟငိ...
သင်းထောက်တွေအကုန် အံ့ဩသင့်သွားခဲ့ကြတယ်..။ဒါရိုက်တာ ကျိူး..ဒီလောက် ကိုယ့်ကိုကိုကြည်မူ ရှိပြီး ပြတ်ပြတ်သားသား ဖြေလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
သမိုင်းတစ်လျောက် မှာတောင် အကောင်းဆုံး သင်ရိုးဖြစ်လိမ့်မယ် လို့ သူပြောခဲ့တာပါ..။
ရုံးခန်းထဲတွင်..။
ကျိူးမင်ချငိး ဖုန်းခေါ်လိုကိတယ်..။
"ဆရာ သင်ရိုးရေးတာ အဆင်ပြေရဲ့လား.."
လင်းဖန် ပြန်ဖြေလိုက်တယ်..။
"ခင်ဗျားက ဘယ်လိူထင်လို့လဲ.."
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"ကျွန်တော် ဆရာ့ကို ယုံကြည်ပါတယ်. ။ဒါကြောင့်လဲ သင်ရိုးကို ပြောင်းလဲ ချင်နေတာလေ.."
"ဒါဆိုလည်း အဆင်ပြေတယ်ပေါ့..။ဘာတွေ အတွေးလွန်နေတာလဲ..။ကျုပ်အခု အလုပ်ရှုပ်နေတာ..နေ့တိုင်း နေ့တိုင်း လက်တွေ ညှောင်းလို့ သေတော့မယ်..။ကျုပ် ဦးနှောကိတောင် ပေါက်ကွဲထွက်ခါနီးနေပြီ.."
ကျိုးမင်ချငိး အနည်းငယ် ရှက်ရွံ့သွားပြီး..
"ဆရာ့ကို ပြသနာ ပေးမိနေပြီ..။ကျေးဇူးပါ ဆရာ.."
နောက်တစ်ရက်..။
ပညာရေး ဌာန မှာ အရေးပေါ် အစည်းအဝေးတစ်ခု ရှိနေခဲ့ပါတယ်..။
ရှန်ဟိုင်းရဲ့ ဆေးပညာ အကယ်ဒမီက သူတို့ရဲ့ စီမံမူ အောက်မှာပါ..။ဆေးပညာ အကယ်ဒမီတွေ အကုနိလုံး တူညီတဲ့ သင်ရိုးရှိရမှာက စည်းမျဥ္းပါပဲ..။အခု ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီက..သူတို့သဘောနဲ့သူတို့..စည်းမျဥ္းတွေကို ဆန့်ကျင်ပြီး..သင်ရိုးတစ်ခု ပြောင်းဖို့ လုပ်နေတဲ့ အတွက်သူတို့ တားဆီးဖို့ လိုအပ်ပါတယ်..။
ဒီ သင်ရိုးတွေဆိုတာက..ဘိူးဘေးတွေ ချန်ထားခဲ့တဲ့ ဆေးဘက်ဆိုင်ရာ အသိပညာ ရတနာ တွေပါ..။ဒါကို ကျော်ကြားတဲ့ သမားတော်ကြီးတွေကိုယ်တိုင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းက ရေးသားပြီး လက်ဆင့်ကမ်း လာခဲ့တာပါ..။
သူတို့က ဘာလို့ အခုမှ ပြောင်းလဲ ချင်တာလဲ..။
ဒီ ကျိုးမင်ချင်းက ထင်ရာစိုင်းတဲ့ လူတစ်ယောက်လို ဖြစ်နေပါပြီ..။