အငြင်းအခုန်...
Vol. 34 Ch. 508
#ဘာသာပြန် = စနိုးဝှိုက်
ကျိုးမင်ချင်းက ဒီအခြေခံ သင်ရိုးတွေကို ပဲ ပြောင်းလဲ ချင်ခဲ့တာပါ..။လက်ရှိတစ်နိုင်ငံလုံး သုံးနေတဲ့ သင်ရိုးက..၁၉၄၇ မှာ..တရုတ်သမားတော်ကြီးတွေ ပူးပေါင်းပြီး ရေးသားခဲ့တာပါ..။အဲဒီခေတ်မှာ..တရုတ်ဆေးပညာဟာ..သိပ္ပံနည်းလမ်း မကျဘူးဟု ဆိုကာ ချဲလန့် ခေါ်ခံနေရပြီး..ဒီဆေးပညာကို ဖျက်သိမ်းကာ..လူတွေက အနောက်တိုင်း ဆေးပညာနဲ့ အစားထိုးချင်နေခဲ့ကြပါတယ်..။
သို့ပေမယ့် နောက်ပိုင်မှာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပြီး တရုတ်းဆေးပညာဟာ တကယ်ကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့တယ်..။အဲဒီကနေပဲ..တရုတ်ဆေးပညာ ဖျက်သိမ်းခံရမယ့် အရေးကနေ သက်သာရာ ရခဲ့တာပါ..။အဲ့နောက်မှာ..တစ်နိုင်ငံလုံး အကယ်ဒမီ ကျောင်းတွေ ဖွင့်ခဲ့ပါတယ်..။သို့ပေမယ့် အရှက်ရစရာက..အကယ်ဒမီကျောင်းတွေမှာ သင်ဖို့ သင်ရိုးတွေ ရှိမနေခဲ့ပါဘူး..။အသစ် သင်ကြားတဲ့ လူတွေ အတွက်က ရှေးဟောင်း စာအုပ်ကနေ တိုက်ရိုက် လေ့လာဖို့ ဆိုတာက အရမ်းခက်ခဲပါတယ်..။
အဆုံးမှာတော့ ..ပညာရေး ဌာန ဟာ..တရုတ်သမားတော် မာစတာ ကြီးတွေကို ခေါ်ပြီး..သင်ရိုးတစ်ခု ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့တယ်..။
ဒီကနေ ရလာတဲ့ သင်ရိုးကို ပထမ မျိုးဆက်ရဲ့ သင်ရိုးညှွှန်းတန်း လို့ ခေါ်ပြီး အခုချိန်အထိ အသုံးပြုနေခဲ့ကြတာပါ..။
သင်ရိုးအသစ်ကို နောက်လူတွေဟာ မရေးချင်ကြတာ မဟုတ်ပဲ ဒီလို ရေးဖို့ အရည်အချင်း မရှိကြတာပါ. ။တရုတ်ဆေးပညာ..ဆိုတာက အနောက်တိုင်း ဆေးပညာ နဲ့ မတူပါဘူး..။ဒီမှာ မတူညီတဲ့ အမြင်တွေ အများကြီးရှိပြီး..ကျောင်းသားတွေ နားလည်အောင် ရှင်းလင်းအောင် ရေးနိုင်ဖို့ ဆိုတာက လွယ်ကူတဲ့ အရာမဟုတ်ပေ..။ဒါကြောင့်..သင်ရိုးက နှစ်တွေ ဘယ်လောက်ကြာကြာ မပြောင်းပဲ ဒီအတိုင်း ရှိနေခဲ့တာပါ..။
အခု ..ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီ ရဲ့ ဒါရိုက်တာ ကျိုးမင်ချင်းက ရုတ်တရက်ကြီး သင်ရိုး ပြောင်းလဲ ချင်တယ် ဆိုတော့ အကုန်လုံးရဲ့ အာရုံစိုက်မူကို ရလာခဲ့တာက ပုံမှန်ပါပဲ..။
အင်တာနက်တွင်..။
"သူက ပြသနာ ရှာချင်နေတာလား..။သူက ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာတဲ့ သင်ရိုးကိုတောင် အစားထိုးချင်နေတယ်ပေါ့..။သူက သေချင်နေတာပဲ ဖြစ်ရမယ်..."
"မပြောကြနဲ့..ကျိုးမင်ချင်းက တကယ်ကို ကျွမ်းကျင်တဲ့ သမားတော်ကြီးပဲ..။သူက..ဝိတ်ကျရောဂါ ဆေးညွှန်းကို တောင် ဖန်တီးနိုင်ခဲ့တာ..။ထပ်ပြောရရင်..သူက ဆေးပညာ ပရဟိတ လုပ်တုန်းကလည်း အားကြိုးမာန်တက် ကူညီခဲ့သေးတယ်.."
"ဒါက မတူညီတဲ့ အလုပ်နှစ်ခုပဲလေ..။ဒီလို သင်ရိုးကိုက..သမားတော် မာစတာ ကြီးတွေ ပူးပေါင်းပြီး ရေးထားခဲ့တာ..။အခု အဲ့ဆေးဆရာကြီးတွေရဲ့ မျိုးဆက်တွေက..ကန့်ကွက်နေကြပြီ.."
"ကန်ကွက် လို့လည်း ဘာထူးမှာလဲ..။ငါ သတင်းကို ဖတ်ကြည့်ပြီးပြီ..။ဒီ မျိုးဆက်တွေ အကုန်လုံးက..စီးပွားရေး သမားတွေတောင် ဖြစ်နေကြပြီ..။သူတို့ထဲက ဘယ်သူကမှ ..တရုတ်ဆေးပညာကို မလေ့လာထားကြဘူး..။ဒါက ဘာကို ဆိုလိုတာလဲ.သိလား..။အဲတာက သူတို့တောင် ဒီအရာကို မသင်ကြားချင်ကြပေမယ့်..သူတို့ ဒါကို အသုံးချပြီး နာမည်ရချင်နေကြတာ.."
"ဒါပေမဲ့ သင်ရိုး အသစ်ရေးရဲရအောင် ဘယ်သူက စွမ်းဆောင် နိုင်စွမ်းရှိလို့လဲ.."
"ဟားဟား..ဒီမှာ သတင်းကြီး တစ်ခုတက်လာပြီ.."
အခုချိန်မှာတော့ ကျိုးမငိးချင်း မှာ ဖိအားတွေ အတော်များနေခဲ့ပါပြီ..။
ပညာရေးဌာနက လူတွေ အခုထိ မလာကြသေးပေမယ့်လည်း..တရုတ်ဆေးပညာ အကယ်ဒမီရဲ့ ရာထူးကြီးပိုင်းတွေကတော့..အစည်းအဝေး အမြနိခေါ်နေခဲ့ပါပြီ..။
အကယ်ဒမီ ရဲ့ လက်ထောက်ဒါရိုက်တာ ဟာ သံသယ အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်..။
"ဒါရိုက်တာ ဒီကိစ္စကို ဖြည်းဖြည်းချင်း လုပ်မှရမယ်..။အရမ်း အလျင်လိုလို့မရဘူး..။ဒီကိစ္စက လူထုကြားမှာ ပိုပိုပြီး ကြီးလာပြီလေ..။ဒါကိုသာ သေချာ မကိုင်တွယ်နိုင်ရင် ပြသနာ ကြီးသွာနိုင်တယ်..."
ပြသနာ ကြီးသွားမယ် ဆိုတာက သူတို့ အကယ်ဒမီက ဟာသတစ်ခု ဖြစ်သွားမှာကို ပြောတာပါ..။ပြီးရင် ဒါရိုက်တာ ကျိုးလည်း သူ့ရဲ့ ရာထူးကို လက်လွှတ်သွားရနိုင်ပါတယ်..။
"ဟုတ်တယ် ဒါက စည်းမျဥ္းတွေနဲ့လည်း မကိုက်ညီဘူးလေ..။သင်ရိုးတွေ ဆိုတာက..ပညာရေး ဌာနက ချမှတ်ပေးရမှာ..။တကယ်လို့ ကျွန်တော်တို့..သင်ရိုးကို ကိုယ့်သဘောနဲ့ကို ပြောင်းလဲ လိုက်ရင်..ပညာရေး ဌာနကို စိန်ခေါ်သလို ဖြစ်နေလိမ့်မယ်.."
"အကယ်ဒမီရဲ့ ကျောင်းသား တစ်ချို့ကလည်း ပေါ်ပေါ်တင်တင် ကန့်ကွက် လာကြပြီ..။ကျွန်တော် တို့ ကျောင်းသားတွေကို အရင်ဖြေရှင်းမှရမယ်.."
သူတို့ ဘာထပ်ပြောရမှန်း မသိတော့ပါဘူး..။အရင်တုန်းက ဆိုရင်..သူတို့ ဒါရိုက်တာကျိုးကို မတူညီတဲ့ အမြင်ရှိပါတယ်..။သူက အမြဲတမ်း..သိမ်မွေ့စွာ လုပ်ကိုငိတတ်တာပါ..။သူက အကယ်ဒမီကို လာတယ်..လမ်းလျောကိတယ်..ပြီးရင်..ဆေးဘက်ဆိုင်ရာ ရှာဖွေမူတွေ လုပ်တတ်ပါတယ်..။သူ ပညာရေး အခြေအနေကို တစ်ခါတစ်လေမှသာ မေးတာပါ..။
သို့ပေမယ့် အခုတော့ အဲဒီ ဒါရိုက်တာ ကျိူးက မရှိတော့ပါဘူး..။အခု ဒါရိုက်တာ ကျိုးက ပြသနာ တွေကို မွှေနှောက် တဲ့ နေရာမှာ အတော်ကို ကျွမ်းကျင် တဲ့ လူတစ်ယောက်လိုပါပဲ..။
ကျိုးမင်ချင်း လက်ဝေ့ယမ်းလိုက်ပြီး..
"ပြန်လည် ပြုပြင်မူ တိုင်းမှာ အငြင်းပွားမူ ဆိုတာ ရှိမှာပဲလေ..။ဒါပေမဲ့ ငါ..ကျိုးမင်ချငိးက..တရုတ်ဆေးပညာကို လေ့လာနေခဲ့တာ..ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သလို တရုတ်ဆေးပညာကို..တိုးတက်လာစေလိုတဲ့ စိတ်လည်း ငါ့မှာ ရှိတယ်..။ဒီကိစ္စကို ဘာမှ ဆွေးနွေး စရာမလိုတော့ဘူး..။တကယ်လို တစ်ခုခု အကျိုးသက်ရောက်လာရင် ငါတစ်ယောက်ထဲ တာဝန်ယူမယ်..တစ်ခြား ဘယ်သူ့ကို မှ မသက်ရောက်စေရဘူး.."
"ဒါရိုက်တာ ကျွန်တော်တို့ အဲလို ဆိုလိုတာ မဟုတိဘူး..။ဒါရိုက်တာ က..သင်ရိုးအသစ် အကြောင်းပဲ ပြောနေတာလေ..အနည်းဆုံးတော့ သစ်ရိုးအသစ်ကို ဘယ်သူရေးတာလဲတော့ ကျွန်တော်တို့ကို အသိပေးပါဦး..။ဒါမှ ကျွန်တော်တို့လည်း အကြံဥာဏ်ပေးလို့ရမှာလေ.."
ကျိူးမင်ချင်း ဘာမှ မပြောခဲ့ပေ..။
"သင်ရိုးတွေ ရေးလို့ ပြီးသွားရင် မင်းတို့ သိရမှာပါ.."
သူ့ဆရာက ရေးနေတုန်း ဆိုတော့ သူအများကြီး တွေ မေပြာထားချင်ပါဘူး..။သူကိုယ်တိုင် မမြင်ရခင်မှာ ဘာမှ ကြိုပြောထားမှာ မဟုတ်ပေ..။တကယ်လို့ သူ့ဘက်က တစ်ခုခုဖြစ်တာပဲ ဖြစ်ဖြစ်..သူ့ဆရာ ရေးလို့ အဆင်မပြေတော့တာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင်..သူ့ဆရာ ထိခိုက်မှာ စိုးလို့ပါ..။သူသာ တိတ်တဆိတ် နေလိုက်ရင် ဖြစ်လာသမျှကို သူတာဝန်ခံလို့ရပါပြီ..။
အကယ်ဒမီတွင်..။
ချီဂျီ နဲ့ ကျန်းတောင်တောင် ဟာ ကူကယ်ရာ မဲ့နေပြီး..လက်ရှိအခြေအနေမှာ ဘာလုပ်ရမလဲ မသိတော့ပေ..။
ကျောင်းသားတွေက ဒီပြောင်းလဲမူကို သဘောမကျတာတော့ သူတို့ သိထားကြပါတယ်..။သို့ပေမယ့်..အသစ်နဲ့ အဟောင်း ကြားမှာ ဒီလို စိတ်တွေဖြစ်နေတာက ပုံမှန်ပါပဲ..။
သင်ရိုးရေးခဲ့တဲ့ တရုတ်သမားတော် မာစတာကြီးတွေရဲ့ မျိူးဆက်တစ်ချို့ဟာ..ဆေးဝါးကုသမူ..ပစ္စည်းတွေ ရောင်းချပြီး စီးပွားရေး လုပ်နေခဲ့တာပါ..။သူတို့ ကြီးမားတဲ့ ဆေးပညာ အကယ်ဒမီကြီးတွေနဲ့..အဆက်အသွယ်တွေ ရှိပါတယ်..။
သူတို့ တစ်ခြား လူတွေ နဲ့ တွေ့တိုင်း
ဆေးပညာသင်ရိုး ရေးခဲ့တဲ့ သမားတော်ကြီးရဲ့ မျိုးဆက်အဖြစ်ပဲ မိတ်ဆက်ကြတာပါ..။
ဒါက သူတို့ရဲ့..အဆင့်အတန်းကို မြင့်တက်စေပါတယ်..။
အခု တစ်စုံတစ်ယောက်က သင်ရိုးပြောင်းချင်နေတယ် ဆိုတော့ သူတို့လက် နိုင်စရာ အကြောင်း မရှိပေ..။
"ရှန်းဟိုင်း ဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ ကျိုးမင်ချငိးရဲ့ သဘောထားကြောင့် ကျုပ်..ဒေါသထွက်ရတယ်..။ကျုပ်အဖိုး သွေးတွေ..ချွေးတွေိနဲ့ရင်းပြီး ..ရေးသားခဲ့ရတဲ့..သင်ရိုးတွေကို အခု ဒီလူက ပြောင်းလဲ ပစ်ချင်နေတာလေ..။ဒါက ငါ့ကို အတော်နာကျင်စေတယ်..။လက်ရှိသင်ရိုးတွေက
မာစတာ ကြီးတွေ.. ကျွမ်းကျင်ပညာရှင် တွေ စုစည်းပြီး ဖန်တီးထားတာ ဖြစ်ပေမယ့် သူ့ရဲ့ သင်ရိုးအသစ်တွေက ဘယ်ကလာတာလဲ..။ငါ ဒါရိုက်တာ ကျိုးကို မေးချင်တာက သူ တစ်ခြားလူတွေရဲ့ အမြင်ကိုရော အလေးထားရဲ့လား ဆိုတာပဲ..."
အခု မျိုးဆက်တွေကပါ ပြောလာပြီဆိုတော့..သင်ရိုးပြောင်းမှာကို သဘောမကျတဲ့. ကျောင်းသားတွေဟာ..ထောက်ခံလိုက်ကြပါတယ်..။
"ငါ သဘောတူတယ်.."
"ဒီ သင်ရိုးအဟောင်းတွေက သွေးတွေ ချွေးတွေ နဲ့ ရင်းနှီးထားရတာလေ..။သင်ရိုး အသစ်ကို ရေးနိုင်တဲ့လူက လက်ရှိအချိန်မှာ ဘယ်သူရှိလို့လဲ လက်ညိုးထိုးပြစမ်းပါ.."
"ကျိူးမင်ချင်း လမ်းပျောက်နေပြီ.."
တစ်ချို့လူတွေကတော့ ဘာမှ နားမလည်ကြပေ..။သူတို့ ဒီ အငြင်းပွားမူ တွေက စိတ်ဝင်စားဖို့ ကောင်းလို့ ပွဲကြည့်ဖို့ သက်သက်လာကြတာပါ..။
သို့ပေမယ့် ကျိုးမင်ချငိးရဲ့ တပည့် သမားတော်တွေနဲ့ ရင်းနှီးတဲ့ လူတွေဟာ လည်းရှိနေပါသေးတယ်..။ဒါပေါ့..သူတို့ ကျိုးမင်ချငိး ဝေဖန်ခံရတာကို ရပ်ကြည့်နေကြမှာ မဟုတ်ပါဘူး..။သူတို့ ကျိုးမင်ချင်းကို ဝင်ပြီး ကူညီပေးကြရမှာပါ..။
"တော်ပါတော့ကွာ..မင်းက ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ကောင်ပဲ..။မင်းအဖိုးက သမားတော် ဖြစ်ပေမယ့် အခု မင်းကဘာလဲ..။မင်းအဖိုးနာမည်နဲ့ မင်းအခုလုပ်တဲ့ စီးပွားရေးကို လုပ်နေတာ မလား.."
"ဟုတ်တယိ..ဟုတ်တယ်..ဒီကောင် ဒေါ်လာ ၂ သိန်းတန် တွေကို ဒေါ်လာ ၆ သိန်းနဲ့ ရောင်းနေတာလေ..။ဘယ်လောက် လောဘကြီးလိုက်လဲ.."
"ပြန်လည်ပြုပြင်မူ ဆိုတာ လိုအပ်တယ်..။အချိန်တိုင်းမှာ အရာရာတိုင်းက ပြောင်းလဲ နေတာ..။အရင်တုန်းက သင်ရိုးတွေမှာ လိုအပ်ချက်တွေရှိလာရင် နောင်လာနောင်သားတွေ ..ကောင်းမွန်ဖို့အတွင် ပြောင်းလဲ ရမှာပဲ.."
"ငါတော့ ကျိုးမင်ချင်းကို ထောက်ခံတယ်.."
"ကောင်းမွန်တဲ့ သင်ရိုးရှိမှ အနာဂတ် လူငယ်လေးတွေ အတွက် မျှော်လင့်ချက် ရှိတယ်လေ..။ငါတို့က..တစ်ချို့လူတွေ ကိုယ်ကျိုးအတွက် သုံးနေတာကို ကြည့်မနေနိုင်ဘူး.."
"ငါ သဘောတူတယ်.."
ပညာရေး ဌာနက လူတွေဟာ..ကျိူးမင်ချင်းကို အပေါ် ဆန့်ကျင်ဖို့ ရောက်လာခဲ့ကြတယ်..။
ဒါက သူတို့ သင်ရိုး အသစ်ပြုလုပ်တာကို လက်မခံ နိုင်ပဲ ရှေးရိုးစွဲနေလို့ မဟုတ်ပါဘူး..။သို့ပေမယ့် အနည်းဆုံးတော့ ကျိုးမင်ချငိး သူတို့ကို သင်ရိုးအသစ်ကို ပြပြီး တင်ပြသင့်ပါတယ်..။ဒါက အရင်အဟောင်းထက်ပိုပြီး ကောင်းတာမှန်ရင်..သူတို့ ကျိန်းသေ ထောက်ခံပေးမှာပါ..။
သို့ပေမယ့်..အခုချိန်မှာတော့ သင်ရိုးကအသစ်က ဘယ်မှာ နေမှန်းမသိပေမယ့်..ကိစ္စတွေ က ကြီးလာနေတာက..တကယ်ကို ရှက်စရာပါပဲ..။
တကယ်လို ဒီကိစ္စကိုသာ သေချာ မကိုင်တွယ်နိုင်ရင်..တရုတ်ဆေးပညာ အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ ပုံရိပ်ကို အတော် အကျိုးသက်ရောက် စေမှာပါ..။