နတ်ဆိုးဦးချိုကြယ်ပင်လယ်
Vol. 71 Ch. 982
ဇစ် ဇစ် ဇစ် ဇစ်.......
လျှပ်စီးကြောင်းတွေက ဖြတ်သန်စီးဆင်းလာတာကြောင့် လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက လျင်မြန်စွာ လျော့ကျလာတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကပ်ဘေးစွမ်းအားအသစ်တွေက ဦးတည်ဘက်တိုင်းမှ စုဝေးလာတယ်။
"ဒါ သိပ်မကောင်းဘူး"
ဖြည့်တင်းခြင်းမြန်နှုန်းက ကုန်ခန်းခြင်းမြန်နှုန်းကို လိုက်မမီနိုင်မှန်း လီဖူချန်းက ခံစားမိတယ်။ ဒီအတိုင်းသာ ဆက်သွားရင် သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က ပျက်ဆီးသွားရပေလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက အရူးတစ်ယောက်မဟုတ်ပါဘူး။ ခရမ်းဝင်ရိုးစွန်းအရှင်က သူ့ကို သတ်ဖို့ ဆုံးဖြတ်ခဲ့ရင် သူက ထွက်ပြေးပြီး အနာဂတ်မှာ သေချာပေါက်လက်စားပြန်ချေရလိမ့်မယ်။
"ဒဏ်ရာမရဘူးလား" ခရမ်းဝင်ရိုးစွန်းအရှင်က မျက်မှောင်ကြုတ်ကာ တိုက်ခိုက်နေရာမှ ရပ်လိုက်တယ်။
"ခရမ်းဝင်ရိုးစွန်းအရှင်မှာ ဒီလိုထူးကဲတဲ့ခွန်အားရှိတဲ့အပေါ် ငါက အထင်ကြီးလေးစားမိပါတယ်" လီဖူချန်းက ချီးကျူးလိုက်တယ်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါလဲ မင်းကို ဒဏ်ရာမရစေနိုင်ပါဘူးလေ" လီဖူချန်းက ထူးကဲအဆင့်အန္တိမအဆင့်ခုခံမှုအသုံးအဆောင်ပစ္စည်းကို ပိုင်ဆိုင်ထားတယ်လို့ ခရမ်းဝင်ရိုးစွန်းအရှင်က သံသယရှိတယ်။ ခန္ဓာကိုယ်ခုခံမှုကို အသုံးပြုရုံနဲ့ သူ့ရဲ့တိုက်ခိုက်မှုကို လီဖူချန်းက တားဆီးနိုင်ခဲ့တယ်လို့တော့ သူက မတွေးထားပါဘူး။
သူက လီဖူချန်းကို ဒဏ်ရာမရစေနိုင်မှတော့ သူ့အနေနဲ့ ဒီမှာနေစရာအကြောင်းမရှိတော့ပါဘူး။ လီဖူချန်းနဲ့ ဟိုဟိုသည်သည်ပြောပြီးနောက် သူက ကောင်းကင်လိပ်ခုံးကောင်းကင်ဘုံအရှင်နဲ့ကောင်းကင်လှိုင်းသူတော်စင်အရှင်တို့နဲ့အတူ ထွက်ခွာသွားလိုက်တယ်။
"ငါက မူလအဆုံးစွန်းအရှင်ရဲ့ပြိုင်ဘက်ကင်းဓားပညာအပေါ် လေးစားအားကျမိပါတယ်"
ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာ ခရမ်းဝင်ရိုးစွန်းအရှင်နဲ့တိုက်ခိုက်ပြီးနောက် အနည်းငယ်ကသာ ဒဏ်ရာအနာတရမရှိဘဲ ဆုတ်ခွာနိုင်တယ်။
နဂါးရေကန်ကောင်းကင်ဘုံအရှင်သိထားတာအရ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကို အဆင့်ငါးဆင့်ခွဲခြားထားတယ်: သာမန်၊ သာလွန်၊ လက်ရွေးစင်၊ အထွတ်အထိပ်နဲ့ ပြိုင်ဘက်ကင်း။
လက်ရွေးစင်အရှင်တစ်ယောက်အနေနဲ့ ခရမ်းဝင်ရိုးစွန်းအရှင်က သာမန်အရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်တယ်၊ အထူးသဖြင့် အသစ်ဖြစ်လာတဲ့အရှင်တွေကိုပေါ့။
ခရမ်းဝင်ရိုးစွန်းအရှင်မှာ လီဖူချန်းကို ရင်ဆိုင်ဖို့နည်းလမ်းမရှိတဲ့အတွက် လီဖူချန်းရဲ့ခွန်အားက သာလွန်အဆင့်မှာဒါမှမဟုတ်သာလွန်အဆင့်နဲ့အနီးကပ်မှာ ရှိလောက်တယ်။
"ခရမ်းဝင်ရိုးစွန်းအရှင်နဲ့နှိုင်းယှဉ်ရင် ငါက အများကြီးနိမ့်ကျနေပါသေးတယ်" လီဖူချန်းက ခေါင်းခါကာ ခါးသီးစွာ ပြုံးလိုက်လေတယ်။
"မူလအဆုံးစွန်းအရှင်က ဒီလောက်နှိမ့်ချဖို့မလိုပါဘူး။ ခရမ်းဝင်ရိုးစွန်းအရှင်က ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်ဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာပြီးလေ၊ မူလအဆုံးစွန်းအရှင်က အလွန်ငယ်ရွယ်သေးတာကို ငါ မြင်နိုင်ပါသေးတယ်။ အနာဂတ်မှာ ခရမ်းဝင်ရိုးစွန်းအရှင်ကို ကျော်ဖြတ်ဖို့ အခွင့်အရေးတွေ သင့်မှာ အများကြီးရှိပါသေးတယ်"
"ဒါဆိုလဲ မင်းရဲ့ကောင်းချီးတွေအတွက် ငါ အများကြီးကျေးဇူးတင်ပါတယ်"
"ငါတို့က ဝိုင်မရှိဘဲ နေလို့မရဘူး၊ ဆက်သောက်ကြရအောင်"
နဂါးရေကန်ကောင်းကင်ဘုံအရှင်ရဲ့ဖိတ်ခေါ်မှုကြောင့် သူတို့နှစ်ယောက်က မြို့အရှင်အိမ်တော်သို့ ပြန်ရောက်လာကာ ဆက်သောက်နေတော့တယ်။
"ဒါက ငါ့ရဲ့ဆက်သွယ်ရေးတိုကင်ပဲ။ ငါ လုံလုံလောက်လောက်ကျွမ်းကျင်သရွေ့ ငါ မင်းကို တစ်ကြိမ် ကူညီပေးနိုင်တယ်" ထွက်ခွာလာတဲ့နေ့မှာတော့ လီဖူချန်းက ဆက်သွယ်ရေးတိုကင်တစ်ခုကို နဂါးရေကန်ကောင်းကင်ဘုံအရှင်ထံ ပစ်ပေးလိုက်တော့တယ်။
နဂါးရေကန်ကောင်းကင်ဘုံအရှင်က သဘောထားကြီးလွန်းတယ်၊ သူက လီဖူချန်းကို ကျောက်စိမ်းနဂါးဝိုင်ထောင်ကျော်သာမက သူ့ရဲ့တန်ဖိုးရှိဝိုင်အချို့ကို လီဖူချန်းထံ လက်ဆောင်ပေးခဲ့တယ်။
လီဖူချန်းက တစ်ခုခုပြန်မပေးရင် သင့်လျော်မှာမဟုတ်ဘူးလေ။
"ကျေးဇူးတင်ပါတယ် ငါ့အရှင်။ အရှင်အနေနဲ့ စကြာဝဠာရဲ့အထွတ်အထိပ်ကို ရောက်ရှိစေဖို့ ငါ ဆုတောင်းတယ်"
နဂါးရေကန်ကောင်းကင်ဘုံအရှင်ရဲ့ရည်ရွယ်ချက်က လီဖူချန်းနဲ မိတ်ဆွေဖြစ်အောင်လုပ်ဖို့ပါပဲ။ သူ အောင်မြင်ခဲ့ပါတယ်လေ။
"ငါ့ကို လိုက်ပို့ဖို့မလိုဘူး" လီဖူချန်းက လက်ဝှေ့ယမ်းပြလိုက်တယ်၊ ပြီးနောက် ဟင်းလင်းပြင်ထဲသို့ ခြေချကာ ပျောက်ကွယ်သွားတော့တယ်။
"စကြာဝဠာထဲမှာ လွတ်လွတ်လပ်လပ်လှည့်လည်သွားလာနိုင်တဲ့စွမ်းရည်၊ ဒါက တကယ်ကို မနာလိုအားကျစရာကောင်းတဲ့အရာပါပဲ" နဂါးရေကန်ကောင်းကင်ဘုံအရှင်က လေးစားအားကျနေတော့တယ်၊ သူက လှည့်ကာ သူ့ရဲ့အိမ်တော်သို့ ပြန်သွားလိုက်တော့တယ်။
…
"ဝိုင်ကောင်းပဲ" ခရီးအတွင်း လီဖူချန်းက ဝိုင်အရသာကို ရံဖံရံခါ မြည်စမ်းနေတော့တယ်။
…
ဆယ်စုနှစ်တစ်စုက လျင်မြန်စွာ ကုန်ဆုံးသွားတယ်။
ဒီဆယ်စုနှစ်အတွင်း လီဖူချန်းက ကြယ်ပိုင်နက်တွေ၊ အန္တရာယ်နယ်မြေတွေများစွာကို သွားရောက်ခဲ့တယ်၊ သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေများစွာနဲ့ တွေ့ဆုံခဲ့ရတယ်။
ဒီကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက လီဖူချန်းလိုပဲ စွန့်စားခရီးထွက်နေကြသူတွေပဲ၊ ဒါပေမယ့် သူတို့ရဲ့ဇာတိကြယ်ပိုင်နက်ကို စောင့်ကြပ်နေတဲ့သူအချို့လည်း ရှိတယ်။
သူတို့ရဲ့ဇာတိကြယ်ပိုင်နက်ကို စောင့်ကြပ်နေသူတွေက ပုံမှန်အားဖြင့် အားကောင်းကြတယ်၊ အားအနည်းဆုံးက သာလွန်အရှင်တွေ ဖြစ်ကြပြီး အသန်မာဆုံးက လက်ရွေးစင်အရှင်တွေ ဖြစ်ကြတယ်၊ ဒါပေမယ့် ကန့်လန့်ဖြတ်မြစ်ဘိုးဘေးလို အထွတ်အထိပ်အရှင်တွေတော့ တစ်ယောက်မှ မရှိပါဘူး။
…
ရေမြေတောတောင်တွေထဲမှာ နေ့တွေ၊ လတွေကို ရေတွက်ဖို့ မဖြစ်နိုင်ဘူးလို့ အများက ပြောကြတယ်၊ ဒါပေမယ့် အမှောင်စကြာဝဠာမှာတော့ တကယ်ကို ထာဝရပါပဲ။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ရာစုနှစ်တစ်ခုက ကုန်ဆုံးသွားတယ်။ လီဖူချန်းက အမြွှာဦးချိုကြယ်စုရဲ့နာမည်အကျော်ကြားဆုံးနတ်ဆိုးဦးချိုကြယ်ပင်လယ်ကို ရောက်ရှိလာတယ်။
နတ်ဆိုးဦးချိုကြယ်ပင်လယ်က အမြွှာဦးချိုကြယ်စုရဲ့အကြီးမားဆုံးကြယ်ပိုင်နက်ထက် အဆများစွာပိုကြီးတယ်။ နတ်ဆိုးဦးချိုကြယ်ပင်လယ်ရဲ့အလယ်မှာ ဧရာနတ်ဆိုးဦးချိုတစ်ချောင်းရှိတယ်လို့ ကောလဟာလရှိတယ်။ အရှင်နဲ့အကြိုနတ်ဘုရားများစွာက နတ်ဆိုးဦးချိုကို လိုချင်ကြပေမယ့် ယနေ့ထိ တစ်ယောက်မှ မလုပ်နိုင်သေးပါဘူး။
လီဖူချန်းက စွန့်စားခရီးထွက်တဲ့အခါ သူက သူ့ရဲ့တာအိုနှလုံးသားကို မွမ်းမံဖို့၊ သူ့ရဲ့အတွေ့အကြုံတွေ ပေါများကြွယ်ဝစေဖို့နဲ့ အရေးကြီးဆုံးကတော့ ကံကြမ္မာအခွင့်အလမ်းကောင်းတွေကို ရှာဖွေဖို့ပါပဲ။
သူက အန္တိမအဆင့်ဓားအရိုးတွေကို ရရှိနိုင်ရင် သူက မူလအဆုံးစွန်းဓားနည်းလမ်းကို ပိုမြန်တဲ့အရှိန်နဲ့ အန္တိမအဆင့်သို့ တိုးမြှင့်စေနိုင်လိမ့်မယ်။
အန္တိမအဆင့်ဓားအရိုးတွေက ယေဘုယျအားဖြင့် ဓားတာအိုအရှင်တွေမှ လာတယ်။
လီဖူချန်းက အသက်ရှင်နေတဲ့ဓားတာအိုအရှင်တစ်ယောက်ကို ရင်ဆိုင်ဖို့ မစဉ်းစားထားပါဘူး၊ ဒါကြောင့် သူက သေဆုံးသွားတဲ့ဓားတာအိုအရှင်တွေကိုသာ ရှာဖွေနိုင်တယ်။
သေဆုံးသွားတဲ့ဓားတာအိုအရှင်တွေအရေအတွက်အများဆုံးရှိတဲ့နေရာကတော့ သေချာပေါက် အပျက်အဆီးနယ်မြေတွေပါပဲ။ အထူးသဖြင့် အလွန်အမင်းအန္တရာယ်များတဲ့အပျက်အဆီးနယ်မြေတွေပါပဲ။
နတ်ဆိုးဦးချိုကြယ်ပင်လယ်ကို ဝင်ရောက်လာတဲ့အခါ လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။ ဒီနေရာရှိစကြာဝဠာအရင်းမြစ်က အလွန်အမင်းရှားပါးပြီး ကြယ်ပိုင်နက်တွေကြားရှိအမှောင်ဟင်းလင်းပြင်တွေနဲ့ အလားတူနီးပါးပါပဲ။
ပေါကြွယ်ဝတဲ့စကြာဝဠာအရင်းမြစ်အမျိုးအစားတစ်ခုသာ ရှိတယ်၊ အဲဒါက အရေအတွက်အားဖြင့် ဆယ်ဆဒါမှမဟုတ်အဆတစ်ရာပိုတယ်။ အဲဒါက နတ်ဆိုးတာအိုအရင်းမြစ်ပါပဲ။
""နတ်ဆိုးတာအိုကို ကျင့်ကြံတဲ့တစ်ယောက်ယောက်နဲ့မှ မရင်ဆိုင်ရဖို့ ငါ ဆုတောင်းတယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
နတ်ဆိုးတာအိုအရင်းမြစ်က အပြင်ကမ္ဘာထက် ဆယ်ဆဒါမှအဟုတ်အဆတစ်ရာပိုတယ်။ ဒါကြောင့် ခြားနားချက်က အဆတစ်သောင်းရှိလိမ့်မယ်။ နတ်ဆိုးတာအိုမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က နတ်ဆိုးဦးချိုကြယ်ပင်လယ်ထဲမှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ပြောတာ မလွန်ပါဘူး။ နတ်ဆိုးတာအိုကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေအတွက်ကတော့ သူတို့က နတ်ဆိုးဦးချိုကြယ်ပင်လယ်မှာ ပြိုင်ဘက်ကင်းဖြစ်ပေလိမ့်မယ်။
လီဖူချန်းက ယုံကြည်ချက်ရှိရင်တောင် သူက နတ်ဆိုးတာအိုအရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မယ်လို့တော့ မသေချာပါဘူး။ သူက ထွက်ပြေးလွတ်မြောက်နိုင်တာကတင် တော်တော်လေးကောင်းနေပါပြီ။
"ငါ့ရဲ့လက်ရှိစွမ်းအင်ပမာဏက နည်းလွန်းတယ်။ ငါက မူလအဆုံးစွန်းဓားနည်းလမ်းကို အန္တိမအဆင့်သို့ မြှင့်တင်ရမယ်"
အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုမရှိရင် ခွန်အားခြားနားချက်က မသိသာနိုင်ပေမယ့် စွမ်းအင်စုဆောင်းမှုအရ အလွန်အမင်းသိသာတယ်။ လီဖူချန်းရဲ့အဆင့်မှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေအကြားတိုက်ပွဲတစ်ခုက စွမ်းအင်စုဆောင်းခြင်းနဲ့ပြန်လည်ဖြည့်တင်းခြင်းအရှိန်တို့နဲ့ အများဆုံးသက်ဆိုင်ပေလိမ့်မယ်။
အဝေးမှ လီဖူချန်းက အဖြူရောင်အရိုးကျွန်းတစ်ခုကို သတိပြုမိခဲ့တယ်။
အရိုးဖြူကျွန်းက တကယ်တော့ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အလောင်းကောင်တစ်ခုပါပဲ။ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေနဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်အောက်နိမ့်ကျသူတွေကတော့ အရိုးဖြူကျွန်းက အလွန်တန်ဖိုးရှိတယ်။ ဒါပေမယ့် နတ်ဆိုးဦးချိုကြယ်ပင်လယ်ထဲကို ဝင်ရောက်ရဲတဲ့သူတွေအတွက်ကတော့ တန်ဖိုးက နိမ့်ကျလွန်းပါတယ်။
ဖြောက်......
အရိုးဖြူကျွန်းက ရုတ်တရက် ထရပ်လိုက်တယ်။ မျက်လုံးခေါင်းပေါက်နှစ်ခုထဲမှာ အနက်ရောက်မီးလျှံအစုအဝေးနှစ်ခုရှိတယ်။
"ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါလား" လီဖူချန်းက ဝေ့ကြည့်လိုက်တယ်။ သူက အရိုးဖြူကျွန်းထဲသို့ ဝင်ရောက်သွားတဲ့နတ်ဆိုးပုံရိပ်တစ်ခုကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။
ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက နတ်ဆိုးဦးချိုကြယ်ပင်လယ်ထဲမှာသာ တည်ရှိတဲ့ကြောက်စရာကောင်းတဲ့သက်ရှိတွေပါပဲ။ သူတို့က နတ်ဆိုးတာအိုအရင်းမြစ်နဲ့ဒီနေရာမှာသေသွားတဲ့စိတ်ဝိညာဉ်တွေရဲ့ပေါးစပ်ခြင်းတွေပါပဲ။ သူတို့မှာ အစစ်အမှန်ခန္ဓာကိုယ်တစ်ခုမရှိဘူး၊ ဒါကြောင့် သူတို့က သတ်ဖို့ အလွန်အမင်းခက်ခဲတယ်။ ဝိညာဉ်တာအိုတိုက်ခိုက်မှုတွေကသာ သူတို့ကို ဖြေရှင်းနိုင်တယ်။
ဟိန်းသံ.......
ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါက ထိန်းချုပ်ထားတဲ့ ဧရာမအလောင်းကောင်က လီဖူချန်းထံ ပြင်းထန်တဲ့ကုတ်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။
"ချိုးဖြတ်စမ်း"
ဓားကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းက အဖြူရောင်အရိုးခြေလက်တွေကို ဖြတ်တောက်လိုက်တယ်။
"ပြန့်ကျဲစမ်း"
နောက်ထပ်ဝှေ့ယမ်းလိုက်ရာ ဧရာမအလောင်းကောင်ကို အပိုင်းအစသန်းချီပိုင်းဖြတ်သွားလေတယ်။
ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက ဉာဏ်ရည်ရှိမှန်း သိသာတယ်။ လီဖူချန်းက ကိုင်တွယ်ရတာ ခက်ခဲမှန်း မြင်တဲ့အခါ ၎င်းက ကြယ်ပင်လယ်ရဲ့အနက်ပိုင်းထဲသို့ ချက်ချင်း ထွက်ပြေးသွားပြီး နောက်တစ်ကြိမ် မပေါ်ထွက်လာတော့ပါဘူး။