← Chapters

ဒါက တကယ်ကို ..ပုံမှန်မဟုတ်တော့ဘူး

Vol. 34 Ch. 509

ဒါက တကယ်ကို ..ပုံမှန်မဟုတ်တော့ဘူး

Vol. 34 Ch. 509

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

ဒီကိစ္စက အင်တာနက် ပေါ်မှာ ပျံ့နှံ့နေတုန်း ပါပဲ..။အစကတော့..တရုတ်ဆေးပညာ အကယ်ဒမီက လူတွေသာ..ငြင်းခုန်နေကြပေမယ့် အခုဆို အပြင်က လူတွေပါ ပါဝင်လာခဲ့ကြပါပြီ..။

သို့ပေမယ့် တရုတ်ဆေးပညာ အဖွဲ့အစည်း..က ကျို့ချင်းချင် နဲ့..တစ်ခြား လူတွေဟာ..ကျိုးမင်ချင်းကိုသာ ထောက်ပံ့ပေးခဲ့ပါတယ်..။သူတို့ရဲ့ ဆက်ဆံရေးက ရင်းနှီးတာကြောင့်..ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို ကျို့ချင်းချင် ခန့်မှန်း မိပါတယ်..။

သင်ရိုး ညွှန်းတန်းကို ရေးနေတာက..မာစတာ လင်းက လွဲပြီး ဘယ်သူမှ မရှိနိုင်ပါဘူး..။

သို့ပေမယ့် ကျိုးမင်ချင်း..ထုတ်မပြောပုံ ထောက်ရင် သူတစ်ခုခုကို..စိတ်ပူနေတဲ့ ပုံပါပဲ..။တကယ်လို့..မာစတာ လင်း ရေးတာသာ..မှန်ရင်..ဘယ်လို ရလာဒ် ဖြစ်လာမလဲ ဆိုတာ..သူတို့ စိတ်လှုပ်ရှား မိပါတယ်..။

တိမ်ဖြူလမ်း..။

လင်းဖန် ဘာမှ လုပ်စရာ မရှိတဲ့ အချိန်တိုင်း..ငုတ်တုတ်ထိုင်ပြီး..သင်ရိုးကို ရေးနေခဲ့တယ်..။တရုတ်ဆေးပညာကို နားလည်မူ အပိုင်းမှာ ယှဥ္ရင်..လင်းဖန် ကို မှီတဲ့လူ ဘယ်သူမှ ရှိမှာ မဟုတ်ပါဘူး..။စွယ်စုံကျမ်းရဲ့ အကူအညီ က တကယ်ကို ဆန်းကျယ် လွန်းလှတာပါ..။တကယ်လို့ အခုချိန်မှာတောင်..သူ့ကို ယှဥ္ပြိုင်နိုင်တဲ့လူရှိရင်..ဒါက တကယ်ကို သရဲတစ်ကောင်ပါပဲ..။

ဟင်...

ခနနားတဲ့ အချိန်တွေ ဆိုရင်..လင်းဖန်..ကွန်ပြူတာကနေ ဝိုက်ဘို သုံးနေခဲ့တယ်..။သို့ပေမယ့် သူသတင်းတွေကို ဖတ်မိတဲ့ အချိန်မှာတော့ အံ့ဩပြီး အကူညီမဲ့ ..သွားခဲ့တယ်..။

"မင်ချင်းက တစ်ခြား တရုတ်သမားတော် တွေနဲ့ ဘာလို့ ငြင်းခုန် နေရတာလဲ.."

လင်းဖန် ဘယ်လို စောက်ကျိုးနဲ တွေ ဖြစ်နေတာလဲ ဆိုတာ တကယ် သိချင်နေခဲ့ပါတယ်..။

လူလိမ် ထျန် ကြည့်လိုက်ပြီး...

"ဒါက..မင်းရဲ့..တပည့်မဟုတ်ဘူးလား..။တရုတ် ဆေးပညာ အကယ်ဒမီ ရဲ့ ဒါရိုက်တာ လေ..။သူက ဘာတွေ ဖြစ်နေတာလဲ..။ကြည့်ရတာ ငြင်းခုန်မူ တွေ ဖြစ်နေသလိုပဲနော်..။တကယ် ထူးဆန်းတယ်..!

"အင်း.."

လင်းဖန် ဘာမှ ပြန်မပြောပဲ..သတင်းတွေကိုသာ ဆက်ဖတ်လိုက်တယ်..။

ဝူယူလန် နဲ့ ကျန်တဲ့ လူတွေဟာလည်း..လင်းဖန်နားမှာ စုဝေးပြီး..စခရင် ပေါ်က သတင်းတွေကို ဖတ်နေခဲ့ကြပါတယ်..။

"ဒီကိစ္စက တကယ်ကြီးတာပဲ..သင်ရိုးအဟောင်းကို ပြန်အစား ထိုးမယ် ဆိုတော့..။လူတွေ အများကြီး စိတ်ဝင်စားနေကြတာ အံ့ဩစရာ မဟုတ်တော့ဘူး..."

"သင်ရိုးတွေ အကုန်လုံးက..ပညာရေး ဌာနကပဲ ဆံူးဖြတ်ပေးတာ။မင်းရဲ့ တပည့်က သူ့သဘောနဲ့သူ သင်ရိုးအသစ် အစားထိုးချင်တယ် ဆိုတော့ ဒါပေါ့..သူ ဝိုင်းပြီး အပြစ်တင်ခံရမှာပေါ့.."

လူလိမ် ထျန် ခွဲခြမ်းစိတ်ဖြာပြီး ပြောနေခဲ့တာပါ..။

"ဒီ သင်ရိုး အဟောင်း စာအုပ်တွေက သုံးလာတာကြာလေ..ဒါတွေက နတ်ဘုရားအဆင့် စာအုပ်တွေလိုပဲ..။ဒါတွေကို ပြောင်းလဲ ချင်ရအောင် ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ ဖြစ်ရမယ်.."

လင်းဖန် အသံပြောင်းသွားပြီး..

"ခင်ဗျား ပြောတာကို ကြည့်ရတာ..ခင်ဗျား ဒီအကြောင်းတွေကို တော်တော် နားလည်နေတဲ့ ပုံပဲ.."

လူလိမ် ထျန် ယုံကြည်မူ ရှိရှိ ပြောလိုက်တယ်..။

"ဒါပေါ့..ငါ..ထျန်က..နယ်ပယ်တိုင်းမှာ နှံ့စပ်တဲ့ လးတစ်ယောက်ပဲ.."

ဝူယူလန်ဟာ..လင်းဖန် ဒီကိစ္စကို ဒီတိုင်း မထားဘူး ဆိုတာ သိထားပြီးသားပါ..။

"ရှင်က အခု သင်ရိုးကို ရေးနေတုန်းပဲလေ..။ဘာလုပ်မယ် လို့ စီစဥ္ထားလဲ.."

"ဒါက တွေးနေစရာ တောင် မလိုဘူး..။မင်ချင်းက ငါ့တပည့်လေ..။ငါ့ တပည့် အပြစ်တင်ခံ နေရပြီ ဆိုမှတော့ ဆရာ တစ်ယောက်အနေနဲ့ ရပ်ကြည့်နေလို့ဘယ်ဖြစ်မှာလဲ..။ငါ တစ်ခုခု လုပ်ရမယ်..။သူတို့ ပြောနေတာက..သင်ရိုး အသစ်က အမိှုက် တစ်ခုလိုပဲ ဖြစ်မယ်လို့ ပြောနေတာ မဟုတ်ဘူးလား..။ငါ သူတို့ရဲ့ ပါးစပ်တွေကို ပိတ်ပစ်ရမယ်.."

ဒါက မျက်နှာသာ လုံးဝ မပေးတာ မဟုတ်ဘူးလား...

ဆေးပညာ ပရိဟိတ လုပ်တုန်းကဆိုရင်..ကျိုးမင်ချင်းက သူ့ဘေးနားကနေ တစ်ချိန်လုံး ကူညီပေးခဲ့တဲ့ လူတစ်ယောက် ဆိုတာ သိသင့်ပါတယ်..။

သူ့ကို မျက်နှာသာ မပေးတဲ့ လူတွေဟာ ဘယ်လိုဖြစ်လာမှာလဲ..

ပြောစရာ မလိုအောင်ပဲ..ဒီလူတွေ ခံစားသွားကြရမှာပါ..။

လင်းဖန် ဝိုက်ဘိုမှာ ပိုစ့်တစ်ခုတင်လိုက်တယ်..။

"ဟဲလို..အားလုံးပဲ ခွင့်ပြုပါဦး..။ကျွန်တော်က တရုတ်ဆေးပညာ အခြေခံ သင်ရိုးကို ရေးနေတဲ့ လူတစ်ယောက်ပါ..။ကျွန်တော် ရဲ့..သင်ရိုးညွှန်းတမ်းက အမှိုက်ပဲ ဖြစ်လိမ့်မယ် လို့ ပြောနေကြတဲ့ လူတွေ အကုန်လုံး..ကျွန်တော် နဲ့ နည်းနည်းလောက် ယှဥ္ပြိုင်လိုက်ရအောင်..။ခင်ဗျားက အနောက်တိုင်း ဆရာဝန် တစ်ယောက် ဆိုရင်လည်း ပြသနာ မရှိပါဘူး..။ကျုပ် နှစ်ဖက်စလုံးမှာ ကျွမ်းကျင်ပါတယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့..ခင်ဗျားတို့ကို အရမ်းကြီး အရှက်ရအောင် မလုပ်ပါဘူး..။ကျွန်တော် ပြောချင်တာ ဒီလောက်ပါပဲ..။အခု သင်ရိုး ကို ဆက်ပြီး ရေးပါ့မယ် မကျေနပ်တဲ့ လူမှန်သမျှ ကျွန်တော် ဆီကို လာစိန်ခေါ်ကြပါ..။ပြီးတော့ တရုတ်သမားတော် ဟောင်းကြီးတွေကိုလည်း..ကိုယ်လုပ်စရာ ရှိတာ လုပ်ကြပါလို့ အကြံပေးပါရစေ..။မင်းတို့ရဲ့ ဘိုးဘေးတွေက..တရုတ်ဆေးပညာကို အကျိုးပြုပေးခဲ့တာ ဆိုတော့ ငါ စကားတွေ အများကြီး မပြောချင်ဘူး.."

…

ပို့စ်တင်ပြီးနောက်...။

လူလိမ် ထျန်..ထုံထိုင်းစွာ ပြောလိုက်တယ်..။

"မင်းအဲလို ပြောလိုက်တော့ ပြသနာ တစ်ခုခု မတက်နိုင်ဘူးလား..."

လင်းဖန် ပုခုံးတွန့်လိုက်ပြီး..

"ဘာပြသနာ ရှိမှာ မို့လို့လဲ..။ကျုပ် မဟုတ်တာ ဘာမှ မပြောဘူး..။တကယ်လို့ သူတို့ တကယ်လာရဲရင် သူတို့ကို ဧည့်ခံပေးလိုက်မယ်.."

ကျောက်ကျန်းယန် သက်ပြင်းချလိုက်ပြီး..

"အစ်ကို လင်းက တကယ် အံ့ဩဖို့ ကောင်းတာပဲ.."

အစ်ကို လင်းရဲ့ ဆေးပညာ အရည်အချင်း ဘယ်လိုရှိလဲ ဆိုတာ သူတို့ အသိဆုံးပါပဲ..။သူ့ကို ယှဥ္နိုင်တဲ့ လူ ဘယ်သူမှ မရှိလောက်ပဲ..။

တကယ်လို့ ဒီလူတွေ စိတ်မထိန်း နိုင်ပဲ ဒီကို ရောက်လာခဲ့ရင် ဟာသတွေ ဖြစ်ကုန်တော့မှာပါ..။

သူက အခုလို..လေးစားမူ မရှိပဲ ပြောလိုက်ချငိး အားဖြင့်..တိုက်ခိုက်ခံရမှာတွေ..ချဲလန့်ခေါ်ခံရမှာ တွေကို လုံးဝ မကြောက်ပါဘူး..။

ဒီပိူစ့် ဝိုက်ဘိုပေါ်မှာ တက်သွားတာနဲ့..အင်တာနက်ဟာ လှုပ်ခတ်လာခဲ့တယ်..။

"ချီးပဲ အဓိက ဇာတ်ဆောင်က ထွက်လာပြီ..။သင်ရိုး အသစ်ကို ရေးနေတဲ့လူက မာစတာ လင်းပဲ.."

"ဒါက တကယ် ကြောက်ဖို့ ကောင်းတယ်.."

"မာစတာ လင်းက..စိတ်တိုပြီး ကျိန်ဆဲ နေပြီ..။ဒီလူတွေက မာစတာ လင်းရေးတဲ့ သင်ရိုးကို တကယ် အမှိုက်လို့ ပြောခဲ့တာ..။ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ မတူဘူးလား.."

"မျက်လုံးပါတဲ့ လူတိုင်း မာစတာ လင်းရဲ့ ဆေးပညာ ဘယ်လောက်ကောင်းလဲ ဆိုတာ သိကြတယ်..။တကယ်လို့..မာစတာ လင်းရေးနေတာ ဆိုရင် ဘာပြသနာမှ ရှိမှာ မဟုတ်ဘူးနော်.."

"ဟုတ်တယ် ငါ..မာစတာ လင်း ပရဟိတ လုပ်တုန်းက အနီးကပ် စောင်ကြည့်ခဲ့တာ..။တကယ်ကို အံ့ဩစရာပဲ..."

"ငါ မင်းကို ပြောသားပဲ..။အတွေ့အကြုံရင့်ကျတ်တဲ့ ဒါရိုက်တာ ကျိုးက အကြောင်းအရင်း မရှိပဲ သင်ရိုး အသစ်ကို အစားထိုးမှာ မဟုတ်ပါဘူးလို့..။အကြောင်းပြချက် ရှိကို ရှိရမှာ..။သူ ရေးတဲ့..သင်ရိုးညွှန်းတမ်းက လည်း တကယ်အံ့ဩဖို့ ကောင်းမှာ အသေအချာပဲ.."

"ဒါ အဓိပ္ပါယ်ရှိတယ်.."

ပညာရေးဌာနတွင်..။

"သင်ရိုးကို သူရေးထားတာလား.."

"ဒါဆို ပြောရ မခက်တော့ဘူး..။ဒီလူရဲ့ ဆေးပညာက တကယ်အ့ံဩစရာပဲ..။မင်းတို့ အကုန်လုံး သူ ဆေးပညာ ပရဟိတ လုပ်ခဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲ သိမှာပေါ့.."

"အခု ချိန်ဝင်မပါပဲ ​နေကြရအောင်..သင်ရိုး ထွက်လာတဲ့ အချိန်ကြမှပဲ ထပ်ပြောကြမယ်.."

"ကျိုးမင်ချင်းက တကယ့်လူပဲ..။သင်ရိုးကို ရေးနေတဲ့လူက နတ်ဆေးဆရာလေး ဆိုတာ ဘာလို့ စောစောက မပြောတာလဲ.."

"ဘယ်သူသိမှာလဲ.."

တရုတ်သမားတော် တွေက ပရော်ဖက်ရှင်နယ်ကျ ကြပါတယ်..။

သူတို့ အများစုက..ပါးစပ်ပိတ်သွားခဲ့ကြတာပါ..။သူတို့ လင်းဖန်ကို မတွေ့ဖူးကြပေမယ့် နတ်ဆေးဆရာ လေး ဆိုတဲ့ နာမည် ဘယ်လိုရထားတာလဲ ဆိုတာ သူတို့ သိထားပြီးသားပါ..။

တရုတ် ဆေးပညာ အဖွဲ့အစည်းကတော့ နတ်ဆေးဆရာ လေးက ဘယ်လောက် အံ့ဩစရာ ကောင်းလဲ ဆိုတာကို သိထားပြီးသားပါ..။'အူရောင်ငန်းဖျား နဲ့ ရောဂါ အမျိုးမျိုး' ဆိုတဲ့ စာအုပ်က ဒီလူရေးသားထားတာ ဖြစ်ပြီး နားလည်ရလည်း အရမ်းလွယ်ကူပါတယ်..။

ဒီလို..မာစတာ အဆင့် သမားတော် တွေရှေ့မှာ ဆိုရင်သူတို့ တွေက ဘာမှ မဟုတ်ပါဘူး..။

ထပ်ပြောရရင် မကျေနပ်တဲ့လူတွေ အကုန်လုံး သူ့ဆီကို လာခဲ့ကြလို့လည်း သူပြောထားပါသေးတယ်..။သူ့ဆီ သွားပြီး စိန်ခေါ်တဲ့ လူတွေက ကိုယ့်ဒုက္ခက ကိုယ် ရှာတဲ့ လူတွေပါပဲ..။

အကုန်တိတ်ဆိတ် နေခဲ့ကြတယ်..။

ဘယ်သူမှ မငြင်းခုန်ကြတော့ပါဘူး..။အကုန်လုံးက ဒီမတော် တဆ မူကို မသိသလိုပဲ ဟန်ဆောင် နေလိုက်ကြပါတယ်..။

ကျိုးမင်ချငိး ဝိုက်ဘိုမှာ သူ့ဆရာ တင်ထားတာကို မြင်ပြီး ခံစားသွားခဲ့ရတယ်..။

သူ့အတွက်နဲ့..သူ့ဆရာက ရှေ့ကို ထွကိလာပြီး ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပေးခဲ့တာပါ..။

ဒါက...ဒါက..

တကယ်ကို..စိတ်ခံစားချက် ဖြစ်စရာပါပဲ..

လင်းဖန် ရဲ့ ဝိုက်ဘို ဖော်လို အရေအတွက်က ငါးသန်း လောက်ရှိပါတယ်..။ဒါက ဆယ်လီတစ်ယောက်နဲ့ ယှဥ္ရင် နည်းသေးတယ် လို့ဆိုနိုင်ပေမယ့် ကျော်ကြားတဲ့ လူတစ်ယောက် တော့ဖြစ်နေခဲ့ပါပြီ..။

ပွဲကြည့်နေတဲ့ လူတွေ တောင် ..ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေ ဘာဆက်ဖြစ်မလဲ မပြောနိုင်ပါဘူး..။

"မင်းကိုယ်မင်း ဘာထင်နေလို့လဲ..။သူတို့က တရုတ်ဆေးပညာ အကြောင်းပြောနေတာ..။မင်းက ဆေးပညာ ဘာလဲ ဆိုတာတောင် သိလို့လား.."

ရုတ်တရက် ဒီမှတ်ချက် ပေါ်လာခဲ့ပြီးတဲ့ နောက်မှာ များပြားလှတဲ့ လူတွေ ဟာ ဝိုင်းပြီး..စာပြန်လိုက်ကြတယ်..။

"အပေါ်ကကောင်..မင်းတို့ တစ်မိသားစုလံူး..အင်တာနက် ဖြတ်တောက်ခံထားရတာလား..။မင်း မာစတာ လင်းကို စောက်ရေးမပါတာတွေ မပြောခင် ဘိုင်တု မှာသွားရိုက်ရှာလိုက်ဦး.."

"နှစ်တိုင်း စောက်ရူးတွေ ရှိပေမယ့် ဒီနှစ်မှ ပိုများလာသလိုပဲ.။မင်းက နတ်ဆေးဆရာ လေးက ဘယ်သူလဲ မသိပဲ ဝိုက်ဘိုမှာ လာပြီး ကျိန်ဆဲ ချင်သေးတယ်.။မင်းအိမ် မီးလောင်နေပြီး အင်တာနက် မသုံးခဲ့ရလို့လား.."

"မင်းမှန်တယ် နတ်ဆေးဆရာလေးက ..ဆေးပညာ ဆိုတာ ဘာမှန်း မသိဘူး.."

မြို့သားတွေဟာ အစက သူတို့ အမြင်တွေကို မှတ်ချက်ပေးဖို့ လုပ်နေပေမယ့် ဒီကောင့် မှတ်ချက်ကို မြင်ကာ..ဝိုင်းပြီး ကျိန်ဆဲလိုက်ကြပါတယ်..။

ဒါက အတော်ကို အဓိပ္ပါယ် မရှိတာပါ..။

အင်တာနက် သုံးနေတဲ့ လူတွေ အကုန်လုံးက ဒီလိုမျိုး ဘာမှ မသိပဲ..ဝင်ပါချင်တဲ့ ကောင်တွေကို အမုန်းဆုံးပဲ မဟုတ်ဘူးလား....

ဒါက တစ်ခုခု တော့ မဟုတ်သေးပါဘူး...။

All Chapters