အပြစ်တင်မူ..
Vol. 34 Ch. 510
#ဘာသာပြန် = စနိုးဝှိုက်
ကလင် ကလင်..
မင်ချင်း ဖုန်းခေါ်လာခဲ့တယ်..။
"ဆရာ..ဒီလူတွေကို ဘာမှ ဖြေရှင်းပြမနေနဲ့..။ကျွန်တော် တို့ သူတို့ကို ဂရုစိုက်စရာ မလိုဘူး..."
ကျိုးမင်ချင်းဟာ..သူ့ဆရာ ဒီကိစ္စတွေကြောင့်..စိတ်အနှောက်အယှက်ဖြစ်ပြီး သင်ရိုး မရေးနိုင်ဖြစ်မှာကြောင့် နှစ်သိမ့်လိုက်တာပါ..။
လင်းဖန် သဘောကျစွာ ပြောလိုက်တယ်..။
"ခင်ဗျား အတွေးလွန်နေပြီ..မင်ချင်း..။ကျုပ် ဒီလူ တွေကို တကယ်ဂရုစိုက်မယ်လို့ ထင်နေတာလား..။ဒီကိစ္စကို မပြောပဲ နေရအောင်..။တစ်ချို့ အရူးတွေက ကျုပ်ကို လာပြီး ငြင်းခုန် နေကြပြန်ပြီ..။ကျုပ်သူတို့ကို ဂရုစိုက်ပေးရဦးမယ်..ဒါပဲ.."
ကျိုးမင်ချင်း ခေါင်းခါယမ်း လိုက်တယ်..။
"ဆရာ..ကတကယ် ဂရုစိုက်နေတာပဲ..။တကယ်လို့ ဂရုမစိုက်ဘူး ဆိုရင်..သူတို့နဲ့ ရန်ဖြစ်နေစရာ မလိုဘူးလေ.."
သူ စိတ်ထဲမှာ တွေးလိုက်တာပါ..။
မြို့သားတွေဟာ..လင်းဖန်ရဲ့..သူ့အပေါ် မကောင်းပြောတဲ့ လူတွေ အပေါ် တုန့်ပြန်မူကြောင့်..အံ့ဩနေကြပါတယ်..။နတ်ဆေးဆရာ လေးဆိုတာ..ဂုဏ်သိက္ခာရှိပြီး..သိမ်မွေ့ယဥ္ကျေး ရမှာ မဟုတ်ဘူးလား..။ဒါပေမဲ့ ဒီ နတ်ဆေးဆရာ လေးကတော့ မတူညီပါဘူး..။
လင်းဖန် သူ့ကို အပြစ်တင်နေကြတဲ့ လူတွေရဲ့ ကွန်ပြူတာ တွေကိုတောင် ဟတ်ဖို့ စိတ်ကူးလိုက်ပါသေးတယ်။သို့ပေမယ့်..ဒါက သူ့ရဲ့ အတွေးတွေပါ..။သူ ဒီလို အလုပ်မျိူးကို သွားလုပ်လို့မရပါဘူး..။
မဟုတ်ရင်..အင်တာနက် လုံခြုံရေး အန်ကယ်..တွေက သူ့ရဲ့..တံခါးရှေ့ကို ရောက်လာကြမှာပါ..။
ယင်းနောက် သူ အကုန်လုံးကို လျစ်လျူ ရူဖို့သာ ဆုံးဖြတ်လိုက်တယ်..။သူ သင်ရိုးကိုသာ အာရုံစိုက်ပြီး ရေးလိုက်ပါတယ်..။အစကတော့..သူအေးဆေး ရေးချင်ပေမယ့် အခြေအနေက..သူကို အတော်..စိတ်ပျက်စေခဲ့ပါတယ်..။တကယ်လို့ သူသာ..သင်ရိုးတွေကို မြန်မြန် မရေးနိုင်ဘူးဆိုရင် ဒီအခြေအနေကို ထိန်းလို့ရမှာ မဟုတ်တော့ပါဘူး..။
အခု လင်းဖန် ထွက်ပေါ်လာတဲ့ အတွက် လူထု အမြင်တွေဟာ ပြောင်းလဲ သွားခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ်..နတ်ဆေးဆရာလေးရဲ့ ဂုဏ်သတင်းက..ဝိုက်ဘိုမှာ..အတော်လေးကို ကျော်ကြားတာပါ..။
တရုတ်ဆေးပညာ လောက..မှာလည်း ဘယ်သူမှ ထင်မြင်ချက် တွေ မပေးတော့ပါဘူး..။သူတို့ ဘေးနားကနေသာ ကြည့်နေပြီး..သင်ရိုး ထွက်လာမှာကိုပဲ စောင့်နေခဲ့ပါတယ်..။
လင်းဖန်က..နတ်ဆေးဆရာ..ဖြစ်ပေမယ့်..ဆေးပညာ လောကမှာ သူ့ကို မကြိုက်တဲ့ လူတွေလည်း ရှိနေကြပါသေးတယ်..။ဒါပေါ့..လင်းဖန်ရဲ့..အရည်အချင်းတွေက..အရမ်းကောင်းနေတော့..သူတို့ အခုချိန်..သွားပြီး အပြစ်တင်ရင် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်နေမှာပါ..။
သို့ပေမယ့် ဒီကိစ္စက အတော်ကို ရှုပ်ထွေးပါတယ်..။သူတိုနတ်ဆေးဆရာလေး..သင်ရိုးထုတ်ပြီး တဲ့ ပချိန်အထိ စောင့်ကြရမှာပါ..။သူ့ရဲ့ သင်ရိုးထွက်လာလို့..လိုအပ်ချက်တွေ မပြည့်မှီကာမှ..ဝိုင်းပြီး အပြစ်တင်ရင်လည်း နောက်မကျ သေးပါဘူး..။
သူတို့ လင်းဖန်ကို နောက်ပိုင်း ဘယ်လို..အပြစ်တင်ရမလဲ ဆိုတာကို တောင်ကြိုတွေးပြီးထားကြ ပြီးပါပြီ..။
မင်းရဲ့ ဆေးပညာအရည်အချင်း ကောင်းမွန်တာနဲ့ပဲ သင်ရိုးရေး နိုင်မယ် လို့ထင်နေတာလား..။သင်ရိုးအဟောင်း ဆိုတာက သင်ရိုးအဟောင်းပဲလေ..။နောက်မှ ပေါက်တဲ့ ရွှေကြာပင်ကများ...
နောက်တစ်ရက်...
လင်းဖန် ကတော့ အကုန်လုံးကို အေးဆေး သွားပြီလို့ပဲ သဘောထားလိုက်ပါတယ်..။ဒီ သမားတော်ကြီးတွေရဲ့ မျိုးဆက်တွေ တကယ် လာကြလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
ဒီ မျိုးဆက်တွေကြားထဲမှာ..ဝူရှီဂျန် က..လင်းဖန်ကို အပြစ်တင် ဆုံးပါပဲ..။
"@မာစတာ လင်း..မင်းက နတ်ဆေးဆရာ တစ်ယောက်အနေနဲ့ ဆေးပညာ အရမ်းကောင်းတာကို ငါတို့ လက်ခံပါတယ်..။ဒါပေမဲ့ မနေ့က မင်းပြောတဲ့ စကားတွေက ဘာကို ဆိုလိုတာလဲ..။ငါတို့ရဲ့ ဘိုးဘေးတွေ သွေးချွေးရင်းပြီး..ရေးခဲ့တဲ့..သင်ရိုးတွေကို..ဒီနေ့အထိ အသုံးပြုနေကြရတာလေ..။မင်းရဲ့ စကားက ဘာကို ဆိုလိုတာလဲ..ငါတို့ ဘိုးဘေးရဲ့ ဆေးပညာ သင်ရိုးတွေမှာ လိုအပ်ချက် တွေ ရှိနေတယ် လို့ဆိုလိုတာလား..။မင်းက သူတို့ရဲ့ စိတ်စေတနာ တွေကို အလေးမထားချင်ဘူးလေ..။ငါ့အဖိုး အခု မရှိတော့ ပေမယ့် ငါ မင်းကို တရားစွဲလိုရတယ် နော်.."
မြို့သားတွေဟာ ..သဘောတူစွာ တုန့်ပြန်လိုကိကြတယ်..။
"ပြောတာ ကောင်းတယ်.."
"ဒါက နတ်ဆေးဆရာ လေး ဆိုလိုချင်တာ မဟုတ်ဘူး ..။မင်းတို့ နားလည်မူလွဲနေပြီ.."
"ပို့စ်တင်တဲ့ ကောင်ကို မကြိုက်ပေမယ့်..ဒါက အဓိပ္ပါယ် ရှိတယ်..။သမားတော်ကြီးတွေက သွေးတွေ ချွေးတွေ ရင်းပြီး ပထမဆုံး သင်ရိုးကို ရေးသားပေးခဲ့ကြတာပဲ.."
"ဒီသင်ရိုး အဟောင်းတွေက..ခေတ်နောက်ကျနေပြီလေ..ဘယ်ချိန်ထိ ဆက်ထားထားဖို့ စိတ်ကူးနေတာလဲ.."
"ကြည့်ရတာ ဒါရိုက်တာ ကျိူးက.ဒီသင်ရိုးဟောင်းတွေရဲ့ .ပြစ်ချက်တွေကို ရှာတွေ့သွားလို့ဖြစ်မယ်..။ဒါကြောင့်လည်း သူ အစားထိုးဖို့ လုပ်နေတာ.."
"ချီးပဲ..လက်ရှ်ိသမားတော် တွေက အရင်တုန်းက သမားတော်ကြီးတွေကို..ဘယ်လို..ယှဥ္နိုင်မှာလဲ..။အရင် တုန်းက သမားတော်ကြီးတွေက စိတ်ဝိဥာဥ္ ပါရင်းပြီး..ဆေးပညာ အပေါ်နှစ်မြုပ်ထား ကြတာလေ..။ဒီနေ့ခေတ် သမားတော် တွေနဲ့ ဘယ်လို တူနိုင်မှာလဲ.."
"ဒါ အဓိပ္ပါယ်ရှိတယ်.."
ဝူရူဂျန်..ပြင်ပ အမြင်တွေကို ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်တယ်..။
ဒါက သူလိုချင်တဲ့ ပုံစံအတိုင်း အတိအကျပါပဲ..။တကယ်လို သင်ရိုးအဟောင်းကို အစားထိုးခံရရင်..သူတို့ အပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက် မူ ရှိလာနိုင်ပါတယ်..။
လက်ရှိမှာ ဘာမှ မဖြစ်နိုင်သေးပေမယ့်..အနာဂတ်မှာ တစ်ခုခု ဖြစ်လာနိုင်မလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပေ..။
ဆယ်နှစ်လား..
နှစ် နှစ်ဆယ် လား...
အချိန်ကျလာရင်..သူတို့ အဖိုးနာမည်ကို သုံးပြီး . အလုပ်တွေ..လုပ်လို့ရတော့မှာ မဟုတ်ပါဘူး..။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အဖိုး ဂုဏ်သိက္ခာက ဒီနယ်ပယ်မှာ ဆိုရင် အရမ်းကို ကျယ်ပြန့်တာပါ..။တစ်ချို့ ခေါင်းဆောင် တွေသူတို့ကို ..အဖတ်လုပ်ပြီး ဆက်ဆံကြတာ..သူတို့ အဖိုးရဲ့ မျက်နှာကြောင့်ပါပဲ..။
ဝူရှီဂျန် ပိုစ့်ထပ်တင်လိုက်တယ်..။
"မာစတာ လင်း..ငါတို့ မင်းပြောတာကို ခွင့်လွှတ်ပေးလို့ရပါတယ်..ဒါပေမဲ့ မင်းငါတိုကို တောင်းပန်ရမယ်..။တစ်ချိန်တည်းမှာပဲ ငါတို့ ဘိုးဘေးတွေကိုပါ တောင်းပန်ရမယ်.."
အချိန်အတော် ကြာတဲ့အထိ လင်းဖန် ဘာမှ ပြန်မပြောပေ..။
မြို့သားတွေဟာ စတင်တွေးတော လာခဲ့ကြတယ်..။
"မာစတာ လင်း နောင်တရသွားတာလား..။သူ့အမှားကို သိလို့..သူဘာမှ မပြောတော့တာ ဖြစ်မယ်.."
"ငါ့ဖင်ကြီးကို နောင်တရပါလား..။မာစတာ လင်းဘယ်လို လူလဲ ဆိုတာ မသိဘူးလား..။ဒီလို အရူးကြောင့် နောင်တရတဲ့ အထဲမှာ မာစတာ လင်း မပါဘူး.."
"ဒါအမှန်ပဲ..မာစတာ လင်းက သူ့အဆင့်ကို အဖတ်လုပ်ပြီး ပြောမှာ မဟုတ်ဘူး.."
"မာစတာ လင်းက ဂုဏ်သိက္ခာရှိတဲ့လူ..။သူက..ဒီလိုလူနဲ့ အဆင့်တူ မဟုတ်ဘူး.."
"ငါကတော့ ဒီလူပြောတာ မှန်တယ်လို့ ထင်တယ်..။မာစတာ လင်းက စကားမှားထားတာ ဆိုတော့..တောင်းပန်သင့်တယ်လေ.."
အချိန်တစ်ချို့ကြာပြီးနောက်..။
ရုတ်တရက်..
မြို့သားတွေဟာ အံ့ဩသွားခဲ့ကြတယ်..။
"ချီးပဲ..မြန်မြန်မာစတာ လင်း ရဲ့ ဝိုက်ဘိုကို ကြည့်လိုက်ဦး..။ဒါက တကယ်ကို အံ့ဩစရာပဲ.."
"ဘာ..."
"အာ..သူက ပြသနာ ရှာချင်နေတာပဲ..."
"စောက်ကျိုးနဲ..ငါ ခုနက ပြောထားတာကို ပြန်ရုတ်သိမ်းတယ်..။မာစတာ လင်း က ဂုဏ်သိက္ခာ ရှိတဲ့ လူမဟုတ်ဘူး..။သူက အမှန်တရား အတွက် တစ်ခြားလူရဲ့ မျက်နှာကို ဖြတ်ရိုက်ဖို့လည်း ဝန်မလေး တဲ့လူပဲ.."
…
လင်းဖန် သည်းခံ မနေတော့ပေ..။ဒီကောင်က အတော်ကို လောဘ ကြီးတဲ့ကောင်ပါ..။အစကတော့ လင်းဖန် ဒီကောင်ကို အလေးမထားခဲ့ပေမယ့် ဒီကောင် သူ့ကို စိန်ခေါ်လာမယ် လို့ မထင်ထားခဲ့ပေ..။ဒါက တကယ် သည်းမခံ နိုင်စရာပါပဲ..။
သူ ဒီသမားတော် ဟောင်းကြီးတွေကို လေးစားပါတယ်..။ဒီလူတွေက အခြေခံ သင်ရိုးဟောင်းကိုရေးသားပြီး ဆေးပညာကို လက်ဆင့်ကမ်းပေးခဲ့တဲ့ လူတွေပါ...။ဒါပေမဲ့ သူတို့ရဲ့ မျိုးဆက်တွေကတော့ တကယ်ကို စောက်ရေးမပါတဲ့ ကောင်တွေပါပဲ..။
ကြည့်ရတာ သူ့မှာ ရွေးချယ်စရာ မရှိတော့တဲ့ ပုံပါပဲ..။
အရင်ဆုံး သူ ရှန်ဟိုင်းဆေးပညာ အကယ်ဒမီကို သွားပြီး..ကျိုးမင်ချင်း ဆီက လက်ရှိသင်နေတဲ့ အခြေခံ သင်ရိုးကို တောင်းလိုက်ပါတယ်..။ယင်းနောက်..သူ အလျင်အမြန် ဖတ်လိုက်ပြီး..အမှားတွေကို ရှာဖွေလိုက်တယ်..။
လင်းဖန် : ပထမစာမျက်နှာရဲ့ ပထမ အပိုင်း..ဆေးပညာ သီအိုရီ ၏ အရေးကြီးမူ..။ဒီမှာ အမှားတစ်ခု ရှိနေတယ်..။
"ဒီအပိုင်းမှာ ငါပြောချင်တာက ဘာအဓိပ္ပါယ်မှ မရှိဘူးဆိုတာပဲ..။သီအိုရီ အတိုင်း တသွေမတိမ်း သင်ကြားနေတဲ့ ဆိုကတည််းက သောက်အဓိပ္ပါယ်မရှိတာပဲ..။ဒီနေ့ခေတ် ဆေးပညာမှာ သီအိုရီ အကြောင်းအရမ်း ပြောကြပေမယ့် ဆေးပညာနဲ့ အကျိုးသက်ရောက်မူ ပိုင်းကို မေ့နေကြတယ်..။ဘိုးဘေးတွေက..သီအိုရီတွေကို နှစ်ထောင်ချီအောင် စမ်းသပ်ခဲ့ကြပေမယ့်..အခု ဆေးဝါး အကျိုးသက်ရောက်မူ တွေကိုအတည်ပြုနိုင်တဲ့လူ ဘယ်သူရှိလို့လဲ.."
"ငါအခု ဘယ်သူ့ကို အပြစ်ပြုမိမှာကိုမှ မကြောက်တော့ဘူး..။ဒီနေ့ခေတ် အခြေခံသင်ရိုးက သီအိုရီ တွေ အများစုက မှားယွင်းနေကြပြီ..။ဒါကိုကျွမ်းကျင်ပညာရှင်တွေ သမားတော် ကြီးတွေက သိကြပေမယ့် ထုတ်မပြောချင်ကြဘူးလေ..။ဒါက ကိုယ့်မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်နေလို့ပဲ..။သူတို့က အရှက်ခွဲ ခံရမှာကြောင့် သီအိုရီ မှားနေကြောင်း မပြောချင်ကြတာ..။နောက်ဆုံးတော့ ဘာဖြစ်လဲ..။ကျောင်းသားတွေပဲ..သီအိုရီ အမှားတွေကို သင်ကြားပြီး..လူနာတွေကို မှားယွင်း ကုသမိကြတယ်လေ.."
"ငါတို့ နိုင်ငံရဲ့ ပထမဆုံး တရုတ်ဆေးပညာ..စာအုပ်က နှစ်တစ်ထောက်လောက်ကြာပြီ ဖြစ်တဲ့ 'ချင်းယွန် ဆေးပညာစာအုပ်' ပဲ..။ဒါကို မရေမတွက်နိုင်တဲ့..တရုတ်ဆေးပညာ.သမားတော်ကြီးတွေက..ရတနာ တစ်ခုလို ပြုမူနေကြတယ်..။ခင်ဗျား တို့ ဦးနှောက် တွေက..ဥာဏ်မမှီကြတာလား..။ဒီစာအုပ်တွေက ရတနာ တစ်ခု မဟုတ်ပေမယ့်များပြားလှတဲ့ လူတွေကို တရုတ်ဆေးပညာကို စိတ်ဝင်စား စေခဲ့တယ် ဆိုတာတော့ ဝန်ခံပါတယ်..။လူတွေက..အရင် ဘိူးဘေး တွေကို အရမ်းဂုဏ်ယူဝံ့ကြွားပြီး လက်ရှိမှာ ပိုကောင်းအောင် တိုးတက်အောင် လုပ်ချင်စိတ်တွေ မရှိကြတော့ဘူး..။သူတို့က ဘိုးဘေး တွေကိုပဲ အရမ်း အားကိုးပြီး မှန်လား မမှန်လား တောင် ဂရုမစိုက်ကြတော့ဘူး."
"ငါ ပြောတာ ..အစပဲ ရှိသေးတယ်..။ဒီသင်ရိုး ရဲ့ အမှားတွေကို ပြီးမှ အေးဆေး ထပ်ပြောကြတာပေါ့.."
ဒီတစ်ခေါက်မှာ လင်းဖန် ဘာမှ ထိန်းချုပ် မနေတော့ပါဘူး..။ဒီငနဲ တွေက သင်ခန်းစာ ကောင်းကောင်း ပေးမှကို ရမှာပါ..။
တကယ်လို့ သူ့မှာသာ စွယ်စုံကျမ်း မရှိရင် သူလည်း ဒီလူ တွေလို တွေးခေါ်နိုင်ပေမယ့် သူ့မှာ စွယ်စုံကျမ်းရှိနေမှတော့ သူ့ရဲ့ ပန်းတိုင်က တကယ်ကို ရှင်းလင်းပါတယ်..။