← Chapters

ထပ်မပြောနိုင်တော့ဘူး..

Vol. 35 Ch. 511

ထပ်မပြောနိုင်တော့ဘူး..

Vol. 35 Ch. 511

#ဘာသာပြန် = စနိုးဝှိုက်

"ဒီအောက်က..စာပိုဒ်မှာလည်း အမှားသေးသေးလေး ရှိနေတယ်..။ဒါက ရှေးဟောင်း စာအုပ်ကို အခြေခံပြီး ရေးထားတာ..။ဒါပေမဲ့ မှန်လား ကြည့်ကြည့်..။ဒီလို အရာတွေကို ခွဲခြား ဖို့ ငါတို့ ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုဖို့ လိုတယ်.."

"စာမျက်နှာ..35..တတိယ စာပိုဒ်..."

"စာမျက်နှာ..47 ခြောက်ခုမြောက် စာပိုဒ်.."

"စာမျက်နှာ 103 ..ဆယ့်နှစ်ပိုဒ် မြောက်မှာ.."

…

မြို့သားတွေ အကုန်လုံး အံ့ဩနေကြပါပြီ..။မာစတာ လင်းက တကယ်ကို အံ့ဩစရာပါပဲ..။

"666..ဒါက သမားတော်ကြီးတွေကို အရှက်ခွဲနေသလို်မျိုး ဖြစ်မနေဘူးလား.."

"မာစတာ လင်းက တကယ် မာစတာ လင်းပဲ..။သူက အချက်အလက် တိတိကျကျ နဲ့ ပြောနေတာ ဆိုတော့ ငါတို့ ဘာမှ မငြင်းနိုင်တော့ဘူး.."

"ငါလည်း မာစတာ လင်း ပြောတာ မှန်တယ် လို့ ခံစားရတယ်..။ဒါကို ရေးခဲ့တဲ့ ဘိူးဘေးတွေကလည်း လူပဲ..ငါတို့ကလည်း လူပဲ လေ..။ငါ တို့က ဘာလို့ တစ်ခြားလူတွေ ကိုယ်ကျိူး အသုံးချတာကိုကြည့်နေရမှာလဲ..။တစ်ခါတစ်လေ မှာ ငါတို့ လောဂျစ်ကို သုံးပြီး..အသစ်တွေ ရှာဖွေ သင့်တယ်လေ.."

"ဟုတ်တယ်..အခုခေတ် ဆေးပညာ ဆိုတာက အတော် တိုးတက်နေပြီ..။ဒါက ရှေးတုန်းက..လူတွေ မသိနိုင်ကြတဲ့ အရာတွေပဲ.."

ကျိုးမင်ချငိးဟာ..ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီး ဝိုက်ဘို သုံးနေခဲ့တယ်..။သူ့ဆရာ လုပ်နေတာ တွေကို သူလည်း မြင်ပါတယ်..။သို့ပေမယ့်..သူ့မှာ ပျော်ရွှင်တဲ့ စိတ် မရှိပါဘူး..။သူ့ဆရာ တင်တဲ့ ပို့စ်တွေကိုသာ ကြည့်ပြီး သင်ခန်းစာ ယူနေခဲ့ပါတယ်..။

သူ တရုတ်ဆေးပညာ အခြေခံစာအုပ်ကို ဖတ်လိုက်.ပို့စ်တွေကို ဖတ်လိုက် လုပ်နေခဲ့ကြတယ်..။သူ လင်းဖန် ရဲ့ ပို့စ်တွေကို ဖတ်ကာ..ဘောပင်တစ်ချောင်း နဲ့ ရေးမှတ်လိုက်ပါတယ်..။

သူ တရုတ်ဆေးပညာ စာအုပ်ဟာ..တစ်ခုခု မှား နေမှန်း သိပေမယ့် ဘယ်နားမှား နေတာလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မသိခဲ့ပါဘူး..။အခု..သူ့ဆရာ ရဲ့ ရှင်းလင်း ချက်တွေ တွေ့မှ နားလည်သွားခဲ့တာပါ..။

တရုတ်ဆေးပညာ အဖွဲ့အစည်းတွင်..။

ကျို့ချင်းချင် အကုန်လုံးကို ဖုန်းဖွင့်ပြီး မာစတာ လင်းရဲ့ဝိုက်ဘိုကို ကြည့်ခိုင်းလိုက်တယ်..။မာစတာ လင်းရဲ့ စကားလံူးတွေက အနည်းငယ် ကြမ်းတမ်းပေမယ့် ဒါက အမှန်တွေပါ..။

ဝမ်တန်ဖေး..သက်ပြင်းချလိုက်ပြီး..

"မာစတာ လင်းက..တရုတ်ဆေးပညာ ကို တော်လှန်ဖို့ လုပ်နေတာပဲ.."

ကျို့ချင်းချင်..ခါးသက်စွာ ပြုံးလိုက်ပြီး..

"ဟုတ်တယ် ငါလည်း မထင်ထားဘူး.."

ဝမ်တန်ဖေး ပြုံးလိုက်ပြီး..

"ငါကတော့ နတ်ဆေးဆရာလေး ပြောတာတွေ အမှန်ပဲ လို့ခံစားရတယ်..။ငါတို့ သူ့စကားလုံးတွေကို အလေးအနက် စဥ်းစားရမယ်နော်.."

ဘေးနားက လူအုပ်ကြီးဟာ လည်းသဘော တူစွာ ခေါင်းညိမ့်လိုက်ပါတယ်..။

ဒါက တစ်စုံတစ်ယောက်.အွန်လိုင်းပေါ်မှာ တရုတ်ဆေးပညာ..ကို ပထမဆုံး ပေါ်တင် ဝေဖန် ခဲ့တာပါ..။သူက သက်သေအထောက်အထား နဲ့ တကွ ပြောနေတာကြောင့် ပြန်ငြင်းခုန်ဖို့ကလည်း မဖြစ်နိုင်ပါဘူးး..။

တရုတ်ဆေးပညာ အကယ်ဒမီက ကျောင်းသားတွေဟာ အံ့ဩသွားခဲ့ကြတယ်..။

"ချီးပဲ ဒါအမှန်ပဲလား..။ငါတို့သင်တဲ့ သင်ရိုးမှာ အမှားတွေက အများကြီးပဲဟ.."

"ငါ မသိဘူး..။ငါ့ရဲ့ ဆေးပညာက ပုံမှန်ပဲ ဆိုတော့ ဒါတွေ နားမလည်နိုင်ဘူးလေ..။ငါကတော့ စာအုပ်ထဲ ရေးထားတဲ့ အတိုင်း ယုံလိုက်တာပဲ.."

" ချင်းယွန် ဆေးဝါး စာအုပ် ဆိုတာက ငါတို့ နှလုံးသားထဲမှာ အမြဲတမ်း စွဲ နေတဲ့ စာအုပ်ပဲ..။နတ်ဆေးဆရာ လေး ပြောပုံအရဆိုရင် ငါတို့ ဘာမှ မဟုတ်တာတွေကို မှတ်သားနေရသလို ဖြစ်မနေဘူးလား.."

"ချီးပဲ..မဖြစ်နိုင်တာ..။ငါတို့ ကစားခံရတာလို့ ပြောချင်တာလား.."

"အမြန် သူပြောတာတွေကို ရေးမှတ်ထားလိုက်..။နတ်ဆေးဆရာ လေး ပြောတာတွေက နည်းလမ်းကျပြီး..မှန်ကန်တာတွေပဲ ဖြစ်လိမ့်မယ်..။သူ ပို့စ် ဖျက်သွားရင် ငါတို့ သိတော့မှာ မဟုတ်ဘူး.."

"ဒါအမှန်ပဲ.."

လင်းဖန် ပို့စ် တွေ ထပ်တင်လိုက်တယ်..။သူ လူအများကြီးကို အပြစ်ပြုမိပြီးပြီ ဆိုတော့..ဘာမှ ထပ်မကြောက်တော့ ပါဘူး..။

"အပေါ်က မေးခွန်းကို ပြန်ဖြေပေးမယ်နော်.."

"ဘာလို့ တရုတ်ဆေးပညာက မှားယွင်းတဲ့ သီအိုရီကို သုံးပြီး..အဲတာတွေနဲ့ အတွေးအမြင်မှားအောင် လုပ်နေရတာလဲတဲ့.."

"ငါကတော့..ဒါက ..လူတွေရဲ့ အတွေးအခေါ်ကြောင့် လို့ပဲ ထင်တယ်။ ဒါ​ကြောင့်ပဲဒီလို တွေ ဖြစ်လာတာ.."

ကျိုးမင်ချင်းကတော့ သူဆရာရဲ့ စကားလုံးတွေကို အလေးထား သုံးသပ်နေခဲ့ပါတယ်..။

ဒီမေးခွန်းက..တကယ်ကောင်းတဲ့ မေးခွန်း တစ်ခုပါ..။

ကလင် ကလင်..

သူ ဖုန်းမြည်လာခဲ့တယ်..။

"ဒါရိုက်တာ ကျိုး..ကျေးဇူးပြုပြီး နတ်ဆေးဆရာ လေးကို တားပေးပါဦး..။သူ့စကား တွေက အခုမပြောသင့်သေးဘူးလေ.."

ပညာရေး ဌာနက တစ်ယောက်က ပြောလိုက်တာပါ..။

အွန်လိုင်းက ပိုစ့်တွေကြောင့်..သူတို့ အံ့ဩသင့်ကြရပါတယ်..။

ငြိမ်းချမ်းနေတဲ့ တရုတ်ဆေးပညာ ကမ္ဘာကြီးက အခု ပြောင်းလဲ သွားတော့မှာပါ..။

ကျိုးမင်ချင်း နောင်တရစွာ ပြောလိုက်တယ်..။

"စိတ်မကောင်းပါဘူး..။ကျုပ်လည်း ..သူပြောတာတွေကို ထောက်ခံတယ်.။ကျုပ်ဆရာ စဥ္းစားထားတဲ့ နည်းလမ်းလည်း ရှိမှာပဲလေ..။တပည့်တစ်ယောက်အနေနဲ့ အကြောင်းပြချက် မရှိပဲ..သူ့ကို ဘယ်လို ဆန့်ကျငိမှာလဲ.."

သူ ဖုန်းချလိုက်တယ်..။

ကျိုးမင်ချငိး လင်းဖန် တင်တဲ့ ပို့စ်တွေကို ဖတ်ကာ ဆက်ပြီး လေ့လာလိုက်ပါတယ်..။

ထပ်ပြောရရင်..သူ့ဆရာက..တကယ်အံ့ဩစရာပါပဲ..။

ဒီနေ့လို တိုးတကိ နေတဲ့ ခေတ်ကြီးမှာ တရုတ်ဆေးပညာ ဆိုတာလည်း လျင်လျင် မြန်မြန်နဲ့ တိုးတက် နေသင့်ပါတယ်..။သမားတော် တွေဟာလည်း လူတွေကို အကျိုးပြုဖို့ ဆေးညွှန်းတွေ ပိုပိုပြီး ဖော်ထုတ်နေသင့်တာပါ..။သို့ပေမယ့် အခုလက်ရှိက အဲလို မဟုတ်ပါဘူး..။

သူ တကယ်ဆေးပညာ ကို ပြန်ပြုပြင်သင့်တယ်လို့ ခံစားရပေမယ့် ဒါက အတော်ကို ခက်ခဲပါတယ်..။

သာမန် သမားတော် တစ်ယောက်ကသာ ပြောခဲ့ရင်..အဓိပ္ပပါယ် မရှိတာတွေ ပြောတယ် ဆိုပြီး လူပေါင်းများစွာရဲ့ တိုက်ခိုက်မူကို ခံရမှာ အသေအချာပါပဲ..။

လက်ရှိ တရုတ်ဆေးပညာ အကယ်ဒမီရဲ့ ကျောင်းသားတွေက တကယ် အံ့ဩစရာပါပဲ..။သူတို့ လူနာတွေနဲ့ တွေ့ရင်.. ယုံကြည်ချက်တွေ ပျောက်သွားပြီး ဘာလုပိရမလဲ မသိတော့ပေ..။

မရေမတွက်နိုင်တဲ့ လူတွေဟာ လင်းဖန်ရဲ့ ဝိုက်ဘိုကို လာကြည့်ခဲ့ကြတယ်..။

သူတို့ ဘာတွေဖြစ်နေတာလဲ နားမလည်ပေမယ့် တကယ် အံ့ဩစရာပါပဲ..။

လင်းဖန် က ပိုစ့်တွေ ဆက်တိုက်ရေးပြီး တင်နေခဲ့တာပါ..။

လက်ရှိ ဆေးကျောင်းသားတွေဟာလည်း သူရဲ့ ဝိုက်ဘိုကို ရောက်လာခဲ့ကြတယ်..။

"ဒီမာစတာ လင်းက အံ့ဩစရာပဲ..သူ့ရဲ့ ပိုစ်တွေ ဖတ်ကြည့်တာနဲ့တင်..သူက အနောက်တိုင်း ဆေးပညာကိုပါ နားလည်မှန်း သိနိုင်တယ်.."

"ငါကြားတာတော့ နတ်ဆေးဆရာ လေးက တရုတ်ဆေးပညာတင်မဟုတ်ဘူး..အနောက်တိုင်း ဆေးပညာပါ တတ်ကျွမ်းတယ်..လို့ကြားတယ်..။တကယ်မယုံနိုင်စရာပဲ.."

…

ဝူရှီဂျန် ဒေါသထွက်သွားခဲ့တယ်..။ဒိီငနဲ ဒီလောက် အထိပြောလာလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။

"@မာစတာ လင်း..လုံလောက်ပြီ..။နားလိုက်တော့.."

လင်းဖန် က တော့ ပို့စ်တင်ပြီး ပျော်ရွှင်နေခဲ့ပါတယ်..။သူ ဝူရှီဂျန် ရဲ့..ပိုစ့်ကို မြင်ပြီး ပြန်ပြောလိုက်တယ်..။

"မလုံလောက်သေးဘူး..ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး..။ငါထောက်ပြစရာ အမှားတွေ ကျန်သေးတယ်..။ငါ ပြီးတဲ့ အထိစောင့်နေ.."

ဝူရှီဂျန် ဒီစာကို မြင်ပြီး ကြောင်အသွားခဲ့ပါတယ်..။သူ ဒီလူကို တကယ် သတ်ချင်နေခဲ့ပါပြီ..။သို့ပေမယ့်လည်း သူဘာမှ မတတ်နိုင်ပါဘူး...။

"မအိမ်လုံး...မင်းဘယ်လောက်အထိ ဆက်ပြောနိုင်မလဲ ငါစောင့်ကြည့်နေမယ်..."

ဝူရှီဂျန် ..သူ ရပ်တန့်လို့ မရမှန်း သိလိုက်တယ်..။သို့ပေမယ့် လင်းဖန် ပို့စ်တင်တာ မရပ်တန့်တော့ဘူး လို့ သူမယုံကြည်ပါဘူး..။

နာရီဝက်ကြာပြီးနောက်..။

မြို့သားတွေဟာ လင်းဖန် ဆက်တိုက် ပို့စ်တင်နေတာကြောင့် အံ့ဩနေခဲ့ကြတယ်..။

ကျိုးမင်ချငိးလည်း အံ့ဩနေခဲ့ပါတယ်..။သူ့ဆရာမှာ ထောက်ပြစရာ တွေ အများကြီး ရှိနေပြီး..အကုနိလုံးမှာလည်း သက်သေတွေ ရှိနေပါသေးတယ်..။

တစ်နာရီ ကြာပြီးနောက်..။

လင်းဖန်ဟာ အမှားတွေကို ဆက်တိုက်ရေးနေတုန်း ဖြစ်ပြီး. အဆက်မပြတ် ရိုက်နေခဲ့ပါတယ်..။

ဝူရှီဂျန်ကတော့ ကိုယ့်ကိိုကိုတောင် သတ်သေချင်နေခဲ့ပါပြီ..။ပုံမှန် မြို့သားတစ်ယောက်က..ဒီလို ပြောနေတာ ဆိုရင် ဘာပြသနာ မှ မရှိပေမယ့် အခုပြောနေတဲ့လူက နတ်ဆေးဆရာလေးပါ..။

သူ့ရဲ့ ပြောဆိုချက် တွေက..ပြောင်းလဲ မူတွေကို ဖြစ်လာနိုင်စေပါတယ်..။

ပညာရေး ဌာနက လူတွေကတော့ ပထမဆုံး ..ရိုက်ခတ်ခံရမယ့် လူတွေပါပဲ..။

ဘာပဲဖြစ်ဖြစ် ဆေးပညာ အကယ်ဒမီတွေကို သင်ရိုး ချမှတ်ပေးတာက သူတို့ ဌာနကပါ..။

တရုတ်ဆေးပညာ အဖွဲ့အစည်းက လူတွေ အကုန်လုံး..အကူညီမဲ့ နေခဲ့ကြတယ်..။ကျို့ချင်းချင်ကတော့ ရယ်နေရုံပဲ တတ်နိုင်ပါတော့တယ်..။

နှစ်နာရီ ကြာပြီးနောက်..။

လင်းဖန် အနည်းငယ် ပင်ပန်းလာခဲ့ပြီး..

"ဒီနေ့အတွက် ဒီလောက်ပဲ..။ကျုပ် နောက်မှ ထပ်တင်ပေးမယိ..။ကျုပ် ဆက်ရေးနေရင်..ဝိုင်းရိုက်တာ ခံရတော့မယ်.."

တစ်ချို့ လူတွေဟာ နှစ်နာရီ လုံးစောင့်ကြည့်နေကြပြီး ..စာသား တစ်ချို့ သာ ပြန်ဖြေနိုင်ကြပါတော့တယ်..။

“6666….”

"မင်းက အမြဲတမ်း အံ့ဩစရာပဲ..မာစတာ လင်း.."

"မင်းက နှစ်နာရီလောက် မရပ်မနား အပြစ်တွေ ပြောပြှီးတာတောငိ..အရိုက်ခံရမှာ ကြောက်နေသေးတာလား.."

"အစ်ကို လင်းက..တစ်လောကလုံးမှာ ဥာဏ်ပညာ အမြင့်ဆုံးပဲဖြစ်ရမယ်.."

All Chapters