← Chapters

ဝမ်မင်ယန် ပြသနာ တက်နေပြီ..

Vol. 35 Ch. 512

ဝမ်မင်ယန် ပြသနာ တက်နေပြီ..

Vol. 35 Ch. 512

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

လင်းဖန်..မနေ့က ဝိုက်ဘိုမှာ လုပ်ခဲ့တာတွေက..အတော်ကို အကျိုးသက်ရောက် ခဲ့ပါတယ်..။များပြားလှတဲ့ လူတွေဟာ လင်းဖန် ရဲ့ အကောင်းကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်..။

သို့ပေမယ့် သူတို့ရဲ့ အကောင့်တွေကို သာ ဝိုက်ဘိုရဲ့သတိပေးခြင်းခံခဲ့ရတယ်..။နတ်ဆေးဆရာလေးက တကယ်ကို အင်အား ကြီးလွန်းလှတာပါ...။သူတို့သာ..နတ်ဆေးဆရာလေး အကောင့်ကို သွားထိရင် ဘာတွေ ဆက်ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပါဘူး..။

မြို့သားတွေ အတွက်ကတော့ ဒီကိစ္စက သူနဲ့ ဘာမှ မဆိုင်ပေ..။ထပ်ပြောရရင်..ဒီလူတွေ အကုန်လုံးက..အမည်မသိ အကောင့်တွေ ပေါင်းစပ်ထားခဲ့တာပါ...။တကယ်လို့ သူတို့သာ သတ္တိရှိရင် သူတို့ရဲ့ အကောင့်အစစ်ကို အသုံးပြုရဲကြရမှာပါ..။

အွန်လိုင်းက ဆွေးနွေးမူတွေဟာလည်း ရှိနေပါသေးတယ်..။

"ချီးပဲ..ဒါက အံ့ဩစရာပဲ..။ဒီလို အမှန်တရားကို ချပြရဲတဲ့ လူဆိုတာ မရှိသေးဘူး.."

"ဟားဟား...ဒါက ဘာမမဟုတ်ပါဘူး..။ဘယ်သူလဲ ဆိုတာ ကြည့်လိုက်လေ..ဒါက မာစတာ လင်းပဲ..."

"ပညာရေး ဌာနက လူတွေကတော့ ကိုယ့်ကိုကို သတ်သေချင်နေလောကိပြီ.."

"ဒါအမှန်ပဲ.."

"ပညာရေး ဌာနကို ဆန့်ကျင်တဲ့လူတွေ အခုဆိုရင် အတော်များနေပြီ..။သူတို့က လူတွေ ကို မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ သင်ကြားနေတယ် ဆိုပြီးတော့လေ. !)"

"ဟေး..မာစတာ လင်းက အခု ဘယ်မှာလဲ..။သူ မနေ့က ကိစ္စကြောင့် တစ်နေရာရာမှာ ပုန်းနေတာလား.."

"မင်းစောက်ရေး မပါတာတွေ ပြောနေတာပဲဖြစ်ရမယ်..။သူက..လူတိုင်းကို အပြစ်တင်ပြီးပြီလေ..။ဘာလို့..ကြောက်ရွံ့နေသေးတာလဲ.."

…

ပညာရေး ဌာနတွင်..။

သူတို့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ကြပါတယ်..။

ဒါရိုက်တာ ကတော့ လမ်းပျောက်နေခဲ့ပါပြီ..။သူ့ဆီကို ဖုန်းတွေ အများကြီး ဝင်လာပြီး ..ဖုန်းတိုင်းကလည်း..အခြေခံ သင်ရိုးအတွက် သတင်းအချက်အလက်တွေ လိူချင်ကြတာပါ..။အခုချိန်မှာ သူကိုယ့်ကိုကို တောင် သတ်သေချင်နေခဲ့တယ်..။ဒီသင်ရိုးကို ဖန်တီးခဲ့တဲ့ ကျွမ်းကျငိ သမားတော်ကြီးတွေတောင်..ဒီပြသနာ တွေကို ရှာမတွေ့နိုင်တဲ့ အချိန်မှာ သူတို့ ဘာမှ မသိတာက အထူးအဆန်း မဟုတ်ပါဘူး..။

"ဒါရိုက်တာ ကျွန်တောထတို့ ဘာလုပ်ကြမလဲ..။လူထု အမြင်က အတော် ဆိူးရွားနေတာ.."

"ငါတို့ အခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားရလိမ့်မယ်.."

"ငါကတော့..ထိန်းချုပ်လို့ရမယ် မထင်ဘူး..။တရုတ်ဆေးပညာ တက္ကသိုလ် တိုင်းက ကျောင်းသားတွေဟာ..အခုချိနိမှာ ဒေါသ အထွဋ္အထိပ်ကို ရောက်နေကြပြီ.။သူတို့က မှန်ကန်ပြီး အမှားမရှိတဲ့ သင်ရိုးကိုပဲ သင်ကြားချင်နေကြတယ်.."

"အမှားမပါ တဲ့ သင်ရိုးကို ငါတို့က ဘယ်က သွားရှာရမှာလဲ.."

"နတ်ဆေးဆရာ လေးက ဒါကို ရေးနေတာ မဟုတ်ဘူးလား..။တကယ်တော့..ငါတို့ သူ့ရဲ့ သင်ရိုးကို ယူလိုက်ရုံပဲလေ.."

"ကျိုးမင်ချင်းကို အမြန်ဆက်သွယ်လိုက်..။သူ့ဆရာ..သင်ရိုးရေးလို့ ပြီးရင် ငါတို့ဆီကို ပို့ပေးခိုင်းဖို့ အကူညီတောင်းခိုင်းလိုကိ..။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ..ငါတို့ အမြန်ဆုံး လူထုကို ချပြရမယ်.."

"ငါတို့ လုပ်နိုင်တာ ဒါအကုနိပဲ.."

သူတို့ ဒီကိစ္စကို အမြနိဖြေရှင်း ချင် နေကြပါတယ်..။ဒီကိစ္စက ကြီးမားတဲ့ အတွက် တင်ပြဖို့..သတင်းစာရှင်းလင်းပွဲတောင် လုပ်သင့်ရင် လုပိရမှာပါ..။တစ်ချိန်တည်းမှာပဲ..သူတို့..လူထုရဲ့ ယုံကြည်မူကို ရဖို့လည်း လိုအပ်ပါတယ်..။

သူတို့ နတိဆေးဆရာ လေးအကြောင်းတော့ ဘာမှ မပြောချင်တော့ပါဘူး..။ဒီငနဲက..အပြစ်တင်ပြီး အချွန်နဲ့ မ တဲ့နေရာမှာတော့ ဆရာ တစ်ဆူပါပဲ..။

ဝူရှီဂျန်..က ပုံမှန်ဆိုရင် သူ့ရဲ့ဆေးဘက်ဆိုင်ရာ ပစ္စည်း တွေကို အေးဆေး ရောင်းနေတဲ့ လူတစ်ယောကိပါ..။နတ်ဆေးဆရာ လေး..အခုလိုတွေ လုက်တယ် ဆိုတာ ..ဝူရှီဂျန် ကြောင့်ဖြစ်ပြီး..နောက်ဆုံးထိခိုက်သွားတဲ့ အချိနိမှာတော့ သူတို့ ပညာရေး ဌာနပါပဲ..။

မုန်းစရာ ကောင်းတဲ့ ဝူရှီဂျန်...

အဲ့အချိန် တစ်ခြား မိသားစုများတွင်..။

သူတို့ကလေးတွေကို တရုတ်ဆေးပညာ အကယ်ဒမီ ပို့ထားခဲ့တဲ့ တစ်ချို့ မိဘတွေဟာ သတင်းတွေ ဖတ်နေခဲ့ကြတယ်..။သူတို့..သတင်းကိုတွေ သွားတဲ့ အချိန်မှာတော့ ကြောက်ရွံ့သွားခဲ့ကြပါတယ်..။သူတို့ကလေးတွေ တရုတ်ဆေးပညာကို ရွေးချယ်ကတည်းက သူတို့ မကြိုက်ခဲ့ကြတာပါ..။အခု လို တစ်ခုခု ဖြစိလာတဲ့ အချိန်မှာ သူတို့ ပိုပြီးတောင် စိုးရိမ်သွားခဲ့ကြပါတယ်..။

တကယ်လို့ နတ်ဆေးဆရာလေးသာ မဖော်ထုတ်ပေးရင် ဆေးပညာ သင်ရိုးမှာ အမှားတွေ အများကြီး ပါနေတာကို သူတို့ သိနိုင်ကြမှာ မဟုတ်ပါဘူး..။

ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီတွင်..။

တး်ချို့ကြောင်းသားတွေဟာ..စိတ်ရှုပ်ထွေးပြီး တိတ်ဆိတ်နေခဲ့ကြတယ်..။သူတို့ အမှားတွေကို တစ်ချိန်လုံး သင်ယူခဲ့ကြတာ ဖြစ်ပြီး သူတို့ တတ်နိုင်တာလဲ ဘာမှ မရှိပါဘူး..။

ယင်းနောက် သူတို့ ရပ်တည်ချက်ကို ပြောင်းလိုက်ကြတယ်..။

သူတို့ သင်ရိုးအသစ် ပြောင်းဖို့ကို ထောက်ခံ ပေးမှ ရမှာပါ..။

ကျိုးမင်ချငိး သတင်းအသစ် တွေကို ဖတ်ပြီး လှောင်ရယ်လိုက်တယ်..။သူ့ဆရာက တကယ်ကို မယုံနိုင်စရာပါပဲ..။သူက..ပညာရေး ဌာနကို အမှန်တကယ်ကို အကြပ်ရိုကိအောင် လုပ်ထားတာပါ..။

…

တိမ်ဖြူလမ်း..။

လင်းဖန် ဟာ အတော်ပျင်းနေခဲ့တယ်..။သူ အင်တာနက်ပေါ်က ကိစ္စတွေကို ထပ်ပြီး ဂရုမစိုကိတော့ပါဘူး..။

လူလိမ် ထျန်ဟာ လျောက်လာလိုက်ပြီး..

"မင်းက ဒီမှာဘယ်လိုလုပ် ထိုင်နေနိုငိသေးတာလဲ..။အင်တာနက်မှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာ မင်းမသိဘူးလား.."

လင်းဖန် တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး...

"ဘာဖြစ်နေလို့လဲ..။အဲတာတွေက ကျုပ်နဲ့မှ မဆိုင်တာ.."

လူလိမ် ထျန် လက်မထောင်လိုက်ပြီး..

"မင်းနဲ့မဆိုင်ဘူးပေါ့..။မင်းက ဒီလောက် အရှုပ်ထုတ်ကြီး ဖန်တီးထားပြီးတာတောင် အေးအေးဆေးဆေး ရှိနေနိုင်သေးတယ်..။ငါ တကယ် လေးစားပါတယ်.."

လင်းဖန်ရယ်လိုက်ပြီး..

"ဟားဟား..မဖြစ်နိုင်တာ.."

ဝူယူလန် ပြုံးလိုက်ပြီး..

"အစ်ကိုလင်း..မနေ့က တကယ်ကို အံ့ဩစရာပဲ..။အခု မြို့သားတွေ အကုန်လုံးက..ဆွေးနွေးနေကြပြီ..။ဒါပေမဲ့ ရှင်က ဒီလောကိ တည်ငြိမ်နေတော့..သူများတွေ ဘယ်လိုထင်ကြမလဲ.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"ဘာရှိရဦးမှာလဲ..။တစ်ချို့လူတွေက အစ်ကိုလင်းကို သတ်ချင်နေလောကိတယ်.."

လင်းဖန် အနည်းငယ် ဝမ်းနည်းသွားပြီး..

"ဒါတော့ မဟုတ်သေးဘူးလေ..။ငါက ငါ့အလုပ်ငါလုပ်တာ..အခုတော့ သူတို့ ဆက်လုပ်ရမယ့် အချိန်ပဲ.."

"ကောင်းပြီ ငါသင်ရိုးကို ဆက်ရေးလိုက်ဦးမယ်..။အကုန်လုံး ဖြေရှင်းနိုင်ဖို့ဆို ဒါက အဓိက သော့ချကိပဲ..။အတော် ဖိအားများတယ်.."

လင်းဖန် ခေါင်းခါယမ်း ပြီး ပြောလိုက်တာပါ..။ယင်းနောကိ သူ ဆက်ရေးလိုက်တယ်..။

ကလင် ကလင်..

သူ့ဖုန်းဟာ မြည်လာခဲ့တယ်..။

ဒါက ဝမ်မင်ယန် ပါ..။ဒီလူ နောက်ဆုံးတော့ သူ့ကို ဖုန်းခေါ်ဖို့ သတိရပါသေးတယ်..။

သူဖုန်းကိုင်လိုက်တယ်..။

"ဟဲလို မင်ယန်...နောက်ဆုံးတော့ ကျုပ်ကို ဖုန်းခေါ်ပြီပေါ့.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။

သို့ပေမယ့် တစိခုခု တော့မှားနေခဲ့ပြီ..။ဖုန်းကို ကိုင်ထားတဲ့ လူက..ငိုကြွေးနေတဲ့ မိန်းကလေး တစ်ယောက်ပါ..။

"ဘယ်သူလဲ.."

လင်းဖန် မေးလိုက်တယ်..။

"အစ်ကိုလင်း...ကျွန်မ ဇီလီပါ..။မင်ယန် တစ်ခုခု ဆိုးရွားတာ ဖြစ်ခဲ့တယိ. "

ရူဇီလီ ရဲ့လေသံ ဟာ အတော်စိုးရိမ်နေခဲ့တာပါ..။

လင်းဖန် လည်း ဒါကိုကြားပြီး ကြောက်ရွံ့သွားခဲ့တယ်..။

"ဘာဖြစ်လို့လဲ.."

တစ်ခုခု တော့ မဟုတ်တော့ပါဘူး..။သူ ဝမ်မင်ယန္ ရဲ့ ကံကြမ္မာကို ကြည့်တုန်းက နောက်ပိုင်း နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာပါ..။

ဘယ်လိုဖြစ်နိုင်မှာလဲ...

ရူဇီလီ စိတ်ပူစွာ ပြောလိုက်တယ်..။

"မသိဘူး ရုံးခန်းကို အမြန်လာပါဦး..။ကျွန်မတို့လည်း ဘာဖြစ်မှန်း မသိဘူး.."

"ကောငိးပြီ အခုလာခဲ့မယ်.."

လငိးဖန် ဖုန်းချပြီး ချက်ချင်း ထွက်ခွာလိုက်ပါတယ်..။

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်ပြီး..

"ဘာဖြစ်တာလဲ.."

သို့ပေမယ့် လင်းဖန်က ထွက်သွားခဲ့ပါပြီ..။လူလိမ် ထျန် အကူညီမဲ့သွားပြီး ခေါင်းခါယမ်း လိုကိပါတယ်..။

လငိးဖန် ကားမောင်းနေရင်း..သူ့ကိုယ်သူ ရေရွတ်လိုက်တယ်..။

တစ်ခုခု ဆိုးရွားတာ ဖြစ်ခဲ့တာလား...

မဟုတ်ဘူး..ဒါက တရားနည်းလမ်း မကျဘူးလေ...

သူ့ရဲ့ ဗေဒင်ပညာက..အကောင်းဆုံး စွမ်းဆောင်ရည်တွေရှိပါတယ်..။ဒါက လုံးဝ မမှားနိုင်ပါဘူး..။

အရှေ့ဘက် ဟန် အုပ်စုတွင်..။

လင်းဖန် ကားပါကင်ထိုးပြီး..အထဲကို အမြန်ဝင်လိုက်တယ်..။

ကောင်တာမှာ ရှိတဲ့ ဧည့်ကြိုဝန်ထမ်းဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ အရိုအသေ ပေး လိုက်ပါတယ်..။ဒါက သူတို့ သူဌေးရဲ့ အချစ်ဆုံး သူငယ်ချင်းပါ..။

သူ ဓာတ်လှေကားဆီ သွားပြီး ထိပ်ဆုံးအလွှာကို တက်လိုက်တယ်..။

သူ အစည်းအဝေးခန်းနားကို ဖြတ်သွားတဲ့ အချိန်မှာ ဆူညံဆူညံ အသံတွေ ကြားနေခဲ့ရပါတယ်..။

လင်းဖန် တံခါးကို တွန်းဖွင့်လိုက်တဲ့ အချိနိမှာ..လူတွေ အများကြီး စုဝေးနေတာ တွေ့လိုက်ရပါတယ်..။ရူဇီလီ အံ့ဩသင့် နေခဲ့တယ်..။သူမ ဝမ်မင်ယန်ကို မှီပြီး..

"မင်ယန် ဘာဖြစ်လို့လဲ..။ငါတို့ကို မခြောက်လှန့်ပါနဲ့.."

"ဘာဖြစ်တာလဲ.."

လင်းဖန် မေးလိုက်တာပါ..။

ရူဇီလီဟာ..လငိးဖန်ကို မြင်တဲ့အချိန်မှာ အလျင်အမြန်လာခဲ့ပြီး..

"အစ်ကိုလင်း...လာကြည့်ပေးပါဦး..။မင်ယန်က တစ်ခုခုလွဲ မှားနေသလိုပဲ..."

တစိခြားလူတွေဟာ သူ့အတွက်လမ်းဖယ် ပေးလိုက်ကြတယ်..။သူတို့ဟာ ဖြစ်ပျက်နေတာကို ကြောက်ရွံ့နေခဲ့ကြပါတယ်..။

အတွင်းရေးမှူးတစ်ယောက်က ပြောလိုက်တယ်..။

"မာစတာ လင်း..ကျွန်မထင်တာတော့..အကြီးအကဲ ဝမ်ကို သရဲတစ်ကောင်က ဝင်ပူးနေသလိုပဲ.."

လငိးဖန် မျက်မှောင်ကျုပ်ပြီး..တိတ်ဆိတ်သွားခဲ့တယ်..။

ဘယ်လိုကောင်က ငါ့သူငယ်ချင်းကို ဝင်ပူးရဲတာလဲ....

All Chapters