ရက်ရက်ရောရော ရိုက်နှက်ခြင်း
Vol. 35 Ch. 513
#ဘာသာပြန် = စနိုးဝှိုက်
ဝမ်မင်ယန်ဟာ ထိုင်ခုံပေါ်မှာ ထိုင်ပြီး လုံးဝခြားနားတဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့တယ်..။သူက ပြတင်းပေါက်ကနေ တဆင့် ရှန်ဟိုင်းမြို့က အထက်စီးက ကြည့်နေခဲ့ပါတယ်..။
ယင်းနောက် သူ့ဟာ အသက်ကို ပြင်းစွာရူနေရပြီး..သူ့ရဲ့ လက်တွေ ခြေထောက်တွေဟာ တုန်ရီနေခဲ့ပါတယ်..။
"ဝမ်မင်ယန် ဘာလုပ်နေတာလဲ.."
လင်းဖန် လေးနက်စွာ မေးလိုက်တာပါ..။
သူက လူတွေကို သရဲ ဝင်ပူးတာမျိုး အရင်က ကြားဖူးပေမယ့် တစ်ခါမှတော့ မမြင်ဖူးသေးပါဘူး..။
ဒါက ကျေးလက်ဒေသ တွေမှာ အဖြစ်များပေမယ့် အဓိက အကြောင်းအရာကို တော့..ရှာမတွေ့ပေ..။
တစ်ချို့တွေက..စိတ်ကျန်းမာရေး ကြောင့်လို့ပြောပြီး..တစ်ချို့တွေက သရဲတစ်ကောင် ဝင်ပူးတယ်လို့ ပြောလေ့ရှိကြပါတယ်..။
ဒီဖြစ်စဥ္ တွေကိုတော့ ဘယ်သူမှ သေချာ ရှင်းမပြနိုင်ကြပါဘူး..။
"ငါက ဝမ်မင်ယန် မဟုတ်ဘူး..။ငါက ကျိုးရှန်ပဲ.."
ဝမ်မင်ယန် ပြောလိုက်တာပါ..။သူ့ရဲ့ အသံက ပြောင်းလဲ နေပြီး အမှန်တကယ် သရဲတစ်ကောင် ဝင်ပူးနေသလိုပါပဲ..။
ရူဇီလီ စိုးရိမ်စွာ ပြောလိုက်တယ်..။
"အစ်ကိုလင်း..မင်ယန် ဘာဖြစ်နေတာလဲ..."
တစ်ခြားလူတွေဟာ လည်း တီးတိုးပြောနေခဲ့ကြတယ်..။
"အကြီးအကဲ ကျိုးကို သရဲ ဝင်ပူးနေတာပဲဖြစ်ရမယ်.."
"ငါလည်း ဒီလိုပဲ ထင်တာပဲ.."
"ဘယ်လို ဖြစိနိုင်မှာလဲ..။သရဲတွေ ဆိုတာ..အသက်ကြီးပြီး မနာမကျန်း ဖြစ်နေတဲ့ လူတွေကိုပဲ ဝင်ပူးတယ်လို့ ထင်ထားတာ..။အကြီးအကဲ ကျန်းက ငယ်ရွယ်သေးတယ်လေ.။ဘယ်လိူလုက်သရဲတစ်ကောင်က ဝင်ပူးနိင်မှာလဲ.."
"ဒါအမှန်ပဲ..ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ပုံကို ကြည့်ဦးလေ.."
လင်းဖန် ဝမ်မင်ယန် ရဲ့ နှာဖူးနဲ့ ..လက်မောင်းကို ထိကြည့်လိုကိတယ်..။သူတို့နှစ်ခုလုံး အေးစက်နေခဲ့ပါတယ်..။
ခန္တာကိုယ်ကတော့ အကောင်းကြီးပါ..။
လင်းဖန်ရဲ့ ဆေးပညာ အရည်အသွေးကအကောင်းဆုံး လို့ ပြောလို့ရပါတယ်..။လူတစ်ယောကိ ကျန်းမာရေး တစိခုခုဖြစ်နေရင်..သူ တစ်ချက်ထိလိုက်ရုံနဲ့ ပြောနိုင်တာပါ..။သို့ပေမယိ့ ဝမ်မင်ယန်မှာက ဘာကျန်းမာရေး ပြသနာမှ မရှိပါဘူး..။
ဒီကိစ္စမာ တစ်ခုခုတော့ မှားနေပါပြီ..။
.
"မာစတာ လင်း..အကြီးအကဲ..ဝမ်ကို သရဲတစ်ကောင်က ပူးနေတာ ဖြစ်မယ်..။ကျွမ်းကျင်တဲ့ ဆရာ တစ်ယောက်ကို ခေါ်လိုက်ရမလား.."
အလုပ်သမား တစ်ယောက်က မေးလိုက်တာပါ..။
လငိးဖန် တိတ်ဆိတ်နေပြီးမှ မေးလိုက်တယ်..။
"ကျိုးရှန်း ဟုတ်တယ်နော်..။မင်း ဘာလိုချင်တာလဲ.."
ဝမ်မင်ယန်က..သရဲဝင်ပူးတဲ့ ပုံစံ ဖြစ်နေမှတော့ သူတကယ် ဝင်ပူးတာ ဟုတ်လား မဟုတ်လား စစ်ဆေးကြည့်မှ ရမှာပါ. ။
ဝမ်မင်ယန် တုန်ရီနေပြီး...
"ငါ ဘာမှ မလိုချင်ဘူး..။ငါ ဒီက ထွက်မသွားချင်တာ..။ငါ ဒီမှာပဲ နေချင်တယ်.."
လင်းဖန် လေးနက်စွာပြောလိုက်တယ်..။
"မင်းက သူမဟုတ်ဘူးလေ..။သူကလည်း မင်းမဟုတ်ဘူး..။ဘာလို့ ဒီမှာ နေချင်နေတာလဲ..။ထွက်သွားစမ်း.."
ကျိုးရှန်း ခေါင်းခါယမ်း လိုက်ပြီး..
"ငါ မသွားချင်ဘူး..။ငါသွားမှာ မဟုတ်ဘူး.."
ယင်းနောက် လင်းဖန် လုပ်နိင်တာ ဘာမှ မရှိှတော့့ပေ..။
သရဲ ဝင်ပူးခံရတာကို သူ အနည်းငယ်လောက်ပဲ သိတာပါ..။ဒါက လက်ရှိ သိပ္ပံပညာ နဲ့ မရှင်းပြနိုင်တဲ့ အရာပါပဲ..။
ယင်းနောက် သူဖုန်းထဲမှာ ရှာဖွေလိုက်တယ်..။
သူ ဒီကိစ္စကို မဖြေရှင်း တတ်ပေမယ့် လည်း တသိခြားလူတွေ မဖြေရှင်း တတ်ဘူးလို့ မဆိုလိုပါဘူး..။
သူ ရှာဖွေပြီးတဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။ဒီမှာနည်းလမ်းတွေ အများကြီး ရှိပြီး..လူများစွာက မျှဝေထားကြပါတယ်..။
သူ ဒီနည်းလမ်း တွေထဲက တစ်ခုကို အလုပ်ဖြစ်မယ် လို့ ခံစားမိလိုက်တယ်..။
လင်းဖန် ရူဇီလီ ရဲ့ ဆံပင်တစ်ချောင်းကို နှုတ်ပြီး ဝမ်မင်ယန် ရဲ့ မျက်နှာရှေ့မှာ ထောင်ပြလိုက်တယ်..။ယင်းနောက် ဝမ်မင်ယန် အသက်ရူနေတုန်းမှာ သူ..ဆံပင်ကို နာရီလက်တံ အတိုင်းလှည့်လိုက်ပါတယ်..။
နောက်တစ်ခါပြန်ပြီး.. ပြောင်းပြန် ပြန်လှည့်လိုက်တယ်..။
လူအုပ်ကြီး ဟာ လင်းဖန် လုပ်နေကြတာကို ကြည့်ပြီး အံ့ဩနေကြတယ်..။
မာစတာ လင်းက..ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သိနေတာလား..
ရူဇီလီ လည်း ကြောင်အနေခဲ့ပါတယ်..။သူမ..အစ်ကိုလင်း အပေါ်ကိုပဲ..အားကိုးရတော့မှာပါ. ။
လင်းဖန် ဝမ်မင်ယန် ရှေ့က ဆံပင်းကို လက်ချောင်းနဲ့ ညှပ်ပြီး နှစ်ပိုင်းပိုင်းလိုက်တယ်..။
အာ...
ဘာမှ ဖြစ်မလာခဲ့ပေ..။
သူ အလိမ်ခံ လိုက်ရပြီလို ခံစားလိုက်ရပါတယ်..။
ဝမ်မင်ယန် က ဘာမှ မဖြစ်ပေမယ့်လည်း..စိတ်ပိုင်းဆိုင်ရာ လွဲမှားနေခဲ့တာပါ..။လင်းဖန် ဘာဖြစ်နေတာလဲ မပြောတတ်တော့ပေ..။
သူ စွယ်စုံကျမ်းကို ဖွင့်ပြီး အသိပညာ အခန်းတွေကို ရှာကြည့်လိုက်တဲ့ အချိန်မှာ..စိတ်ဝိဥာဥ္ အသိပညာ အခန်းပါဝင်ပါတယ်..။ဒါက အခန်းအသေးဖြစ်ပေမယ့် လိုအပ်တဲ့..စွယ်စုံအမှတ်က များပြီး..သူ့ရဲ့လက်ရှိ မမှတ်နဲ့ မမှီသေးပါဘူး..။
အင်တာနက် မှာတော့ တစ်ခြား နည်းလမ်း တွေ ရှိပါသေးတယ်..။တကယ်လို့မှ ဒီနည်းလမ်း တွေ အသုံးမဝင်တော့ရင်..သူ စွယ်စုံကျမ်းကနေ အသိပညာ ခနငှားရမ်း ရတော့မှာပါ..။
ရူဇီလီ နဲ့ တစ်ခြား လူတွေဟာ ဘေးနားက..စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေခဲ့ပေမယ့်..ဘာမှ ဖြစ်မလာခဲ့ပေ..။သူတို့ ကြောင့်ရွံ့ပြီး..မာစတာ လငး်ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ စိုးရိမ်နေခဲ့ပါတယ်..။
သို့ပေမယ့် သူတို့ အစ်ကိုလင်း အပေါ် မှီခိုဖို့ပဲ တတ်နိုင်ပါတယ်..။
လငိးဖန် အသက်ကို ပြင်းပြင်းရူ လိုက်ပြီး ဝမ်မင်ယန် ရဲ့ ကော်လံကို ဆွဲလိုက်တယ်..။အင်တာနက် မှာ ပြောထားတာကတော့..တစ်စုံတစ်ယောက်က လုံလောက်အောင် ကြမ်းတမ်းပြရမှာပါ..။
"မင်းထွက်သွားမှာလား..မထွက်သွားဘူးလား.."
"ငါ ထွကိသွားမှာ မဟုတ်ဘူး.."
ဝမ်မင်ယန် အော်လိုကိတာပါ..။
*ဖြန်း *
လင်းဖန် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။အင်တာနက်မှာ ပြောထားချက်အရဆို..သရဲက မထွက်သွားချင်ဘူး ဆိုရင် ကောင်းကောင်းမွန်မွန် ဆက်ဆံစရာ အကြောင်း မရှိပါဘူး..။သူ/သူမ ဟာ သရဲထွက်သွားတဲ့ အထိ ရိုက်နှက်နိုင်ပါတယ်..။
"မင်းထွက်သွားမှာလား.."
ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။သူ အရိုက်ခံရမှာကို မထင်ထားခဲ့တဲ့ ပုံပါပဲ.."
လင်းဖန် ဒီတစ်ကြိမ်ဘာမှ မတုန့်ပြန်တာ တွေ့လိုက်ရပါတယ်..။ဒါကြောင့် ပါးနှစ်ဖက်လုံးကို ဘယ်ရော ..ညာရော ထပ်ရိုက်လိုက်တယ်..။သူ စကားပြောဖို့ တောင် အခွင့်အရေး မပေးတော့ပါဘူး..။
ဆယ်ကြိမ်လောက် ဆက်တိုက်ရိုက်ပြီးမှ..လင်းဖန် ဒေါသထွက်စွာ ပြောလိုက်တယ်..။
"အခု ထွက်သွားစမ်း.."
ယင်းနောက် တစ်ခုခု ထူးဆန်းတာ ဖြစ်ပေါ်လာခဲ့တယ်..။ဝမ်မင်ယန် ရဲ့ မျက်လုံးတွေ ပိတ်သွားပြီး..အေးခဲသွားတာပါ..။ဒါက သူ အိပ်ပျော်သွားသလိုပါပဲ..။
လင်းဖန် သွေးခုန်နှုန်းကို စမ်းကြည့်လိုကိတဲ့ အချိန်မှာ ဘာမှ မဖြစ်တာ တွေ့လိုက်ရတယ်..။
သို့ပေမယ့် အခြေအနေကတော့ သိပ်သဘော ကျစရာ မကောင်းပါဘူး..။ဒီလို လုပ်တာက အလုပ်ဖြစ်လား မဖြစ်လား သူမသိပေ..။တကယ်လို့ အလုပ်မဖြစ်ရင် သူ စွယ်စုံကျမ်းရဲ့ စိတ်ဝဥာဥ္ အသိပညာကို ငှားရမ်းရတော့မှာပါ..။ဒါက စျေးကြီးပေမယ့်လည်း ရွေးချယ်စရာ မရှိပါဘူး..။
ရူဇီလီ ရှေ့ကို တက်သွားပြီး..
"အစ်ကိုလင်း..အခု အဆင်ပြေသွားပြီလား."
လင်းဖန် သိပ်မသေချာပေ..။
"မသိသေးဘူး..ငါတို့ စောင့်ကြည့်ကြတာပေါ့.."
အချိန်ခနကြာပြီးနောကိ မှာ ဝမ်မင်ယနိ မျက်လုံး ပွင့်လာခဲ့တယ်..။သူ့မျက်စိရှေ့မှာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ မေးလိုက်ပါတယ်..။
"မင်းဘာလို့ ဒီရောက်နေတာလဲ.."
လင်းဖန် ဒါကိုကြားမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။ဒါက တကယ်ကို အလုပ်ဖြစ်တာပါ..။
ရူဇီလီ ဝမ်မင်ယန် ဆီကို သွားလိုက်ပြီး..
"မင်ယန်..ရှင်က ကျွန်မကို ခြောက်လှန့်နေတာပဲ.."
ဝမ်မင်ယန်..အံ့ဩသွားခဲ့တယ်..။ဘာတွေဖြစ်နေတာလဲ ဆိုတာ သူမသိပါဘူး..။
*အာ.*
"အား..ဘာလို့ ငါ့မျက်နှာက ဒီလောကိတောငိ နာကျင်နေတာလဲ..။ဘာတွေဖြစ်ခဲ့တာလဲ.."
ဝမ်မင်ယန် မေးလိုက်တာပါ..။
လင်းဖန် တစ်ခြား အလုပ်သမားတွေကို လက်ဝေ့ယမ်း လိုကိပြီး..
"ခင်ဗျားတို့ အရင်သွားလို့ ရပြီ..."
သူတို့ ခေါင်းညိမ့်ပြီး အစည်းအဝေးခန်းထဲက ထွက်သွားခဲ့ကြပါတယ်..။
လင်းဖန် ထိုင်ခုံ တစ်လုံးကို ယူပြီး ထိုင်လိုက်တယ်..။ဝမ်မင်ယန်ကို အမှန်တကယ် သရဲတစ်ကောင် အပူးခံရတာလား ဆိုတာ သိချင်နေခဲ့တာပါ..။
"ခုနက ဖြစ်တာတွေ တကယ် မမှတ်မိဘူးလား.."
လင်းဖန် မေးလိုက်တာပါ..။
ဝမ်မင်ယန် ခေါင်းခါယမ်း လိုကိတယ်..။
"ငါ ဘာမှ မမှတ်မိဘူး..ဒါပေမဲ့ ငါ့ကို တစ်ယောက်ယောက် ရိုက်နေတာတော့ သိတယ်..။ဘာလို့ ငါ့မျက်နှာ ယောင်ကိုင်းနေတာလဲ.."
"ဘယ်သူမှ ခင်ဗျားကို မရိုက်ဘူး..။ဒါက ပုံရိပ်ယောင်သဘော မျိုးထင်ပေါ်နေတာ..။ခင်ဗျားက ကိုယ့်ကိုကို ကျိုးရှန်း လို့ ပြောနေတာလေ..။သူ ဘယ်သူလဲ ခင်ဗျား သိလား.."
လင်းဖန် မေးလိုက်တာပါ..။
ဝမ်မင်ယန် ဒီနာမည်ကို ကြားတဲ့ အချိန်မှာ မျက်နှာ အမူအယာ ပြောင်းသွားခဲ့တယ်..။
လင်းဖန် သူ ဒီလူကို တကယ်သိမှန်းး သိလိုက်ပါတယ်..။တစ်ချိန်တည်းမှာပဲ..ဘာလို့ သရဲတစ်ကောင်က..သူ့ကို ဝင်ပူးတာလဲ သိချင်နေခဲ့တယ်..။
ဘာလို့ ဒီခေတ်ကြီးမှာတောင် ဒါမျိူးတွေ ဖြစ်နေတာလဲ..
ဝမ်မင်ယန် လင်းဖန်ကို ကြည့်လိုက်ပြီး...
"မင်းပြောတာ ငါ့ကို ကျိုးရှန်းလို့ ခေါ်တဲ့ သရဲတစ်ကောင် ဝင်ပူးတာလား..။ဒါက..."
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားတို့ ဆက်ဆံရေးကို ပြောပါဦး..။ကျုပိဒီလို အရာတွေကို အယုံအကြည်မရှိပေမယ့် တကယ်သိချင်မိတယ်..."
ဝမ်မင်ယန် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါတယ်..။ယင်းနောက် သူခေါင်းညိမ့်လိုက်ပြီး..
"ငါ ကျိုးရှန်းကိုသိတာပေါ့..။သူက ငါ့ရဲ့ ငယ်သူငယ်ချင်းလေ.။ဒါပေမဲ့ သူ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက သေသွားပြီ..။သူက မြစ်တစ်ခု မှာရေကူးရင်း ရေနစ်သွားခဲ့တယ်..။ငါ ဒီမတော်တဆ မူကို အမြဲတမ်း မှတ်မိနေပြီး..ငါ့ကြောင့် သေတယ်လို့လည်း ခံစားနေရတယ်.."
လင်းဖန် ဆက်တိုက် နားထောင်နေခဲ့တယိ..။ရူဇီလီလည်း ဝမ်မင်ယန်မှာ ဒီလို..မတော်တဆမူ ရှိမယ် လို့ မထင်ထားခဲ့ပါဘူး..။
ယင်းနောက်လင်းဖန် မတ်တတ်ထလိုက်ပြီး..
"အခု အဆင်ပြေသွားပြီ..။ဒါပေမဲ့ ခင်ဗျား ရွာကိုပြန်ပြီး ကျိုးရှန် ရဲ့ မိသားစုကို တစ်ချက်ကြည့်လိုကိဦး..။သူက ဒီလို ဝင်ပူးတယ် ဆိုမှတော့ အပျော်လုပ်တာတော့ မဟုတ်လောက်ဘူး..။တစ်ခုခု ဖြစ်နေလို့ပဲ ဖြစ်ရမယ်..။တကယ်လို့ သူ့မိသားစုမှာ တစ်ခုခု ုဖစ်နေရင် ခင်ဗျားက ကူညီပေးလိုက်ပေါ့.."
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်ပြီး..
"မင်းက ဘယ်လိုလုပ်ပြီး ဒီလို အရာတွေပါ သိနေတာလဲ.."
လင်းဖန် ရယ်မောလိုကိပြီး..
"ဘိုင်တု မှာ အကုန်ရှိတယ်..။ဒီနေ့ခေတ်ကြီးမှာက သိချက်တာကို ရိုက်ရှာလို်က် ရုံပဲ.."
"ငါ့မျက်နှာက အမှန်တကယ် ဘာဖြစ်နေတာလဲ..။ငါ့ကို တစ်ယောက်ယောက်က သေအောင် ရိုကိနှက်ခဲ့သလို ခံစားနေရတယ်နော်.."
ဝမ်မင်ယန် သိချင်စွာ မေးလိုက်တာပါ..။
လင်းဖန် ပုခုံးတွန့်လိုက်ပြီး..
"ဘာပဲဖြစ်ဖြစ်..ခင်ဗျားကို ရိုက်တာ တစ်ယောက်ယောက်မှ မဟုတ်တာ..။တစ်ခြား တစ်ယောက်ယောကိ မေးကြည့်ပေါ့. "
…
ပြန်ရောက်တဲ့ အချိန်မှာ..လင်းဖန် ဒီကိစ္စကို ပြန်တွေးနေခဲ့တယ်..။ဒါက စိတ်ပိုင်းဆိုင်ရာ..ပြသနာ လည်း ဖြစ်နေနိုင်ပါတယ်..။ဝမ်မင်ယန်ဟာ..ဖိအားတွေ များပြီး..ကျိုးရှန်း ရဲ့ သေဆုံးမူက..သူ့ကြောင့်ဆိုပြီး နောင်တရနေခဲ့တာပါ..။ဒါကြောင့် အချိန်တွေ ကြာလာတဲ့ အချိန်မှာ..ရုတ်တရက် စိတ်လွတ်လွတ်သွားတာ ဖြစ်နိုင်ပါတယ်..
အဲလိုများ ဖြစ်နေမလား..
သို့ပေမယ့် ဒါက လင်းဖန် သူ့ဟာသူ ခန့်မှန်း ကြည့်နေတာပါ..။သူ သေချာ အသေးစိတ်အတိအကျ တော့ မသိပါဘူး..။
တကယ်လို့ သူသာ..စွယ်စုံကျမ်းရဲ့ စိတ်ဝဥာဥ္ ဆိုင်ရာ အသိပညာခန်း ကို ..လဲလှယ်ခဲ့ရင်..နားလည်နိုင်တော့မှာပါ..။သို့ပေမယ့် ဒီအသိပညာ အခန်းက ..အရမ်းစျေးကြီးတာကြောင့် အရူးတစ်ယောက်ပဲ လဲလှယ်ပါလိမ့်မယ်..။