← Chapters

လွှမ်းမိုးမူနဲ့ အင်အားကြီးမူကိုဖက်တွယ်ထားခြင်း...

Vol. 35 Ch. 514

လွှမ်းမိုးမူနဲ့ အင်အားကြီးမူကိုဖက်တွယ်ထားခြင်း...

Vol. 35 Ch. 514

#ဘာသာပြန် = စနိုးဝှိုက်

အနောက်ဘက် ဟန် အုပ်စု.။

ဝမ်မင်ယန်ဟာ..ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို ချက်ခြင်းမေးလိုက်တယ်..။ရူဇီလီ သူ့ကို ဘာတွေ ဖြစ်နေလဲ ပြောတဲ့ အချိန်မှာ သူကြောင်အသွားခဲ့ပါတယ်..။

သို့ပေမယ့် လင်းဖန် လည်း ဒီကိစ္စကို သေချာ မသိခဲ့ပါဘူး..။သူလည်းပဲ ဘိုင်တုကို သာ သွားပြီး ရှာဖွေမှသာ ဖြေရှင်းနိုင်ခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် အင်တာနက်မှာက ဒီသတင်းတွေ နဲ့ ပြည့်နှက် နေခဲ့တာပါ..။

ဝမ်မင်ယန်ဟာ တစ်ရက်နားပြီးတဲ့ နောက်မှာ သူ့ရဲ့..ဇာတိမြို့ကို ပြန်သွားခဲ့တယ်..။ကျိုးရှန်းက သူ့ကို တစ်ခုခု ပြောစရာ ရှိနေသလိုပါပဲ..။ဒါကြောင့်..ဇာတိ ကို တစ်ချက်ပြန်ကြည့်တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ..။

ရက်အနည်းငယ် ကြာပြီးနောက်..။

လင်းဖန်ဟာ..သင်ရိုးအသစ်ကို ဆက်တိုက်ရေးနေပြီး တော်တော် များများလည်း..ပြီးနေခဲ့ပါပြီ..။

ဝူယူလန် ပြုံးလိုက်ပြီး...

"စာရေးတာ ဘယ်လို အခြေအနေ ရှိလဲ.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"စာအုပ် နှစ်အုပ်ကို..ပြီးအောင် ရေးပြီးသွားပြီ..။နောက်ထပ် တစ်အုပ်ကိုပဲ ရေးဖို့ ကျန်နေတော့တယ်.."

ဝူယူလန် ရဲ့ မျက်လုံးတွေဟာ တောက်ပနေခဲ့တယ်..။အစ်ကိုလင်း က တကယ်ကို အကုန်ထူးချွန်တဲ့ လူတစ်ယောက်ပါ..။အထူးသဖြင့် အခုလို အရမ်းခက်ခဲတဲ့ တရုတ်ဆေးပညာကိုတောင်..သူအေးဆေး ဖြေရှင်းနိုင်ပါတယ်..။

သို့ပေမယ့်..ဝူယူလန်ဟာ သူမနဲ့ အစ်ကို လင်းရဲ့ ဆက်ဆံရေးကို အားမလို အားမရဖြစ်နေခဲ့တယ်..။ဒါက ဘာမှ မတိုးတက်လာခဲ့ပါဘူး..။

အစက သူမရဲ့ အကြီးမားဆုံးပြိုင်ဘက် က ဝူရွှန်းယွဲ့လို့ တွေးထားခဲ့တာပါ..။သူမ သတင်းတွေကို ကြည့်လိုက်တဲ့ အချိန်မှာ လတ်တလော..ဝူရွှန်းယွဲ့..က ပွဲတွေ တက်ပြီး..အလုပ်ရှုပ်နေခဲ့ပါတယ်..။

လက်ရှိအခြေအနေမှာ သူမက ဝူရွှန်းယွဲ့ထက် ပိုကောင်းတဲ့ နေရာတစ်ခုမှာ ရှိနေခဲ့ပါပြီ..။

ယုံကြည်မူ...

သူမ ယုံကြည်မူ ရှိပါတယ်..။သူမကသာ..အစ်ကိုလင်းနဲ့ အလိုက်ဖက်ဆုံးလို့ စိတ်ထဲက ယုံကြည် ထားပြီးသားပါ..။

သူမ ရှေ့မှာ ထိုင်လိုက်ပြီ..လင်းဖန်ကို စိုက်ကြည့်နေလိုက်ပါတယ်..။

ကလင်ကလင်..

ကျိုးမင်ချင်း ဖုန်းခေါ်လာခဲ့တယ်..။

"ဆရာ..သင်ရိုး..အခြေအနေ ဘယ်လိုရှိလဲ.."

ကျိုးမင်ချင်း မျှော်လင့်ချက်တွေနဲ့ မေးလိုက်တာပါ..။

ဒါက တရုတ်ဆေးပညာ အတွက်တော့...အကျိူးသက်ရောက်မူကြီး တစ်ခုပါပဲ..။သူ့ဆရာ ရဲ့ သီအိုရီ တွေကြောင့်..တရုတ်ဆေးပညာ မတိုးတက်စရာ အကြောင်း မရှိတော့ပါဘူး..။ထပ်ပြောရရင်..တရုတ်ဆေးပညာ အဖွဲ့အစည်းကလည်း သူ့ဘက်မှာပဲ ရှိနေခဲ့တာပါ..။

ထပ်ပြောရရင်..တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ ဥက္ကဌ ကျို့ချင်းချင်..ကလည်း..သူ့ဆရာ ရဲ့ အမြင်တွေကို အပြည့်အဝ ..ထောက်ခံ နေခဲ့တာပါ..။

ဥက္ကဌ က ထောက်ခံ နေမှတော့ ကျန်တဲ့ လူတွေဟာ မထောက်ခံပဲ ..မနေရဲကြတော့ပေ..။

သို့ပေမယ့်..ပညာရေးဌာနက လူတွေကတော့ စိတ်ပူနေခဲ့ကြပါတယ်..။ဒီကိစ္စက သူတို့နဲ့ ဘာမှ မဆိုင်ပေမယ့် သင်ရိုးတွေကို ချမှတ်ပေးတဲ့ လူတွေက..သူတို့ပါ..။လက်ရှိအချိန်မှာ သူတို့ နာကျင်ပေမယ့်လည်း..ဘာမှ မထုတ်ပြန်ခဲ့ကြပေ..။ထုတ်ပြန်လည်း လူထုက..သူတို့ကို ယုံကြည်ကြမှာ မဟုတ်ပါဘူး..။

လင်းဖန် ပြုံးလိုက်ပြီး...

"ကျွန်တော် စာအုပ် နှစ်အုပ်..ရေးပြီးသွားပြီ..။တကယ်လို့ ခင်ဗျား စိတ်ဝင်စားရင် ..ကျုပ်ဆိုင်ကို လာခဲ့လို့ရတယ်.."

ကျိုးမင်ချင်း ဒါကို ကြားတဲ့ အချိန်မှာ ကျေိနပ်သွားခဲ့ပါတယ်..။သူ့ဆရာက..တကယ်ကို ဆရာကောင်း တစ်ယောက်ပါ..။

"ကျွန်တော် အခု လာခဲ့မယ်.."

ဖုန်းချပြီးနောက်မှာ လင်းဖန် အနည်းငယ်တွေးတောပြီး ဆက်ရေးဖို့ လုပ်လိုက်ပါတယ်..။

ကလင်..ကလင်..

ဝမ်မင်ယန် ဖုန်းခေါ်လာခဲ့တယ်..။

လင်းဖန် ဒီနေ့မှ သူ့ကို လူတိုင်း ဖုန်းခေါ်နေတယ် လို့ ခံစားလိုက်ရပါတယ်..။

ဝမ်မင်ယန်က..သူ့ရဲ့ ဇာတိကို ပြန်ရောက်နေခဲ့တာပါ..။ဒီကိစ္စက သူ့ကို အတော် သက်ရောက် စေခဲ့ပါတယ်..။သူ..ဇာတိကနေ ထွက်ခွာလာခဲ့တဲ့ အချိန်ကနေ စပြီး..အခုထိ ပြန်မလာခဲ့တော့တာ အခုထိပါပဲ..။

လင်းဖန် မေးလိုက်တယ်..။

"ဘယ်လို အခြေအနေ ရှိလဲ..။ကျိုးရှန်း ရဲ့ မိသားစုကရော..."

ဝမ်မင်ယန် ဝမ်းနည်းစွာ ပြောလိုက်တယ်..။

"ငါ ဇာတိကို..ပြန်ရောက်တာနဲ့ ရှာကြည့်လိုက်တော့ ကျိုးရှန်းရဲ့..မိသားစုတွေက..ပြောင်းသွားခဲ့ကြပြီ..။ရဲဌာနကနေတဆင့်..သိရတာတော့..သူ့ မိသားစုရဲ့ အခြေအနေက..သေရေး ရှင်ရေး ဖြစ်နေတယ်တဲ့..။ဒါက ငါ့ရဲ့ အမှားပဲ..။ငါ ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး..။သူတို့ နေတဲ့ အိမ်လေးဆို..စုတ်ပြတ်နေတာပဲ..။ငါ ဒီမှာ နေပြီး...အိမ်ကောင်းကောင်းလေး တစ်လုံး သူတို့အတွက် ပြန်ပြင်ဆောက်လိုက်ဦးမယ်..။ငါက ကျိုးရှန်းရဲ့..သေဆုံးမူ အတွက်..တာဝန်ရှိတဲ့ လူတစ်ယောက်ပဲ..."

လငိးဖန် ပြောလိုက်တယ်..။

"ကောင်းပြီ..ဒီကိစ္စကို အများကြီးတွေး မနေနဲ့..။ဖြစ်တာက ဖြစ်ပြီးနေပြီပဲ..။ခင်ဗျား ဒီကိစ္စကို သေချာ.ဖြေရှင်းမှရမယ်..။ဒါဆို ခင်ဗျား စိတ်ထဲက..အပြစ်စိတ်တွေ ပြေပျောက်သွားပြီး..ထပ်တွေးနေစရာ မလိုတော့မှာလေ.."

"ကောင်းပြီ.."

ဝမ်မင်ယန် သူပြောတာကို သဘောတူပါတယ်..။ဘာပဲဖြစ်ဖြစ်..ကျိုးရှန်း မိသားစုဟာ..ဘယ်ဆီသွားကြမှန်း မသိပဲ..သူတို့ရဲ့ အနာဂတ်လည်း ပျက်ဆီးသွားပါပြီ..။

လင်းဖန် ဘာမှ ထပ်ပြီး မေးမနေချင် တော့ပေ..။ဒီကိစ္စက သူနဲ့ ဘာမှ မ​များကြီး မဆိုင်တော့..သိပ်ပြီး တွေးနေစရာလည်း မလိုအပ်ပါဘူး..။

သူ ဝမ်မင်ယန် နဲ့ အချိန်အတော်ကြာပြီး နောက်မှာ..ဖုန်းချလိုက်တယ်..။

အဲ့အချိန်မှာပဲ..။

ကျိုးမင်ချင်း..ရောက်လာခဲ့ပြီး...

"ဆရာ..သင်ရိုး..အသစ်တွေ ဘယ်မှာ ရောက်နေတာလဲ. "

လင်းဖန် ရယ်မောလိုက်ပြီး..

"ခင်ဗျား စိတ်ထဲမှာ..သင်ရိုး အကြောင်းပဲ ရှိနေတာလား..."

ကျိုးမင်ချင်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီး...

"မဟုတ်ပါဘူး..။ကျွန်တော် စိတ်လှုပ်ရှား နေလို့ပါ..။ဘာပဲဖြစ်ဖြစ်..ဒီသင်ရိုးတွေကို ဆရာက..ရေးနေတာ ဆိုတော့..ကျိန်းသေ ထိပ်တန်း အဆင့်ဖြစ်မှာပဲလေ..။ပြီးတော့ ဒါက..တရုတ်ဆေးပညာ အတွက်..တိုးတက်မူကြီး တစ်ခုပဲလေ..."

"ကောင်းပြီ..ချီးကျူးမနေနဲ့တော့..။ကြည့်ကြည့်လိုက်ဦး.."

လင်းဖန် သူ့ကို စာအုပ် နှစ်အုပ် လှမ်းပေးလိုက်တယ်..။ဒီ စာအုပ်တွေ ဘယ်လောက်..ကောင်းလဲ သူမပြောတတ်ပေမယ့်..အမှားကတော့ တစ်ခုမှ မရှိပါဘူး..။

အခြေခံ သင်ယူတဲ့ လူတွေ တောင်..ဒါတွေကို နားလည်နိုင်မှာပါ..။ဒီသင်ရိုးတွေရဲ့ ရည်ရွယ်ချက်ကလည်း အခြေခံ လေ့လာချင်တဲ့ လူတွေ နားလည်နိုင်ဖို့ပါပဲ..။

'အခြေခံ ဆေးဝါး စာအုပ်.'

ကျိုးမင်ချင်း..ပထမ စာမျက်နှာကို ဖွင့်ပြီး..အေးဆေး ဖတ်လိုက်တယ်..။လင်းဖန် သူ့ကို နှောက်ယှက် မနေတော့ပဲ..သူ့ရဲ့ စာအုပ်ကိုသာ..ဆက်ရေးနေလိုက်ပါတယ်..။

ဝူယူလန် လဖက်ရည်ခွက် ငှဲ့ပေးလိုက်တယ်..။ဝူတန်ဟီ လည်း ကျိုးမင်ချငိးကို ကြည့်လိုက်ပါတယ်..။သူ နောက်ဆုံးတော့ မာစတာ လင်းရဲ့ အစွမ်းအစကို သဘောပေါက်လိုက်ပါပြီ..။

လိန်ကျုံး မှာဆိုရင် ဝူတန်ဟီက. .လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် သူက အဲလောက်..အင်အား မရှိဘူး ဆိုတာ နားလည်ထားပါတယ်..။

လက်ရှိ..သူ ဆိုင်သေးသေးလေး မှာ ဗေဒင်ဟောတာကို ပဲ ကျေနပ်ပါတယ်..။ထပ်ပြောရရင် ..သူ့သမီးကလည်း သူ့ဘေးနားမှာ တစ်ချိန်လုံး ရှိနေတဲ့ အတွက် ဘာစိတ်ပူစရာမှ မရှိပါဘူး..။

သို့ပေမယ့် ဝူတန်ဟီ မထင်ထားခဲ့တာက..အသက်တွေ ကြီးလာမှ..လူလိမ်ထျန်လို..သူငယ်ချင်းကောင်း တစ်ယောက် ရလိုက်တာပါပဲ..။

ဒီလူက..မတူညီတဲ့ အတွေးအခေါ်တွေ ရှိနေတဲ့ လူတစ်ယောက်ပါ..။

သို့ပေမယ့်..သူတို့နှစ်ယောက် အတူတကွ ..ရှိနေတဲ့ အချိန်တွေမှာ..စကားပြောလို့ တကယ်ကောင်းပါတယ်..။

'အရမ်း မိုက်တယ်'

ရုတ်တရက် ကျိုးမင်ချင်း ထအော်လိုက်တယ်..။သူ လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး..

"ဆရာ..သေချာရေးထားတာပဲ..။ဒီ အခြေခံဆေးဝါး စာအုပ်က အခုမှ စတင်လေ့လာချင်တဲ့ လူတွေအတွက် အကောင်းဆုံး သင်ရိုးပဲ..။ဒါက အရင်သင်ရိုး အဟောင်းနဲ့ ဆိုရင် ဘာမှတောင် မဆိုင်ဘူး.."

"ဘာမှ အံ့ဩစရာ မရှိဘူး..။ခင်ဗျား ကျုပ်ကို အခုမှ သိတာကြနေတာပဲ..။မဟုတ်ရင် ခင်ဗျားရဲ့ ဆရာ လုပ်နိုင်ပါဦးမလား.."

ကျိုးမင်ချငိး ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

"ဒါအမှန်ပဲ..။ဒါက တရုတ်ဆေးပညာ အတွက်..ရတနာ တစ်ခုလို ဖြစ်လာတော့မှာ..။ဒါက အကုန်လုံးကို အကျိုးရှိစေမှာ အသေအချာပဲ.."

ကျိုးမင်ချင်း လင်းဖန်ကို မြှောက်နေခဲ့တာ မဟုတ်ပဲ..အမှန်တရားကိုပဲ ပြောနေခဲ့တာပါ..။

ယင်းနောက် ကျိုးမင်ချင်း သက်ပြင်းချလိုက်တယ်..။ဆရာကောင်း တစ်ယောက်ရှိတာ တကယ်ကောင်းတဲ့ အရာတစ်ခုပါပဲ..။ဒါက သူ့နောက်ကနေ အမြဲတမ်း ထောက်ပံ့နေတဲ့ လူတစ်ယောက်ရှိနေသလိုမျိုး လုံခြုံမူကို ခံစားရပါတယ်..။

သူက အသက်ကြနေပေမယ့် နှလုံးသားကတော့ ငယ်ရွယ်နေပါသေးတယ်..။

အင်အားကြီးပြီး..လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို ကပ်တွယ်နေတာက..ရှက်စရာကိစ္စ တစ်ခုမဟုတ်ပါဘူး..။

All Chapters