← Chapters

အန္တရာယ်...

Vol. 35 Ch. 515

အန္တရာယ်...

Vol. 35 Ch. 515

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန်..ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်နှစ်အုပ်ကို..ကျိုးမင်ချင်းကို ယူသွားခိုင်းလိုက်တယ်..။ဒါဆိုရင် သူ ကွန်ပြူတာ ထဲကို..ထည့်ထားလို့ ရမှာပါ..။လင်းဖန် ဒီစာအုပ်ကိုတွေကို ဘယ်လို စိီမံရမလဲ ဆိုတဲ့ အထိ ဝင်မပါချင်တော့ပါဘူး..။

တကယ်လို့ ဒီစာအုပ်တွေကို..လူထုဆီ ချပြလိုက်ပြီ ဆိုရင်ပဲ. သူ့အတွက် အကျိုးရှိနေပါပြီ..။

ကျိုးမင်ချင်း ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့တယ်..။သူ ပညာရေး ဌာနက လူတွေကို လုံးဝ ဂရုမစိုက်ပါဘူး..။သူ ဒီသင်ရိုးတွေကို အေးအေးဆေးဆေး ဖတ်ဦးမှာ ဖြစ်ပြီး..သူဖတ်လို့ ပြီးသွားတဲ့ အချိန်မှ..သူတို့ ဆီကို ပို့ပေးမှာပါ..။

သို့ပေမယ့်..သူတို့ ဘာလို့ ဒီသင်ရိုးတွေကို စစ်ဆေးချင်တာလဲ ဆိုတာ သူနားမလည်နိုင်ပေ..။ဒီ သင်ရိုးတွေက သူ့ဆရာ ကိုယ်တိုင် ရေးထားတာပါ..။

သူတို့ အဆင့်နဲ့ ဘာနားလည်နိုင်မှာ မို့လို့လဲ...

ညအချိန်..။

လင်းဖန် တစ်နေ့လုံး ပင်ပန်းပြီးတဲ့ နောက်မှာ အိမ်ကို ပြန်ပြီး နားချင်နေခဲ့ပါပြီ..။

"ကျွန်တော် အရင်ပြန်တော့မယ်..။မနက်ဖြန်မှ တွေ့ကြတာပေါ့.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

အဆောက်အဦးတွင်..။

ရှန်ဟိုင်းလို နေရာမျိုးမှာ ဆိုရင် လူတိုင်းရဲ့ အိပ်မက်က...အိမ်တစ်လုံး ပိုင်ဆိုင်ရဖို့ပါ..။လင်းဖန်ရဲ့ ရှန်ဟိုင်းကို တက်လာတဲ့ အိပ်မက်ကတော့..ပိုက်ဆံ တွေ အများကြီးရှာပြီး ကျုံးကျိုး ကို ပြန်ဖို့ပါ..။

သူ မပြန်သေးဘူး ဆိုတာက ပိုက်ဆံလုံလုံလောက်လောက် မရှိသေးတာလဲ ပါပါတယ်..။

ရှန်ဟိုင်းမှာ ပုံမှန် အိမ်တစ်လုံးက.. ဒေါ်လာ သနိးချီကုန်ကျမှာဖြစ်ပြီး ပိုကောင်းတဲ့ အိမ်တွေ ဆိုရင် ဒေါ်လာ ဆယ်သန်း ကျော်လောက် ကုန်ကျနိုင်တာပါ..။ထပ်ပြောရရင် ..သူက..ကောင်မလေး တောင် မရသေးပါဘူး..။ဒါကြောင့် အိမ်ငှားနေတာကပဲ လက်တွေ့ကျပါတယ်..။

သူ ကားထဲက ထွက်ပြီး ဓာတ်လှေကားဆီ လျောက်လာလိုက်တယ်..။

ဓာတ်လှေကား တံခါးပွင့်သွားခဲ့တယ်..။

လင်းဖန် သီချင်း လေး ညည္းရင်း ပျော်ရွှင်နေခဲ့တာပါ..။

ယင်းနောက် သူ ဓာတ်လှေကားထဲဝင်ပြီး လှည့်ဖို့ လုက်လိုက်တဲ အချိန်မှာ..လူတစ်ယောက်ဟာ..သူ့နောက်ကနေ တိုက်ခိုက်လာခဲ့တယ်..။ဒီလူက..လက်နက် တစ်ခုကို ..သူ့ရဲ့ လည်ပင်းဆီ တင်ထားလိုက်ပြီး...

"မလှုပ်နဲ့.."

အခြေအနေတွေက..ထိန်းချုပ်လို့ မရတော့ပါဘူး..။

လင်းဖန် ရဲ့ စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးနေခဲ့တယ်..။

ပြန်ပေးဆွဲတာလား....သူခိုးလား...ဓားပြလား..

ဘာပဲဖြစ်ဖြစ်..သူ ပြန်တုန့်ပြန်မှ ဖြစ်မှာပါ..။

လင်းဖန် ဒီလူရဲ့ ဓားကိုင်ထားတဲ့ လက်ကောက်ဝတ်ကို အမြန်လှည့်လိုက်ပြီး..တံတောင် နဲ့ လက်ပြန်ဆောင့်လိုက်တယ်..။

"မင်းကများ ငါ့ကို ပြန်ပေးဆွဲရဲတယ်လား.."

ကျယ်လောင် တဲ့ ရိုက်နှက်သံတွေ ထွက်လာခဲ့ပြီး..ဓာတ်လှေကားပါ တုန်လှုပ်သွားခဲ့ပါတယ်..။

"အား..အတော်နာတယ်.."

ရုတ်တရက် မိန်းကလေး တစ်ယောက် ရဲ့ အသံထွက်ပေါ်လာခဲ့တယ်..။

လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။

မိန်းကလေး တစ်ယောက်လား..

သူ လဲကျနေတဲ့ မိန်းကလေး ကို မြင်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။ယင်းနောက် သူ ခိုးရယ် လိုက်ပြီး..

"အစ်ကို ချွင်ချွင် မင်းဘာတွေ လုပ်နေတာလဲ..."

အခြေအနေက လင်းဖန်ကို အနည်းငယ် ရှက်ရွံ့စေပါတယ်..။

ဒါက တကယ်ကြမ်းတမ်း လွန်းတာပါ..။အစ်ကို ချွင်ချွင် တော့ ရူးသွပ်သွားတာ ဖြစ်နိုင်ပါတယ်..။သူက ကျောင်းနင်က နေ ဒီအထိ လာပြီး ဓားနဲ့ ထောက်တယ် ဆိုတော့..သူမ ငါ့ကို တကယ် ပြန်ပေးဆွဲချင်နေတာလား...။

အစ်ကိုချွင်ချွင်ဟာ..ကြမ်းပြင်ပေါ်မှာ လဲနေပြီး မျက်လုံးတွေဟာ နီရဲနေခဲ့တယ်..။သူမ ကြည့်ရတာ အချိန်မရွေး ငိုတော့မယ့် လူလိုပါပဲ..။သို့ပေမယ့် ဘာမျက်ရည်မှ ကျမလာ ခဲ့ပေ..။

"အတော် နာတာပဲ.."

အစ်ကို ချွင်ချွင် အတော် နာကျင် နေခဲ့ပါတယ်..။

လင်းဖန် ဟာ သူ့ကို ပြန်ပေးဆွဲဖို့ ကြိုးစားတာ..အစ်ကို ချွင်ချွင်မှန်း မသိတော့ ဘာမှ ညှာတာ မနေခဲ့ပါဘူး..။သူ့ရဲ့ တံတောင် က တော်တော် အားပြင်းသွားတယ်လို့ ပြောလို့ရပါတယ်..။

"မလှုပ်နဲ့.."

လင်းဖန် အစ်ကိုချွင်ချွင် သရုပ်ဆောင် နေတာမဟုတ်မှန်း နားလည်လိုက်တယ်..။ယင်းနောက် သူထိုင်ချလိုက်ပါတယ်..။

"မင်းဘာလုပ်တာလဲ.."

အစ်ကို ချွင်ချွင် လင်းဖန်ကို အတော် မုန်းနေခဲ့တာပါ..။သူ့ကြောင့်သာ မဟုတ်ရင် သူမ ဒီလို အခြေအနေ ဖြစ်လာမှာ မဟုတ်ပါဘူး..။

လင်းဖန် ပြောလိုက်တယ်..။

"မင်းလက်ကျန် တစ်ဘဝလုံး ဝီးချဲပေါ်မှာ မနေချင်ဘူးဆိုရင် ငြိမ်ငြိမ်နေ.."

အစ်ကို ချွင်ချွင် ဒါကို ကြားတဲ့ အချိန်မှာ ကြောက်လန့်သွားခဲ့တယ်..။တကယ်လို့..သူမသာ ကျန်တဲ့ တစ်ဘဝ လုံး ဝီးချဲ ပေါ်နေရမယ် ဆိုရင် လုံးဝကို အဆုံးသတ်ပါပြီ..။

"ဒါဆိုလည်း မြန်မြန်ကုလေ..။ဘာလုပ်နေသေးတာလဲ.."

အစ်ကို ချွင်ချွင် အော်လိုက်တာပါ..။

လင်းဖန် ချက်ချင်းကုသဖို့ လုပ်လိုက်ပေမယ့်..သူမရဲ့..လေသံက စိတ်အနှောက်မယှက် ဖြစ်စေပါတယ်..။

"မင်းရဲ့ လေသံပြောင်းမှ ကုပေးမယ်.."

အစ်ကို ချွင်ချွင် လင်းဖန်ကို ကြည့်လိုက်ပြီး...

"မင်း...မင်း.."

အစ်ကို ချွင်ချွင် သူ့ကို တကယ်လာရှာလိမ့်မယ် လို့ လင်းဖန် မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် သူမရဲ့ အဖေက..အစ်ကို ချွင်ချွင် ပြသနာ လာမရှာစေရဘူးလို့ ပြောထားတာပါ..။

အခု ဘယ်လို ရောက်လာတာလဲ...

ထပ်ပြောရရင် အစ်ကို ချွင်ချွင်ရဲ့ အမူအရာက..ပြသနာ ရှာချင်နေတဲ့ ပုံပါ..။

"ဘာလဲ..မင်းက ငါ့ကို တိုက်ခိုက်တာ မှန်ကန်တဲ့ လုပ်ရပ်လို့ ထင်တယ်ပေါ့..။မင်းက ငါ့ကို ဒီလို ဆက်ဆံထားပြီး အခုမှ ကုပေးစေချင်တယ်ပေါ့..။ဒီလောက် သဘောကောင်းတဲ့လူ ဒီကမ္ဘာမှာ မရှိသေးဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

အစ်ကို ချွင်ချွင် ဒီလူကို သတ်ချင် နေခဲ့ပါပြီ..။

"မင်းကုပေးမှာလား..မကုပေးဘူးလား.."

လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..

"မင်းရဲ့ သဘောထား ပြောင်းမယ် ဆိုရင် ပေါ့.."

"ဟားဟား..အိပ်မက် ဆက်မက်နေလိုက်..။ငါ အစ်ကို ချွင်ချွင်က ဘယ်တော့မှ အဲလောက် သဘော မကောင်းခဲ့ဘူး.."

အစ်ကို ချွင်ချွင် ပြောလိုက်တာပါ..။

"မင်း အကူညီ ငါမလိုတော့ဘူး..။ငါ့ဟာငါ ပဲ..လူနာတင်ယာဥ္ ခေါ်လိုက်တော့မယ်.."

ယင်းနောက် အစ်ကို ချွင်ချွင် နာကျင်မူကို တောင့်ခံပြီး..လူနာတင်ယာဥ္ကို ခေါ်လိုက်တယ်..။နှစ်ခါလောက် ခေါ်အပြီးမှာ ဖုန်းက ပြုတ်ပြုတ်ကျသွားခဲ့ပါတယ်..။

"ချီးပဲ..လိုင်းက စုတ်ပြတ် နေတာပဲ..။ဖုန်းလေးတစ်ကော တောင် ခေါ်လို့မရဘူးလား.."

အစ်ကို ချွင်ချွင် ဒေါသထွက်သွားခဲ့တယ်..။သူ စီစဥ် သမျှ အရာရာတိုင်းက လွဲမှားနေသလိုပါပဲ..။

"ဟေး..ဒီလိုဆိုဘယ်လိုလဲ..။သက်သေတွေ အကုန်လုံးက ဒီမှာ ရှိတယ်လေ..။ငါ ၁၁၀ ကို ဖုန်းခေါ်လိုက်မယ် ..အဲတာဆို ရဲတွေက..မင်းကို ဆေးရုံအရင်လိုက်ပို့ပေးလိမ့်မယ်..။ပြီးရင်တော့..မင်းရဲ့ တင်ပါးအရိုးက ..သုံးလို့ ရမှာ မဟုတ်လောက်ဘူး.."

လင်းဖန် ပြောလိုက်တယ်..

"မိန်းမလှလေး တစ်ယောက်တော့ မသန်စွမ်း ဖြစ်တော့မယ် ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလဲ.."

အစ်ကို ချွင်ချွင်..လင်းဖန်ကို ကြည့်လိုက်ပြီး..သူက သူမကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ မဟုတ်မှန်း နားလည်လိုက်တယ်..။ယင်းနောက် သူမ ကြောက်လန့်သွားခဲ့ပြီး..

"ကျေးဇူးပြုပြီး ကျွန်တော်ကို ကုပေးပါဦး..။ကျန်တာတွေ ကို ငါတို့ ပြီးမှ ဆွေးနွေးလို့ရတယ်လေ.."

အစ်ကို ချွင်ချွင် ရဲ့ လေသံဟာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပါတယ်..။

လင်းဖန် အံ့ဩသွားခဲ့ပြီး..

"မင်းခုနက..ကမ္ဘာပေါ်မှာ မာနအကြီးဆုံး လူတစ်ယောက်လို့ ပြောလိုက်တာ မဟုတ်ဘူးလား.."

"ဥာဏ်ပညာ ရှိတဲ့ လူက အခြေအနေကို နားလည်ရတယ်..။လူတစ်ယောက်က..ပစ္စည်းဥစ္စာတွေ ရှိလာရင် ပြန်ပြုတ်ကျ ဖို့ကို မကြောက်ရွံ့တော့ဘူး.."

အစ်ကို ချွင်ချွင် ပြောလိုက်တာပါ. .။

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"မင်းပြောတာ ငါနားမလည်ဘူး..။ပြန်ပြော ပေးပါလား..."

အစ်ကို ချွင်ချွင် သူ့ရဲ့ ဒေါသကို အတော်ထိန်း ထားနေရပါတယ်..။

"ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ ဒဏ်ရာကို ကုပေးပါ.."

"ကောင်းပြီ..ငါ့ကို တိုက်ခိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲ "

လင်းဖန် ပြောလိုက်တယ်..။ယင်းနောက်..သူ အစ်ကို ချွင်ချွင် ရဲ့ တင်ပါးကို ဖိလိုက်ပါတယ်..။သူမရဲ့ ခါးကတကယ်ကို သေးငယ်တာပါ..။ဒီခံစားချက်ကတကယ်ကို မဆိုးပါဘူး..။

"ပြီးသွားပြီလား.."

အစ်ကို ချွင်ချွင် မေးလိုက်တာပါ..။

လင်းဖန် ဘာမှ ပြန်မဖြေပေ..။သူ နောက်တစ်ခေါက်ဖိလိုက်တဲ့ အချိန်မှာ အရိုးမြည်သံ တစ်ချို့ ထွက်ပေါ်လာခဲ့ပါတယ်..။ဒါက ..အရိုးတွေ နေရာတကျ ပြန်ရောက်သွားသလိုပါပ​ဲ..။

"ပြီးပြီ..ဘယ်လိုခံစားရလဲ.."

လင်းဖန် မေးလိုက်တာပါ..။

"ဒါပဲလား..ခုနက ..ပြောတော့..ငါ့အခြေအနေက ပြင်းထန် တယ်ဆို.."

အစ်ကို ချွင်ချွင် လှုပ်ရှား ကြည့်လိုက်တဲ့ အချိန်မှာ ပိုကောင်းမွန် နေခဲ့ပါပြီ..။

လင်းဖန် ပြုံးလိုက်ပြီး..

"မင်းက ဥာဏ်ထိုင်းတာလား...။ဒီလောက်လေး ထိခိုက်တာနဲ့ ဘယ်လိုလုပ် ပြင်းထန်နိုင်မှာလဲ..။ငါ မင်းကို ညာနေတာ..။မင်းရဲ့ အရိုး နည်းနည်း လွဲသွားတာပဲ ရှိတယ်.."

အစ်ကို ချွင်ချွင် ဒေါသထွက်သွားခဲ့တယ်..။ဒီကောင်က သူမကို အရှက်ခွဲနေသလိုပါပဲ..။သို့ပေမယ့် သူမ သူနဲ့..အရေးကြီးတာ ဆွေးနွေးရဦးမှာပါ..။

"ငါ့ကို ပြန်ကုပေးမှာလား.."

အစ်ကို ချွငိချွင် မေးလိုက်တာပါ..။

လင်းဖန် အကူညီမဲ့စွာ သက်ပြင်းချလိုက်ပြီး..

"ငါ အမှန်ပြောနေတာ။ငါ မင်းကို မကူညီနိုင်တော့ဘူး..။ငါ့ ဆီက ဘာလိုချင်သေးလို့လဲ..။ကြည့်..လက်ရှိ မင်းရဲ့ အသွင်အပြင်က မလှဘူးလား..။မင်းက နတ်သမီးလေး လိုပဲ..။အသားအရည်က လည်း ချောမွေ့ပြီး..ရင်သားတွေဆိုရင် အရင်ကထက် ပိုကြီးလာပြီ..။ကျောင်းနင်က ကောင်လေးတွေ အများကြီး မင်းကို ကြည့်နေကြတယ်လို့ မခံစားရဘူးလား.."

အစ်ကို ချွင်ချွင်..သူမရဲ့ ဒေါသကို မနည်းထိန်းနေရတယ်..။ဒီငနဲ ပြောတာက တကယ် အမှန်တရားပါ..။သူမ ရဲ့ ခန္တာကိုယ် ပြောင်းလဲပြီးနောက်မှာ ယောက်ျားလေးတိုင်းက သူမကို မတူညီတဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့ကြပါတယ်..

ဟိုတယ် ကောင်တာက ဝန်ထမ်းကတောင် သူမကို ခိုးကြည့်နေခဲ့တာပါ..။

သို့ပေမယ့် ဒီခံစားချက်က သူမ လိုချင်တဲ့ အရာမျိူး မဟုတ်ပါဘူး..။သူမကို ယောက်ျားလေးတွေ ကြည့်နေကြတာကို မလိုချင်ပဲ..မိန်းကလေးတွေကြည့်ကြတာကို ပဲလိုချင်ပါတယ်..။

သူမ ရှန်ဟိုင်းမှာ ရောက်နေတာ နှစ်ရက် ရှိပါပြီ..။သူမ လင်းဖန်ကို နောက်ယောင်ခံ လိုက်နေတာဖြစ်ပြီး..ပြန်ပေးဆွဲပြီး..သူမကို အတင်းပြန်ပြောင်းခိုင်းဖို့ စီစဥ္ထားခဲ့တာပါ..။

သူမကိုသာ..ပြန်မပြောင်း နိုင်ခဲ့ရင်...သူ့ကို အဲ့နေရာမှာတင် သတ်ပစ်ဖို့တောင် စဥ်းစားထားပြီးပါပြီ..။

All Chapters