← Chapters

ကြမ်းတမ်းတဲ့ အစ်ကို ချွင်ချွင်..

Vol. 35 Ch. 516

ကြမ်းတမ်းတဲ့ အစ်ကို ချွင်ချွင်..

Vol. 35 Ch. 516

#ဘာသာပြန် = စနိူးဝှိုက်

လင်းဖန် ရော..အစ်ကို ချွင်ချွင် ရော အကူညီ မဲ့့နေခဲ့ကြတယ်..။ဒီကိစ္စက လင်းဖန် အတွက်လည်း တကယ့်ကို ပြသနာ ပါပဲ..။

"တကယ်လို့ ပြောစရာ တစ်ခုခု ရှိရင် ငါတို့ နောက်နေ့မှ တွေ့ကြရအောင် ..။အခုက အတော် နောက်ကျနေပြီ.."

လင်းဖန် အချိန်ကို ကြည့်လိုက်တဲ့ အခါမှာ အတော် နောက်ကျနေခဲ့ပါပြီ..။ယင်းနောက် သူ အခန်းကို ပြန်ဖို့ လုပ်လိုက်တယ်..။

အစ်ကို ချွင်ချွင် သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်ဖို့ စိတ်ကူး မရှိပါဘူး..။သူမ လင်းဖန် ရဲ့ ခါးကို လှမ်းဆွဲလိုက်တယ်..။သူမ မျက်နှာက အနည်းငယ် ခက်ထန် နေပေမယ့်..မိန်းမလှလေးတစ်ယောက် အနေနဲ့ ချစ်ဖို့ ကောင်းနေပါသေးတယ်..။

"မင်းသွားလို့..မရဘူး..။မင်း ငါ့ အခြေအနေကို တာဝန်ယူရမယ်.."

"ဘာကို တာဝန်ယူရမှာတုန်း..။မင်း စကားကို ရှင်းရှင်း လင်းလင်းပြောနော်..လူတွေကြားသွားရင် တစ်မျိုးထင်ကုန်လိမ့်မယ်.."

လင်းဖန် ပြောလိုက်တာပါ..။

အစ်ကို ချွင်ချွင် ရဲ့ မျက်နှာမှာတော့ လေးနက်မူ တွေ ရှိနေခဲ့တယ်..။သူမ လင်းဖန်ကို ကြည့်ပြီး ခေါင်းခါယမ်း လိုက်ကာ..

"မဟုတ်ဘူး..မင်းငါ့ကို ဒီနေ့ အဖြေပြန်ပေးရမယ်..။မဟုတ်ရင်..ငါ ပြန်မှာ မဟုတ်ဘူး.."

သူသာ..အခြေအနေတွေ ဒီလိုဖြစ်လာမယ် ဆိုရင်..ဒီကိစ္စမှာ ဝင်ပါခဲ့မှာ မဟုတ်ပါဘူး..။ဒီအစ်ကို ချွင်ချွင်က သူကိုယ်တိုင်လာရှာပြီး..သူ့မ ဘဝကို ပြောင်းလဲ ခိုင်းခဲ့တာပါ..။

*ကျွီ..*

သူတို့ ဘေးနားမှာ ရှိတဲ့ အခန်းတံခါးဟာ ပွင့်သွားခဲ့တယ်..။

"ကောင်လေး..ငါ မင်းတို့ ပြောတာတွေကို အကုနိကြားတယ်..။ဒါက မင်းရဲ့ အမှားပဲ..။မင်း တစ်စုံတစ်ယောက်ကို..ဒီလို အမှားကျူးလွန်ပြီးရင် တာဝန်မယူချင်လို့ မရဘူးလေ..။သူမက အခုတောင် သနားဖို့ ကောင်းနေပြီ..ဘယ်လိုဖြစ်ပြီး လုပ်နိုင်ရတာလဲ.."

သက်လတ်ပိုင်း အရွယ်လူကြီးဟာ တရေးနိုးပြီး သန့်စင်ခန်း သွားဖို့ ထလာခဲ့တာပါ..။သူ အသံတွေ တီးတိုး ကြားလို့ ခိုးနားထောင်နေခဲ့တယ်..။သူ တံခါးဖွင်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ အစ်ကို ချွင်ချွင်ကို မြင်ပြီး အံ့ဩသင့်သွားခဲ့ပါသေးတယ်..။သူမက တကယ်ကို မိန်းမလှလေး တစ်ယောက်ပါ..။တစ်ချိန်တည်းမှာပဲ..လင်းဖန် ဘာလို့ ဒီမိန်းမလှလေးကို တာဝန်မယူချင်တာလဲ သူသိချင်မိပါတယ်..။

လင်းဖန် တောင်းပန်စွာ ပြောလိုက်တယ်..။

"အနားယူနေတာ နှောက်ယှက်မိသလိုဖြစ်သွားပြီ.."

သက်လတ်ပိုင်း အရွယ်လူကြီးဟာ ပြန်မသွားချင်ခဲ့ပါဘူး..။သူ ထပ်ပြောလိုက်တယ်..။

"ဒါအဆင်ပြေပါတယ်..။ဒါက မတော်တဆ ပဲလေ..ငါ အရင်က ဒီလို အခြေအနေ မှာ ဝင်ပါခဲ့ဘူးတယ်..။.ငါ အရမ်း နောင်တရတာပဲ..။ငါ့ကို ကြည့်ပါဦး...."

ဒီလူကြီးဟာ..သူ့ရဲ့ အကြောင်းတွေကို စတင်ပြီး ပြောလာခဲ့တယ်..။ဒါက အတော် စိတ်ဝင်စားစရာ ပါပဲ..။

အစ်ကို ချွင်ချွင် သူ့ကို ကြည့်လိုက်ပြီး..

"ဒါက ခင်ဗျား စောက်လုပ်မဟုတ်ဘူး..။ထွက်သွားစမ်း.."

အာ...

သက်လတ်ပိုင်း အရွယ် လူကြီး ရှက်ရွ့ံသွားခဲ့ပါတယ်..။ဒီ မိန်းမလှလေးက ဒီလောက် ဒေါသကြီးလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူ နားလည် သွားခဲ့တယ်..။ သူ အခန်းတံခါးကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး အခန်းထဲကနေ အော်လိုက်ပါတယ်..။

"ညီအစ်ကို ဒီလို မိန်းကလေး မျိုးကို စွန့်ပစ်လိုက်..။သူမက တကယ်ထိုက်တန်တယ်.."

လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။ဒီကိစ္စက သူ့ကို ဘာမှ စိတ်မပူ စေပေမယ့်..အခြေအနေတွေကိုတော့ ရှင်းလင်းအောင် လုပ်မှ ရမှာပါ..။မဟုတ်ရင်း ဒီတိုင်းကြီး ဆက်တိုက်ဖြစ်နေပါလိမ့်မယ်..။

လင်းဖန် ပြောလိုက်တယ်..။

"မင်းဘာလိုချင်တာလဲ ပြော..။ငါ လည်း ပွင့်ပွင့်လင်းလင်း ပြောမယ်..။ဒါက ပြန်ပြောင်းလို့ မရဘူး..။တကယ်လို့ အခြေအနေတွေက ပြောင်းလဲ လို့မရရင် ကိုယ့်မှာ ရှိတာနဲ့ ပျော်ရွှင်အောင် ကြိုးစားသင့်တယ်လေ.."

အစ်ကို ချွင်ချွင် အသံ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး...

"ငါ အရမ်းနောင်တရတာပဲ..။ငါ မင်းကို မယုံကြည်ခဲ့သင့်ဘူး..။လူတွေက မင်းကို ဘာလို့ သဘောကျနေတာလဲ မသိဘူး..။မင်းက ကိုယ်လုပ်တာကို ကိုယ်တာဝန် မယူချင်တဲ့ လူတစ်ယောက်ပ​ဲ..။ဒါက မင်းရဲ့ အမှားဆိုတာ ရှင်းလင်းပါတယ်..ဟုတ်တယ်မလား.."

လင်းဖန် ခနလောက် တွေးလိုက်ပြီး..

"ငါ ဒီအခြေအနေကို သေချာ လေ့လာကြည့်လိုက်ဦးမယ်..တကယ်လို့..အဖြေကို ရှာတွေ့ရင် မင်းကို အကြောင်းကြားမယ်လေ..။ဘယ်လို ထင်လဲ..။ငါ့ရဲ့ လက်ရှိဆေးပညာ အဆင့်အတန်း .တွေ ကျွမ်းကျင်မူ တွေ နဲ့ ဆိုရင် ပိုပြီး အားထုတ်ရင် အဆင်ပြေလောက်မှာပါ.."

အစ်ကို ချွင်ချွင် ခနလောက် တွေးလိုက်တယ်..။ဒီကိစ္စက..အလျင်အမြန် ဖြေရှင်းမှ ရမယ် ဆိုတာ သူ သိထားပါတယ်..။အစကတော့..သူမ လင်းဖန်ကို ပြန်ပေးဆွဲပြီး နေ့တိုင်း ဆေးကို အမြန်ဖော်စပ်ခိုင်းချင်တာပါ..။သူ မဖော်စပ်နိုင်ရင် လွှတ်ပေးဖို့လည်း စိတ်ကူး မရှိပါဘူး..။

သိူ့ပေမယ့် ..ဒီငနဲက ..သူမထက် ကိုယ်ခံပညာ ပိုကောင်းနေခဲ့ပါတယ်..။သူမ က သူ့အတွက် ဘက်မဟုတ်ပါဘူး..။

ဒီလို ကြမ်းတမ်းတဲ့ နည်းနဲ့ အဆင်မပြေမှတော့..သူမ ညှင်သာနဲ့ နည်းနဲ့ ချည်းကပ်ရတော့မှာပါ.m။

"ကောင်းပြီလေ..ငါ မင်းကို အချိန် တစ်လပေးမယ်..။တကယ်လို့ တစ်လ ပြည့်တာတောင် မင်းမှာ အဖြေမရှိဘူး ဆိုရင် ငါမင်းကို ရအောင် သတ်မယ်.."

အစ်ကို ချွင်ချွင် လေးနက်စွာ ပြောလိုက်တာပါ..။

တစ်လ ဆိုတာက မနည်းပါဘူး..။

လင်းဖန် သူမကို တည်ငြိမ်အောင် အရင်လုပ်ဖို့ လိုအပ်ပါတယ်..။

တစ်လ ကမ်းလှမ်းချက်က..နောက်မှ အေးဆေး ညှိနှိုင်းလို့လဲ ဘာမှ မဖြစ်ပါဘူး..။

အရေးကြီးတာက ဒီည သူအေးဆေး ပြန်ပြီး အိပ်ရဖို့ပါပဲ..။

လင်းဖန် သူ့ ရင်ဘတ်ကို ပုတ်လိုက်ပြီး..

"ကောင်းပြီ ပြသနာ မရှိဘူး..။တစ်လ ဆိုလည်း တစ်လပေါ့..။တစ်လပြီးလို့မှ အလုပ်မဖြစ်ရင် ငါတို့ ပြန်ဆွေးနွေးမယ်.."

"အင်း..."

အစ်ကိုချွင်ချွင် သူ ပြောတာ ချင်တာပြောပြီးတာနဲ့ ထွကိသွားခဲ့ပါတယ်..။

လင်းဖန် ခေါင်းကို ခါယမ်းပြီး သူ့အခန်း ဆီ ပြန်လာလိုက်ပါတယ်..။

အစ်ကို ချွင်ချွင် လင်းဖန် ရဲ့ အဆောက်အဦးထဲကနေ စိတ်ဓာတ်ကျပြီး ပြန်ထွက်လာခဲ့တယ်..။သူမ နတ်ဆေးဆရာ တစ်ယောက်ရဲ့ လိမ်ညာတာကို ခံရမယ် လို့မထင်ထားခဲ့ပါဘူး..။သူမ သာ မူလအခြေအနေကို ပြန်မပြောင်းနိုင်ခဲ့ရင် အဲ့ငနဲကို လုံးဝ လွှတ်ပေးမှာ မဟုတ်ပေ..။

့

သူ အင်တာနက်ကနေ ရှာဖွေပြီး..ကျား ဟော်မုနိး တိုးစေတဲ့ ဆေးတွေလည်း သောက်ခဲ့ပါသေးတယ်..။သို့ပေမယ့် ဘာမှ အလုပ်မဖြစ်ခဲ့ပေ..။

ဒီငနဲ သူမကို ဘာဆေးတွေ သောက်ခိုင်းထားမှန်း မသိတော့ပါဘူး..။သူ့မရဲ့ ခန္တာကိုယ်က ကျားဟော်မုန်းဆေးတွေ သောက်တာတောင် မထူးခြားတော့ပေ..။

သူမ ရှန်ဟိုင်းကနေ ထွက်ခွာဖို့ စိတ်ကူးမရှိသေးပါဘူး..။တကယ်လို့ သူမ ဒီကိစ္စကို အဖြေရှင်းနိုင်သေးရင် ကျောင်းနင်ကို ပြန်တဲ့အခါ အရှက်ရပါလိမ့်မယ်..။

သူမ လမ်းပေါ်မှာ တစ်ယောကိထဲလမ်းလျောက်နေခဲ့တယ်..။

လမ်းပေါ်မှာတော့ ဘယ်သူမှ မရှိတော့ပါဘူး..။

ယင်းနောက် အရက်မူး နေတဲ့ လူငယ်လေးတစ်ယောက်ဟာ..ဘယ်ကမှန်းမသိ သူ့ရှေ့မှာ ပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ ခြေလှမ်းတွေဟာ..ယိမ်းယိုင် နေကာ..အစ်ကို ချွင်ချွင်ကို မြင်တ​ဲ့အချိန်မှာ သူ့မျက်လုံးတွေ အရောင် တောက်သွားခဲ့ပြီး..

"မိန်းမလှလေး တစ်ယောက်ပါလား..တကယ်မိန်းမလှလေးပဲ..။မင်းက ယူနီဖောင်း တောင် ဝတ်ထားလိုက်သေးတယ်..။လာ..ငါနဲ့ အတူလိုက်အိပ်..ပိုက်ဆံပေးမယ်..."

အစ်ကို ချွင်ချွင်က အခု အမှန်တကယ် မိန်းကလေး တစ်ယောက်လို ဖြစ်နေပေမယ့် သူ့ရဲ့ စိတ်ကတော့ ယောက်ျားလေးစိတ်ပါ..။သူမက လုံလုံခြုံခြုံ ဝတ်ထားပေမယ့်လည်း သူမရဲ့ အလှတွေကို မဖုံးကွယ်ထားနိုင်ပါဘူး..။

လူငယ်လေးဟာ..အစ်ကို ချွင်ချွင် အနားကို လျောက်လာပြီး မျက်နှာကို ထိဖို့ လုပ်လိုက်တယ်..။

အစ်ကို ချွင်ချွင် ဒေါသထွက်သွားခဲ့တယ်..။ဒီလူက ကိုယ့်ဒုက္ခကိုယ် ရှာချင်နေတာပါ..။

"မင်းအမေ နဲ့ပဲ ပြန်သွားအိပ်လိုက်..."

အစ်ကို ချွင်ချွင် လူငယ်လေးရဲ့ သီးသန့် အစိတ်အပိုင်းကို..ဆောင့်ကန်လိုက်ပြီး..မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။လူငယ်လေးဟာ..ချက်ချင်းပဲ မြေကြီးပေါ် ပစ်လဲ ကျသွာခဲ့ပါတယ်..။

"မအိမ်လုံး အရံှုးသမား..။ကျောင်းနင်ကို သွားပြီး အစ်ကို ချွင်ချွင် ဘယ်သူလဲ ဆိုတာ စုံစမ်းလိုက်..."

ယင်းနောက် အစ်ကို ချွင်ချွင်ဟာ ကောင်လေးရဲ့ အဓိက အစိတ်အပိုင်းကို ထပ်နင်းချေလိုက်ပြီး..ချက်ချင်းထွက်သွားခဲ့ပါတယ်..။

ဒီနေ့က အတော်ကို ဒေါသထွက်ဖို့ ကောင်းတဲ့ နေ့တစ်နေ့ပါ..။ထပ်ပြောရရင်..သူမက တိုက်ကွမ်ဒို ခါးပတ်နက် ဖြစ်ပြီး..နည်းပြလုပ်ဖို့ တောင် အဆင့်မှီပါတယ်..။သူ့ကို လာရှုပ်တာက ကိုယ့်ဒုက္ခကို ရှာတာနဲ့ အတူတူပါပဲ..။

သို့ပေမယ့်..ဟို ငနဲ ကြောင့် သူ ခံလိုက်ရတာကို တွေးမိသွားလိုက်တယ်..။သူမ ဒေါသပြန်ထွက်သွားခဲ့ပါတယ်..။ဒီငနဲက..လူကောင်က သာသေးတာ..ကိုယ်ခံပညာ ဒီလောက် ကောင်းနေလိမ့်မ ယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။

ဘာပဲဖြစ်ဖြစ် သူမ ဒီကိစ္စကို လွယ်လွယ်ကူကူ လွှတ်ပေးမှာ မဟုတ်ပေ.။သူမ မူလပုံစံ ပြန်မရနိုင်ရင် ကြေးစားတွေ ခေါ်ပြီး သတ်ခိုင်းသင့်ရင်လည်း သတ်ခိုင်းရမှာပါ..။

အဆောက်အဦးထဲမှာတော့..။

လင်းဖန် ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခုကို ကိုင်ပြီး..ပြတင်းပေါက်နားမှာ ရပ်နေခဲ့တယ်..။သူ လမ်းမကို ကြည့်ကာ..ရေတစ်ငုံသောက်လိုက်ပြီး...

"မင်းက တကယ်ကြမ်းတမ်းတဲ့ မိန်းကလေးပဲ..."

ညဘက်ဖြစ်တာကြောင့်..သူရှင်းရှင်း လင်းလင်း မမြင်ရပေမယ့် အစ်ကို ချွင်ချွင်ကို နှောက်ယှက်တဲ့ လူဟာ..အတော်ဆိုးရွားတဲ့ အခြေအနေမှာ ကြုံနေရပြီဆိုတာ ပြောနိုင်ပါတယ်..။

ယင်းနောက် သူ အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်တယ်...။

ကမ္ဘာကြီးပေါ်မှာ မဖြစ်နိုင်တာတွေရှိပြီး..ခန္တာကိုယ်ခွဲစိတ်ပြုပြင် ကြတယ် ဆိုတာလည်း ပုံမှန်ပါပဲ..။သို့ပေမယ့် အစ်ကို ချွင်ချွင်လို အတွင်းစိတ်ကို လုံးဝ ပြောင်းလဲ ချင်တဲ့လူတော့ မတွေ့ ဖူးပေ..။ထပ်ပြောရရင် သူမက..အသားအရေ ကြမ်းတမ်းပြီး မုတ်ဆိတ်မွေးတွေလည်း ပေါက်ချင် နေသေးတာပါ..။

ဒီလို လူလည်း ရှိသေးတာပဲလား...

သူ ခေါင်းခါယမ်းပြီး ဒီအကြောင်း ထပ်မတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

သူ အိပ်ယာဆီကို သွားလိုက်တယ်..။

သူလည်း ဒီကိစ္စ မြန်မြန် ဖြေရှင်းနိုင်ဖို့ ​မျှော်လင့်ပါတယ်..။

သို့ပေမယ့်..သူ လက်ရှိအခြေအနေကို မပြောင်းလဲ နိုင်ပါဘူး..။သူ သူမကိုလည်း ဒီလိုပဲ ဖြေကြားခဲ့တာပါ..။ဒီကိစ္စက ဖြစ်ပြီးပြီ ဆိုတော့ ပြန်ပြောင်းလဲဖို့ မလွယ်ကူပေ..။

ကြည့်ရတာ သူ အဖြေတစ်ခုကို ကြိုစဥ်းစား ထားရမယ့် ပုံစံပါပဲ..။

All Chapters