← Chapters

ငါ သူ့အတွက် 666 လို့ပဲအော်လိုက်တော့မယ်...

Vol. 35 Ch. 517

ငါ သူ့အတွက် 666 လို့ပဲအော်လိုက်တော့မယ်...

Vol. 35 Ch. 517

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

တိမ်ဖြူလမ်း..။

လင်းဖန်က နှလုံးသား မရှိတဲ့ လူတစ်ယောက်ပါ..။မနေ့ညက တစ်စုံတစ်ယောက်ရဲ့ နှောက်ယှက်မူ ခံထားရတာတောင် သူ ဒီနေ့ တက်တက်ကြွကြွ ရှိနေပါသေးတယ်..။

သူ စာအုပ်ကိုသာ အာရုံစိုက်ပြီး ရေးနေခဲ့တယ်..။ဒါက နောက်ဆုံးစာအုပ်ဖြစ်တာကြောင့်..သူ ဒါကို ရေးပြီးသွားမှသာ..စိတ်အေးရမှာပါ..။ပြီးရင် သူ ..ဒီကိစ္စကို စိတ်ပူစရာ မလိုတော့ပေ..။

အဲ့အချိနိမှာတော့..နန်ရှမ်းကလေးထိန်း ဂေဟာ ရဲ့ အခြေအနေတွေက..ပုံမှန်ပါပဲ..။ကလေးတွေက..တရုတ်အနုပညာကို သဘောကျ ကြပါတယ်..။သူတို့ရဲ့ အခြေအနေက သိပ်ပြီး..မတိုးတက်ပေမယ့်..တစ်ချိန်ကြရင် အလားအလာရှိတဲ့..လူငယ်လေးတွေ ဖြစ်လာကြမှာပါ..။

သူ ဒါကို တွေးလိုက်တဲ့ အချိန်မှာ ဝမ်းသာသွားခဲ့တယ်..။

ရုတ်တရက် လူလိမ်ထျန် ရှေ့ကို ထွက်လာပြီး ပြောလိုက်တယ်..။

"ဟိုကို ကြည့်ဦး..အဲ့တစ်ယောက်က ငါတို့ကို ကြည့်နေတာ အတော်ကြာပြိီ..။ငါ သူမကို အစောကြီးကတည်း က..သတိထားမိနေတာ..အခုထိ ကြည့်နေတုန်းပဲ.."

လင်းဖန် လူလိမ် ထျန်ပြတဲ့ နေရာကို ကြည့်လိုက်တဲ့ အချိန်မှာ..ကြောင်အသွားခဲ့တယ်..။အဲ့ ဟာမ က သူ့ကို ရုပ်ရှင်မင်းသား တစ်ယောက်လို စိုက်ကြည့်နေခဲ့တာပါ..။

"မင်း သူမကို သိလို့လား.."

လူလိမ် ထျန်မေးလိုက်တယ်..။

လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..

"ဟင့်အင်.."

လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။

"ကြည့်ရတာ..ငါတို့..ပိုပြီး ဂရုစိုက်ရတော့မယ် ထင်တယ်..။ငါ ရုပ်ရှင်တွေ အများကြီး ကြည့်ဖူးတယ်..ဒီလို လူမျိုးတွေက အများအားဖြင့် လူကောင်း မဟုတ်ကြဘူး..။သူမက မိန်းကလေး ဖြစ်ပေမယ့်..ယောက်ျား ဝတ်စုံကို ဝတ်ထားတယ်..။ဒါက..သူမက ယောက်ျားစိတ်ပေါက် နေတယ်လို့ ဆိုလိုတာပဲ..။ပြီးတော့..သူမရဲ့ ပစ်မှတ်က ဆိုင်ထဲက တစ်ယောက်ယောက်လို့ ငါ စိတ်ထဲမှာ ခံစားမိနေတယ်..။ငါ ဂရုစိူက်နေမှ ရမယ်.."

လင်းဖန် လူလိမ်ထျန် ကို အံ့ဩစွာ ကြည့်လိုက်တယ်..။

ဒီလူက သူ့ကိုယ်သူ စုံထောက်လို့ ထင်နေတဲ့ ပုံပါပဲ..။

ခနကြာပြီးတဲ့နောက်မှာ အစ်ကိုချွင်ချွင် ကို မတွေ့ရတော့ပါဘူး..။ကြည့်ရတာ သူမ ထွက်သွားခဲ့တဲ့ ပုံပါပဲ..။

လင်းဖန် ဘာမှ ထပ်ဂရုစိုက်မနေတော့ပဲ..စာအုပ်ကိုသာ ဆက်ရေးလိုက်တယ်..။သူ ပင်ပန်းလာတဲ့ အချိန်မှာ ဝိုက်ဘိုကို ဖွင့်ကြည့်လေ့ ရှိပါတယ်..။

"ချီးပဲ.."

ရုတ်တရက် လင်းဖန် စိတ်တိုသွားခဲ့တယ်..။တစ်ခြား လူတွေဟာ အနားကို ရောက်လာခဲ့ကြပြီး..

"ဘာဖြစ်လို့လဲ..တစ်ခုခု ဖြစ်လို့လား.."

လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..

"ဘာမှမဟုတ်ဘူး အဖွားကြီး တစ်ယောက် သေသွားတာ သနားဖို့ကောင်းလို့.."

တစ်ခြား လူတွေဟာ သိချင်သွားခဲ့ပါတယ်..။

"ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..။ဘာလို့ မင်းက ဒီလောက် ဒေါသထွက်နေတာလဲ.."

လင်းဖန် ကွန်ပြူတာကို ညွှန်ပြလိုက်ပြီး..

"ကိုယ့်ဟာကိုသာ ကြည့်ကြည့်လိုက်တော့.."

လူလိမ် ထျန်..ကြည့်ပြီး ဖတ်လိုက်တယ်..။

"အဖွားအိုကြီး တစ်ယောက်ကို လူစိမ်းတစ်ယောက်က ဖုန်းခေါ်ပြီး ပင်စင်ငွေ ဘောနပ် ထုတ်လို့ ရပြီလို့ ပြောလာခဲ့တယ်..။ယင်းနောက် သူမ ငွေထုတ်ဖို့ သွားတဲ့ အချိန်မှာ ပင်စင်ငွေ ဒေါ်လာ ငါးသောင်း ဆုံးရှုံးသွားခဲ့ပြီ..။သူမ စိတ်ဆင်းရဲပြီး အဲဒီစိတ်နဲ့ပဲ သေဆုံးသွားခဲ့တယ်..။ချီးပဲ ဒီလူလိမ် တွေက အဲလောက် တောင်ဆိုးရွားနေပါလား..။တကယ်လို့အရမ်း စွမ်းဆောင် နိုင်စွမ်းရှိတယ် ဆိုရင် ငါ့ကို ကြိုးစားကြည့်ပါလား..ငါ ဒီကောင် တွေကို ချီးစား ခိုင်းလိုက်မယ်.."

ဝူယူလန် မှတ်ချက်ပေးလိုက်တယ်..။

"ဒါက သနားစရာ ကောင်းတာပဲ..။အခုခေတ်မှာ လူလိမ် တွေက အရမ်းများနေပြီ..သူတို့ကို ရပ်တန့်ဖို့ ဆိုတာက တကယ်မလွယ်ကူတော့ဘူး.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"ကြည့်ပါဦး..တစ်ချို့လူတွေက..ဒီကိစ္စကိုတောင် ဟာသ လုပ်ပြီး ပြောနေကြသေးတယ်..။ဒါက အတော်..လူသားမဆန်တာပဲ.."

မြို့သားတွေဟာ ဆွေးနွေး နေခဲ့ကြပါတယ်..။

"သူမက..အရမ်း တုံးအလွန်းတာပဲ.."

"သူမမှာ ပင်စင်ငွေ ငါးသောင်း ရှိတာတောင်..ဘောနပ်ငွေကို လိုချင်နေသေးတယ်..။သူမက..ချမ်းသာနေပြီလေ..။ဘာလို့ သူမက..ထပ်လိုချင်သေးတာလဲ..။အလိမ်ခံရတာက ပုံမှန်ပါပဲ.."

"မင်းတို့က ငတုံးတွေပဲ..။သူမကို ဘာလို့ မင်းတို့က အပြစ်တင်နေတာလဲ..။ဒါက..မင်းတို့ရဲ့ လူမဆန်တဲ့ စိတ်ကို သိသာစေတယ်.."

"ဘယ်လောက် သနားဖို့ကောင်းလဲ..ဒီလူလိမ် တွေ တကယ်သေသင့်တယ်.."

"အရင်တုန်းကလဲ ဒီလိုပဲ..။လူလိမ်က ကျောင်းသားတစ်ယောက်ကို ..ပညာသင်ထူးချွန်ဆု..ဆိုပြီး ပိုက်ဆံတောင်းတယ်လေ..။နောက်ဆုံးတော့ လိမ်သွားတာပဲ.။ထပ်ပြောရရင် သူတို့က..မိသားစု.အကြောင်းတွေကိုပါ..သိထားကြသေးတယ်..။တစ်ယောက်ယောက်က သူတို့ကို အချက်အလက်တွေ ရောင်းချပေးနေတာဖြစ်လောက်တယ်.."

"ဒါအဓိပ္ပါယ်ရှိတယ်..."

"ဒါ တကယ် အဓိပ္ပါယ်ရှိတယ်.."

…

လင်းဖန် ဒေါသထွက်သွားခဲ့ပြီး...

"ကြည့်ပါဦး..ဒီလူလိမ် တွေက တော်တော် ဆိုးလာပြီ..။ငါ တကယ် သည်းမခံနိုင်တော့ဘူး.."

လူလိမ် ထျန် ထပ်ပေါင်းပြောလိုက်တယ်..။

"ဟုတ်တယ်..ငါလည်း သည်းမခံ နိူင်ဘူး..။ဘယ်သူပဲ..ဖြစ်ဖြစ် လူ့အသိစိတ်ရှိတဲ့ လူဆိုရင် သည်းခံနိုင်မှာ မဟုတ်ဘူး.."

လင်းဖန် ဝိုက်ဘိုကို ကြည့်လိုက်ကာ..

"သတင်းဆက်ဖတ်လိုက်ရအောင်..."

ဝိုက်ဘို တွင်..။

ဒီ မတော်တဆ မူက..ခေါင်းကြီးပိူင်းမှာ ရောက်နေပြီး လူတိုင်း ဆွေးနွေး နေကြပါတယ်..။

"ဒီမတော်တဆ မူက လွန်ခဲ့တဲ့ သံူးနှစ်က အလိမ်ခံပြီး သေသွားတဲ့..ရူဂျောင်ဖန်း ကို ပြန်သတိရစေတယ်.."

"အဆုံးမှာတော့..လူလိမ်က ဖမ်းခံလိုက်ရတယ်လေ..။ဟုတ်တယ်မလား.."

"ဟုတ်တယ် သူ ဖမ်းခံလိုက်ရတယ်..။ရဲတွေ အဲ့တုန်းက တစ်လလောက် အချိန်ယူပြီး ဖမ်းခဲ့ရတယ် ထင်တယ်.."

"ဟေး..တကယ်လိူ့ လူမသေဘူး ဆိုရင် ဘယ်သူမှ ဒီလို ကိစ္စကို ဂရုမစိုက်ကြဘူးနော်.."

"ရဲတွေ တရားခံကို ဖမ်းဖိူ့ ဘယ်လောက် စောင့်ရမလဲ ငါသိချင်မိတယ်.."

လင်းဖန် ပြောလိုက်တယ်..။

"ကြည့်..ဝိုက်ဘို သုံးတဲ့ လူတွေက..ပို သဘောကောင်းကြတယ်..။တစ်ခြားဝက်ဆိုဒ်က လူတွေ နဲ့ မတူဘူး.. "

လူလိမ် ထျန် ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်.."

လင်းဖန် ဝိုက်ဘိုမှာ ချက်ချင်း ပို့စ်တင်လိုက်တယ်..။

"ဒီကိစ္စက..တကယ် ဆိုးရွားတာပဲ..။ငါတို့ တရားခံကို အလျင်မြန်ဆံူး ဖမ်းမှ ဖြစ်မယ်.."

ပို့တင်ပြီးတာနဲ့..မြို့သားတွေဟာ အလျင်အမြန်ပဲ မှတ်ချက် ဝင်ပေးလာခဲ့ကြပါတယ်..။

"မာစတာ လင်း..မှန်တယ်..။ဒီလူက တကယ်လူမဆန်တဲ့လူပဲ..။သူက အဖွားအို တစ်ယောက်ရဲ့ ပိုက်ဆံကို တောင် လိမ်ညာခဲ့တယ်.."

"ငါက အင်တာနက် ရဲအရာရှိတစ်ယောက်ပဲ..။ဒီလူလိမ်တွေကို ဖမ်းဖို့ဆိုတာက တကယ်ခက်ခဲတာ..။ဒါက အရင်တုန်းကနဲ့ မတူတော့ဘူး..။အခုခေတ်လူလိမ် တွေက အရင်တုန်းကထက် ပိုလည်လာကြပြီ.."

"မာစတာ လင်း ဗေဒင်တွက်ပြီး လူလိမ်တွေ ဘယ်မှာလဲ ကြည့်ပေးပါဦး.."

"မင်းက မာစတာလင်းကို နတ်ဘုရားများ ထင်နေလား..။ဒါပေမဲ့ ဟတ်ကာတွေက ဘယ်ရောက်နေတာလဲ..။သူတို့က ဘဏ်တွေကိုတောင် ဟတ်နိုင်တဲ့ လူတွေဖြစ်ပြီး..ဒီကိစ္စမှာ ကူညီနိုင်လောက်တယ်.."

"ဒါက နည်းလမ်းကျတယ်..။ဒါပေမဲ့ ဘဏ်တစ်ခုကို ဟတ် ဖို့ ဘယ်လောက် ခက်ခဲလဲ သိရဲ့လား..။ဒါက မဖြစ်နိုင်သလောက်ပဲ.."

"အမှန်ပဲ.."

…

လင်းဖန် သူ့ပိုစ့်ကို မှတ်ချက်တွေကို ကြည့်ပြီး

အကြံဥာဏ်ရသွားခဲ့တယ်..။

"ကျုပ် အကြံရပြီ.."

လူလိမ် ထျန် အံ့ဩသွားပြီး..

"မင်းဘာ အကြံရလို့လဲ.."

လင်းဖန် ပြုံးလိုက်ပြီး..

"နိမ့်ချနေရမယ်..အခု ပြောလို့မရသေးဘူး.."

ဝူယူလန် ယုံကြည်မူ ရှိစွာပြောလိုက်တယ်..။

"အစ်ကိုလင်းမှာ အစီစဥ္ ကောင်းတစ်ခု ရှိနေပြီထင်တယ်..။ဒီလူကို ဖမ်းမိရင် တကယ်ကောင်းမှာပဲ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ငါ အပြင်ခနသွားလိုက်ဦးမယ်.."

သူ တစ်ခုခု တွေးမိသွားခဲ့တာပါ..။သူ့ရဲ့ ကွန်ပြူတာ အသိပညာ အခန်းကြောင့် ဒီလူတွေကို အလွယ်တကူ ဖမ်းနိုင်ပါလိမ့်မယ်..။သို့ပေမယ့် အမူ တွေကို ဟတ်ပြီး..ဖြေရှင်းဖို့ ဆိုတာက တရားမဝင်ပါဘူး..။သူ ဒီလိူသွားလုပ်ရင် အဖမ်းခံရနိုင်ပါတယ်..။

ဒါကြောင့် သူ အရင်ဆုံး တစ်ယောက်ယောကိ ရဲ့ အကူညီကို ယူမှ ရမှာပါ..။

သူ တွေးလိုက်တဲ့ အချိန်မှာ သူနဲ့ ရင်းနှီးတဲ့ လီရှောင်ရှမ်း ကလွဲပြီး ဘယ်သူမှ မရှိပါဘူး..။

သူ ဒီမတော်တဆ မူအတွက် တရားမျှတမူ ရှာပေးရပါလိမ့်မယ်..။သူ့ရဲ့ မစ်ရှင်ကိုလည်း ဂရုစိုက်မနေတော့ပါဘူး..။

လင်းဖန်က ကိုယ်ကျင့်တရား ရှိတဲ့ လူတစ်ယောက်ပါ..။

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်ပြီး...

"ဒီငနဲ ဘယ်ကို သွားပြန်ပြီလဲ..။သူက အမြဲတမ်း လျိုဝှက်ချက် တွေနဲ့.."

ဝူယူလန် ပြောလိုက်တယ်..။

"အစ်ကို လင်းက ဒီအမူကို ဖြေရှင်းဖို့ ကြိုးစားချင်နေတာပဲ ဖြစ်လိမ့်မယ်.."

ကျောက်ကျန်းယန် တိုက်ရိုက်ထုတ်လွင့်နေတဲ့ ကင်မရာကို ကြည့်ပြီး ပြောလိုက်ပါတယ်..။

"ညီအစ်ကိုတို့ ကြားတယ်မလား..။မာစတာ လင်းက..တရားမျှတမူ ရှာဖွေပေးမလို့တဲ့..။သူ သာ ဝင်ပါလာရင် ဒီအမူရဲ့ တရားခံက ကျိန်းသေ အဖမ်းခံရမှာပဲ.."

"666...ဒါက အံ့ဩစရာပဲ.."

"ဘာဖြစ်တာလဲ..။ဘာလို့ မာစတာ လင်းက..တရားမျှတမူ ရှာဖွေမှာလဲ.."

"ငါ အကုန်နားမလည်ပေမယ့်..မာစတာ လင်းက ..တကယ်အံ့ဩဖို့ကောင်းတယ်.."

"ငါ 666 လို့ပဲ အော်နေတော့မယ်..ဘာမှ မပြောတော့ဘူး..။ဒါပေမဲ့ ဒါကတင်လုံလောက်တယ်..။မာစတာ လင်းအတွက်..666 ပဲ အော်တော့မယ်.."

All Chapters