← Chapters

အန္တိမအဆင့်ဓားအရိုးများ

Vol. 71 Ch. 984

အန္တိမအဆင့်ဓားအရိုးများ

Vol. 71 Ch. 984

"မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က နတ်ဆိုးဦးချိုကြယ်မြို့ကို စွန့်စားခရီးထွက်လာရဲတာပဲ"

လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်။ သူ့အမြင်အရ နတ်ဆိုးတာအိုမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကလွဲပြီး အခြားသူတွေအတွက်က သေခြင်းကို ရှာ‌ဖွေနေတာနဲ့ အတူတူပါပဲ။

"ငါ နတ်ဆိုးဦးချိုကြယ်ပင်လယ်မှ ထွက်ပြေးရမယ်၊ ပြီးရင်တော့ ငါ ကလန်ကို အကြောင်းကြားရမယ်"

ငွေရောင်အတောင်ပံတွေက ယင်ရှစ်ယွဲ့ရဲ့နောက်ကျောမှ ထွက်လာတယ်။ အလင်းတစ်ခုလက်သွားပြီး သူမက ‌ပျောက်ကွယ်သွားတော့တယ်။

ဒါပေမယ့် မကြာမီမှာပဲ ယင်ရှစ်ယွဲ့က လျင်မြန်စွာ ပြန်ရောက်လာတယ်။

သူမအနောက်မှာတော့ ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေသန်းချီရှိတယ်။

"ဒီလောက်များတဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေ....."

လီဖူချန်းက ထိတ်လန့်သွားတယ်။ ဒီမတိုင်ခင် သူရင်ဆိုင်ခဲ့ရတဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေရဲ့အရေအတွက်အများဆုံးက ဒါဇင်အနည်းငယ်သာ ရှိတယ်။

အလွန်လျင်မြန်စွာနဲ့ သူတို့နှစ်ယောက်ကို ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက ဝန်းရံလိုက်လေတယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

ဓားကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းရဲ့ဓားချီက ဓားပင်လယ်တစ်ခုကို ထွက်ပေါ်လာစေကာ ကြယ်ပင်လယ်နတ်ဆိုးသတ္တါမြောက်များစွာကို လွှမ်းမိုးသွားတယ်။

ဒါပေမယ့် ဒီကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေကအစစ်အမှန်ခန္ဓာကိုယ်တစ်ခုမရှိဘူး၊ ဓားကွက်က သူတို့အပေါ် သိပ်မထိရောက်ချင်ဘူးဖြစ်နေတယ်။ သူတို့ကို အထဲမှာ ပိတ်ထားဖို့ကလည်း အလွန်ခက်ခဲတယ်။

ပထမကတော့ ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက များလွန်းတယ်။ ဒုတိယကတော့ ဒါက နတ်ဆိုးဦးချိုကြယ်ပင်လယ်ဖြစ်ပြီး နတ်ဆိုးတာအိုအရင်းမြစ်တွေ ပေါကြွယ်ဝကာ အခြားစကြာဝဠာအရင်းမြစ်တွေက အလွန်ရှားပါးတယ်။

နောက်အခိုက်မှာတော့ မရေမတွက်နိုင်တဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက ဓားကမ္ဘာမှ လွတ်မြောက်လာတယ်။

သူတို့က လွတ်မြောက်လာပေမယ့် သူတို့က အရင်ကထက် သိသိသာသာပိုအားနည်းတယ်။ ဒါပေမယ့် အပြင်ကို ရောက်ရှိပြီးနောက် သူတို့ရဲ့ချီတည်ရှိမှုက ပုံမှန်အနေအထားသို့ ချက်ချင်းပြန်ရောက်လာတယ်။

"နင့်ရဲ့လှုပ်ရှားမှုတွေက အလုပ်လုပ်မှာမဟုတ်ဘူး။ ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေနဲ့ ရင်ဆိုင်ဖို့ဆိုရင် နင်က သူတို့ကို ချက်ချင်း ဖျက်ဆီးဖို့ အကြွင်းမဲ့ခွန်အားကို လိုအပ်တယ်။ သူတို့ကို အသက်ရှုဖို့အခွင့်အရေးတစ်ခုတောင် ပေးလို့မရဘူး"

ယင်ရှစ်ယွဲ့က လက်ကို လှန်လိုက်တယ်၊ လက်သီးအရွယ်နက်ပြာပုလဲတစ်လုံးက ထွက်ပေါ်လာတယ်။ နောက်ပိုင်းမှာတော့ နက်ပြာပုလဲက ပျံဝဲတက်သွားပြီး မိုးကြိုးတွေ ပစ်လွှတ်လိုက်တယ်။

မိုးကြိုးထိမှန်သွားတဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်။

"ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်း....."

လီဖူချန်းက ယင်ရှစ်ယွဲ့ကို တစ်ချက်ကြည့်လိုက်တယ်။ သူမရဲ့ငွေတောင်ပံ‌ဖြစ်စေဒါမှမဟုတ်နက်ပြာပုလဲဖြစ်စေ၊ သူတို့အားလုံးက ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေပဲဖြစ်တယ်။ ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းနှစ်ခုကိုပိုင်ဆိုင်တဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အတွက်ကတော့ သူမမှာ ကောင်းကင်ဆန့်ကျင်ကံကောင်းမှုမျိုးရှိရမယ်ဒါမှမဟုတ်မှင်တက်စရာ‌နောက်ခံတစ်ခုရှိရမယ်။

ဒါက ဒုတိယဖြစ်နိုင်ခြေလို့ လီဖူချန်းက ခန့်မှန်းထားတယ်။

"မူလပြန်သွားဓားပြောင်းလဲခြင်း"

ကောင်းကင်ဘုံဆက်ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ဓားတန်းတစ်ခုက ထွက်ပေါ်လာပြီး ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေဆီ တိုက်ခိုက်လာတယ်။

ဝှစ် ဝှစ် ဝှစ် ဝှစ်.....

မူလပြန်သွားဓားပြောင်းလဲခြင်းက ကြီးမားပြင်းထန်တဲ့စွမ်းအားရှိသလို အလွန်အမင်းနက်နဲသိမ်မွေ့တယ်။ ဓားတစ်ချက်က ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေကို အခြေခံအားဖြင့် ဖျက်ဆီးနိုင်ပြီး ယင်ရှစ်ယွဲ့ရဲ့မိုးကြိုးထက် ပိုသန်မာတယ်။ ဒါပေမယ့် ပမာဏက မိုးကြိုးအရေအတွက်ထက် အများကြီးနိမ့်ကျတယ်။

"ကပ်ဘေးလက်က ဒုတိယအဆင့်မှာရှိရင် အများကြီးပိုကောင်းမယ်" ဒါက စိတ်မကောင်းစရာတစ်ခုပဲလို့ လီဖူချန်းက ခံစားမိတယ်။

ကပ်ဘေးလက်က အလယ်ဆင့်မှာ ရှိရင် သူက ဓားကွက်တောင် ထုတ်ဖို့မလိုပါဘူး။ သူက ကပ်ဘေးစွမ်းအားကို သူ့ခန္ဓာကိုယ်ပတ်လည်မှာ ဖြန့်ချပြီးတိုးဝင်ရုံပါပဲ။ သူ့ကို တားဆီးတဲ့ဘယ်သူမဆို သေဆုံးသွားရပေလိမ့်မယ်။

သူတို့နှစ်ယောက်က ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေကို အလွန်မြန်ဆန်တဲ့အရှိန်နဲ့ သတ်ဖြတ်နေပေမယ့် အရေအတွက်က များလွန်းတယ်။ ဒါ့အပြင် သူတို့ရဲ့အရေအတွက်က တိုးတိုးလာနေတယ်။ သူတို့က ဒီအတိုင်းဆက်လက်တိုက်ခိုက်နေရင် အဆုံးမှာတော့  အားအင်ကုန်ခန်းပြီး သေပွဲဝင်ရပါလိမ့်မယ်။

"အတူတူထိုး‌ဖောက်ကြရအောင်" လီဖူချန်းက ယင်ရှစ်ယွဲ့ကို ကြည့်လိုက်တယ်။

"ကောင်းပြီလေ" ယင်ရှစ်ယွဲ့က ခေါင်းညိတ်လိုက်တယ်။

သူတို့က အတူတူထိုးဖောက်မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့လိုမယ်။ ယုံကြည်မှုသိပ်မရှိရင် သူတို့က အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးသွားရလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်က အခြားတစ်ယောက်ကို သစ္စာဖောက်ရင်တောင် သူတို့က အဆင်ပြေအုံးမယ်လို့ နှစ်ယောက်လုံးက ယုံကြည်ချက်ရှိတယ်။

သူတို့နှစ်ယောက်မှာ ရိုးရှင်းတဲ့အစီအစဉ်တစ်ခုရှိတယ်၊ လီဖူချန်းက သူ့ရဲ့ဓားပညာနဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပြီး ယင်ရှစ်ယွဲ့ကတော့ မိုးကြိုးတာအိုအသုံးအဆောင်ပစ္စည်းကို အသုံးပြုကာ နီးကပ်လာတဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေကို ဖယ်ရှားရမယ်။ ပြီး‌နောက် သူတို့က ဝိုင်းရံထားခြင်းမှ လွတ်မြောက်လာလိမ့်မယ်။

ဝုန်း ဝုန်း ဝုန်း.......

သူတို့နှစ်ယောက်က ရေထဲမှာကူးခတ်‌နေတဲ့ငါးတစ်ကောင်ပမာ အလွန်အမင်းအရှိန်နဲ့ အတူတကွပူး‌ပေါင်းလုပ်ဆောင်နေကြတယ်။ ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါလှိုင်းတွေကြားမှာ သူတို့က ခေါက်တုံ့ခေါက်ပြန်လှုပ်ရှားနေကြတယ်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က ချိုးဖြတ်သွားတော့တယ်။ ဒါပေမယ့် ထိုအခိုက်မှာ ဓားမော့ချီတစ်ခုက တိုက်ခိုက်လာပြီး သူတို့ကို ဝန်းရံသွားတယ်။

ငွေတောင်ပံတွေနဲ့အတူ ယင်ရှစ်ယွဲ့က ဒဏ်ရာမရခဲ့ဘူး။ လီဖူချန်းကတော့ ပြောစရာတောင် မလိုပါဘူး၊ သူ့မှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ရှိတယ်။ ပြင်းထန်တဲ့ဓားမော့ချီက ကပ်ဘေးစွမ်းအားရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကိုသာ ကုန်ဆုံးစေတယ်။ ကပ်ဘေးစွမ်းအားအားလုံးကို လျော့ကျစေဖို့က မဖြစ်နိုင်ပါဘူး။

သူတို့နှစ်ယောက်က အဝေးကို ကြည့်လိုက်တယ်၊ ဓားမော့ချီကို ထုတ်လွှတ်နေတဲ့အဖြူရောင်အရိုးစုတစ်ခုကို သတိပြုမိသွားတယ်။

ဒီအရိုးစုက အသက်ရှင်ချိန်တုန်းက ဓား‌မော့တာအိုအရှင်တစ်ယောက်မှန်း သိသာတယ်။ အရိုးအပိုင်းအစတိုင်းက အဆုံးမဲ့ဓား‌မော့ဆန္ဒကို ထုတ်လွှတ်နေတယ်။

ထိုအခိုက်မှာ အရိုးစုရဲ့မျက်လုံးခေါင်းပေါက်တွေက ဆိုးယုတ်တဲ့မီးလျှံအစုအဝေးနှစ်ခုနဲ့အတူ လောင်ကျွမ်းနေတော့တယ်။

ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတစ်ကောင်က အရိုးစုကို ထိန်းချုပ်နေမှန်း သိသာတယ်။

"အန္တိမအဆင့်ဓားမော့အရိုး"

ယင်ရှစ်ယွဲ့ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူမက ယင်ရှစ်ကလန်ရဲ့မိန်းမရွယ်လေးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့မျိုးနွယ်က ထိန်းချုပ်သူမျိုးနွယ်မဟုတ်ဘူး။ သူမမှာ အရင်းအမြစ်တွေအနည်းငယ်ပိုရှိရင်တောင် အကန့်အသတ်တစ်ခုလည်း ရှိတယ်။ အန္တိမအဆင့်ဓားမော့အရိုးတစ်စုံက သူမကို ကလန်အရင်းအမြစ်များစွာနဲ့ လဲလှယ်နိုင်စေတယ်။

ဒါပေမယ့် ဒီအန္တိမအဆင့်ဓားမော့အရိုးတစ်စုံကို ရယူဖို့က မလွယ်ပါဘူး။ သူတို့နောက်ရှိကြယ်ပင်လယ်နတ်ဆိုးသတ္တဝါထောင်ကျော်ကို မေ့ထားလို့မရဘူး၊ ဒီအန္တိမအဆင့်ဓားမော့အရိုးတစ်စုံကိုထိန်းချုပ်နေတဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါကလည်း ပြောင်မြောက်နေလောက်တယ်။

"မင်းက ဒီအန္တိမအဆင့်ဓားမော့အရိုးတစ်စုံကို လိုချင်တာလား" လီဖူချန်းက ယင်ရှစ်ယွဲ့ရဲ့မျက်လုံးတွေမှ လိုအင်ဆန္ဒအရိပ်အငွေ့တစ်ခုကို မြင်နိုင်တယ်။

"အန္တိမအဆင့်ဓားမော့အရိုးတစ်စုံကို မလိုချင်တဲ့သူ ဘယ်သူရှိလို့လဲ" ယင်ရှစ်ယွဲ့က မငြင်းပါဘူး။

လီဖူချန်းက ပြောလိုက်တယ်"ငါတို့ သဘောတူညီချက်တစ်ခုပြုလုပ်နိုင်တယ်။ ငါ မင်းကို အန္တိမအဆင့်ဓားမော့အရိုးတွေကို ရဖို့ ကူညီပေးနိုင်တယ်၊ မင်းက ငါ့ကို အန္တိမအဆင့်ဓားအရိုးတစ်ရာ ပေးရမယ်"

အန္တိမအဆင့်ဓားမော့အရိုးတစ်စုံက နှစ်ရာကျော်တယ်။ ဒါက မျှတတဲ့အရောင်းအဝယ်တစ်ခုလို့ လီဖူချန်းက ခံစားမိတယ်။

"တစ်ရာက များလွန်းတယ်၊ ကိုးဆယ်" ယင်ရှစ်ယွဲ့က ခေါင်းခါလိုက်တယ်။

စကြာဝဠာမှာ ဓားမော့အရိုးနဲ့ဓားအရိုးတွေက တူညီတဲ့တန်ဖိုးတစ်ခုမရှိဘူး။ ဓားအရိုးတွေက အနည်းငယ်ပိုထိုက်တန်တယ်။

"ကောင်းပြီ၊ ကျမ်းကျိန်ချက်ပြု‌ရအောင်"

လီဖူချန်းက နှုတ်ကတိကို လက်မခံပါဘူး၊ သူက ကျမ်းကျိန်ချက်ကို ပြုလုပ်ချင်ခဲ့တယ်။

တုံပြန်ချက်ကို ကြားပြီး ယင်ရှစ်ယွဲ့က တုံ့ဆိုင်းမနေပါဘူး၊ သူမက ချက်ချင်း ကျမ်းကျိန်လိုက်တယ်။

ကျမ်းကျိန်ချက်ပြုပြီးတာနဲ့ လီဖူချန်းက အရိုးစုစီ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။

"ဒီနေရာမှာ ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေ များလွန်းတယ်၊ ငါ ဒီကောင်ကို အဝေးကို အရင်မျှားခေါ်သွားမယ်"

လီဖူချန်းဖြစ်စေ၊ ယင်ရှစ်ယွဲ့ဖြစ်စေ၊ အရိုးစုဖြစ်စေ၊ သူတို့က ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါအများစုထက် ပိုမြန်တယ်။ နေ့တစ်ဝက်ခန့်ကြာပြီးနောက် အရိုးစုကလွဲပြီး ကျန်ရှိတဲ့ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေက နောက်မှ ကျန်နေခဲ့တော့တယ်။

"ရှေးဦးမူလမိုးကြိုးသားရဲ၊ ထွက်ပေါ်လာစမ်း"

ယင်ရှစ်ယွဲ့က စွမ်းအင်တွေကို မိုးကြိုးတာအိုအသုံးအ‌ဆောင်ပစ္စည်းထဲ ထည့်သွင်းလိုက်တယ်။ မိုးကြိုးဟိန်းသံတွေ ထွက်ပေါ်လာပြီး  မိုးကြိုးတာအိုအသုံးအ‌ဆောင်ပစ္စည်းတစ်ခုက ဧရာမသားရဲပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ သူ့ခန္ဓာကိုယ်ကိုလှည့်ပတ်နေတဲ့ရှေးဦးမူလမိုးကြိုးနဲ့အတူ ၎င်းက ပါးစပ်ဟကာ အဆုံးမဲ့မိုးကြိုးတွေကို အရိုးစုထံ ပစ်လွှတ်လိုက်တယ်။

"ရှေးဦးမူလမိုးကြိုးသားရဲလား" လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။

ယင်ရှစ်ယွဲ့ဘေးနားမှာ ရှေးဦးမူလမိုးကြိုးသားရဲတစ်ကောင်ရှိတယ်။

မိုးကြိုးသားရဲတစ်ကောင်က သာမန်တိုင်ယန်တစ်ကောင်သာဖြစ်ပြီး အထူးဖော်ပြစရာမရှိပါဘူး။

နှိုင်းယှဉ်ရင် ရှေးဦးမူလမိုးကြိုးသားရဲက အများကြီးပိုရှားပါးတယ်။

ရှေးဦးမူလမိုးကြိုးသားရဲက အထွတ်အထိပ်အဆင့်တိုင်ယန်သားရဲတွေထဲကတစ်ကောင်ဖြစ်ပြီး ကပ်ဘေးမီးကောင်းကင်ဘုံနဂါးထက် မနိမ့်ကျပါဘူး။ ၎င်းက အရွယ်ရောက်လာတာနဲ့ ၎င်းရဲ့ခွန်အားက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးလို အထွတ်အထိပ်အရှင်တွေနဲ့ နှိုင်းယှဉ်နိုင်လိမ့်မယ်။

လီဖူချန်းထင်တာမမှားရင် ယင်ရှစ်ယွဲ့ရဲ့မိုးကြိုးတာအိုအသုံးအဆောင်ပစ္စည်းကို ရှေးဦးမူလမိုးကြိုးသားရဲရဲ့မျက်ဆန်နဲ့ ပြုလုပ်ထားတာပဲ။ ဒါကြောင့် အဲဒါက ရှေးဦးမူလမိုးကြိုးသားရဲပုံရိပ်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တယ်။

ယင်ရှစ်ယွဲ့က သူမရဲ့ဝှက်ဖဲကို အသုံးပြုခဲ့ပြီးဆိုတော့ လီဖူချန်းက အနေအထားကို အခွင့်အရေးမယူချင်ပါဘူး။

"စိတ်ဝိညာဉ်ဓားချီ"

တိုက်ခိုက်ရေးစွမ်းအားအရ လီဖူချန်းက မိုးကြိုးတာအိုအသုံးအဆောင်ပစ္စည်းနဲ့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် သူ့မှာ ဝိညာဉ်တာအိုတိုက်ကွက်တွေ ရှိတယ်။

လီဖူချန်းမှာ အံ့မခန်းဝိညာဉ်တာအိုအမွေဆက်ခံခြင်းမရှိပေမယ့် လေ့လာမှုအချို့ပြုလုပ်ပြီးနောက် သူက သူရဲ့ဝိညာဉ်တာအိုတိုက်ခိုက်မှုတွေကို သိသိသာသာတိုးတက်စေခဲ့တယ်။

လီဖူချန်းသာ မြင်နိုင်တယ်၊ ခရမ်းနီရောင်ဓားချီတစ်ခုက အရိုးစုထံ ထိုးသွင်းလာတယ်။

မသဲမကွဲအသံတစ်ခု ထွက်လာတယ်၊ အရိုးစုရဲ့ဆိုးယုတ်မီးလျှံမျက်လုံးတွေက အနည်းငယ်ယိမ်းယိုင်သွားတယ်။

ယင်ရှစ်ယွဲ့က လီဖူချန်းကို သံသယဖြစ်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ လီဖူချန်းက တစ်ခုခုကို ပြုလုပ်ခဲ့တယ်လို့ သူမရဲ့မသိစိတ်က သူမကို ပြောခဲ့တယ်။

စိတ်ဝိညာဉ်ဓားချီတစ်ခုက မထိရောက်နိုင်ပေမယ့် တစ်ရာဒါမှမဟုတ်စိတ်ဝိညာဉ်ဓားချီရာအနည်းငယ်က သိသာတယ်။ အခုဆိုရင် အရိုးစုက ခွန်အားအကြီးအကျယ်ကျဆင်းလာတာကိုတောင် ယင်ရှစ်ယွဲ့က မြင်နေရတယ်။ အခု မျက်လုံးခေါင်းပေါက်ထဲရှိဆိုးယုတ်မီးလျှံတွေက တဖျပ်ဖျပ်လက်နေတယ်။

All Chapters