အမှန်တရားကို ချစ်တဲ့ လင်းဖန်
Vol. 35 Ch. 518
#ဘာသာပြန် = စနိုးဝှိုက်
ရဲဌာနတွင်.။
လင်းဖန်ရဲ့ ရောက်ရှိလာမူကို ရဲအရာရှိတွေဟာ သိချင်နေခဲ့ကြတယ်..။
အဆင့်နိမ့် အရာရှိလေး တစ်ယောက်ဟာ လင်းဖန်ကို လာပြီး နှုတ်ဆက်လိုက်တယ်..။
"မာစတာ လင်း..ဒီနေ့ ဘာအတွက် ရောက်လာတာလဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကျွန်တော် စစ်ဆေးရေးမှူး ကို လာရှာတာ.."
အရာရှိလေးဟာ ပြုံးလိုက်ပြီး..
"ကျွန်တော် တို့ရဲ့ စစ်ဆေးရေးမှူးက အစည်းအဝေး လုပ်နေတယ်..။အရင်ထိုင်ပါဦး..အစည်းအဝေး ပြီးတာနဲ့ ချက်ချင်း အကြောင်းကြားပေးပါ့မယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပါပြီ.."
ယင်းနောက် သူထိုင်ပြီး စောင့်နေခဲ့တယ်..။
ရဲအရာရှိတွေ အတွက်ကတော့..မာစတာ လင်းက ..ရဲတစ်ယောက်မဟုတ်ပေမယ့်..သူတို့ထက်ပိုပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ..။သူတို့ အမူကြီးတွေ ဆိုရင် မာစတာ လင်းရဲ့ အကူအညီနဲ့ ဖြေရှင်းရတာပဲ များပါတယ်..။အဲ့အချိန်တွေဆိုရင် သူတို့ အကုန်လုံး မာစတာ လင်းကို ကျေးဇူးတင်ကြရတာပါ.။
ထပ်ပြောရရင် စစ်ဆေးရေးမှူး လီ နဲ့ မာစတာ လင်းက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကြပါတယ်..။
ရဲအရာရှိ တစ်ယောက်ဟာ လင်းဖန် အတွက် လဖက်ရည်ချပေးလိုက်ပြီး..
"မာစတာ လင်း..ကျေးဇူးပြုပြီး သောက်ပါဦး.."
ဒီက အသစ်ပြောင်းလာတဲ့ ဝန်ထမ်းတွေကတော့..လင်းဖန် ဘယ်သူလဲ ဆိုတာ မသိကြပါဘူး..။ယင်းနောက် သူ သိချင်စွာ မေးလိုက်တယ်..။
"သူက ဘယ်သူလဲ..။ဘာလို့ အကုန်လုံးက ဖော်ရွေနေကြတာ လဲ..။သူကို ငါ့တို့ စစ်ဆေးရေးမှူး လီ ထက်တောင် ပိုလေးစားနေကြသလိုပဲ..။မင်းတို့က သူ့ကို အရမ်းယဥ္ကျေးနေကြပါလား.."
"ဟေး.လူသစ်လေး.မင်းက မာစတာ လင်းကို တောင် မသိဘူးလား..။အနာဂတ် ကြရင် မင်းသိလာလိမ့်မယ်..။ပိုပြီးလေးလေးစားစားသာ ဆက်ဆံ..သူက အင်အားကြီးတဲ့ လူတစ်ယောက်ပဲ.."
လူသစ်လေးဟာ ခေါင်းညိမ့်လိုက်ပြီး...
"သိပါပြီ.."
ခနအကြာမှာပဲ လီရှောင်ရှမ်းဟာ ထွက်လာခဲ့ပြီး..လင်းဖန်ကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်တယ်..။
"မာစတာ လင်း..ဘယ်လေတိုက်ပြီး ရောက်လာတာလဲ..။အကြောင်းကိစ္စကို မပြောနဲ့ဦး..ကျွန်တော် ခန့်မှန်းကြည့်မယ်.."
လီရှောင်ရှမ်း လင်းဖန်ရဲ့ အခြေအနေကို ကြည့်ရတာ..နောက်ထပ် အမူတစ်ခုကို ဖြေရှင်းပေးတော့မယ် လို့ ခံစားနေပါတယ်..။
သူ ခနလောက် တွေးတော့လိုက်တယ်..။
လီရှောင်ရှမ်း ပြုံးလိုက်ပြီး...
"အမူကြီးတစ်ခုကို တွေ့လာလို့ဖြစ်မယ်..ဟုတ်တယ်မလား.."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"အမှန်ပဲ.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်ကာ..
"ငါ သိသားပဲ..။လာ..ရုံးခန်းထဲမှာ ပြောကြရအောင်.."
သို့ပေမယ့် ဒီတစ်ကြိမ် လီရှောင်ရှမ်း သွေးအန်သွားနိုင်ပါတယ်..။
ရုံးခန်းထဲတွင်..။
လင်းဖန် ခေါင်းခါယမ်း ပြီး ပြောလိုက်တယ်..။
"ဒီနေ့ ကျွန်တော် သိပ်ပြီး စိတ်မကြည်ဘူး.."
လီရှောင်ရှမ်း မေးလိုက်တယ်..။
"ဘာဖြစ်လို့လဲ..တစ်ခုခု ဖြစ်လို့လား.."
လင်းဖန် လီရှောင်ရှမ်းကို ကြည့်လိုက်ကာ..
"ခင်ဗျား ဒီနေ့သတင်းကို ကြည့်လိုက်မိသေးလား..။အဖွားအိုကြီးတစ်ယောက်..သူ့
်ဘဝလုံး..စုဆောင်းထားသမျှတွေ အလိ်မ်ခံလိုက်ရလို့..စိတ်ဆင်းရဲပြီး သေသွားခဲ့တာလေ.."
"အဲလို သတင်းရှိနေတာလား.."
လီရှောင်ရှမ်း အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူ သတင်းကို ဖတ်ကြည့်လိုက်ပြီး..
"ဒါက ကျေးလက်ဒေသ မှာ ဖြစ်ထားတာပဲ..။ငါတို့ ပိုင်နက်ထဲမှာ မဟုတ်ဘူးလေ.."
လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..
"စစ်ဆေးရေးမှုး လီ..ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလို ပြောနိုင်တာလဲ..။ကျွန်တော်တို့က တစ်နိုင်ငံတည်းသားချင်း တွေလေ..။ဒီကိစ္စက ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ဘယ်လို ပြောနိုင်တာလဲ.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်ပြီး..
"ဒါအမှန်ပဲ..။ဒါပေမဲ့ ဒီအမူက..ကျေးလက်ဒေသ မှာ ဖြစ်တာဆိုတော့ အဲက တာဝန်ရှိသူတွေက ..ကိုင်တွယ် ဖြေရှင်းရမှာလေ..။ငါတို့က..အဲ့အမူ ကို သွားဖြေရှင်းပိုင်ခွင့် မရှ်ိဘူးဟ.."
"ကျွန်တော် ပြောချင်တာ အဲလိုမဟုတ်ဘူး..။ဒီကိစ္စမှာ ခင်ဗျား ပါချင်လား ဆိုတာကိုပဲ..။ဒီအမူတွေက ကျေးလက်မှာ ဖြစ်နေပေမယ့် လူလိမ် တွေက ကျေးလက်က လူတွေ မဟုတ်ဘူးလေ..။ဒီကိစ္စက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စပဲ..။ခင်ဗျား ဘယ်လိုထင်လဲ.."
လီရှောင်ရှမ်း ခနကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။မာစတာ လင်း ဒီနေ့ ဘာဖြစ်နေတာလဲ သူ မသိပါဘူး..။သူ့ကြည့်ရတာ ဒီကိစ္စကို ဖြေရှင်းချင်နေတဲ့ ပုံပါပဲ..။မာစတာ လင်းလို ကိုယ်ကျင့်တရား နဲ့ ပြည့်စုံတဲ့ လူကို သူတကယ် လေးစားမိပါတယ်.."
"မာစတာ လင်း...ကျွန်တော်ကို အမှန်အတိုင်း ပြောပါ..။မင်း ဒီကိစ္စကို ဖြေရှင်း ချင်နေတာလား..။တစ်ယောက်ယောက် ရဲ့ အနာဂတ်ကို..ဟောခဲ့ရလို့လား.."
မာစတာ လင်းက..ကျွမ်းကျင်တဲ့ ဗေဒင်ဆရာတစ်ယောက် ဆိုတာကို လီရှောင်ရှမ်း သိထားပြီးသားပါ..။တစ်ခြားလူတွေ မယုံကြည်ဘူး ဆိုရင် တောင် သူကတော့ မာစတာ လင်းကို ယုံကြည်ပါတယ်..။
လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..
"ကျွန်တော်က ဘာလို့ တစ်စုံတစ်ယောက်ရဲ့ အနာဂတ်ကို ဟောရမှာလဲ..။ဒါပေမဲ့ ကျွန်တော် မှာ အကြံဥာဏ်တစ်ခု ရှိတယ်..။စစ်ဆေးရေးမှူး လီသာ ပူးပေါင်းမယ် ဆိုရင် ဒီကိစ္စကို အေးအေးဆေးဆေး နဲ့ အချိန်ခနအတွင်း ဖြေရှင်းနိုင်မှာ အသေအချာပဲ.."
ဒီကိစ္စကို ..အချိန်ခနလေး နဲ့ ဖြေရှင်းဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ..။သို့ပေမယ့် သူ ဒီလိုပြောပြီ ဆိုကတည်းက သူ့မှာ ယုံကြည်မူ ရှိလို့ပါ..။
လီရှောင်ရှမ်း စိတ်ဝင်စားသွားခဲ့တယ်..။တကယ်လို့ သူသာ..နောက်ထပ် အမူကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့ရင် ..ရာထူးမတိုးဘူး ဆိုရင်တောင် ဒါက ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ..။
သို့ပေမယ့် သူသိချင်သွားခဲ့ပြီး..
"မာစတာ လင်း..ငါ မင်းကို မယုံကြည်တာတော့ မဟုတ်ပါဘူး..။ဒါပေမဲ့ ဘယ်လို စီစဥ္ထားလဲ ဆိုတာ ပြောလို့ရမလား.."
လင်းဖန် ပြုံးကာ..လဖက်ရည်ကို တည်တည်ငြိမ်ငြိမ် သောက်လိုက်ပြီး..
"တကယ်တော့..ကျုပ် ခင်ဗျားကို မပြောဖူသေးဘူး..။ဒါပေမဲ့ ကျွန်တော့်ရဲ့ ကွန်ပြူတာ ကျွမ်းကျင်မူပိုင်းက တကယ်ကောင်းမွန်တယ်..။တကယ်လို့ ကျွန်တော် တစ်ခုခုကို ဟတ်ချင်ရင် ဘယ်အရာမှ ကျွန်တော် ကို တားဆီးနိုင်မှာ မဟုတ်ဘူး..။ဒါပေမဲ့ ကျွန်တော် ဒီပညာကို မသုံးတာ အတော်ကြာနေပြီ.."
"ဟင်.."
လီရှောင်ရှမ်း လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်တယ်..။
"ခင်ဗျား ကျုပ်ကို မယုံကြည်ဘူးလား.."
လင်းဖန် မေးလိုက်တာပါ..။သူ လီရှောင်ရှမ်းကို အမူတွေ အများကြီး ကူညီဖြေရှင်း ပေးထားခဲ့တာတောင် သံသယ အဝင်ခံရလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
လီရှောင်ရှမ်း လက်ဝေ့ယမ်းလိုက်ပြီး...
"အဲလိုလည်း မဟုတ်ပါဘူး..။နည်းနည်း အံ့ဩသွားတာပါ..။ငါ မင်းကို ကျိန်းသေ ထောက်ပံ့ပေးမှာပေါ့..။ပြောပါဦး..ငါက ဘာလုပ်ရမှာလဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"တကယ်တော့ ခင်ဗျား ဘာမှ လုပ်စရာ မလိုဘူး..။ကျုပ် ရှင်းရှင်းလင်းလင်း ပဲပြောထားချင်တာ..။တကယ်လို့ ကျွန်တော် ဥပဒေ ချိုးဖောက်မိရင် အဖမ်းခံရလိမ့်မယ်..အဲတာဆို..ခင်ဗျားက..ကျုပ်ကို ပြန်ကယ်ပေး.."
"ဟာ.."
လီရှောင်ရှမ်း ကြောင်အသွားခဲ့တယ်..။
"ခနလေး..ခနက ပြောတာက ဘာအဓိပ္ပါယ်လဲ..။ဥပဒေကို ချိုးဖောက်မယ် ဆိုတာက..။ငါ နားမလည်ဘူး.."
လီရှောင်ရှမ်းက ဥာဏ်တုံးပြီး စကားပြောရခက်တဲ့ လူတစ်ယောက်လို့ လင်းဖန် ခံစားလိုက်ရပါတယ်..။
"ကြည့်...ကျွန်တော် ဒီလူလိမ်တွေကို ရှာဖို့ဆိုရင်..သူတို့ရဲ့ ဘဏ်အကောင့် နဲ့ ရဲအရာရှိတွေရဲ့ ဘဏ်အကောင့်တွေကို ဟတ်မှ ရမှာလေ..။တကယ်လို့ ကျွန်တော်သာ ဖမ်းခံရရင် သွားပြီပေါ့..။မဟုတ်ဘူးလား.."
"ဟင်.."
လီရှောင်ရှမ်း အံ့ဩနေခဲ့တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ဟာ..ဟင်..တွေ လုပ်မနေနဲ့တော့..။ကျွန်တော် ပြောတာမှန်လား ပြောပါဦး.."
လီရှောင်ရှမ်း ဘာပြန်ပြောရမလဲ မသိတော့ပါဘူး..။မာစတာ လင်း ဒီလို နည်းလမ်းကို အသုံးပြုမယ်လို့ သူမထင်ထားခဲ့ပေ..။
"မာစတာ လင်း..စိတ်အေးအေးထားပါဦး..။အလျင်မလိုပါနဲ့..။တကယ်လို့ မင်းသူတို့ကို ဟတ်လိုက်ရင်..အခြေအနေတွေက ထိန်းချုပ်ရခက်သွားလိမိ့မယ်နော်.."
လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..
"မဟုတ်ဘူး..တရားမျှတဖို့လိုတယ်..။ကျုပ် ထောင်ကျမယ် ဆိုရင် တောင် ဒါက ကိစ္စမရှိဘူး.."
ရုတ်တရက်..။
လီရှောင်ရှမ်း ..လင်းဖန်ဟာ ခေါင်းမာတဲ့ လူတစ်ယောက်မှန်းနားလည်လိုက်တယ်..။သို့ပေမယ့် သူ့မှာက ပြတ်သားပြီး သန်မာတဲ့ ဆုံးဖြတ်ချက် တွေ ရှိပါတယ်...။
သူက တကယ် တရားမျှတမူကို လိုလားတာလား..
လင်းဖန် မတ်တတ်ထရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်တယ်..။
"စစ်ဆေးရေးမှုးလီ..ကျုပ်က အနာဂတ်မှာ ဖြစ်လာနိုင်တာ တွေကို ကြိုပြောပြတာပါ.။အနာဂတ်မှာ မှားယွင်းပြီး ကိုယ်တွယ်မိတာတွေ ဖြစ်မှာစိုးလို့ပေါ့..။ခင်ဗျား ကြိုက်သလိုသာ လုပ်ပါ..။ကျွန်တော် အရင်သွားတော့မယ်.."
လီရှောင်ရှမ်း အသိစိတ်ပြန်ဝင်လာခဲ့ပြီး..
"မာစတာ လင်း..အလျင်မလိုနဲ့..။ငါတို့ ဆွေးနွေးလို့ရပါတယ်..။မင်း ထောင်ကျသွားရင်..ပြန်ထွက်လာလို့ မရဘူးနော်..။ဟေး...ဟေး.."
ချီးပဲ..
လီရှောင်ရှမ်း သူ့ပေါင်သူ ရိုက်ပြီး အထက်အရာရှိကို ဖုန်းခေါ်လိုက်တယ်..။ဒါက သတင်းကြီး တစ်ခုဖြစ်ပြီး..မာစတာလင်း ပုံစံကလည်း နောက်နေတာ မဟုတ်ပါဘူး..။
တကယ်လို့ သူ အဲလိုလုပ်ခဲ့ရင်..အများအကျိုးအတွက်ဖြစ်ရင်တောင် ထောင်ချခံရဦးမှာပါ..။
မာစတာ လင်းက..သူ့ရဲ့ သူငယ်ချင်းကောင်းဖြစ်တာကြောင့် ထောင်ကျသွားမှာကို သူမမြင်ချင်ပါဘူး..။သူ ဒီကိစ္စကို တစ်ခုခု လုပ်ရပါလိမ့်မယ်..။
သို့ပေမယ့် သိပ်တော့ မသေချာပေ..။မာစတာလင်းက သူ့ကိုယ်သူ ပရိုအဆင့် ဟတ်ကာလို့ ပြောမှတော့..သူ့မှာ ကာကွယ်ဖို့နည်းလမ်း တွေရှိမှာပါ..။
အရင်ဆုံး..သူ့အထက်အရာရှိကို တင်ပြပြီး နောက်မှ မာစတာ လင်းကို ကူညီဖို့ စဥ္းစားဖို့သာ..တတ်နိုင်ပါတော့တယ်..။
…
ယင်းနောက် လင်းဖန် ရဲဌာနကနေ ထွက်လာခဲ့တယ်..။အဲ့အချိန်မှာပဲ..ဒီကိစ္စက မလွယ်ကူဘူးလို့ ခံစားနေရပါတယ်..။
ယင်းနောက် သူ ကျန်းကျောင်းရှန်းကို သတိရလိုက်တယ်..။တကယ်လို့ ကျန်းကျောင်းရှန်း ပါလာခဲ့ရင် အကုန်အဆင်ပြေသွားမှာပါ..။
ဟုတ်တယ်...ဟုတ်တယ်...
ဘာပဲဖြစ်ဖြစ် ဖမ်းခံရတာလဲ..သိပ်ပြီး ဆိုးရွားတာတော့ မဟုတ်ပါဘူး..။အနည်းဆုံးတော့ သူ အစ်ကို ချွင်ချွင် လက်ကနေ လွတ်မြောက်နိုင်မှာပါ..။