← Chapters

သူတို့အကုန်လုံးကို အမှုန့်ကြိတ်လိုက်..

Vol. 35 Ch. 519

သူတို့အကုန်လုံးကို အမှုန့်ကြိတ်လိုက်..

Vol. 35 Ch. 519

#ဘာသာပြန် = စနိုးဝှိုက်

ရဲဌာနတွင်..။

လီရှောင်ရှမ်း ဗျူရိုကနေရစီက..အကြီးအကဲ ချင်ကို ချက်ချင်းဖုန်းခေါ်လိုက်တယ်..။

"ဗျူရို အကြီးအကဲ..တစ်ခုခုတော့ ဖြစ်နေပြီ.."

"ဘာဖြစ်လို့လဲ.."

အကြှီးအကဲ ချင် မေးလိုက်တယ်..။

"မာစတာ လင်းက..အလိမ်ခံလိုက်ရတဲ့ အဖွားကြီးတစ်ယောက်အတွက်..ဟတ်ပြီး..အမူမှန် ဖော်မလို့တဲ့..။ပိုပြီး အရေးကြီးတာက..သူက ..ဘဏ်စစ်စတန် ကိုပါ ထိုးဖောက်ဝင်ပြီး..ရဲအရာရှိတွေရဲ့..အကောင့်တွေကိုပါ..တရားမဝင်စစ်ဆေး ချင်နေတယ်.."

လီရှောင်ရှမ်း စိတ်ပူစွာ ပြောလိုက်တာာပါ..။

"ဟားဟား.."

အကြီးအကဲ ချင် ရယ်မောလိုက်တယ်..။

"ကောင်လေး ရှမ်း..မင်းက တကယ်ရိုးအ တာပဲ..။မင်းက မာစတာ လင်းကို အရမ်းယုံကြည်လွန်း နေတယ်..။မာစတာ လင်းက လည်း လူသားတစ်ယောက် ပဲလေ..။ဘာမှ ပြင်ဆင် ချက်တွေ မရှိပဲနဲ့ ဘဏ်ရဲ့ စစ်စတန် ကို ဟတ်နိုင်မယ် ထင်လို့လား..။မင်းက ကွန်ပြူတာ ပရော်ဖက်ဆာ တွေကို အထင်သေးနေတာပဲ..။မင်းရဲ့ မျှော်လင့်ချက် တွေကို အများကြီး ပုံမထားနဲ့..မာစတာ လင်းက ဒီတိုင်း အထင်ကြီးအောင် ပြောနေတာလဲ ဖြစ်နိုင်တာပဲ.."

လီရှောင်ရှမ်း အနည်းငယ် စိတ်ပူနေပေမယ့် အကြီးအကဲ ..ချင် ပြောတာက တကယ် နည်းလမ်း ကျပါတယ်..။ဘဏ်ရဲ့ စစ်စတန် ကို..ဒီဇိုင်းဆွဲထားကြတဲ့ လူတွေက.သာမန်လူတွေ မဟုတ်ပါဘူး..။သူတို့ကို ဟတ်ပြီး ထိုးဖောက်ဝင်ရောက်ဖို့ ဆိုတာက လွယ်ကူတဲ့ အရာမဟုတ်ပေ..။

"ဒါပေမဲ့ အကြီးအကဲ..သူတကယ် လုပ်နိုင်သွားရင် ဘယ်လိုလုပ်မလဲ.."

"သူသာ တကယ်လုပ်နိုင်ရင် အဲ့ငွေတွေ သူ့ကို ပေးလိုက်မယ်..။ဒီကိစ္စကို သူ့ဟာသူ ကိုင်တွယ် လိမ့်မယ် အများကြီး တွေးမနေနဲ့..။ငါ အစည်းအဝေး တက်ဖို့ရှိသေးတယ်..ဟုတ်ပြီလား..။ဖုန်းချလိုက်တောမယ်..။မင်းလည်း လူပ်စရာ ရှိတာလုပ်တော့.."

ဖုန်ကျသွားခဲ့တယ်..။

လီရှောင်ရှမ်း စိတ်ပူနေတုန်း ဖြစ်ပေမယ့် အကြီးအကဲ ချင်က သူ့ကို မီးစိမ်း ပြလိုက်တာကြောင့် သူ အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့ပါပြီ..။

…

လင်းဖန် အကြီးအကဲ ကျန်းရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုကိတယ်..။

"အကြီးအကဲ လင်း..အခြေအနေ ဘယ်လိူရှ်ိလဲ..။ဘေးဂျင်းကို လာတော့မှာ မို့လို့ ဖုန်းဆက်တာလား.."

အကြီးအကဲ ကျန်း ဖုန်းကိုင်တာနဲ့ ရယ်မောပြီး ပြောလိုက်တာပါ..။

"အကြီးအကဲ..ကျန်း..ကျွန်တော် တစ်ခုလောက် မေးချင်လို့..။ဒီနေ့ အသက် ၇၀ အရွယ် အဘွားကြီး အလိမ်ခံလိုက်ရတဲ့ သတင်းကို အကြီးအကဲ ကျန်း ဖတ်လိုက်ရလား.."

"အဲတာ ဘာသတင်းလဲ..။ကျွန်တော်က အဲလို အရာတွေကို သိပ်ပြီး အလေးမထားမိဘူး.."

အကြီးအကဲ ကျန်း မသေချာတဲ့ လေသံနဲ့ ပြန်မေးလိုက်တာပါ..။

"ဒါက အတော်ကို စက်ဆုပ်ဖို့ ကောင်းတယ်လို့ အကြီးအကဲ ကျန်း မထင်မိဘူလား..။ကျွန်တော် ဒီသတင်းကို ဖတ်တုန်းက..ဆိုရင်...စိတ်ထဲမှာ တော်တော် ဒေါသထွက်ရတယ်.."

လင်းဖန် ပြောလိုက်တာပါ..။အခြေအနေ တစ်ခုလုံးကို ပြန်ရှင်းပြရလောက် အောင် သူ သိပ်ပြီး စိတ်မရှည်ပါဘူး...။

အကြီးအကဲ ကျန်းရဲ့ အသံဟာ လေးလံ သွားခဲ့ပြီး..

"ဒီလို ကိစ္စတွေလည်း ရှိသေးတာလား..။တကယ်လို့ ငါ့ကိုသာ လာလိမ်ရင် ဒီကောင်တွေကို ကျည်တစ်တောင့်စီ ပစ်သွင်းပေးလိုက်မယ်..။ဒါပေမဲ့ နေပါဥိီး..အကြီးအကဲ လင်းက ဘာလုပ်မလို့တုန်း..။ကျွန်တော် အကူညီ လိုတယ် ဆိုရင် ပြောလေ..အကုန်ကူညီပေးပါ့မယ်..။ကျွန်တော်က အိုနေပေမယ့်လည်း..အသုံးဝင်ပါသေးတယ်.."

"ကျွန်တော် ..အကြီးအကဲ ကျန်းရဲ့ အကူအညီကို တကယ်လိုအပ်နေပြီ..။ကျွန်တော်မေးချင်တာက..ကျွန်တော် ဒီတရားခံတွေကို ရှာနိုင်ခဲ့ရင်..ကောင်းတဲ့ အလုပ်လို့ မထင်ဘူးလား.."

လင်းဖန် မေးလိုက်တာပါ..။

"သေချာတာပေါ့..။အကြီးအကဲ လင်း..ဘာအစီစဥ္ ရှိလို့လဲ.."

အကြီးအကဲ ကျန်း ပြန်ပြောလိုက်တယ်..။

"ဒါက လျို့ဝှက်ချက်..တကယ့်လျို့ဝှက်ချက်..။ဒါပေမဲ့ ကျွန်တော် နိုင်ငံရဲ့ ဥပဒေကိုတော့ အနည်းငယ်..ချိုးဖျက်ရလိမ့်မယ်..။ဒါကြောင့် အခု ဖုန်းခေါ်လိုက်တာလေ..။အကြီးအကဲ ကျန်း ကျွန်တော်ကို သဘောတူတယ် ဆိုရင် ကျွန်တော်..စပြီး လုပ်တော့မှာ.."

အချိန်တွေ ကြာအောင် ကျင်လည်ပြီးတဲ့ နောက်မှာ..လင်းဖန် ဘာလုပ်တော့မယ် ဆိုတာကို အကြီးအကဲ ကျန်း သိလိုက်ပါတယ်..။

"ကျွန်တော် နားလည်ပါတယ်..။ဒါပေမဲ့ အကြီးအကဲ လင်းကို ပြောထားရဦးမယ်..။နောက်ဆုံးစည်းက..ဘာတွေလဲဆိုတာကိုပေါ့..။အပြစ်မဲ့တဲ့ လူကို မနစ်နာစေရဘူး..လူထုရဲ့ ယုံကြည်မူကိုအသုံးမချရဘူး..နိုင်ငံကို ပြသနာ ဖြစ်အောင် မလုပ်ရဘူး..။ဒီအချက်တွေ မကျူးလွန်သ၍ ဥပဒေ နည်းနည်းပါးပါး ချိုးဖောက်တာက..ပြသနာမဟုတ်ဘူး လိူ့တော့ ထင်တာပဲ.."

"တကယ်လား.."

လင်းဖန် စိတ်လှုပ်ရှားသွားခဲ့တယ်..။အကောင်ကြီးကတော့ တကယ်ကို အကောင်ကြီးပါပဲ..။သူတို့ဖြေရှင်း တဲ့ နည်းတွေက..အေးစက်ပြီး..သူများတွေထက် နည်းလမ်းတကျ ရှိပါတယ်..။

"ရွှေထက်တောင် ပိုစစ်သေးတယ်..။အကြီးအကဲ လင်း ဘယ်လိုထင်လို့လဲ.."

အကြီးအကဲ ကျန်း ရယ်ပြီးပြောလိုက်တာပါ..။

လင်းဖန် ယုံကြည်မူ အပြည့်နဲ့...

"အကြီးအကဲ ကျန်း.တကယ် ကျေးဇူးတင်ပါတယ်..။ဒါပေမဲ့ ကျွန်တော် ဒါကို လုပ်ပြီးရင် နောက်ဆက်တွဲတွေတော့ ကျန်းသေ ရင်ဆိုင်ရမှာပဲလေ..။သူတို့ ကျွန်တော်ကို တစ်လ လောက်တော့ ဖမ်းထားကြပါစေ.."

အကြီးအကဲ ကျန်း..ပဟေဠိ ဖြစ်သွားခဲ့တယ်..။

အကြီးအကဲ လင်းက ဘာလုပ်ချင်နေတာလဲ...

ရွှေရောင်စည်းမျဥ္း သုံးခုကို မချိုးဖောက် သ၍ ကျန်တာတွေက ဘာမှ မဖြစ်ဘူးလို့ သူ ပြောထားပြီးသားပါ..။သူ လုပ်ပြီး သွားရင် ဒီလူတွေကို တစ်လ လောက်တော့ ဖမ်းခိုင်းထားလိုက်ပါဦးဆိုတာ..ဘာကို ဆိုလို်မှန်း သူနားမလည်ပေ..။

ဘာပဲဖြစ်ဖြစ် သူ အများကြီး မတွေးတော့ပဲ..

"စိတ်မပူနဲ့..အဲ့အချက်သုံးချက်ကို မချိုးဖောက်သ၍..ဘယ်နေရာ ရောက်ရောက် ပြန်လာကယ်ပေးမယ်.."

"ကျေးဇူး အများကြီးတင်ပါတယ်.."

လင်းဖန် ပြောလိုက်တာပါ..။

ဖုန်ကျသွားခဲ့တယ်..။

လင်းဖန်ကတော့ ခွန်အားတွေ ပြည့်နှက်နေပြီး ရှေ့လာမယ့် အရာကို တိုက်ခိုက်ချင် နေခဲ့ပါပြီ..။

တိမ်ဖြူလမ်း..။

"မင်းဘယ်သွားတာလဲ..။ဖြေရှင်းပြီးသွား ပြီလား.."

လူလိမ် ထျန် လင်းဖန် ပြန်လာတာ မြင်တာနဲ့ မေးလိုက်တာပါ..။

"နောက်ကျရင် သိလိမ့်မယ်.."

လင်းဖန် ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။

ယင်းနောက် သူ ဖုန်းကို ထုတ်ပြီး ပို့စ်တစ်ခု တင်လိုက်ပါတယ်..။

"ငါ..မာစတာ လင်းက တရားမျှတမူ အတွက် တစ်ခုခု လုပ်တော့မယ်..။နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရရင် ဘယ်တော့မှ နောက် မဆုတ်သင့်ဘူး..။သေဆုံးသွားတဲ့ အဘွားအတွက် တရားမျှတမူ ရှာပေးလိုက်ရအောင်.."

မြို့သားတွေ အကုန်လုံး အံ့ဩသင့်သွားခဲ့ကြတယ်..။

"666...ဒါက တကယ်ပဲလား မာစတာ လင်း.."

"မာစတာ လင်း..က နောက်ထပ် ဝင်ပါလာပြီဟေ့.."

"တည်တည်ငြိမ်ငြိမ်လုပ်ပါ..ကြမ်းတမ်းတဲ့ နည်းတွေ မသုံးနဲ့နော်.."

"ချီးပဲ..မာစတာ လင်းရေ..မင်းသာ ဒီကိစ္စကို ဖြေရှင်းနိုင်ရင် ပါ မင်းရဲ့ ခွေးပဲ လုပ်တော့မယ်.."

…

ကွန်ပြူတာ ရှေ့တွင်..။

ဝူယူလန် လင်းဖန် နားကို လျောက်လာခဲ့ပြီး

"အစ်ကို လင်း..ဘာတွေ လုပ်နေတာလဲ.."

"ငါ အစစ်အမှန် တိုက်ပွဲ တစ်ခုကို ဆင်နွဲတော့မလို့.."

လင်းဖန် တည်ငြိမ်စွာ ပြန်ဖြေလိုက်တာပါ..။

"အာ..."

ဝူယူလန် အံ့ဩသွားခဲ့တယ်..။သူမ အစ်ကိုလင်း ပြောတာကို သိပ်တော့ နားမရှင်းပါဘူး..။

ကျောက်ကျန်းယန် ..မတ်တတ်ရပ်ပြီး ကြောင်အနေခဲ့တယ်..။လင်းဖန်ရဲ့ အချက်ပေးမူကြောင့် သူ ..တိုက်ရိုက်ထုတ်လွင့်မူကို ပိတ်ထားလိုက်ပါတယ်..။သူ လင်းဖန် ရဲ့ ဘေးနားမှာသာ ရပ်နေပြီး..ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ သူ့ရဲ့ လက်တွေ လျင်မြန်စွာ..ရွှေ့လျားနေတာကို ကြည့်နေခဲ့ပါတယ်..။

"ဒါက မယုံကြည်နိုင်စရာပဲ.."

ဆိုင်ထဲက လူတွေ အကုန်လံူး အံ့ဩနေခဲ့ကြတယ်..။သူတို့မြင်တာဆိုလို့..လင်းဖန် ရဲ့ လက်ဆယ်ချောင်းလုံးဟာ..ကီးဘုတ်ပေါ်မှာ မရပ်မနား ရွေ့လျားနေတာပါပဲ..။

ဒါက ဆောင်းဦးဓား ကျွမ်းကျင်တဲ့ တစ္ဆေလိပ်ပြာ လက်ချောင်း လိုပါပဲ..။သို့ပေမယ့်..ဆောင်းဦးဓားနဲ့ ယှဥ္ရင် လင်းဖန်က ပိုပြီး တိကျ မြန်ဆန်ပါတယ်..။

လင်းဖန် အေးစက်စွာ ရယ်လိုက်တယ်..။သူ့ရဲ့ အသက်နှစ်ဆယ် သက်တမ်းတစ်လျောက်မှာ..ဒီလို တိုက်ပွဲမျိုး ဘယ်တုန်းကမှ မလုပ်ဖူးပါဘူး..။

* ကီးဘုတ်မှ အသံများ..*

"မင်းက ကွန်ပြူတာကို ဖျက်ဆီးနေတာပဲ.."

လူလိမ် ထျန် ရေရွတ်လိုက်တာပါ..။စခရင် ပေါ်မှာ မြင်နေရတာကလည်း နံပါတ် စာကြောင်းတွေ ချည်းပါပဲ..။

ကျောက်ကျန်းယန်ဟာ..ကွန်ပြူတာအကြောင်း နားလည်တော့..စခရင် ပေါ်မှာ ဘာတွေ ပေါ်နေလဲ ဆိုတာ အနည်းငယ် သိပါတယ်..။သို့ပေမယ့်..အစ်ကိုလင်းရဲ့ ကျွမ်းကျင်မူတွေက သူ့ရဲ့နားလည်မူ တွေထက် အများကြီး ပိုတာ သတိထားမိလိုက်တယ်..။

လင်းဖန်ကတော့ တိုက်ခိုက်ဖို့သာ သိပြီး ရှောင်ပုန်းဖို့ကို စိတ်မဝင်စားပါဘူး..။သူစိတ်ထဲမှာ..မပြတ်မသားလုံးဝ ဖြစ်မနေပဲ. စစ်စတန်ကိုသာ..တိုက်ရိုက် တိုက်ခိုက်နေခဲ့ပါတယ်..။

ကြမ်းတမ်းမူ..လျင်မြန်မူ..နဲ့..ပြည့်စုံတဲ့ ထိန်းချုပ်မူ..

မြို့ထဲတွင်..။

သက်လတ်ပိုင်းအရွယ် မိန်းမကြီးဟာ သူမရဲ့ လျှပ်စစ် ဆိုင်ကယ် တစ်စီးကို စီးပြီး..ဘဏ်ရဲ့ ငွေထုတ်စက် ဆီကို လာခဲ့တယ်..။

သူမ ဖုန်းတစ်ကော လက်ခံရရှိပြီး..တစ်ခြား တစ်ဖက်က ..သူမ လပ်ကီးကံစမ်းမဲ..ပေါက်တယ်လို့ ပြောခဲ့ပါတယ်..။သူမ လုပ်ဖို့ လိုအပ်တာဆိုလို့..ဆုကြေးငွေ ဒေါ်လာ..တစ်သိန်းရှစ်သောင်း ထုတ်ယူဖို့ အတွက်..အရင်ဆုံး ဒေါ်လာ နှစ်သောင်း လွှဲပေးလိုက်ယုံပါပဲ..။

သူမ အစက သံသယ ဖြစ်နေပေမယ့် တစ်ခြား တစ်ဖက်က သူမကို ဆွဲဆောင် နိုင်ခဲ့ပါတယ်..။အဲလူက..သူမ ပေါက်တဲ့ ကံစမ်းမဲ..သူမနာမည် နဲ့..သူမ နေတဲ့ မြို့ကိုပါ သိနေခဲ့တာပါ..။

သူမ အရင်တုန်းက လည်း အဲ့ကံစမ်းမဲကို တကယ်ပါဝင်ခဲ့ဖူးပါတယ်..။

သူမရဲ့ ဆုကြေးငွေက ဒေါ်လာ တစ်သိန်းရှစ်သောင်းလို့ကြားတဲ့ အချိန်မှာသူမ စိတ်လှုပ်ရှားသွားပြီး ကံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။

သူမ ..ပိုက်ဆံ လွှဲဖို့ ပို့ရန် ခလုတ်ကို နိပ်ပြီးတာနဲ့..ဒီစက်က ..တစ်ခုခု လွဲမှားနေတယ် ဆိုတာ သိလိုက်ပါတယ်..။

စခရင်က ရပ်တန့်နေပြီး..အချိန်ကြာအောင် အဝိုင်းလည်ပြီးတာတောင်..မလှုပ်တော့ပါဘူး..။

ရုတ်တရက်..။

ATM စက်ရဲ့ စခရင် ပေါ်မှာ သူမကို အံ့ဩသင့်စေတဲ့ စာသားတစ်ခု ပေါ်လာခဲ့တယ်..။

"ဒီအကောင့်က..လိမ်လည်သူ တစ်ယောက်၏ အကောင့်ပါ..။ဒီအကောင့်သို့ ငွေမလွှဲပါနှင့်...."

ခနအကြာမှာပဲ..ATM စက်ရဲ့ စခရင်ဟာ..မူလ နေရာပြန်ရောက်သွားပြီး..ငွေလွှဲပြောင်းမူ ကျဆုံးကြောင်း ပေါ်လာခဲ့ပါတယ်..။

ငါ အမြင်မှားနေတာလား...

ယင်းနောက် သူမ ဖုန်းထဲက လူရဲ့ ဘဏ်အကောင့်ကို ပြန်ရိုက်လိုက်ပြီး ငွေပြန်လွှဲဖို့ လုပ်လိုက်ပါတယ်..။

နောက်တစ်ကြိမ် ကျဆံူးသွားခဲ့တယ်..။

သတိပေးချက်...

"ခင်ဗျား စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ရှိနေတာလား..။ဒီအကောင့်က လူလိမ်အကောင့်လို့ ပြောနေတယ်လေ.."

"အာ..."

သက်လတ်ပိုင်း အရွယ်မိန်းမကြီးဟာ..အံ့ဩသင့်စွာ ရေရွတ်လိုက်တာပါ..။ယင်းနောက် သူမ ATM စက်ရဲ့ ဘေးမှာ ရှ်ိတဲ့ အရေးပေါ် ခလုတ်ကို နိပ်လိုက်တယ်..။

"အမြန်လာပါဦး..မင်းတို့ရဲ့ ATM စက်က ပြသနာ တစ်ချို့ရှိနေတယ်..။သူက ငါ့ကို စိတ်လွတ်နေတာလား..တဲ့.."

ဘဏ်ဝန်ထမ်းများ.. : ................

All Chapters