တစ်ခုခု ကြီးမားတာဖြစ်သွားပြီ
Vol. 35 Ch. 520
#ဘာသာပြန် = စနိုးဝှိုက်
ဘဏ်ဝန်ထမ်း အလျင်အမြန်လျောက်လာတဲ့ အချိန်မှာ သက်လတ်ပိုင်း အမျိူးသမီးကြီးဟာ..လက်ကို လှမ်းဆွဲလိုက်ပြီး...
"မင်းတို့ရဲ့ စက်က..ငါ့ကို စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေလား လို့ ပြောနေတယ်..။ခုနက စခရင်မှာ အဲလိုပေါ်လာတာ..။တကယ်ပြောတာ..ငါ ပြောတာကို ယုံ.."
ဘဏ်အလုပ်သမား တွေဟာ..သက်ပြင်းချလိုက်တယ်..
"မဒမ်..ကျွန်တော်တို့ကို နောက်နေတာလား..။ကျွန်တော်တို့..အခု အလုပ်ရှုပ်နေကြလို့ပါ.."
"ငါ အမှန်ကို ပြောနေတာ..မင်းမယုံရင် ကြည့်ထား..ငါ သက်သေ ပြမယ်.."
သက်လတ်ပိုင်းအရွယ် မိန်းမကြီးဟာ..ခုနက ဘဏ်အကောင့်ကို ငွေပြန်ပို့ဖို့ လုပ်လိုက်ပြီး..စခရင်ကို ညွှန်ပြလိုက်တယ်..။
"မင်း စောင့်ကြည့်နေလိုက်..ပေါ်လာလိမ့်မယ်.."
ဘဏ်အလုပ်သမားဟာ ခေါင်းခါယမ်း လိုက်ပြီး..စိတ်ကျန်းမာရေး ဆေးရုံကို တောင် ..ဒီမိန်းမကြီးကို ဖုန်းဆက်ဖို့ စိတ်ကူးနေမိပါပြီ..။ဒီ မိန်းမကြီး စိတ်ကျန်မာရေး ဆေးရုံက လွတ်လာတာ တောင်ဖြစ်နိုင်ပါတယ်..။
စက်ဟာ လုပ်ဆောင် နေခဲ့တယ်..။
သတိပေးချက် :
"ဒီမှာ ..ခင်ဗျား ဒီတိုင်းဆက်လုပ်နေမယ် ဆိုရင်..ကျုပ် လူလိမ်ဆီ ပိုက်ဆံ တကယ်ထည့်ပေးလိုက်တော့မှာနော်"
ချီးပဲ..
အဲ့အချိန်မှာတော့..ဘဏ်ဝန်ထမ်းဟာ..ATM စက်ရဲ့ စခရင်ကို အံ့ဩစွာကြည့်ပြီး..ဆွံ့အနေခဲ့ပါပြီ..။
"ဒီဘဏ်အကောင့်က လူလိမ် လို့ပြောထားတယ်လေ..။ခင်ဗျားတို့လို..စိတ်မမှန်တဲ့ လူတွေကို လိမ်စားနေတာ နားလည်ပြီလား...ချီးပဲ.."
"ကြည့်..ကြည့်..ငါ မင်းကို မလိမ်ဘူး..။ဒီစက်က..ငါ့ကို တစ်ချိန်လံူး စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေတဲ့ လူလို့ ပြောနေတာ.."
ဘဏ်အလုပ်သမားကတော့..ဆွံ့အနေခဲ့ပြီး..ဘာတွေ ဖြစ်နေမှန်း မသိတော့ပါဘူး..။သူ ချက်ချင်းပဲ အထက်အရာ ရှိကို ဆက်သွယ်လိုက်ပါတယ်..။
"ဒါရိုက်တာ..သိပ်တော့ မကောင်းတော့ဘူး..။ATM စက်အလုပ်လုပ် ပုံက တစ်ခုခုမှားနေပြီ..။ဒါက ကျွန်တော်တို့ကို စိတ်မမှန် တဲ့ လူတွေလို့ ပြောနေတယ်.."
ဒါရိုက်တာဟာ ဒါကိုကြားပြီး ကြောင်အသွားခဲ့ပါတယ်..။
…
တိမ်ဖြူလမ်း..။
လင်းဖန်..သက်ပြင်းချနေခဲ့တယ်..။
ဒီလောက် တုံးအတဲ့ လူတွေလည်းရှိနေသေး တာလား..။သူ သုံးကြိမ်လောက် သတိပေးတာတောင် ဒီအမျိုးသမီးက ..ငွေလွှဲဖို့ ဆက်တိုက်ကြိုးစားနေခဲ့တာပါ..။ဒါက..လိမ်တဲ့ လူတွေရဲ့..နည်းစနစ် တွေက အရမ်းကောင်းမွန်နေလို့ မဟုတ်ပဲ..အလိမ်ခံရတဲ့ လူတွေကိုက အတော်တုံးအ ကြတာ ဖြစ်နိုင်ပါတယ်..။
သူ နေရာတိုင်းကို လိုက်ပိတ်ပင်ထားပြီး..အဓိက ဦးစားပေးထားတာကတော့..ဘဏ် စစ်စတန် ပါပဲ..။တစ်ချိန်တည်းမှာပဲ..သူ လူလိမ် တွေတိုင်းရဲ့ ဘဏ်အကောင့် ငွေဝင်မူကို ပိတ်ထားပြီး..သုံးမရအောင် လုပ်ထားပါတယ်။တကယ်လို့..တစ်ယောက်ယောက်က သူတို့ အကောင့်ကို ငွေလွှဲဖို့ ကြိုးစားရင် ချက်ချင်း..ပယ်ဖျက်ခံရမှာပါ..။
ဒါပေါ့..ဒါက အဓိက အချက်မဟုတ်သေးပါဘူး..။သူရဲ့ ရည်ရွယ်ချက်က..အသက် ၇၀ အရွယ်အမျိုးသမီးကို ဘယ်သူက လိမ်သွားတာလဲ ဆိုတာပါပဲ..။
“62170013…4584.”
ဒါက လူလိမ်တွေရဲ့ ဘဏ်အကောင့်ဖြစ်ပြီး..လင်းဖန် ဘဏ်စစ်စတန် ထဲကို ဟတ်ပြီး ရထားခဲ့တာပါ..။ဘဏ်ရဲ့ လုံခြုံရေး စနစ်က ဟတ်ကာတွေရဲ့ ရန်ကို ကာကွယ်နိုင်ဖို့..အကောင်းဆုံး စစ်စတန် တွေ ထည့်သွင်းထားပေမယ့် လင်းဖန်ရဲ့ ရှေ့မှာ တော့ စက္ကူပေါ်က..ကျားတစ်ကောင်လို..ဘာမှ မခုခံနိုင်ခဲ့ပါဘူး..။
ဒီလောက် လူလိမ် တွေ အများကြီးထဲက..တစ်ယောက်ကို ရှာရမှာက ပြသနာရှိနိုင်ပေမယ့်..လင်းဖန် အတွက်တော့ မခဲယဥ္းပေ..။
ဆက်တိုက်ရှာဖွေနေခဲ့တယ်..။
"အာ.."
"တွေ့ပြီ.."
လင်းဖန် ..သံသယ ရှိတဲ့ လူတစ်ယောက် ATM စက် တစ်ခုရဲ့ ရှေ့မှာ ငွေထုတ်နေတဲ့ ဗီဒီယို ဖိုင်ကို ရပြီး..ကျေနပ်စွာ ပြောလိုက်တာပါ..။
"ချီးပဲ..သူက mask တပ်ထားပါလား..။ဒါပေမဲ့ ဒီလို လုပ်တာနဲ့ လွတ်ပြီ ထင်လို့လား.."
လင်းဖန် တစ်ယောက်ထဲပြောနေခဲ့တယ်..။စွယ်စုံကျမ်းရဲ့ ထူးခြားချက်က..အသိပညာခန်း တစ်ခုကို ရလိုက်ပြီ ဆိုရင် ဒီနယ်ပယ် မှာ ဘယ်သူမှ ယှဥ္ပြိုင်နိုင်မှာ မဟုတ်တော့ပါဘူး..။
ရှန်းယွန်ရှိ ဘဏ်တစ်ခုတွင်..။
ဘဏ်ရဲ့ သတိပေးချက် ဟာ ဆက်တိုက်မြည်လာခဲ့တယ်..။
"မကောင်းတော့ဘူး..။ငါတို့ ဘဏ်ရဲ့ စစ်စတန်ကို ဟတ်နေတဲ့ လူတစ်ယောက်ရှိတယ်..။သူက..အခု အတွင်းပိုင်း..အချက်အလက် တွေကို ကြည့်နေပြီ.."
"ဘာ..အမြန် ဒါရိုက်တာကို အကြောင်းကြားလိုက်..။ကျွမ်းကျင်ပညာရှင်တွေ ဘယ်မှာလဲ..။အမြန်သူတို့ကို စစ်စတန်ထဲက တိုက်ထုတ်ခိုင်းလိုက်..."
"ဘာ ကျွမ်းကျင်ပညာရှင်လဲ..။ငါတို့ ဆီမှာ ခန့်ထားတဲ့ ပညာရှင်တွေ အကုန်လုံးက လူသစ်တွေလေ.."
"အာ.."
"အရင်တုန်းက ငါတို့ကို ..ဘယ်သူမှ ဟတ်တာ မကြုံဖူးဘူးလေ..။ဒီတော့ ငါတို့လည်း သူတို့ကို မလိုဘူးပေါ့.."
ဘဏ်ရဲ့ ဒါရိုက်တာဟာ..အံ့ဩသင့်နေတဲ့ အမူအရာနဲ့ အလျင်အမြန် ပြေးလာနေခဲ့တယ်..။
ငါတို့ရဲ့ စစ်စတန်ကို ဘယ်လိုလူက ဟတ် နိုင်သွားတာလဲ...
"ဘယ်လိုဖြစ်နိုင်မှာလဲ..။သူ့ကို ပြန်တိုက်ခိုက်နေတဲ့ ပညာရှင်က အခုဘယ်မှာလဲ.."
ဒါရိုက်တာ မေးလိုက်တာပါ..။
အလုပ်သမားဟာ..ငိုချင်စိတ်တောင် ပေါက်နေခဲ့ပါပြီ..။
"ဒါရိုက်တာ သူ့ကို ပြန်ပြီး တိုက်ခိုက်လို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး..။ကျွန်တော်တို့ရဲ့ အလိုလျောက် ခုခံတဲ့ စနစ်တွေတောင်..ဒီလူ ဟတ်လာတဲ့ အချိန်မှာ...အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ဘူးလေ..။ကျွန်တော်တို့တောင် ..အထဲမှာ ရှိတဲ့..အချက်အလက်တွေ အကုန်မွှေနှောက်ခံပြီး သွားလို့ သတိပေးချက် ထမြည်လာမှ သိကြရတာ.."
"ကောင်းပြီ..မင်းက ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ..။အမြန်..ရဲဌာနကကို အကြောင်းကြားပြီး အင်တာနက် အရာရှိတွေကို လွှတ်ခိုင်းလိုက်..။တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် ..ငါတို့တော့..သေပြီပဲ.."
"သိပါပြီ.."
…
ကျောက်ကျန်းယန် စခရင်ကို အံ့ဩစွာကြည့်နေခဲ့ပြီး..
"အစ်ကိုလင်း..ဘာလုပ်နေတာလဲ.."
လင်းဖန် ကီးဘုတ်ပေါ်မှာ လျင်မြန်စွာ ရိုက်နေရင်း..
"ဘာမှမဟုတ်ဘူး..တစ်ခုခု ရှာစရာရှိလို့..ဘဏ်စစ်စတန် တစ်ခုကို ဟတ်နေတာ.."
ကျောက်ကျန်းယန် မတ်တတ်ရပ်ကာ.ကြောင်အနေခဲ့ပြီး..
"အစ်ကိုလင်း..ဥပဒေတွေ ကို ချိုးဖောက်ဖို့ လုပ်နေတာလား..။ဒါက အဖမ်းခံရရင် တကယ် မလွယ်ဘူးနော်..။ခြေရာလက်ရာ တွေကို ရော တစ်ခါတည်း ရှင်းလင်းခဲ့လား..။စစ်စတန် ကို ဟတ်မယ် ဆိုရင်..အစ်ကိုလင်း ဘယ်သူလဲ..ဆိုတာ လိုက်လာလို့ မရအောင်..အကုန်ရှင်းလင်းခဲ့မှ ရမယ်နော်..။ဘာပဲဖြစ်ဖြစ် မြန်မြန် ရပ်တန့်မှရမယ်..သူတို့ခြေရာခံမိသွားရင်တော့..အဆုံးသတ်ပြီပဲ.. "
"ဘာလို့ အဆုံးသတ်ရမှာလဲ..။ပြီးတော့..ဘာလို့ ခြေရာဖျောက်ခဲ့ရမှာလဲ..။သူတို့ ငါဘယ်သူလဲ သိတဲ့ အချိန်ဆိုရင်..ငါ လုပ်စရာ ရှိတဲ့ဟာက ပြီးနေလောက်ပြီ.."
"ဒါကအတော်ဆိုရွားတာပဲ..။ထောင်ထဲကို ရောက်သွားလိမ့်မယ်နော်.."
လူလိမ် ထျန်ဟာ 'ထောင်' ဆိုတဲ့ စကားလုံးကို ကြားတဲ့ အချိန်မှာ..ချောင်းဆိုးနေတာတောင် ရပ်တန့်သွားခဲ့တယ်..။
"ကောင်လေး..မင်းလျောက်ပြီး မကစားတာ ကောင်းလိမ့်မယ်နော်.."
လူလိမ် ထျန်ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မူတွေ ပေါ်နေခဲ့ပါတယ်..။
ဝူယူလန်ဟာလည်း ပြောလိုက်တယ်..။
"အစ်ကိုလင်း..ဘာလို့..ဒီလိုတွေ လုပ်နေရတာလဲ.."
"တကယ်လို့ ငါဒါကို လုပ်ဖို့ ငရဲကို မဆင်းဘူး ဆိုရင် ဘယ်သူ ဆင်းမှာလဲ..။အသက် ၇၀ အရွယ်အဘွားကြီးက ငါနဲ့..အမျိုးမတော်ပေမယ့်..အမှန်းတရားကို မြတ်နိုးတဲ့ မာစတာ တစ်ယောက်အနေနဲ့..ဒီလို နတ်ဆိုးတွေကို လွှတ်မပေးလိုက်နိုင်ဘူးလေ..။ဘာပဲဖြစ်ဖြစ် ငါထပ်မပြောတော့ဘူး..။ငါ အခုပဲ..ရဲဌာန ရဲ့ စစ်စတန်ကို ဟတ်လိုက်တော့မယ်..။မင်းတို့ လုပ်စရာ ရှိတာ လုပ်ကြ.."
"ဘာ.."
လူတိုင်း အံဩသင့်သွားခဲ့ကြတယ်..။
ဘဏ်ရဲ့ စစ်စတန်ကို ဟတ်တာ အားမရလို့..ရဲဌာန နဲ့ပါ သွားရှုပ်ချင်နေတာလား...။သူ သေချင်နေတာပဲ ဖြစ်လိမ့်မယ်..
လူတိူင်းဟာ..လင်းဖန်ကို စိုးရိမ်စိတ်တွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။သူတိူ့ လင်းဖန် နဲ့ သိလာတာ အတော်ကြာနေခဲ့ကြပါပြီ..။သူက ဘယ်တုန်းက ကွန်ပြူတာ ဒီလောက် ကျွမး်ကျင်သွားရတာလဲ..။
ရှန်းယွန်ရဲဌာန ဟာ တိုင်ကြားချက် တစ်ခု ရလာခဲ့တယ်..။
"မကောင်းတော့ဘူး..ဘဏ်တစ်ခုရဲ့ စစ်စတန် ဟတ်ခံရတယ်တဲ့..။ငါတို့..ဒီကိစ္စကို ဖြေရှင်းဖို့ ကျွမ်းကျင်ပညာရှင်တွေ လွှတ်ပေးမှရမယ်.."
"ဒါက ကိစ္စကြီးပဲ.."
"မင်း အင်တာနက် အရာရှိတွေကို ဆက်သွယ်ပြီးပြီလား.."
"အင်း ဆက်သွယ်နေတုန်းပဲ.."
ရုတ်တရက်..။
"မကောင်းတော့ဘူး..။နိုင်ငံ အတွင်းက..ဘဏ်တွေ တော်တော်များများရဲ့ စစ်စတန်တွေ ဟတ်ခံနေရတယ်..."
"ဘာ.."
"အင်တာနက် စပါယ်ရှယ်လစ် တွေ အခုဘယ်ရောက်နေပြီလဲ.."
"သူတို့ ဘဏ်ကို သွားနေကြတုန်းပဲ.."
"သူတို့ကို ပြန်ခေါ်ပြီး ငါတို့ ဆီက စစ်စတန်ကို အရင်စစ်ဆေးခိုင်းလိုက်.."
"သိပါပြီ.."
အဲ့အချိန်မှာတော့ ရှန်းယွန် ရဲဌာနရဲ့ အခြေအနေဟာ တကယ်ကို ဗရမ်းဗတာ ပါပဲ..။
…
"ငါ နောက်ဆုံးတော့ မင်းကို တွေ့ပြီပေါ့.."
လင်းဖန် သူ့ကိုယ်သူ ပြောပြီး ရယ်မောလိုက်တယ်..။သူ အစွမ်းကုန် ကြိုးစားပြီးတဲ့ နောက်မှာ..သူ ပစ်မှတ်ထားထားတဲ့ လူလိမ်ကို ရှာတွေ့ခဲ့ပါပြီ..။
သူ..ဒီလူရဲ့ ကိုယ်ရေး အချက်အလက်ကို..ရဲဌာန စစ်စတန် ထဲက နေ ချရေးပြီး မှတ်ထားလိုက်တယ်..။
"မင်း ဘယ်ကို ပြေးမလဲ ကြည့်ရအောင်.."
လင်းဖန် စိတ်ကြည်နေခဲ့ပါတယ်..။အဲအချိန်မှာတော့..ရှန်းယွန်ရဲဌာနဟာ သူတို့ ဟတ်ခံနေရတာကိုမသိကြသေးပါဘူး..။သူတို့ စစ်စတန် ရဲ့ သတိပေးချက် က နောက်ကျ လွန်းနေခဲ့တာပါ..။
လူလိမ် ရဲ့..မျက်နှာကို မြင်ရတဲ့ အချိန်မှာ လင်းဖန် အံ့ဩသွားခဲ့တယ်..။ဒီလူလိမ်က ရှန်ဟိုင်းက ပါ..။
သူ ဝိုက်ဘိုဖွင့်ပြီး ပုံနဲ့တကွ ပို့စ်တင်လိုက်ပါတယ်..။
"အဘွားကြီးကို လိမ်ညာခဲ့တဲ့ လူလိမ်ကို ကျုပ်တွေ့ထားပြီ..။တကယ်လို့ တရားခံ ဒီပို့စ်ကို မြင်ရင်. ချက်ချင်း အရှုံးကို ဝန်ခံပြီး အပြစ်ကို ခံယူပါ.."
လင်းဖန် ဖုန်းကို ယူကာ..လီရှောင်ရှမ်းကို ခေါ်လိုကိပါတယ်..။
"အကြီးအကဲ လီ..ကျွန်တော် လူလိမ်ကို တွေ့ထားပြီး..။သူက ရှန်ဟိုင်းမှာ နေတဲ့ လူတစ်ယောက်ပဲ..။ဘာလို့ ခင်ဗျားလူတွေကို ခေါ်ပြီး သူ့ဆီ တစ်ချက်သွား မကြည့်တာလဲ.."
လီရှောင်ရှမ်း သူကြားနေရတာကို..ယုံတောင် မယုံကြည်နိုင်ခဲ့ပါဘူး..။သူ က ဒီလောက် မြန်မြန်ရှာတွေ့သွားတာလား..။
"မာစတာ လင်း..သူ့ကိုဘယ်လို တွေ့ခဲ့တာလဲ.."
လီရှောင်ရှမ်း သေချာအောင် မေးလိုက်တာပါ..။
လင်းဖန် ရယ်မောလိုက်ပြီး...
"ဒါက တကယ်မလွယ်ဘူး..။ကျုပ် ဘဏ်ရဲ့ စစ်စတန်ကို ချိုးဖောက်ပြီး..ငွေလွှဲပြောင်းမူကို အရင်စစ်ဆေးခဲ့ရတာ..။အဲတာပြီးတာနဲ့ သူ့ကို ရှာဖို့ မီးပွိုင့်တွေရဲ့ ဒေတာဘေ့စ် တွေကို ဟတ်ပြီးသူ့မျက်နှာကို တွေ့အောင် ရှာခဲ့ရတယ်.။ဒါပေမဲ့ ဒီခွေးသားက တကယ် ့လျို့ဝှက်ပြီး လုပ်နေတာ..။သူ က တစ်နေရာပြီး တစ်နေရာမှာ ငွေထုတ်ပြီး မျက်နှာမှာလည်း MASK တပ်ထားသေးတယ်..။ဒါကြောင့်..ရဲဌာနရဲ့ ဒေတာတွေကို ဟတ်ပြီး မျက်နှာ အတည်ပြုချက်လုပ်လိုက်တယ်လေ..။ပြီးတာနဲ့ နိုင်ငံရဲ့..ဘဏ်ကို ဟတ်လိုက်မှ သူ့အကောင့့်ရဲ့ ငွေစီးဆင်းမူတွေ အကုန်ရခဲ့ရတယ်..။ဘာပဲဖြစ်ဖြစ်.အခု.ကျုပ်လုပ်စရာ တစ်ချို့ရှိသေးတယ်..တစ်ချို့ စစ်စတန် တွေကို ဟတ်ရဦးမှာ..ဖုန်းချလိုက်ပြီနော်.."
လီရှောင်ရှမ်း ဆွံ့အနေခဲ့ပါတယ်..။သူ တရားခံကို တွေ့ရလို့..မပျော်ရွှင်နိုင်ပဲ..အဲ့အစား ထိတ်လန့်မူ တွေပဲ ခံစားနေရတာပါ..။
မာစတာ လင်း ခုနက ဘာပြောသွားတာလဲ...
သူ ဘဏ်ရဲ့ စစ်စတန်ကို ဟတ် တယ်...
သူ ရဲဌာနရဲ့ဒေတာဘေ့စ် ကို ချိုးဖောက်ပြီး ဝင်တယ်..။
သူ မီးပွိုင့်တွေရဲ့ ဒေတာတွေကို ဟတ် တယ်...။
သူက တစ်ကမ္ဘာလုံးကို အံ့ဩသင့်အောင် လုပ်ချင်နေတာလား..
လီရှောင်ရှမ်းဟာ စစ်ဆေးရေးမှူး အရာရှိတစ်ယောက် ဖြစ်ပေမယ့် နှလုံးခုန်သံတွေဟာ အတော်မြန်ဆန်နေခဲ့ပါတယ်..။
"ဟဲ..လို..."
လီရှောင်ရှမ်း ဖုန်းထဲကနေ တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့်..လင်းဖန်ကတော့ အစောကြီးကတည်းက ဖုန်းချသွားခဲ့ပါပြီ..။
ဒါက ကိစ္စကြီးပဲ...
လီရှောင်ရှမ်း ငိုချင်နေခဲ့တယ်..။
မာစတာ လင်း...မင်းကို ဒီတစ်ခါတော့ ဗျူရိုကရေစီ အကြီးအကဲ တောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး...