← Chapters

ဖန်ဖန်က အပြစ်ကင်းတယ်..

Vol. 35 Ch. 521

ဖန်ဖန်က အပြစ်ကင်းတယ်..

Vol. 35 Ch. 521

#ဘာသာပြန် = စနိုးဝှိုက်

ဝိုက်ဘိုတွင်..။

မြို့သားတွေ အကုန်လုံး အံ့ဩသင့်သွားခဲ့ကြတယ်..။

“6666…”

"မာစတာ လင်း ဒါကို ဘယ်ကနေ ရှာလာတာ ဖြစ်နိုင်မလဲ.."

"ချီးပဲ ဒါက တကယ်သတင်းကောင်းပဲ..။သူ့ရဲ့ သီးသန့် ဘဏ်အကောင့်နဲ့..ကိုယ်ရေးကိုယ်တာတွေ အကုန်လုံး အင်တာနက်ပေါ် ရောက်လာပြီ..။ကြည့်ရတာ ဒါတွေက ဘဏ်ရဲ့ ဒေတာဘေ့စ် ထဲက ထွက်လာတာ တွေထင်တယ်..။

"နေပါဦး..ဖြစ်နိုင်တာက..မာစတာ လင်း.."

"မာစတာ လင်းက..ဘဏ်နဲ့ ရဲစခန်းရဲ့ ဒေတာဘေ့စ်ကို ဟတ်ခဲ့တာလား.."

"မဖြစ်နိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။မာစတာ လင်းက ကွန်ပြူတာတောင် ကောင်းကောင်းကိုင်တတ်တဲ့လူ မို့လို့လား.."

"ဒါဆို ဒါကို ဘယ်လို ရှင်းပြမှာလဲ..။ဒီ ပိုစ့်ကို မင်း ဘယ်လို ဖြေရှင်းမှာလဲ.."

"မင်းတို့စကားများ မနေကြနဲ့တော့..။ဒီကောင်က ရှန်ဟိုင်းက ဆိုတော့..မာစတာ လင်း သူ့နည်းသူဟန် နဲ့ အချက်အလက်ရခဲ့တာဖြစ်မယ်.."

"ဟုတ်တယ်.."

ဝိုက်ဘို သုံးနေတဲ့လူတိုင်း..လက်ရှိဖြစ်ပေါ်နေတာ တွေကို ယုံကြည်ဖို့တောင် ခက်ခဲ​နေကြပါတယ်..။မာ၀တာ လင်း..လူလိမ်ရဲ့ အချက်အလက် တွေ ရလာလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပါဘူး..။

သို့ပေမယ့်..ဒီအချက်အလက် တွေ ရရှိမူက တရားဝင်ရဲ့ လားဆိုတာတော့..သူတို့ သံသယ ဖြစ်မိပါတယ်..။

ဘာပဲဖြစ်ဖြစ်..မာစတာ လင်း တင်ထားတာ ဆိုတော့..အချက်အလက် တွေက အစစ်အမှန်ဖြစ်မှာပါ..။

ငှားရမ်းထားသည့် တိုက်ခန်း တစ်ခုတွင်..။

ကွန်ပြူတာ အနည်းငယ်ရဲ့ မျက်နှာပြင်ဟာ ပွင့်နေခဲ့ပြီး..မိုဘိုင်းဖုန်း တစ်ချို့ဟာလည်း စားပွဲပေါ်မှာ ပျံ့ကျဲ နေခဲ့ပါတယ်..။

ပိန်လှီနေတဲ့..လူငယ်လေးတွေဟာ ..ဘေးပတ်ပဆ်လည်မှာ ထိုင်နေခဲ့ကြတယ်..။သူတို့က..ခေါက်ဆွဲပြုတ် တစ်မျိုးတည်းသာ စားပြီး..သူတို့ရဲ့ အလုပ်က..မှောင်မဲနေတဲ့..တိုက်ခန်းထဲမှာပါ..။

"ဟဲလို မဒမ် ယန်.. ကျွန်တော်တို့က နေ့တိုင်း ပျော်ရွှင်စရာ..ပရိုဂရမ် အဖွဲ့ကပါ..။ကျွန်တော်တို့ အစီစဥ္ရဲ့ ကံအကောင်းဆုံး ကြည့်ရူသူ အဖြစ်အရွေးခံရလို့ ဂုဏ်ယူပါတယ်..။ခင်ဗျား..ကံထူးရှင် အဖြစ် ဒေါ်လာ ခြောက်သောင်း အနိုင်ရရှိခဲ့ပါပြီ..။မဒမ် လုပ်ဖို့ လိုတာ ဆိုလို့ ဆုငွေ တွေကို ထုတ်ဖို့..xx ဘဏ် အကောင့်ထဲကို ဒေါ်လာ ငါးထောင် လွှဲပေးယုံပါပဲ.."

လူငယ်လေးရဲ့ အသံဟာ သာယာ ငြိမ့်ညောင်းပြီး ဆွဲဆောင်မူ ရှိကာ..လုံးဝ ပရော်ဖက်ဆာ တစ်ယောက်လိုပါပဲ..။သို့ပေမယ့် တစ်ခြား တစ်ဖက်က လူဟာ..သူစကား မဆုံးခင်မှာပဲ..ဖုန်းကို ချသွားခဲ့ပါတယ်..။

"ချီးပဲ..ဒါက တကယ်မလေးစားရာကျတာပဲ.."

လူငယ်လေးက ပြောလိုက်တာပါ..။ယင်းနောက် ..သူ နောက်တစ်ယောက်ကို ဖုန်းခေါ်ဖို့ ပြင်ဆင်လိုက်တယ်..။

သူ့ရဲ့ ကွန်ပြူတာ ထဲမှာ ဆေးရုံတက်နေတဲ့ လူတွေ ရဲ့ အချက်အလက် တွေသာ..မက..တစ်ခြား အလုပ်လုပ်ကိုင် နေကြတဲ့ လူတွေ ရဲ့ အချက်အလက်တွေ အထိ အစုံရှိနေခဲ့တယ်..။

လူအများစုက သူတို့ကို မယုံကြည်ပေမယ့်လည်း ယုံကြည်တဲ့ လူအနည်းငယ်တော့ ရှိနေပါသေးတယ်..။

သူ အများကြီး တွေးတော မနေတော့ပဲ..နောက်ထပ် ပစ်မှတ် တစ်ခုကို ရွေးလိုက်တယ်..။

"ယန်လီ..တက္ကသိုလ် ကျောင်းသူ တစ်ယောက်..။ရွာငယ်လေးအခု၏..ဆင်းရဲသော မိသားစုမှ..။မဆိုးဘူး..ဒီတစ်ယောက်က ရွေးချယ်မူကောင်းပဲ.."

သူဖုန်းခေါ်လိုက်တယ်..။

"ကျွန်တော် ..ယန်လီ လို့ခေါ်တဲ့..ကျောင်းသူတစ်ယောက်နဲ့ စကားပြောချင်လို့ပါ.."

"ပြောနေပါတယ်.."

"အစ်ကို တို့က ကျန်းမာရေး ဌာနကပါ..။မင်း လျောက်ထားတဲ့ ပညာရေး ထောက်ပံ့စရိတ်က..လုပ်ဆောင် စရာရှိတာတွေကို လုပ်ဆောင် နေပါပြီ..မင်းလို အပ်တာဆိုလို့ အစ်ကိုတို့ရဲ့ စည်းမျဥ္းတွေကို လိုက်နာ ပေးယုံပါပဲ..။ကျေးဇူးပြုပြီး..အနီးနားဆုံး ATM စက်နားကို သွားပြီး..မင်းရဲ့ တရုတ်တည်ဆောက်ရေး ဘဏ်ကတ်ကို သုံးပြီး..ထောက်ပံ့ကြေး ပေ့စ်ကို ဖွင့်ပေးပါ..။နောက်ပိုင်းကို...လုပ်ငန်းစဥ်းတွေကို တော့ အစ်ကိုတို့ ဆက်ပြီး ကူညီပေးပါ့မယ်.."

"တကယ်လား..."

ဖုန်းထဲက နေ စိတ်လှုပ်ရှားတဲ့ အသံတစ်ခု ထွက်လာခဲ့တယ်..။

"ဟုတ်ပါတယ်ဗျ..ဒါ အမှန်ပါ.."

"အခု ပဲ ဘဏ်ကို သွားလိုက်ပါ့မယ်..။ခန စောင့်ပါဦး.."

"ကောင်းပါပြီ..ကျွန်တော် နာရီဝက်နေရင်..ဖုန်းပြန်ခေါ်လိုက်ပါ့မယ်..ဘိုင်ဘိုင်.."

ဖုန်းချပြီး နောက်မှာ လူငယ်လေးဟာ..ရယ်မောလိုက်တယ်..။ယင်းနောက်..သူမရဲ့ နံပါတ်ကို မှတ်ကာ..ဘေးနားက လုပ်ဖော်ကိုင်ဖက် မိန်းကလေး ဆီ လှည့်လိုက်ပြီး...

"ခနနေရင် ဒီနံပါတ်ကို ဖုန်းခေါ်လိုက်.."

"သိပြီ.."

မိန်းကလေး လုပ်ဖော်ကိုင်ထက်က ​ပြန်ဖြေလိုက်တာပါ..။

ဒါက သူမရဲ့ လုပ်ရိုးလုပ်စဥ္ တစ်ခုပါပဲ..။သူမ မိန်းကလေး ကို ဖုန်းထပ်ဆက်ပြီး..ဘဏ်ကို အမြန်သွားပါ မဟုတ်ရင် နောက်ကျ သွားလိမ့်မယ် လို့ ပြောမှာပါ..။တကယ်လို့ ကျောင်းသူ လေး ..အချိန်မှီမသွားဘူး ဆိုရင်..နောက်တစ်ခေါက် ရွေးချယ်မူ အတွက် တစ်လ ထပ်စောင့်ရမယ် လိူ့ ပြောလိုက်ယုံပါပဲ..။ဒါဆို ကျောင်းသူလေးက အများကြီး မတွေးတော့ပဲ..ဘဏ်ကို အမြန်သွားပြီး သူမတို့ ခိုင်းတဲ့ အတိုင်း လုပ်တော့မှာပါ..။

"အစ်ကို မြောင်က ဘယ်မှာလဲ.."

လူငယ်လေးဟာ သံသယဖြစ်စွာ မေးလိုက်တာပါ..။

မိန်းကလေး လုပ်ဖော်ကိုင်ဘက်ဟာ ခေါင်းခါယမ်းလိုက်ပြီး..

"အစ်ကို မြောက်က အချီကြီး တစ်ခု ရထားတော့..အတော် ပျော်ပါးနေမှာပေါ့..။သူ အချိန်တစ်ခုအထိ ပြန်လာဦးမှာ မဟုတ်သေးဘူး.."

"ငါ ဘယ်တော့များမှ..အစ်ကို မြောင် လို်မျိုး ဖြစ်မှာလဲ မသိဘူး.."

လူငယ်လေးဟာ အားကြတဲ့ လေသံနဲ့ ပြောလိုက်တာပါ..။

"ဖြည်းဖြည်းပေါ့..နင့်မှာ အစ်ကို မြောင် ဆီက သင်ယူစရာ တွေ အများကြီး ရှိသေးတယ်.."

မိန်းကလေး လုပ်ဖော်ကိုင်ဖက်က ပြန်ပြောလိုက်တာပါ..။

အိမ်ထဲတွင်..။

မြောင်ဖန်းဟာ..ကွန်ပြူတာ ဂိမ်းတစ်ခုကို ဆော့နေခဲ့တယ်..။သူ ဒီရက်ပိုင်း ပိုက်ဆံ အချီကြီး ဝင်ထားတာ ကြောင့် စိတ်အခြေအနေ အတော်ကောင်းမွန် နေခဲ့ပါပြီ..။သူ ဂိမ်းဆော့ရင်း ပျင်းသွားတဲ့ နောက်မှာ..အင်တာနက်မှာ ဘာသတင်းတွေ ထူးလဲ ဖတ်ဖို့ လုပ်လိုက်တယ်..။

ဝိုက်ဘို..။

ရုတ်တရက်..သူ့ရဲ့ မျက်နှာ အမူအရာ ပြောင်းလဲ သွားခဲ့ပါပြီ..။

ချီးပဲ..ဘာလို့ ငါ့ရဲ့ ကိုယ်ရေးအချက်အလက်တွေက ပေါက်ကြားနေတာလဲ...

သူ အသေစိတ်အချက်အလက် ကို ဖတ်ကြည့်ပြီးတဲ့ နောက်မှာ ကြောက်ရွံ့စွာ ထခုန်လိုက်ပါတယ်..။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..။ဘယ်လိုလုပ်ပြီး ငါ့ကို ရှာတွေ့သွားတာလဲ.."

မြောင်ဖန်း ယုံတောင် မယုံကြည်နိုင်တော့ပါဘူး..။ဒါက သူ အဖမ်းခံသွားရနိုင်ပါတယ်..။

အဲ့အချိန်မှာတော့..မြောင်ဖန်း ဟာကြောင်အစွာ ထိုင်နေပြီး ဘာလုပ်ရမလဲ မသိတော့ပါဘူး..။သူ လုံးဝကို ဆွံ့အနေခဲ့ပါပြီ..။

ငါ ထွက်ပြေးရင် ကောင်းမလား..

ဒါပေမဲ့ ဘယ်ကိုလဲ...

ဒီလိုခေတ်ကြီးမှာ..လုံးဝ ပျောက်ကွယ်သွားဖို့ ဆိုတာက အဖြစ်နိုင်သလောက်ပါပဲ..။

အသက် ၇၀ အရွယ်အဘွားကြီး သေသွားပြီး..။မြောင်ဖန်း ဒီတစ်လျောက်လုံးမှာ သူလိမ်လည်ခဲ့တဲ့ သက်ကြီးရွယ်အို တွေကို ပြန်တွေးကြည့်လိုက်ပါတယ်..။သူ သတင်းတွေ ဖတ်ခဲ့ပေမယ့် သိပ်ပြီး ဂရုစိုက်လေ့ မရှိပါဘူး..။

သတင်းတွေက. သူ့အကြောင်းကို ပြော နေခဲ့တာပါ..။

မြောင်ဖန်းရဲ့ လည်ချောင်းဟာ ခြောက်သွေ့နေပြီး အမြင်တွေ ဝေဝါးနေခဲ့တယ်..။

* ဒေါက် ဒေါက် *

အဲ့အချိန်မှာပဲ..တစ်စုံတစ်ယောက်ဟာ တံခါးခေါက်လာခဲ့တယ်..။

တံခါးခေါက်သံကို ကြားတဲ့ အချိန်မှာ မြောင်ဖန်း အံ့ဩသင့်စွာ ထအော်လိုက်ပါတယ်..။

သူ တစ်ခြား လူတွေကို တံခါး မဖွင့်ဖို့ ပြောလိုက်ချင်ပေမယ့် တံခါး တစ်ဖက်မှာ ဘယ်သူတွေလဲ ဆိုတာ မသိသေးပါဘူး..။

ရုတ်တရက် ..တံခါး အပြင်ကနေ ကျယ်လောင်တဲ့ အသံတွေ ထွက်လာခဲ့တယ်..။

"မှောက်ထား..လက်ကို နောက်ပြန်ကပ်ထား..။မလှုပ်နဲ့.."

ဘန်း...

တံခါးကို အတင်းအားသုံး တွန်းဖွင့်ပြီး လီရှောင်ရှမ်း အခန်းထဲကို ဝငိလာခဲ့ပါတယ်..။သူ အခန်းထဲမှာ မြောင်ဖန်းကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်တယ်..။

"ငါတို့ လာရှာတဲ့ လူကို တွေ့ပြီ.."

မြောင်ဖန်း ရဲအရာရှိကို မျက်လုံး ပြူးကျယ်ပြီး ကြည့်လိုက်ပါတယ်..။သူ့ရဲ့ အချက်အလက် တွေ အသ်တာနက်ပေါ် ဘယ်လိူ ရောက်သွားလဲ..သူ နားမလည်နိုင်တော့ပါဘူး..။

…

တိမ်ဖြူလမ်း..။

"အစ်ကိုလင်း ပြီးသွားပြီလား..။လာတွေ လုပ်နေတာလဲ.."

ကျောက်ကျန်းယန် အစ်ကိုလင်းကို ကြည့်ပြီး ပြောလိုက်တာပါ..။

"ငါ စတင်ထားတာ ဆိုတော့ ရပ်တန့်လို့ မရတော့ဘူး..။ဒီကမ္ဘာကြီးက..မကောင်းမူတွေ အတော်များတာပဲ..။ငါ ဖယ်ရှားနိုင်သလောက် ဖယ်ရှားရမယ်.."

လင်းဖန် ပြန်ဖြေလိုက်တာပါ..။

"အာ.."

ကျောက်ကျန်းယန်..လင်းဖန်ကို ကြည့်ပြီး ပဟေဠိ ဖြစ်သွားခဲ့ပါတယ်..။

ရှန်းယွန် ဘဏ်..။

စပါယ်ရှယ်လစ် တွေဟာ..လွဲမှားနေတာတွေကို စစ်ဆေးနေခဲ့တယ်..။

"စစ်စတန်..မှာ ဘယ်ဖိုင်မှ..​ပျောက်သွားမှာ မရှိဘူး..။အရာရာတိုင်းက ပုံမှန်ပဲ.."

"ဒီ ဟတ်ကာက တကယ်ကို တစ်ခုခုပဲ..။စစ်စတန်မှာ ရှိနေတဲ့..တုန့်ပြန်နိုင်စွမ်းတွေက..ဘာမှ..မထူးခြားဘူး..။တတိယ မျိုးဆက်ရဲ့ စစ်စတန်က..တောင် သူ့ကို မတားဆီးနိုင်ပါလား..။ဒါပေမဲ့..သူက ဂရုမစိုက်တတ်တော့ ခြေရာလက်ရာ တွေကို မဖျောက်ခဲ့ဘူး..။ငါတို့ အချိန်ခနပေးလိုက်ရင် သူ့ကို ရှာနိုင်လိမ့်မယ်.."

"မဟုတ်ဘူး ဒီ ဟတ်ကာက..သူ့ကို သူ မဖုံးကွယ်ယုံတင် မကဘူး..သဲလွန်စ တွေပါ ချန်ထားပေးခဲ့တာ..။ဒါတွေကို သူလုပ်တယ် ဆိုတာ..သူ ပွင့်ပွင့်လင်းလင်း..ဖော်ပြသွားခဲ့တာပဲ."

အင်တာနက် ပရောဖက်ဆာတွေ အကုန် အံ့ဩသင့်သွားခဲ့တယ်..။

"ဘယ်လိုဖြစ်နိုင်မှာလဲ..။ကမ္ဘာပေါ်မှာ ဒီလောက် တုံးအတဲ့ ဟတ်ကာ..ရှိသေးတာလား.."

"အားလုံးပဲ..ဒီဟတ်ကာ ကိုတွေ့ရင်..တစ်ယောက်တည်း လုပ်တာ ဟုတ်လားလို့ မေးကြည့်ရအောင်..။ဒီလို ကျွမ်းကျင်မူ စကေး တွေနဲ့ ဆိုရင်.အဖွဲ့လိုက်လုပ်ဆောင် နေတာလားလို့တောင် ငါ သံသယ ဖြစ်မိတယ်.."

"စလိုက်ရအောင်.."

…

ခနကြာပြီးနောက်..။

"ငါ သူ့ ID ကို သိတယ်..။သူက ရှန်ဟိုင်းကပဲ.."

"ငါလည်း အတူတူပဲ.."

"သူ့ရဲ့ ID အရတော့..သူက တိမ်ဖြူလမ်းရဲ့..ဆိုင်တစ်ဆိုင်မှာ နေနေတာပဲ.."

"ဘာ..ဒီဟတ်ကာက အတော် စက်ဆုပ်ဖို့ ကောင်းျာပဲ..။အပြစ်မဲ့ တဲ့ လူတွေကို တောင် ဒီထဲကို ဆွဲထည့်လိုက်သေးတယ်..။သူ ချန်ထားတဲ့ သဲလွန်စတွေက..အပြစ်မဲ့ တဲ့ လူဆီကို ညွှန်ပြနေတာ..။ဒါက မယုံနိုင်စရာပဲ..။ထပ်ရှာကြည့်ကြ.."

"သိပါပြီ.."

"ခေါင်းဆောင်..တစ်ခုခု မူမမှန်တော့ဘူး..။သဲလွန်စတွေ အကုန်လုံးက..တိမ်ဖြူလမ်းကိုပဲ..ညွှန်ပြနေတာ..။တစ်ခြား သဲလွန်စ တွေက မရှိတော့ဘူး.."

"ဒီလို အဆင့်ရှိတဲ့..ဟတ်ကာက..သူ့ရဲ့ သဲလွန်စကို..ဘယ်လိုနည်းနဲ့မှ ချန်ထားမှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်..။ဒါပေမဲ့ ဒီခွေးသားက ငါတို့ကို..အထင်သေးနေတာပဲ..။သူ စီစဥ္ထားသလို ငါတို့ အပြစ်မဲ့တဲ့ ပြည်သူကို ဖမ်းမယ် ထင်နေတာလား..။တစ်ဖွဲ့က..ဘဏ်ရဲ့ စစ်စတန်ကို ..ကာကွယ်ထားပြီး..နောက်တစ်ဖွဲ့က..ဟတ်ကာရဲ့ သဲလွန်စကို ထပ်ရှာကြ.."

"သိပါပြီ.."

All Chapters