ထောင်ထဲမှာ တွေ့ကြရအောင်..
Vol. 35 Ch. 522
#ဘာသာပြန် = စနိုးဝှိုက်
သံသယ ရှိသူဟာ ဖမ်းခံခဲ့ရတယ်..။ဘာစစ်မေးမူမှတောင် မလုပ်ရသေးပဲ..သံသယ ရှိသူဟာ အကုန်ဝန်ခံခဲ့ပါတယ်..။
သူ လုပ်ခဲ့တဲ့ အရာတွေကို သူ ရှုပ်ထွေးနေခဲ့ပါပြီ..။သူ ကျခံ ရမဲ့ အပြစ်ဒဏ် လျော့နည်းဖို့သာ မျှော်လင့်နေခဲ့ပါတယ်..။
မြောင်ဖန်း အဖမ်းခံရပြီး နောက်မှာ ဘာမှ အများကြီး တွေးမနေတော့ပါဘူး..။သူ ဘာရှိသမျှ အချက်အလက် တိုင်းကို..အမူသက်သာ အောငိ..အကုန်ထုတ်ပြောခဲ့လိုက်ပါတယ်..။
လီရှောင်ရှမ်းက တော့..မြောင်ရှမ်းကို သိပ်စိတ်မဝင်စားပေ..။သူ့စိတ်ထဲမှာ..မာစတာ လင်း နဲ့ပဲ ကြီးစိုးနေခဲ့ပါတယ်..။မာစတာ လင်း..ဒါတွေကို တကယ် ရှာဖွေ နိုင်လိမ့်မယ် လိူ့ သူ မထင်ထားခဲ့ပါဘူး..။
မာစတာလင်း..ဘဏ်ရဲ့ စစ်စတန် နဲ့ ရဲဌာနရဲ့ ေဲတာဘေ့စ်ကို ဟတ်တဲ့ အချိန်မှာ မဟုတ်တာ ဘာမှ မလုပ်ဖူး လို့ သူ ယုံကြည်ပါတယ်..။သို့ပေမယ့် ဒါက အမူ သေးသေးလေး မဟုတ်ပါဘူး..။သူက စစ်ဆေးရေးမှူး တစ်ယောက်သာ ဖြစ်ပြီး..သူ့ရဲ့ အထက်အရာရှိ ဗျူရို ခေါင်းဆောင် တောင် လင်းဖန်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပေ..။
သူတော့ အဆုံးသတ်ပြီ..။
သူ ဘာလုပ်ရမှန်း မသိပဲ လက်နှစ်ဖက်ကို သာ ပွတ်နေခဲ့ပါတယ်..။
ကလင်...ကလင်...
အကြီးအကဲ ချင် ဖုန်းခေါ်လာခဲ့တယ်..။
"အခြေအနေဘယ်လိုလဲ..။ငါတို့ အလိုရှိတဲ့ လူကို ဖမ်းမိပြီလား.."
"ကျွန်တော်တို့ တွေ့ပါပြီ..။ဒါပေမဲ့ အကြီးအကဲ..ကျွန်တော်တို့ကို တရားခံ ကူညီပြီး ဖမ်းပေးတာ မာစတာ လင်းဆိုတာ ကျွန်တော် တင်ပြချင်တယ်.."
"ဘာ...ဒါဆို..မာစတာ လင်းက..တရားခံကို မိအောင် ကူညီခဲ့တာပေါ့.."
အကြီးအကဲ ချင်..တုန်ရီနေတဲ့ လေသံနဲ့ မေးလိုက်တာပါ..။သူ ကြားတာကို တောင် သူ မယုံနိင်တော့ပါဘူး..။
"အင်း..ပြီးတော့..သူ တရားခံကို ရှာတဲ့ နည်းလမ်းက သိပ်တော့ နည်းလမ်းမကျဘူး..။သူက ဘဏ်ကို ဟတ်ခဲ့တဲ့ အပြင် ..ရဲဌာန ရဲ့ ဒေတာဘေ့စ်ကိုလည်း ချိုးဖောက်ပြီး ဝင်ခဲ့သေးတယ်..။ကျွန်တော် ကတော့ တစ်ခုခု ကြီးမားတာ ဖြစ်တော့မယ် လို့ ခံစားနေရတယ်.."
အကြီးအကဲ ချင်ကတော့..ဖုန်းကို ကိုင်ပြီး ဘာမှမပြောပဲ တိတ်ဆိတ်နေခဲ့ပါတယ်..။သူ လုံဝကို တုန်လှုပ်နေခဲ့ပါပြီ..။
ဘယ်လိုဖြစ်နိုင်မှာလဲ....။မာစတာ လင်းက ဒါမျိုးတွေ ဘယ်လို လုပ်နိုင်မှာလဲ.....
အမူက ဘယ်လိုပဲဖြစ်ဖြစ်..လင်းဖန် လုပ်ခဲ့တာတွေက တရားမဝင်ပါဘူး..။
ဗျူရိုကရေစီ ရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ သူတောင်..မာစတာ လင်း လုပ်ခဲ့တာတွေကို ကာကွယ်ပေးဖို့ မဖြစ်နိုင်ပေ.."
"ခေါင်းဆောင် ဖုန်းကိုင်ထားသေးလား.."
လီရှောင်ရှမ်း စိတ်ပူစွာ မေးလိုက်တာပါ..။
"အင်း..ငါ နားထောင်နေတယ်..။အမြန် ငါ့ဆီကိုလာခဲ့ .။ငါတို့ ဘာဆက်လုပ်ရမလဲ ဆွေးနွေးဖို့ လိုတယ်.."
"သိပါပြီ.."
…
တိမ်ဖြူလမ်း..။
လင်းဖန် ရဲ့ လက်ချောင်းတွေဟာ ကီးဘုတ်ပေါ်မှာ ဆက်တိုက် ရွေ့လျားနေခဲ့တယ်..။သူ လုပ်စရာ ရှိတာကို သူ ဆက်လုပ်နေခဲ့တာပါ..။
ကျောင်းနင်ရှိ ဘဏ်တစ်ခုတွင်..။
"မကောင်းတော့ဘူး..ငါတို့ရဲ့ ဘဏ်ဆာဗာ..ဟတ်ခံရပြီ.."
"ဘာ..ဟတ်ခံရတာလား..။မင်း အိမ်မက်မက် နေတာလား..။ဘယ်သူက ဒါမျိုးလုပ်ရဲ မှာလဲ..."
"မင်းဟာ မင်းသေချာ ကြည့်လိုက်..ဘဏ်ရဲ့ ဒေတာတွေကို တစ်ယောက်ယောက် ဝင်ကြည့်နေပြီ.."
"မင်းက ကျွမ်းကျင်ပညာရှင်လေ..။အမြန် ..တစ်ခုခု လုပ်ဦး.."
"ငါ သူ့ကို မတားနိုင်ဘူး..။ဟတ်ကာက အရမ်းကျွမ်းကျင်လွန်းတယိ..သူ့ကို ဆာဗာထဲက ကန်ထုတ်ဖို့ မဖြစ်နိုင်ဘူး.."
"ချီးပဲ.."
ရဲဌာန တွင်..။
ဒါက..တရားမျှတမူ စင်တာ ဖြစ်ပြီး..လက်ရှိချိန်မှာတော့ လူတိူင်းက တစ်နေရာတည်းမှာ ဝိုင်းနေခဲ့ကြပါတယ်..။
"ဘာတွေဖြစ်နေတာလဲ..။ဒေတာဘေ့စ် တွေ ဖျက်ဆိီး ခံရလို့ မဖြစ်ဘူးနော်.."
အင်တာနက် အရာရှိရဲ့ နှာဖူးမှာတော့ ချွေးသီး ချွေးပေါက်တွေ ကျနေခဲ့ပါတယ်..။
"ငါလည်း..သူ့ကို တားဆီးဖို့ကြိုးစားနေတာပဲ..။ဒါပေမဲ့..ဟတ်ကာက..ဒေတာဘေ့စ်ကို..ဖျက်ဆီးဖို့ ကြိုးစားနေတာ မဟုတ်ဘူး..။သူတစ်ခုခုကို ဝင်ရှာနေတာ.."
"ရှာဖွေတာကို လည်း ခွင့်ပြုလို့ မရဘူးလေ..။ဟတ်ကာ ရဲ့ တည်နေရာကို ..ရှာဘိုက်.."
"ငါတို့ တွေ့ထားပြီးပြီ..။ဟတ်ကာက..သဲလွန်စ အကြီးကြီးတွေ ကျန်နေခဲ့တယ်..။သူက..ဖုန်းကွယ်ဖို့တောင် စိတ်ဝင်စားတဲ့ ပုံမရှိဘူး..။သူက တိမ်ဖြူလမ်းက..."
"ရှန်ဟိုင်းကလား..။
"ဟုတ်တယ်..ဒါပေမဲ့ ပြသနာတစ်ခုတော့ရှိတယ်..။ဒီလို အဆင့်ရှိတဲ့..ဟတ်ကာက သူ့နေရာ သူတော့..ဖော်ပြ ထားမှာ မဟုတ်လောက်ဘူးလေ..။ဒါက ကိုယ့်ကိုကို သတ်သေနေသလိုပဲ.."
"အများကြီး မတွေးနဲ့..။ရှန်ဟိုင်းကို အကြောင်းကြားပြီး တစိယောက်ယောက်ကိုသာ..စစ်ဆေးခိုင်းလိုက်.."
"သိပါပြီ.."
…
ဝိုက်ဘိုတွင်..။
လင်းဖန် လူလိမ် တွေရဲ့ အချက်အလက်တွေကို ဆက်တိုက် ပိုစ့်တင်နေခဲ့တယ်..။
"ဒါက လူလိမ် တွေရဲ့ အချက်အလက် တွေပဲ..။မင်းတို့ကို အကြံပေးချင်တယ်..။ကိုယ့်အမှားကို ဝန်မခံရဲတာက..အမှားတွေ လုပါတာထက် ပိုဆိုးရွားတယ်နော်..။ငါလည်း ဒါတွေအကုန်လုပ်ပြီးသွားရင် ကိုယ့်တာဝန်ကိုယ်ယူမှာ.."
ကျောက်ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန်ရဲ့ ဝိုက်ဘိုကို.ပို့စ်ကို ဖတ်ပြီး ကြောင့်လန့်သွားခဲ့တယ်..။
"အစ်ကိုလင်း..ဘာတွေ လုပ်နေတာလဲ.."
လူလိမ် ထျန်လည်း လေးနက်စွာ ပြောလိုက်တယ်..။
"ဟုတ်တယ်..မင်းက ငါတို့အပေါ် အရမ်းမကောင်းပေမယ့်..ငါတို့က သူငယ်ချင်း မိတ်ဆွေတွေလေ..။တကယ်လို့ မင်းထောင်ကျသွားရင် ငါတို့က မင််းမရှိပဲ ဘာလုပ်ရမှာလဲ.."
ဝူတန်ဟီလည်း လင်းဖန်ကို ကြည့်နေခဲ့ပါတယ်..။ဒီလူငယ်လေးစိတ်ထဲမာ ဘာတွေ ရှိနေလဲ သူမခန့်မှန်း နိုင်တော့ပါဘူး..။
ဝူယူလန်ကတော့..ငိုခါနီး နေပါပြီ..။
"အစ်ကိုလင်း..ကိုယ့်ကိုကို..ထိခိုင်အောင် မလုပ်ပါနဲ့..။ဘာလို့ ဝိုက်ဘိုမှာ အဲလိုတွေ ရေးနေတာလဲ.."
လင်းဖန် သူမကို လက်ဝေ့ယမ်းပြလိုက်ပြီး...
"ဘာမှမဖြစ်ဘူး..။နိမ့်ချပြီး နေရတယ်.."
ဝိုက်ဘိုက လူတွေဟာ လည်း..အချက်အလက်တွေကို မျှဝေ နေကြပါပြီ..။
"ချီးပဲ..မာစတာ လင်း ဒီအချက်အလက် တွေကို ဘယ်က ရတာလဲ.."
"ဒါက လူလိမ် တွေရဲ့ အချက်အလက်တွေလား.."
"သူ ဒါတွေ ဘယ်ကရတာလဲ.."
"မာစတာ လင်း အမှန်ကို ပြောပါ..။မင်း ဘဏ်နဲပ ရဲဌာန တွေကို ဟတ် ခဲ့တာလား..။မဟုတ်ရင် ဒါတွေကို ဘယ်လို ရမှာလဲ.."
"မာစတာ လင်း ..ဒီအချက်အလက်တွေ ပေးတာတော့ ကောင်းပါတယ်..။ဒါပေမဲ့..ဘဏ် နဲ့ ရဲဌာနတွေကို ဟတ်ခဲ့ရင် ပြစ်မူက..တစ်ခြား အမူကြီးတွေ ထက်တောင် ပိုကြီးတယ်နော်.."
"ချီးပဲ..ဒါက .မာစတာ လင်း ထောင်ကျတော့မယ် လို့ပြောနေတာ မဟုတ်ဘူးလား.."
"မဖြစ်နိုင်တာ.."
မြို့သားတွေ ဆွေးနွေးနေတဲ့ အချိန်မှာ လင်းဖန်က ဘဏ်ပေါင်း သုံးဆယ်ကျော်လောက်ကို ဟတ်ပြီး နေခဲ့ပါပြီ..။
အင်တာနက် လုံခြုံရေးဌာန ဟာလည်း တင်ပြချက်တွေ ဆက်တိုက်ရရှိနေခဲ့ပါတယ်..။
"အရမ်းကျွမ်းကျင် တဲ့ ဟတ်ကာ တစ်ယောက် ပေါ်လာနေတယ်..။သူက ဘဏ်ရဲ့ စစ်စတန် တွေကို လိုက် ဟတ်နေတာ..။ငါတို့ရဲ့ လက်ရှိ အဓိက မစ်ရှင်က ..သူ့ကို ရှာပြီး တားဆီးဖို့ပဲ.."
ဒီဌာနက လူတိုင်းက ကွန်ပြူတာ ကျွမ်းကျင်ပညာရှင် တွေချည်းပါပဲ.. ။သူတို့ ရဲ့ ကျွမ်းကျင်မူကိုသူတို့ယုံကြည်မူ ရှိကြပါတယ်..။သူတို့ထဲက တစ်ချို့ဟာ အရင်တုန်းက တရားမဝင်နည်းလမ်းနဲ့ ငွေရှာ ခဲ့တဲ့ လူတွေ ဖြစ်ပြီး..အခုချိန်မှာ အင်တာနက် လုံခြုံရေး ဌာနက အလုပ်ကမ်းလှမ်းထားခဲ့တာပါ..။
"ဘယ်လောက်များ ကြမ်းတမ်း နိုင်မှာ မို့လို့လဲ..။ငါတို့လက်ထဲကနေ ပြေးလို့ မလွတ်ပါဘူး.."
"ဟုတ်တယ်..ငါတော့ ဒီဟတ်ကာ နဲ့ တစ်ကယ် တွေ့ချင်နေပြီ.."
"လာ စလိုက်ကြရအောင်.."
"ဒါက..အဲ့ဟတ်ကာ ချန်ထားတဲ့ သဲလွန်စတွေပဲ..။မင်းတို့ရဲ့ အလုပ်က သူ့ကို ရပ်တန့်ရမယ်.."
အင်တာနက် လုံခြုံရေး ဌာနရဲ့ ခေါင်းဆောင်က ပြောလိုက်တာပါ..။
"သိပါပြီ.."
အဲ့အချိန်မှာပဲ..ကျွမ်းကျင် ပညာရှင် အုပ်စုဟာ..စတင်ပြီး လုပ်ဆောင် လိုက်ကြတယ်..။
"သူ့ကို တွေ့ပြီ..။သူက လက်ရှိ ကျုံးကျိုး ရဲ့ ဘဏ်တစ်ခုထဲမှာ ရောက်နေတာ..။သူ့ကို တားဆီး လိုက်ကြရအောင်.."
"ငါလာနေပြီ.."
"ငါ ရောက်နေပြီ.."
"သူ့ကို ..တစ်ချိန်တည်း တိုက်ရမယ်.."
…
တိမ်ဖြူလမ်းမှာတော့..လင်းဖန်ရဲ့..အသစ်စစ်စစ် ကွန်ပြူတာ လေးဟာ..အဆက်အပြတ် လုပ်ဆောင် နေမူကြောင့် တဝီဝီ မြည်နေခဲ့ပါတယ်..။
ကျောက်ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာ..လင်းဖန် ရဲ့ လက် ကီးဘုတ်ပေါ်မှာ အဆက်မပြတ် ရွေ့လျားနေတာကို ကြည့်ပြီး ကြောင်အနေခဲ့ကြတယ်..။
အံ့ဩမူ..
တုန်လှုပ်မူ..
လင်းဖန်က မရပ်တန့်ခင် ဘယ်လောက် ထိလုပ်ချင် နေတာလဲ...
"ဟေး.."
လင်းဖန် ရေရွတ်လိုက်တယ်..။
"ချီးပဲ ဒီကောင်တွေက မောက်မာ လှချည်လား..။သူတို့က ငါ့ကို တစ်ချိန်တည်း ဝိုင်းတိုက်ခိုက်ဖို့ စီစဥ္ နေကြတာပဲ..။မင်းတို့..အမှန်းတရားကို ချစ်တဲ့ သခင်လေး လင်းနဲ့ တွေ့တာတော့ ကံဆိုးသွားပြီ.."
တရားမျှတမူ ..အတွက်ဆိုရင် . အမှန်တရား လင်း ရဲ့ လုပ်ဆောင်ချက်..တွေက ရပ်တန့်မူ မရှိပါဘူး..။
ဒါက နတ်ဘုရား တစ်ယောက်က ကျန်တဲ့နတ်ဘုရားတွေကို သတ်ဖြတ်နေသလိုပါပဲ..။
မင်းတို့ ဘယ်သူတွေလဲ တော့ မသိဘူး..။ဒါပေမဲ့ ဒီထဲကနေ လစ်လိုက်ကြတော့..။
အင်တာနက် လုံခြုံရေး ဌာနကဘလူတွေဟာ..ဟတ်ကာ ရဲ့ တန်ပြန်တိုက်ခိုက်ချင်းကို ခံနေကြရပါတယ်..။
"မကောင်းတော့ဘူး..။ငါ ဆာဗာ ထဲက..ကန်ထုတ် ခံလိုက်ရပြီ.."
"ငါရောပဲ..ငါ အဲ့ကောင်ကိုတွေ့ယုံပဲ ရှိသေးတယ် ကန်ထုတ်ခံလိုက်ရတာ.."
"အဲ့ခွေးသားက ဘယ်သူလဲ..။သူက ဘာလို့ အဲလောက် ကောင်းနေရတာလဲ.."
"ခေါင်းဆောင်..ဒီခွေးသားက..တော်တော် ကျွမ်းကျင်တယ်..။ကျွန်တော်တို့က သူ့ရဲ့ ဘက်မဟုတ်ဘူး..."
"မကောင်းတော့ဘူး..။သူက..ငါတို့ ကွန်ပြူတာထဲပါ အချက်အလက်တွေ ဝင်ကြည့်နေတယ်.."
"ဘာ..သူ့ကို အမြန်တားလေ.."
ခေါင်းဆောင်ဟာ..အံ့ဩသင့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တာပါ..။
"သူကို တားဖို့က မဖြစ်နိုင်ဘူး.."
"ဒီလောက် ကျွမ်းကျင်တဲ့လူ..ဒီနိုင်ငံမှာ ရှိတာလား.."
"ငါတော့ ရူးချင်နေပြီ ..။သူက ငါ့ကွန်ပြူတာထဲမှာ မြွေဖမ်းတဲ့ ဂိမ်းကိုတောင် ဖွင့်ခဲ့သေးတယ်..။
အဲ့အချိန်မှာတော့ အင်တာနက် လုံခြုံရေးဌာနက လူတွေ အကုန်လုံး ငိုချင်နေကြပါပြီ..။ဒီလို အခြေအနေမျိုးကို သူတို့ ပထမဆုံး ကြုံတွေ့ကြရတာပါပဲ..။
"ငါ ဟတ်ကာရဲ့ တည်နေရာကို တွေ့ပြီ..။သူက ရှန်ဟိုင်း တိမ်ဖြူလမ်းကပဲ.."
"ကောင်းတယ် ရှောင်ချန်း..မင်းသူ့ကို ရှာတွေ့ခဲ့တာလား..။ကြည့်ရတာ မင်းရဲ့ကျွမ်းကျင်မူတွေ တိုးတက်လာပြီထင်တယ်.."
အင်တာနက် လုံခြုံရေး ဌာနခေါင်းဆောင်ဟာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။နောက်ဆုံးတော့ သူ ဥမင်ထဲက အလင်းရောင်ကို ရှာတွေ့သွားခဲ့ပါပြီ..။
ရှောင်ချန်းရဲ့ မျက်နှာဟာ ရှုတ်မဲ့နေပြီး..
"ကျွန်တော် ရှာတာ မဟုတ်ဘူး..။သူက ကျွန်တော်ရဲ့ ကွန်ပြူတာ စခရင်မှာ သူ့ဟာသူ ရေးပေးသွားတာ.."
လူတိုင်းဟာ စုဝေးလာပြီး..စခရင်ကို အံ့ဩသင့်စွာ ကြည့်လိုက်ကြပါတယ်..။
"မင်းတို့က တော်တော် သောက်သုံးမကျတဲ့ ဟတ်ကာ တွေပဲ..။မှတ်ထား..မင်းတို့ကို ကန်ထုတ်ခဲ့တဲ့ လူက..အမှန်တရား ဖန် ပဲ..ပြီးတော့ မင်းတို့ ငါ့ကို မာစတာ လို့ ခေါ်လို့ရတယ်..။ငါ့ကို တွေ့ချင်ရင် ထောင်ထဲလိုက်ခဲ့ကြ.."
"တွေ့ချင်ရင် ထောင်ထဲမှာ လာတွေ့ကြ.."
"ချီးပဲ..ဒီကောင်က ဘဏ်တွေကို တရားမဝင် လိုက် ဟတ် နေတဲ့ ကောင်ပဲ.."
အကုန်လုံး အံ့ဩသင့် နေခဲ့ကြပါပြီ..။ဌာန ခေါင်းဆောင်ကတော့..မတ်တတ်သာ ရပ်နေပြီး ဘာပြောရမှန်း မသိတော့ပါဘူး..။