← Chapters

ကျုပ်မှာအထောက်အပံ့ ရှိတယ်

Vol. 35 Ch. 523

ကျုပ်မှာအထောက်အပံ့ ရှိတယ်

Vol. 35 Ch. 523

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန်ရဲ့ လက်ရှိအဆင့်အတန်းနဲ့ ဆိုရင် ဆာဗာ တစ်ခုရဲ့ တန်ဖိုးကို ပြောင်းလဲ ချင်ရင် အလွယ်တစ်ကူ လုပ်လို့ရပါတယ်...။သို့ပေမယ့် ဒါက အရင်းအနှီးကြီးတဲ့ ရွေ့ကွက် တစ်ခုပါပဲ..။တကယ်လို့ နေ့တစ်နေ့ရဲ့ အဆုံးမှာ အကုန်လုံးကို ပြန်စစ်ဆေးရင် ဘဏ်အလုပ်သမားက တွေ့သွားမှာပါပဲ..။ဒါကြောင့် လင်းဖန် အရာရာတိုင်းကို ၂၄ နာရီ အတွင်းမှာပဲ လုပ်ရမှာပါ..။

ဘဏ်ရဲ့ ဆာဗာ မှာ..ဟတ်ကာတွေရဲ့ ရန်ကို ကာကွယ်ဖို့ အတွက် အဆင့်ငါးဆင့် ချမှတ်ထားပါတယ်..။သို့ပေမယ့် ဒါတွေက ..လင်းဖန် အတွက်တော့ ကလေးကစားစရာ လိုပါပဲ..။

ပထမဆုံး အတားအဆီးက..firewall တွေပါ..။ဒုတိယ အတားအဆီးကတော့.. ips လျို့ဝှက်ကုဒ်ဖြစ်ပြီး..တတိယက.. waf လျို့ဝှက်ကုဒ်ပါ..။လေးခုမြောက်ကတော့..ဝက်ဆိုဒ် မှတ်တမ်းတွေပါ..။နောက်ဆုံးခုခံတဲ့ စနစ်ကတော့..ဒေတာဘေ့စ် ဆာဗာ ဆို ပြီး ခွဲထားပါတယ်..။

တစ်ခြား ဟတ်ကာ တွေအတွက်ကတော့..ဒီအဆင့် ငါးဆင့်ကို ဖြတ်ကျော်ဖို့ ဆိုတာက မလွယ်ကူပေမယ့်..လင်းဖန် အတွက်ကတော့..ကလေးတစ်ယောက် ဆီက သကြားလုံး လုစားနေရသလိုပါပဲ..။

ခုနက ငနဲ တွေက..သူ့ရဲ့ အလုပ်ကို လာပြီး ရှုပ်ဖို့ ကြိုးစားခဲ့ကြတာပါ..။အမှန်တရား ဖန် အလုပ်လုပ် နေတယ် ဆိုတာကို ဒီကောင်တွေ နားမလည်ကြပါဘူး..။

သူ့နေရာမှာ..တစ်ခြား ဟတ်ကာ ဆိုရင် သူတို့ အခွင့်အရေး ရှိနိုင်ပေမယ့်..လင်းဖန် နဲ့ ယှဥ္ရင်တော့ သူတို့ လှန်နိုင်မှာတောင် မဟုတ်ပါဘူး..။

ဝိုက်ဘို..။

အဟတ်ခံ ရတဲ့ မတော်တဆ မူတွေ ကြောင့် ဝိုက်ဘိုဟာ ခါတိုင်းထက် ပိုစည်ကားနေခဲ့ပါတယ်..။

များပြားလှတဲ့ မြို့သားတွေဟာ မာစတာ လင်းရဲ့ ဝိုက်ဘို စာမျက်နှာကိုပဲ စောင့်ကြည့်နေခဲ့ကြတာပါ..။

လက်ရှိအချိန်မှာ လူလိမ် တစ်ယောက်ချင်းစီတိုင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို..မာစတာ လင်း ရဲ့ ဝိုက်ဘိုမှာ ဖော်ပြနေပြီး..အတော်လည်း တိကျပါတယ်..။

ဒီထဲမှာ သူတို့ရဲ့ လိပ်စာ အဟောင်းတွေ..လက်ရှိနေတဲ့ လိပ်စာ အသစ်တွေ ပါဝင်နေပြီး အတော်ကြောက်ဖို့ ကောင်းတာပါ..။

"ချီးပဲ..ဒီနာမည်စာရင်းက ဘာလုပ်ဖို့လဲ.."

"အာ..ဘဏ် ဆာဗာထဲကို ချိုးဖောက် ဝင်ရောက်လာတဲ့ လူတစ်ချို့ကိုလည်း မာစတာ လင်းက ကန်ထုတ်လိုက်ပြီး..သူတို့နာမည်စာရင်းတွေကို သီးသန့်ဖော်ပြထားတယ်.."

"ခနလေး မင်းတို့ သတင်းတစ်ခုသိပြီးပြီလား.."

"ဘာသတင်းလဲ"

"မင်းတို့ မသိဘူးလား..။ဘဏ်တစ်ခုရဲ့ ဆာဗာ ထဲက ကန်ထုတ်ခံရတဲ့ ကောင်တွေက..အင်တာနက် လုံခြုံရေး ဌာနက လူတွေလေ.."

"ဘာ.."

"ငါနားလည်ပြီ..။ဒါက မာစတာ လင်း ဘဏ်တွေကို လိုက်ဟတ်လို့..အင်တာနက် လုံခြုံရေး ဌာနက ဝင်ပါလာတာ ဖြစ်မယ်..။မာစတာ လင်းက သူတို့ကို မသိပဲ..တစ်ခြား..ဟတ်ကာ တွေထင်ပြီး..ဆာဗာ ထဲက ကန်ထုတ်လိုက်တာလည်း ဖြစ်နို်င်တယ်နော်.."

"ဒီတော့ ဒါက နားလည်မူလွဲတာပေါ့.."

"တကယ် ကြောက်ဖို့ကောင်းတယ်.."

"မာစတာ လင်းက ဒါတွေကို တစ်ယောက်ထဲ လုပ်နေတာလား.."

မြို့သားတွေဟာ..ဆွေးနွေးနေကြပြီး.တစ်ချိန်တည်းမှာပဲ အံ့ဩသင့်နေခဲ့ကြပါတယ်..။

ဘဏ်ဆာဗာ တောင် အဟတ်ခံ ခဲ့ရတာပါ..။ဂျာနယ်လစ်တွေက တော့ ဒီစတင်းကို ့ဘယ်သူမှ မတင်ကြသေးပါဘူး..။

သို့ပေမယ့်..လင်းဖန်ရဲ့ လျင်မြန်တဲ့..ဆောင်ရွက်ချက်တွေနဲ့ ဝိုက်ဘိုပေါ် တင်ခဲ့တာတွေကြောင့်..အတော်ကို ပျံ့နှံ့နေခဲ့ပါပြီ..။

လူလိမ် တွေ ဆိုတာက နိုင်ငံ အနှံ့မှာ ပျံ့နှံ့နေခဲ့တာပါ..။

လူလိမ် တွေဟာ..လူမူ နယ်ပယ်မှာ သိုသိုသိပ်သိပ် နဲ့နေခဲ့ကြတာပါ..။တကယ်လို့..တစ်ယောက်ယောက် က သူတို့ရဲ့ မျက်နှာကို မြင်ရင်တောင် မှတ်မိမှာ မဟုတ်ပါဘူး..။သို့ပေမယ့် လင်းဖန်ရဲ့.လုပ်ဆောင်ချက်တွေ အောက်မှာ လက်ရှိလိမ်စားနေတဲ့ လူတွေ အကုန်လုံး ဖော်ထုတ်ခံခဲ့ကြရပါပြီ..။

လူငယ်လေးတစ်ယောက်ဟာ..လမ်းတစ်ခုမှာ လမ်းလျောက် နေခဲ့တယ်..။သူက..အနည်းငယ် ရုပ်ဖြောင့်ပြီး သူ့လက်တစ်ဖက်က..မိန်းကလေး တစ်ယောက်ကို ဖက်ထားခဲ့ပါတယ်..။ မိန်းကလေးကတော့ သူမရဲ့ ကောင်လေးက အကောင်းဆုံးလို့ တွေးနေခဲ့တာပါ..။သူက ပိုက်ဆံ ရှိယုံတင်မကပဲ..သူမနဲ့လည်း..အချိန်တွေ ကုန်ဆုံးပေးပါသေးတယ်..။

လူလိမ် လေးဟာ ဘဝကို သာသာယာယာ ဖြတ်သန်းနေခဲ့တယ်..။ဒီနေ့ခေတ်ကြီးမှာတောင်..အလွယ်တကူ လိမ်လို့ရတဲ့ စောက်ပိန်းတွေက အများကြီး ရှိနေပါသေးတယ်..။အခု သူ့မှာ..ကောင်မလေး တစ်ယောက်ပါရှိနေပြီ ဆိုတော့..ဘဝကြီးက လုံးဝကို ပြည့်စုံနေခဲ့ပါပြီ..။

"မလှုပ်နဲ့..."

အဲ့အချိန်မှာပဲ..ရဲတွေဟာ..ရောက်လာခဲ့ပြီး..လူငယ်လေးကို မြေကြီးပေါ်မှာ မှောက်လျက် လှဲခိုင်းလိုက်တယ်..။

"ရှင်တို့ ဘာလုပ်ကြတာလဲ..။ဘာလုပ်တာလဲ.."

မိန်းကလေးဟာ ကျယ်လောင်စွာ အော်လိုက်တာပါ..။

"ငါတို့က ရဲတွေပဲ.."

ရဲအရာရှိတွေဟာ ကောင်လေးကို..လက်ထိပ်ခတ်လိုက်ပြီး...

"မင်းကို တရားမဝင်..လိမ်လည်မူတွေ အတွက် သံသယ ရှိတယ်..။ငါတို့နဲ့ လိုက်ခဲ့.."

လူငယ်လေးဟာ..ရဲအရာရှိတွေ ပြောတာကို ကြားတဲ့ အချိန်မှာ..ကြောင်အသွားခဲ့ပေမယ့်..ရိုးရိုးသားသားပဲ ငြင်းဆန်လိုက်ပါတယ်..။

"ခင်ဗျားတို့ မှားနေပြီ..။ကျွန်တော် ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ..။ဘာသက်သေရှ်ိလဲ ပြောပါဦး.."

ရဲအရာရှိတစ်ယောက်..ဟာ ဖုန်းကို ထုတ်ကာ ဝိုက်ဘိုကို ဖွင့်လိုက်ပြီး..

"သေချာကြည့်..သက်သေတွေ အကုန်လုံး ဒီထဲမှာ ပါတယ်..။ဒါက မင်းရဲ့ ဓာတ်ပုံနဲ့ မှတ်ပုံတင် ဟုတ်တယ်မလား..။ဒီက ဘဏ်ငွေလွှဲပြောင်းမူတွေက လည်း မငိးလုပ်ထားတာပဲမလား..။မင်းကို မာစတာ လင်းက အကုန်ဖော်ထုတ်ထားပြီးပြီ..ဒီတော့..ငြင်းဆန် နေလို့လဲ အလကားပဲ.."

"အဲ့ ခွေးမသား မာစတာ လင်းက ဘယ်သူလဲ..။ငါမှ သူ့ကို မသိတာ..။မင်းတို့ ငါ့ကို ဖမ်းလို့ မရဘူး..။ငါ ဘာအမှားမှ မလုပ်ထားဘူး.."

လူငယ်လေး ရေရွတ်လိုက်တာပါ..။

"မင်းဟာ မင်း လုပ်လုပ် မလုပ်လုပ်..။အခုတော့ ရဲစခန်း လိုက်ခဲ့ရမယ်.."

ရဲအရာရှိဟာ လူငယ်လေးကို ကားထဲကို ထည့်လိုက်ပါတယ်..။

"မိန်းကလေး..ဒီလူငယ်လေးက..လူလိမ်တစ်ယောက်အနေနဲ့ သံသယ ရှိနေတဲ့ လူပဲ..။တကယ်လို့ မင်းပိုပြီး သိချင်နေတယ် ဆိုရင်..မာစတာ လင်းရဲ့ ဝိုက်ဘို ပေ့ချ်ကို ဝင်ကြည့်ဖို့ အကြံဥာဏ်ပေးပါရစေ.."

မိန်းကလေးဟာ..ကြောင်အနေပြီး ဘာလုပ်ရမလဲ မသိတော့ပါဘူး..။အကုန်လုံးထွက်သွားတဲ့ အချိန်ကြမှ သူမ အသိစိတ်ဝင်လာပြီး မာစတာ လင်းရဲ့ နာမည်ကို ရှာလိုက်ပါတယ်..။မာစတာ လင်းရဲ့ ပို့စ်တွေကို မြင်လိုက်တဲ့ အချိန်မှာတော့ သူမ လုံးဝ ကို အံ့ဩသွားခဲ့ပါပြီ..။

ဒါက တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဖြစ်နေခဲ့တာပါ..။

တစ်ချို့လူလိမ် တွေဟာ ဝိုက်ဘိုကို အဆက်မပြတ် စောင့်ကြည့်နေကြတော့..သူတို့ရဲ့ အချက်အလက် ပေါက်ကြားတာကို အစောကြီး သိပြီး ကြောက်လန့်နေခဲ့ကြပါတယ်..။

ဘာတွေ ဖြစ်နေတာလဲ...။ငါတို့က..နိမ့်ချပြီးနေနေ ကြတာလေ..။ဒါကို ဘယ်လို ဖော်ထုတ်ခံလိုက်ရတာလဲ..။ဒါက လုံးဝ နည်းလမ်း မကျဘူး..

ချီးပဲ..ဒီမာစတာ လင်းက..ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲ...

ငါ အရှုံးကို ဝန်ခံတယ်...ဒီတစ်ခါ တော့ ငါ ရှုံးသွားပြီ...

ဒါက နိုင်ငံ အနှံ့အပြားမှာ ဖြစ်နေကြတာပါ. ။များပြားလှတဲ့..ရဲဌာနတွေကလည်း ဒီကိစ္စကို ကိုင်တွယ်နေကြရတယ်..။

တစ်ချို့ ရဲဌာနတွေက တော့ လူလိမ် တွေလာအဖမ်းခံတာတောင် ဘာတွေ ဖြစ်နေလဲ ..မသိကြသေးပါဘူး..။သူတို့ လတ်တလော ဝိုက်ဘိုက ရေပန်းစားနေတယိ လောက်ပဲ သိထားကြတာပါ..။သတင်းဌာနပြီးတွေကလည်း ဘာမှ မထုတ်ပြန်ကြသေးပေ..။

တိမ်ဖြူလမ်း..။

လင်းဖန် သူ လုပ်နေတာကို ရပ်တန့်လိုက်တယ်..။

သူ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ အေးဆေးထိုင်သောက်လိုက်ပြီး..သိပ်မဝေးတဲ့ နေရာတစ်ခုကို ကြည့်လိုက်တယ်..။

ဒီကိစ္စက လှလှပပကို ဖြေရှင်းပြီးသွားခဲ့တာပါ..။

ကွန်ယက် ထဲက လွတ်သွားတဲ့ ငါးအနည်းငယ်ရှိနိုင်ပေမယ့် ဒီရလာဒ်ကို သူတကယ် ကျေနပ်ပါတယ်..။

"အစ်ကို လင်း.."

ကျောက်ကျန်းယန် စိုးရိမ်စွာ ပြောလိုက်တယ်..။

ဝူယူ့ယန်..တစ်ခုခု ပြောချင်ပေမယ့် ဘာမှ မပြောဖို့သာ ဆုံးဖြတ်လိုက်ပါတယ်.။

"စိတ်မပူနဲ့..ငါ ခနလောက် အနားယူတယ်လို့ပဲ သဘောထားကြ.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

ဆက်တိုက်မြည်နေတဲ့..ရဲကားသံတွေကို အဝေးရနေ ကြားနေကြရတယ်..။

တိမ်ဖြူလမ်းက လူတွေ အကုန်လုံး ရဲကားသံတွေ တစ်ဖြည်းဖြည်း နီးနီးလာတာကို ကြားပြီး အံ့ဩသင့်နေကြပါတယ်..။ဘာတွေဖြစ်လို့..ရဲကားတွေ အများကြီး လာနေတာလဲ သူတို့ မသိကြသေးပါဘူး..

လင်းဖန် အချိန်ခန ရတုန်းဝိုက်ဘို ပေါ်မှာ ပိုစ့်တင်လိုက်တယ်..။

"ငါ မင်းတို့နဲ့ အတူ ရှိနေနိုင်မှာ မဟုတ်တော့ဘူး..။ဒါပေမဲ့..ငါလုပ်ဆောင်ခဲ့တဲ့ အရာတွေတော့ ရှိနေဦးမှာပါ..။ရဲအရာရှိတွေ ဒီကို လာနေကြပြီ..ငါ အဖမ်းခံ ရတော့မယ်..။ငါတို့ တစ်ချိန်ချိန်တော့ ပြန်ဆုံကြဦးမှာပါ..."

ဒီပို့စ်ကို တင်ပြီးနောက်မှာ..လင်းဖန် သူ့ကွန်ပြူတာကို တိတ်တဆိတ်ပဲ ပြန်ပိတ်လိုက်ပါတယ်..။

ရဲအရာရှိတစ်ယောက်ဟာ..ရှေ့ကနေ ပြေးလာနေပြီး ကျန်တဲ့လူတွေကို လိုက်လာခဲ့ဖို့ အော်လိုက်တယ်။သူတို့ အမူကြီးကျူးလွန်ထားတဲ့ တရားခံကို ဖမ်းရမယ် ဆိုတာက လွဲပြီးbဘာမှ မသိထားကြပါဘူး..။

"မင်းတို့ ရူးနေလား..ဘေးမှာ ရပ်နေကြစမ်း.."

လီရှောင်ရှမ်းရဲ့ ကားလေးဟာ ရောက်လာခဲ့ပြီး..ကားပေါ်က ဆင်းတာနဲ့ အကုန်လုံးကို အော်ဟစ်လိုကိတယ်..။

ယင်းနောက် သူ ဆိုင်ထဲကို ဝင်သွားခဲ့ပါတယ်..။

လီရှောင်ရှမ်း အကူညီမဲ့စွာ သက်ပြင်းချလိုက်ပြီး..

"ငါတို့လည်း မတတ်နိုင်တော့ဘူး..။မင်းကို ဖမ်းဖို့အတွက် အထက်က အမိန့်ပေးလိုက်တာ.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"နားလည်ပါတယ်..။

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။

"အင်တာနက် လုံခြုံရေး ဌာနက လူတွေက မင်းရဲ့ ကွန်ပြူတာကို ယူပြီး..စစ်ဆေးချင်နေကြတယ်.."

"ဒါပေါ့..ပြသနာ မရှိပါဘူး..။ဒါပေမဲ့ ကွန်ပြူတာက အခုမှ အသစ်ကြီးဆိုတော့..သေချာ ကိုင်ဖို့ သတိပေးလိုက်ဦး..။အထဲမှာ ကျွန်တော် မကြည့်ရသေးပေမယ့် ဒေါင့်လော့ဆွဲထားတဲ့ ကားတွေ ရှိသေးတယ်..အဲတာတွေ ဖျက်လို်က်ရင်တော့ ဒီကောင်တွေကို တကယ် လွှတ်မပေးဘူးနော်.."

လီရှောင်ရှမ်း အကူညီမဲ့စွာ သာ ပြုံးနေခဲ့ပါတယ်..။

"အစ်ကိုလင်း..."

ဝူယူလန် စိုးရိမ်တဲ့ အကြည့်တွေနဲ့ ဘေးနားမှာ ရပ်နေခဲ့တယ်..။

"ဘာမှ မဖြစ်ဘူး..။ငါ့မှာ ပုန်းစရာ နေရာဆိုလို့..ဒီနေရာပဲ ရှိတာ​ေလ.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

ဝူယူလန် လင်းဖန် ပြောတဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ပါဘူး..။သို့ပေမယ့်..လင်းဖန်ကို ဖမ်းခေါ်သွားတာ မြင်နေရတာက သူမကို နာကျင်စေပါတယ်..။

အဲ့အချိန်မှာပဲ..အပြင်က ဆူညံသံတွေကို ကြားလိုက်ရတယ်..။

"ချီးပဲ..မင်းတို့က မာစတာ လင်းကိုဘာလို့ ခေါ်သွားချင်တာလဲ.."

"စိတ်မပူနဲ့ သူဌေးလေး..။ငါတို့ မင်းကို မပါခံ မှာ မဟုတ်ဘူး.."

"ချီးပဲ..မင်းတို့ သူဌေးလေးကို ခေါ်သွားချင်ရင်တော့ အိပ်မက် ဆက်မက်နေလိုက်..."

တိမ်ဖြူလမ်းရဲ့..ဆိုင်ပိုင်ရှင် တွေ အကုန်လုံး စုဝေးလာနေကြတာပါ..။သူတို့ ဘာတွေ ဖြစ်နေလဲ မသိပေမယ့် တစ်ခုသေချာတာက ရဲအရာရှိတွေ..သူဌေးလေးကို ဖမ်းကြတော့မှာပါ..။

လင်းဖန် အကူညီမဲ့စွာ ကြည့်လိုက်ပြီး..

"ကြည့်ပါဦး..ဘယ်လောက်တောင် စည်းလုံးကြတဲ့ လူတွေလဲ..။လာ..ကျုပ်ဖြေရှင်းပေးမယ်."

"ကောင်းပြီ..အရမ်းလည်း စိတ်မပူပါနဲ့..။ငါ ဗျူရို ခေါင်းဆောင်နဲ့ ဆွေးနွေးထားပါတယ်..။ငါတို့ အတတ်နိုင်ဆုံးတော့ မင်းကို ကာကွယ်ပေးမှာပါ.."

လီရှောင်ရှမ်း ခေါင်းခါယမ်း ပြီး ပြောလိူက်တာပါ..။

"မလိုပါတော့ပါဘူး..ကျုပ်ကို ထောက်ပံ့မယ့်လူကို ရှာထားတယ်..။သူက လူတိုင်းထက် မြင့်တဲ့ အကောင်ကြီးပဲ..။သူက..ပြီးပြည့်စုံတာ ထက်တောင် ပိုနေသေးတယ်.."

လီရှောင်ရှမ်း ပဟေဠိဖြစ်သွားပေမယ့်..အပေါင်းလက္ခဏာ ဆောင်ပြီးပဲ ပြန်ပြောလိုက်ပါတယ်..။

"ပြီးပြည့်စုံတာထက်တောင်..ပိုနေတာလား..."

"အင်း..."

လင်းဖန် ခေါင်းညိမ့်လိုက်ပါတယ်..။

All Chapters